ကသာမြို့နယ် ပညာရေးကောလိပ်တွင် သောက်သုံးရေဖူလုံစွာရရှိရေးအတွက် စီမံဆောင်ရွက်ထားသည့် ရေတွင်းတူးဖော်မည့်မြေနေရာအား လွှတ်တော်ဥက္ကဋ္ဌမှ ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်းသည် (၂၄.၁.၂၀၂၀)ရက်နေ့တွင် ကသာမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီထွန်းထွန်းနှင့်အတူ ကသာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင်  ကသာမြို့နယ်၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ထိရောက်ကောင်းမွန်မှုရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ထို့နောက် လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် ကသာမြို့နယ် ပညာရေးကောလိပ်တွင် သောက်သုံးရေဖူလုံစွာရရှိရေးအတွက် စီမံဆောင်ရွက်ထားသည့် ရေတွင်းတူးဖော်မည့်မြေနေရာ ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ ကသာမြို့နယ် ဝိဇ္ဇာ/သိပ္ပံကျောင်း မြေနေရာရရှိရေး စီမံဆောင်ရွက်နေမှုနှင့် စပ်လျဉ်းပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

1 2 3