ကသာမြို့နယ် ပုလွှေရွှေကျေးရွာ၊ ပုလွှေရွှေကျောင်း၊ ပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီး ထီးတော်တင်ပွဲသို့ လွှတ်တော်ဥက္ကဋ္ဌ သွားရောက်ဖူးမြော်

ကသာမြို့နယ် ပုလွှေရွှေကျေးရွာ၊ ပုလွှေရွှေကျောင်း၊ ပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီး ထီးတော်တင်ပွဲကို (၂၆-၁-၂၀၂၀)ရက်နေ့၊ ၀၉:၀၀နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌသည် ကသာမြို့နယ်မဲဆန္ဒနယ်မြေအမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားဦးညီညီထွန်း၊ မြို့နယ်ဒု-အုပ်ချုပ်ရေးမှူး ၊ ဌာနဆိုင်ရာများနှင့်အတူ သွားရောက်ဖူးမျှော်ခဲ့ပါသည်။ ပြီးနောက် ရှမ်းပြည်နယ်နှင့် နယ်မြေခြင်း ထိစပ်နေသည့် အင်းကြီးရွာကျောင်းဆောက်မည့်မြေနေရာ၊ လေဘိုကျေးရွာ ချောင်းတံတား ဆောက်လုပ်မှုများကို ကွင်းဆင်းကြည့်ရှုပြီး ဒေသခံများ၏ လိုအပ်ချက်များကို ညှိနှိုင်း ဖြေရှင်းပေးခဲ့ပါသည်။

1 3 4 5 7