စည်ပင်သာယာရေးဝန်ကြီးဌာန ကတိကဝတ်ပြုခဲ့သည့် ကြယ်ပွင့်မပြမေးခွန်းနှင့် အဖြေများစာရင်း

ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များမှ
ပေးပို့လာသော ကြယ်ပွင့်မပြမေးခွန်းအပေါ် ဖြေကြားချက်များ

ဖြေကြားသည့်ဌာန                     –   စည်ပင်သာယာရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဦးမြင့်ထွေး၊ အမှတ်(၂)မဲဆန္ဒနယ် ရေဦးမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ရေဦးမြို့နယ် မုတ်စီကျေးရွာအုပ်စု မုတ်စီကျေးရွာအတွင်းရှိ ရွာနှင့်ဘုန်းတော်ကြီးကျောင်း အ-မ-က ကျောင်းတို့ကို ဆက်သွယ် ပေးထားသော စောမဲချောင်းကူးတံတားကို တည်ဆောက်ထားပါသည်။ ထိုစောမဲချောင်းကူးတံတားသည် ယခုအချိန်တွင် ကမ်းကပ်ခုံများ ကြမ်းခင်းများသည် ကျိုးပေါက်ပျက်စီးနေပါသည်။ထိုစောမဲချောင်းသည် မိုးတွင်းကာလတွင် ရေစီးသန်သော ချောင်းဖြစ်သောကြောင့် ထိုတံတား ပေါ် နေ့စဉ်ဖြတ်သန်းသွားလာနေသော ဆွမ်းခံသံဃာတော်များနှင့် ကျောင်းသွားကျောင်းပြန် ကျောင်းသား/သူ ကလေးငယ်များအတွက် အန္တရာယ်များသော အနေအထားသို့ ပျက်စီးနေသောကြောင့် စောလျင်စွာ ပြင်ဆင်ပေးရန် လိုအပ်နေပါကြောင်း။

ထို့ကြောင်း နိုင်ငံတော်၏ သာသနာစည်ပင်ပြန့်ပွားတိုးတက်ရေးနှင့် အနာဂတ်မျိုးဆက် အ-မ-က ကျောင်းသား/သူတို့၏ အန္တရာယ်ကင်းရှင်း စေရန် ရှေးရှု့လျက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အဆိုပါ မုတ်စီကျေးရွာအတွင်းရှိ ချောင်းကူးတံတားကို ပြင်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိ ၊ အစီစဉ်ရှိပါက မည်သည့်အချိန်တွင် အကောင် အထည်ဖော် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] ရေဦးမြို့နယ် မုတ်စီကျေးရွာအုပ်စု မုတ်စီကျေးရွာနှင့် ဘုန်းကြီးကျောင်း အ-မ-က ကျောင်းတို့ကို ဆက်သွယ်ထားသည့် စောမဲချောင်းကူးတံတားမှာ(၄၃’x၁၂’)ရှိပြီး အုတ်ခုံခံ၊ ကွန်ကရစ် ယက်မ၊ သစ်သားကြမ်းခင်းဖြင့် ကျေးရွာလူထုမှ (၁၉၉၅)ခုနှစ်တွင် ကိုယ့်အားကိုယ်ကိုးဖြင့် ဆောင်ရွက်ခဲ့သည့် တံတားဖြစ်ပါသည်။
အဆိုပါတံတားမှာ ရွာဘက်အခြမ်းရှိ ကမ်းကပ်ခုံပျက်စီးခြင်း၊ သစ်သားကြမ်းခင်းများ ကျိုးပေါက်ပျက်စီးလျက်ရှိပြီး ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်မည်ဆိုပါက ခန့်မှန်းကုန်ကျငွေကျပ် (၁၇)သန်းခန့် ကုန်ကျမည်ဖြစ်ပါသည်။ အကျိုးပြုရွာ (၁)ရွာ၊ အိမ်ခြေ(၃၆၂)လုံးနှင့် လူဦးရေ (၁၄၅၁)ဦး ဖြစ်ပါကြောင်းနှင့် ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေရရှိမှုအခြေအနေပေါ်မူတည်၍ တင်ပြတောင်းခံပေးသွား မည်ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်။ [/symple_accordion_section][/symple_accordion]

