စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌသည် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကသာမြို့နယ် ရေကြီးနစ်မြုပ်ကျေးရွာများသို့ တိရစ္ဆာန်အစာ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌသည် (၂၈-၇-၂၀၂၀) ရက်နေ့ (၁၀:၀၀)နာရီ အချိန်တွင် ကသာမြို့၊ သက်ပန်းပရိယတ္တိစာသင်တိုက်၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကသာမြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၂)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများနှင့်အတူ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကသာမြို့နယ် ရေကြီးနစ်မြုပ်ကျေးရွာများသို့ တိရစ္ဆာန်အစာ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

2 4 5