စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌသည် မင်ကုန်း၊ သောင်ကြီးကျေးရွာ ကျောက်ချောလမ်းအား သွားရောက်ကြည့်ရှု၍ ဒေသခံပြည်သူလူထုနှင့်တွေ့ဆုံ

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဘိုးသန်းညွန့်သည် (၁၄.၁.၂၀၂၀) ရက်နေ့၌ အင်းတော်မြို့နယ်  အမှတ်(၂) တိုင်း‌‌‌‌ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အဖွဲ့ဝင်များနှင့်အတူ နေ့လည် (၁:၃၀)အချိန်တွင် လယ်ကျွန်အုပ်စု ၊ ငါးပြည့်အင်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းသို့ သွားရောက်ခဲ့ပြီး နေ့လည် (၄:၀၀)အချိန်တွင် မင်ကုန်း၊ သောင်ကြီးကျေးရွာ ကျောက်ချောလမ်းအား သွားရောက် ကြည့်ရှုခဲ့သည်။ ဆက်လက်၍  မံထုံအုပ်စု ၊ သောင်ကြီကျေးရွာတို့တွင် ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံပွဲပြုလုပ်ပြီး ‌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်၊၊

ab b c d e f g h o ui w y