ကသာပညာရေးကောလိပ်အတွက် ရေရရှိရေးဆောင်ရွက်ရန်အတွက် ကျင်းပပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ လွှတ်တော်ဥက္ကဋ္ဌတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌသည် (၅-၈-၂၀၂၀)ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် ကသာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေး ရုံးခန်းမတွင် ကသာပညာရေးကောလိပ်အတွက် ရေရရှိရေးဆောင်ရွက်ရန် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညီညီထွန်း၊ ပညာရေးကောလိပ် ကျောင်းအုပ်ကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာဌာနများနှင့်အတူ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်ခဲ့ပြီး ရေရရှိရေးအတွက် ကျောင်းစတင် မဖွင့်လှစ်မီ အမြန်ဆောင်ရွက်ပေးနိုင်ရန် တိုက်တွန်းမှာကြားခဲ့ပြီး ရေသွယ်တန်းယူမည့် နေရာအား သွားရောက်ကြည့်ရှုခဲ့ပါသည်။

1 3 4