စည်ပင်သာယာရေးဝန်ကြီးဌာန ကတိကဝတ်ပြုခဲ့သည့် ကြယ်ပွင့်မပြမေးခွန်းနှင့် အဖြေများစာရင်း

ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၆)တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များမှ ပေးပို့လာသော ကြယ်ပွင့်မပြမေးခွန်းအပေါ် ပြန်လည်ဖြေကြားချက်

ဖြေကြားသည့်ဌာန                     –   စည်ပင်သာယာရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးမြင့်ထွေး၊ အမှတ်(၂)မဲဆန္ဒနယ် ရေဦးမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ရေဦးမြို့နယ်၊ ထန်းတော ကျေးရွာအုပ်စု၊ ထန်းတောကျေးရွာသည် ရေဦးမြို့နှင့်အနီးဆုံး ၊ မြို့နှင့်တစ်ဆက် တစ်စပ်တည်းနီးပါး တည်ရှိ သော ကျေးရွာဖြစ်သော်လည်း ရေဦးမြို့သို့ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ပညာရေး ကိစ္စများအလို့ငှာ အမြဲတမ်းနေ့ညမရွေးဆက်သွယ် သွားလာနေသောလမ်းသည် မိုးရာသီတွင် ခက်ခဲ သော လမ်းဖြစ်သည်။ထန်းတောကျေးရွာ သည် ရေဦးမြို့နှင့်(၁)မိုင်နှင့်(၃)ဖာလုံခန့်သာ ကွာဝေးပြီး ကျန်းမာရေးအတွက် မြို့နယ်ပြည်သူ့ ဆေးရုံ၊ စီးပွားရေးအတွက် မြို့နယ်မြို့မစျေးနှင့် ပညာရေး အတွက် အထက(၁)အလယ်တန်း၊ အထက်တန်း ပညာရပ်များကို နေ့စဉ်နေ့တိုင်း တိုက်ရိုက်လာ ရောက်ရပါသည်။ မြို့နှင့်နီးသော ကြောင့် ပညာရေးနှင့် ကျေးလက်ဆေးပေးခန်း အဆင့်ကို လည်း တိုးမြှင့်တောင်းခံရန် လည်း မဖြစ်ပါ။မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ် အတွင်း လည်း မဝင်သောကြောင့် ရာသီမရွေး သွားလာရန် စည်ပင်မှ ဖောက်လုပ်ဆောင်ရွက် ပေးရန် မဖြစ်နိုင်ပါ။
ထို့ကြောင့် ထန်းတောကျေးရွာမှ ပြည်သူလူထု အတွက် လူမှုဘဝတိုးတက်မြင့်မားစေရန် အတွက် မဖြစ်မနေလိုအပ်နေသော ကျေးရွာနှင့် မြို့ကို ဆက် သွယ်သော ကျေးလက်လမ်းပိုင်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  မှီရာ ဘဏ္ဍာရေးနှစ် အတွင်းထည့်သွင်း၍ကျောက် ချောလမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိကို သိရှိလိုပါ ကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]

ရေဦးမြို့နယ် ထန်းတောကျေးရွာအုပ်စု၊ထန်း တောကျေးရွာသည် ရေဦးမြို့နှင့်အနီးဆုံးမြို့နှင့် တစ်ဆက်တစ်တည်းနီးပါးတည်ရှိသော ကျေးရွာ ဖြစ်သော်လည်း ရေဦးမြို့သို့ လူမှုရေး၊စီးပွားရေး ကျန်းမာရေးနှင့် ပညာရေးကိစ္စများအလို့ငှာ အမြဲ တမ်းနေ့ညမရွေး ဆက်သွယ်သွားလာနေသော လမ်းသည် လက်ရှိအခြေအနေမှာ မိုးရွာသီတွင် ခက်ခဲသော မြေသားလမ်းအဆင့်သာရှိပြီး ထန်း တောကျေးရွာသည် ရေဦးမြို့နှင့် (၁)မိုင်(၃)ဖာလုံ ခန့် ကွာဝေးပြီး မြေသားလမ်းတာဘောင်တင်၍ ကျောက်ချောလမ်း အဆင့်ပြုလုပ်ရန် လိုအပ်ပါ သည်။အဆိုပါလမ်းအား ဆောင်ရွက်မည်ဆိုပါက အကျိုးပြုရွာ(၁)ရွာ၊ အိမ်ခြေ(၂၈၀)၊ လူဦးရေ (၁၁၅၀)ခန့် အကျိုးပြုမည်ဖြစ်ပါသည်။

အဆိုပါ လမ်းအား မြေသားတာဘောင်တင်ပြီး ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ရန်

