စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌသည် ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုခြင်းနှင့် ပြန်လည်ထူထောင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်ပြီး ဝမ်းဘဲအင်း-နောင်မူးလမ်း မူးတံတားဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုခြင်းနှင့် ပြန်လည်ထူထောင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာ၊ မဇ္ဈိမာရာမကျောင်းတိုက် ဓမ္မာရုံ၌ (၅-၂-၂၀၂၀) ရက်နေ့(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌသည် တိုင်းဒေသကြီးလူဝန်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး၊ ဒေသခံတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ပြန်လည်ထူထောင်းရေးဦးစီးဌာနမှ တာဝန်ခံ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ တက်ရောက်ခဲ့ပါသည်။ ထို့နောက် လွှတ်တော်ဥက္ကဌနှင့် အဖွဲ့သည် (၁၂:၀၀)နာရီအချိန်တွင် ဝမ်းဘဲအင်း-နောင်မူးလမ်း မူးတံတားဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှုခဲ့ပါသည်။ ယင်းနောက် ဝမ်းဘဲအင်းရွာ၊ အောင်မင်္ဂလာကျောင်းတိုက်တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး ဒေသခံပြည်တို့၏ အခက်အခဲ၊ လိုအပ်ချက်များကို တင်ပြစေပြီး ရှင်းလင်းညှိနှိုင်းပေးခဲ့ပါသည်။

84395429_418865725561137_9182011342880505856_n84527668_2560709607583745_6484829802921459712_n  84262683_123654885624107_1989817421493436416_n 84277421_709383489594976_8583449861397938176_n 83948290_190124742374994_5869390478650114048_n  84525718_115279186579008_268567887021604864_n  84233385_844277859333517_3898441071826305024_n84801421_161720605271453_2555382533256642560_n (1) 84801421_161720605271453_2555382533256642560_n 85074125_616793305841027_5153960433077452800_n