ကသာခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံး အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားသို့ လွှတ်တော်ဥက္ကဋ္ဌ တက်ရောက်

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်းသည် ယနေ့ (၀၉:၀၀) နာရီတွင် ကသာခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံး အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်း နှင့်အတူ တက်ရောက်ခဲ့သည်။ ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌသည် ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နိုင်စေရန်အတွက်  ကသာမြို့၌ ဖွင့်လှစ်ထားသည့် ဂျပန်စာသင်တန်းအား သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။

2 3 4 12