ရေဦးမြို့နယ် ထန်းတောကျေးရွာအုပ်စု၊ထန်း တောကျေးရွာသည် ရေဦးမြို့နှင့်အနီးဆုံးမြို့နှင့် တစ်ဆက်တစ်တည်းနီးပါးတည်ရှိသော ကျေးရွာ ဖြစ်သော်လည်း ရေဦးမြို့သို့ လူမှုရေး၊စီးပွားရေး ကျန်းမာရေးနှင့် ပညာရေးကိစ္စများအလို့ငှာ အမြဲ တမ်းနေ့ညမရွေး ဆက်သွယ်သွားလာနေသော လမ်းသည် လက်ရှိအခြေအနေမှာ မိုးရွာသီတွင် ခက်ခဲသော မြေသားလမ်းအဆင့်သာရှိပြီး ထန်း တောကျေးရွာသည် ရေဦးမြို့နှင့် (၁)မိုင်(၃)ဖာလုံ ခန့် ကွာဝေးပြီး မြေသားလမ်းတာဘောင်တင်၍ ကျောက်ချောလမ်း အဆင့်ပြုလုပ်ရန် လိုအပ်ပါ သည်။အဆိုပါလမ်းအား ဆောင်ရွက်မည်ဆိုပါက အကျိုးပြုရွာ(၁)ရွာ၊ အိမ်ခြေ(၂၈၀)၊ လူဦးရေ (၁၁၅၀)ခန့် အကျိုးပြုမည်ဖြစ်ပါသည်။
အဆိုပါ လမ်းအား မြေသားတာဘောင်တင်ပြီး ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ရန် ကျေးလက်လမ်းတံတား(၁၅)နှစ်စီမံကိန်း၂၀၂၁-၂၀၂၂ခုဘဏ္ဍာ ရေးနှစ်အတွင်း ဆောင်ရွက်ရန် လျာထား ရေးဆွဲပြီးဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   စည်ပင်သာယာရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −    ဒေါက်တာ သိန်းနိုင်၊ အမှတ်(၁)မဲဆန္ဒနယ် ဆားလင်းကြီး

