စစ်ကိုင်းတိုင်းဒေသကြီးစည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ
(၂ဝ၁၃ ခုနှစ် ၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥပဒေအမှတ် ၁ ။ )
၁၃၇၄ ခုနှစ် ၊ တပေါင်းလပြည့်ကျော် ၅ ရက်
( ၂ဝ၁၃ ခုနှစ် ၊ မတ် လ ၃၁ ရက် )
နိဒါန်း
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ ဟုခေါ်တွင်စေရမည်။
၂။ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၄ ကို အောက်ပါအတိုင်း အစားထိုး ရမည်-
အစိုးရသည် စည်ပင်သာယာရေးအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်နိုင်ရန် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များပါဝင်သော စည်ပင်သာယာရေးကော်မတီကို ဖွဲ့စည်းရမည်- | |
(က) | မြို့မိမြို့ဖများမှ ရွေးချယ်ထားသောပုဂ္ဂိုလ် ဥက္ကဋ္ဌ |
(ခ ) | လူမှုရေး(သို့မဟုတ်)စီးပွားရေးအဖွဲ့အစည်းမှကိုယ်စားလှယ်(၁)ဦး အဖွဲ့ဝင် |
( ဂ ) | သက်ဆိုင်ရာလုပ်ငန်းအလိုက် ကျွမ်းကျင်ပညာရှင် ပညာအခြေပြု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်(၁)ဦး အဖွဲ့ဝင် |
(ဃ) | မြို့မိမြို့ဖများမှ ကိုယ်စားလှယ်(၁)ဦး အဖွဲ့ဝင် |
( င ) | ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အဖွဲ့ဝင် |
( စ ) | ဒုတိယဦးစီးမှူး၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန အဖွဲ့ဝင် |
(ဆ) | အမှုဆောင်အရာရှိ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အတွင်းရေးမှူး |
အပြည့်အစုံ ဆက်လက်ကြည့်ရှုရန်…….