 

 

ဖြေကြားသည့်ဌာန                     –   စည်ပင်သာယာရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဦးရွှေဌေး၊ အမှတ်(၁)မဲဆန္ဒနယ် ကနီမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]

ကျွန်တော်တို့ ကနီမြို့ဟာ ရပ်ကွက်အားဖြင့် (၃)ခု၊ အိမ်ခြေ (၁ဝဝဝ)၊ လူဦးရေ(၅ဝဝဝ)နီးပါး နှင့် ကတ္တရာလမ်းတသွယ်၊ ပြည်သူ့ဆေးရုံ တစ်ခု၊ အထက်တန်းကျောင်းတစ်ကျောင်း၊ ကျောင်းသားဦးရေအားဖြင့် စုစုပေါင်း(၁၁၅၅)နှင့် အားကစားကွင်းတစ်ခု ခေတ်အဆက်ဆက် လစ်လျူရှု့ခံထားရသော (၂၆ဝ ပေ x ပေ ၁၂ဝ လက်မ)ကျယ်ပြီး ဗဟိုတွင် ဗိုလ်ချုပ်၏(၁ဝ)ပေခန့်ရှိ အဂင်္တေရုပ်ထုပါပန်းခြံတစ်ခုဖြင့် တည်ဆောက် ထားသောမြို့တစ်မြို့ဖြစ်ပါတယ်။အထကနှင့်ဆေးရုံသည် ၄င်း အားကစားကွင်းနှင့် ဗိုလ်ချုပ်ပန်းခြံတို့သည် မျက်နှာချင်းဆိုင် အနေအထားတွင် ကတ္တရာလမ်းသွယ်၏ဝဲယာတွင် တည်ဆောက်ထား သောကြောင့် အတော်ပနံသင့်လှပါသည်။ သို့သော်ဗိုလ်ချုပ်ပန်းခြံသည် ခေတ်နှင့်မလျော်ညီအောင် စုပ်ပြတ်သပ်နေပါသည်။ စည်ပင်အခွန်အနေ နှင့်လဲ (၂ဝ၁၆-၂ဝ၁၇)ဘဏ္ဍာရေးနှစ်လျာထားချက်မှာ သိန်းရှစ်ရာပင် မပြည့်ပါ။လစာသုံးစွဲမှုအနေနှင့် (၄၃.၁၂%)ငွေလုံးငွေရင်းသုံးစွဲမှု (၅ဝ%) ဖြစ်ပါသဖြင့် ကျွန်တော်တို့ပြန်လည်မွမ်းမံခြင်းဟာ မလှမ်းသာ သောကိစ္စ ဖြစ်နေပါသည်။ သို့ပါ၍ တိုင်းဒေသကြီးအစိုးရအနေနှင့် (၂ဝ၁၆-၂ဝ၁၇) ဘ@ာရေးလက်ကျန်မှ၄င်း သို့မဟုတ် (၂ဝ၁၇-၂ဝ၁၈) ဘ@ာရေးနှစ် တွင်၎င်း ပြန်လည်မွမ်းမံရန်ခန့်မှန်းကုန်ကျငွေ ကျပ်(၂ဝ.၈)သန်းခန့်ကို ဗိုလ်ချုပ်နှင့် အမေစုမျက်နှာကိုထောက်လျက် နောင်လာနောက်သားများ မျိုးချစ်စိတ်ဓာတ်ထက်သန်ရေး အလို့ငှာသုံးစွဲပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] ဗိုလ်ချုပ်ပန်းခြံပြန်လည်မွမ်းမံရန် ခန့်မှန်းကုန်ကျငွေကျပ် (၂ဝ.၈)သန်းအား တိုင်းဒေသကြီးရန်ပုံငွေ ရရှိရေးဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့် ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်။
[/symple_accordion_section][/symple_accordion]