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ၂၀၁၆ ခုနှစ်မှ စတင်တာ၀န်ယူတာ၀န်ခံ အုပ်ချုပ် လာသော အမျိုးသားဒီမိုကရေစီကို အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖြစ်တည် လာစေရန် ရည်ရွယ်ချက်ချမှတ် လုပ်ကိုင်ဆောင် ရွက် လျက်ရှိပါသည်။
စစ်မှန်သည့် ဒီမိုကရေစီစနစ်တွင် ဗဟိုချုပ်ကိုင် မှုလျော့ချရေးသည်အဓိကအခန်းကဏ္ဍဖြစ်ကြောင်း အားလုံးသိရှိပြီး ဖြစ်ပါသည်။
အားလုံးသိရှိပြီးဖြစ်သည်နှင့်အညီ သက်ဆိုင်ရာ တိုင်းနှင်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ၏အစိုးရများအောက်တွင် စည်ပင်သာယာရေးဌာန များသည်ဗဟိုချုပ်ကိုင်မှုလျော့ချထားပြီး သက်ဆိုင် ရာတိုင်းနှင် ပြည်နယ်လွှတ်တော်များမှ ဒီမိုကရေစီ နည်းလမ်းကျသည့် ဖွဲ့စည်းပုံနှင့် လုပ် ငန်းစဉ်နည်း ဥပဒေများကိုကိုယ်ပိုင်ပြဌာန်းရေးဆွဲ ခွင့်ရှိပါသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ၂၀၁၆ ခုနှစ်မှ စတင်တာ၀န်ယူတာ၀န်ခံ အုပ်ချုပ် လာသော အမျိုးသားဒီမိုကရေစီကို အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖြစ်တည် လာစေရန် ရည်ရွယ်ချက်ချမှတ် လုပ်ကိုင်ဆောင် ရွက် လျက်ရှိပါသည်။
စစ်မှန်သည့် ဒီမိုကရေစီစနစ်တွင် ဗဟိုချုပ်ကိုင် မှုလျော့ချရေးသည်အဓိကအခန်းကဏ္ဍဖြစ်ကြောင်း အားလုံးသိရှိပြီး ဖြစ်ပါသည်။
အားလုံးသိရှိပြီးဖြစ်သည်နှင့်အညီ သက်ဆိုင်ရာ တိုင်းနှင်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ၏အစိုးရများအောက်တွင် စည်ပင်သာယာရေးဌာန များသည်ဗဟိုချုပ်ကိုင်မှုလျော့ချထားပြီး သက်ဆိုင် ရာတိုင်းနှင် ပြည်နယ်လွှတ်တော်များမှ ဒီမိုကရေစီ နည်းလမ်းကျသည့် ဖွဲ့စည်းပုံနှင့် လုပ်ငန်းစဉ်နည်း ဥပဒေများကိုကိုယ်ပိုင်ပြဌာန်းရေးဆွဲ ခွင့်ရှိပါသည်။
သို့ပါ၍ သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်အလိုက် စည်ပင်သာယာရေးဌာနများသည် မှန်မှန်ကန်ကန်၊ ရိုးရိုးသားသား၊ ဒီမိုကရေစီလမ်းစဉ်များအတိုင်း ဆောင်ရွက်သွားမည်ဆိုလျှင် စစ်မှန်သည့် ဒီမိုကရေစီ စနစ်ရည်ရွယ်ချက်ဆီသို့ လျှင်မြန်စွာ ရောက်ရှိရန် ကူညီဆောင်ရွက်ခြင်းကို ဖြစ်စေပါသည်။
တိုင်းနှင့် ပြည်နယ်အလိုက် လွှတ်တော်များမှ ဥပဒေရေးဆွဲခွင့်ရှိသည်နှင့်အညီ မိမိတို့တိုင်း၊မိမိတို့ ပြည်နယ်၏ ယဉ်ကျေးမှု၊ ဓလေ့စရိုက်၊ထုံးတမ်းအ စဉ်အလာများအပေါ် အမီသဟဲပြုရေးဆွဲရသဖြင့် အနာဂတ်အတွက် ဖက်ဒရယ်ပြည်ထောင်စုစနစ် အလေ့အကျင့်ကောင်းများ ဖြစ်စေမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ စည်ပင်သာယာရေးဌာနများသည် ပြည်သူလူထုထံမှ အခွန်အခကောက်ခံရရှိလာသည့် ပြည်သူပိုင်ငွေများကို ရိုးရိုးသားသားနှင့်ဒီမိုကရေစီ နည်းလမ်းကျကျခံစားခွင့် သုံးစွဲပိုင်ခွင့်များနှင့်အညီဆောင်ရွက်ရမည်ဖြစ်သော်လည်း (၁၉.၉.၂၀၁၆) ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အကြီးအမှူးဖြစ်သော တိုင်း၀န်ကြီးချုပ်ထံ ဆားလင်းကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌမှ ပြည်သူ့ဘဏ္ဍာငွေများကို ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ်ကြောင်း၊ စည်ပင်သာယာရေး ကော်မတီ၏ ဒီမိုကရေစီနည်းလမ်းကျကျလုပ်ငန်း စဉ်များကိုဖယ်ဖျက်၍ ဥက္ကဌလုပ်ပိုင်ခွင့်ဖြင့် အာဏာ ရှင်ဆန်ဆန် ကျင့်သုံးနေကြောင်း ဆားလင်းကြီး မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့၀င်အား လုံးမှ အရေးယူဆောင်ရွက်ပေးပါရန် တိုင်းကြားစာ မိတ္တူကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ကျွန်ုပ်ထံသို့ ရောက်ရှိလာပါသည်။ အဆိုပါ တိုင် ကြားစာအပိုဒ်(၁)တွင် တိုင်းဒေသကြီးလွှတ်တော်၏ နည်းဥပဒေပြဌာန်းချက်အရ စည်ပင်သာယာရေး ကော်မတီဥက္ကဌနှင့်အဖွဲ့၀င်များသည် လစဉ်ခံစားခွင့်ကို သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲမှု  ကော်မတီနှင့် အတူ လွှတ်တော်ကိုယ်စားလှယ်များမှ သက်ဆိုင်ရာ စည်ပင်နယ်မြေများ မဲခွဲရွေးချယ်ရေးလုပ်ငန်းစဉ် များပွင့်လင်းမြင်သာစွာ ချပြပြောဆိုပြီး ဖြစ်ပါသည်။ ယခုအခါ ဆားလင်းကြီးမြို့နယ်၊မြို့နယ် စည်ပင်သာ ယာရေးကော်မတီ၊ ဥက္ကဌသည် လစာ(၁) သိန်းခွဲ မလောက်င၍ ပြည်သူ့စည်ပင်ဘဏ္ဍာငွေထဲမှ (၅) သောင်းကျပ်ထုတ်ယူခြင်းနှင့် လစဉ်ထုတ်ပေးရန် တောင်းဆိုထားကြောင်း တင်ပြလာခြင်းသည် မှန် ကန်မည်ဆိုပါကလုပ်ပိုင်ခွင့်အာဏာ အလွှဲသုံးစား ပြုလျှက် ပြည်သူပိုင်ငွေအလွှဲသုံးစားပြုလုပ်ခြင်း  ဖြစ်ပါသည်။  တိုင်ကြားစာ အပိုဒ်(၄)၊အပိုဒ်(၅)၊အပိုဒ်(၆)တို့ သည် စည်ပင်သာယာရေးကော်မတီအား လူဦးရေ အပါအ၀င် တရား၀င်သတ်မှတ် ပြဌာန်းထားပြီး လုပ်ငန်းစဉ်များကို     ညွှန်ကြားချက်များနှင့်အညီသဘောတူညီချက်ဖြင့် ