၂၀၁၉ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်
***************************
ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စက်မှုလက်မှု ၊စွမ်းအင်နှင့် လျှပ်စစ်ဆိုင်ရာ ကော်မတီသည် (၂၅.၁၀.၂၀၁၉)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် တန့်ဆည်မြို့နယ်၊ စီမံခန့်ခွဲမှု ကော်မတီရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တို့နှင့်အတူ ခပေါင်းကြိုင်ကျေးရွာ မီးလင်းရေးကိစ္စ တိုင်ကြားစာနှင့် ပတ်သက်၍ ညှိနှိုင်း ဆောင်ရွက်ခဲ့ပါသည်။