စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌသည် ဝန်ထမ်းအိမ်ရာများနှင့် ကျောင်းဝင်း အုတ်နံရံကာရံမှုအား သွားရောက် စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြည် ၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးညီညီထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အရည်အသွေးစစ်ဆေးရေးအဖွဲ့နှင့်အတူ (၁၈-၆-၂၀၂၀) ရက်နေ့ (၀၉:၀၀)နာရီအချိန်တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(ကသာ) ဝန်ထမ်းအိမ်ရာများနှင့် ကျောင်းဝင်း အုတ်တံကာရံမှုအား သွားရောက် စစ်ဆေးခဲ့ပါသည်။ ၎င်းနောက် လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် ကသာမြို့တော် ပန်းခြံ ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက် ကြည့်ရှုခဲ့ပါသည်။

103952961_2797398520483996_1983673921217785321_n 104408535_2797398487150666_4480008735542058628_n (1) 104733371_2797398557150659_957478535823233860_n