ချင်းတွင်းဖောင်ဒေးရှင်းမှ Ventilator(အသက်ရှူစက်) လှူဒါန်းပေးအပ်ပွဲအခမ်းအနားသို့ လွှတ်တော်ဥက္ကဋ္ဌ တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌသည် (၁၄-၇-၂၀၂၀)ရက်နေ့၊ (၀၉:၀၀)နာရီအချိန်တွင် မုံရွာမြို့၊ ကုတင်(၅၀၀) ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ချင်းတွင်းဖောင်ဒေးရှင်းမှVentilator(အသက်ရှူစက်) လှူဒါန်းပေးအပ်ပွဲအခမ်းအနားကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီးနှင့် တိုင်းအဆင့်၊ ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့်အတူ တက်ရောက်ခဲ့ပါသည်။ ထို့နောက် မုံရွာမြို့ ကန်သာယာပတ်လည် ကျောက်စီမြေထိန်းနံရံပြုလုပ်ခြင်းလုပ်ငန်းအားရှု စစ်ဆေးခဲ့ပါသည်။ ထို့နောက် လွှတ်တော်ဥက္ကဋ္ဌသည် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် ဘုတလင်မြို့နယ်၊ မောက်တက်ကျေးရွာ၊ မာန်အောင်ရန်မြေကျောင်းတိုက်ဓမ္မာရုံတွင် ဒေသခံများနှင့်တွေ့ဆုံပွဲကို တက်ရောက်ခဲ့ပြီး ကျောင်းတိုက်ဆရာတော်များအား ဝါဆိုသင်္ကန်းများ ကပ်လှူခဲ့ပါသည်။

1 2