စက်မှု၊လက်မှု၊စွမ်းအင်နှင့်လျှပ်စစ်ဆိုင်ရာကော်မတီမှ ထီးချိုင့်မြို့နယ်ရှိ နီကယ်စက်ရုံသို့ လေ့လာရေး သွားရောက်၍ စက်ရုံတာဝန်ရှိသူများနှင့်တွေ့ဆုံ

စက်မှု၊လက်မှု၊စွမ်းအင်နှင့်လျှပ်စစ်ဆိုင်ရာကော်မတီမှ ထီးချိုင့်မြို့နယ်ရှိ နီကယ်စက်ရုံသို့ လေ့လာရေး သွားရောက်၍ စက်ရုံတာဝန်ရှိသူများနှင့်တွေ့ဆုံ
*********************************************

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စက်မှု၊လက်မှု၊စွမ်းအင်နှင့် လျှပ်စစ်ဆိုင်ရာကော်မတီသည်(၂၁-၁၀-၂၀၁၉)ရက်နေ့ နံနက်(၀၉၀၀)အချိန်တွင် ထီးချိုင့်မြို့နယ်စီခန့်ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ နီကယ်စက်ရုံတာဝန်ရှိသူများနှင့်အတူ စက်ရုံ၏ သတ္တုတူးဖော်ရေး လုပ်ကွက်များသို့ သွားရောက်လေ့လာခဲ့ရာ စက်ရုံတာဝန်ရှိသူများမှ လုပ်ကွက်များရှိ လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်အား ရှင်းလင်းပြသခဲ့သည်။ထို့နောက် ကော်မတီသည် (၁၅၀၀)နာရီအချိန်မှ ( ၁၆၃၀ ) နာရီအချိန်အထိ စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ရှိသူများ၊ မြို့နယ်စီခန့်အဖွဲ့ဝင်များနှင့်တွေ့ဆုံခဲ့ရာ စက်ရုံတာဝန်ရှိသူများမှ စက်ရုံလုပ်ငန်းများအား အသေးစိတ်ရှင်းလင်းခဲ့သည်။

72879412_2573462719544245_2945543452688908288_n 72958952_2573462989544218_4682766911132401664_n 73152468_2573463526210831_2370594395729690624_n 73187468_2573463369544180_7382099873224458240_n 73388540_2573463419544175_5658903369947807744_n 73541621_2573463662877484_6559383674901495808_n 75317273_2573462756210908_2486592211035095040_n (1)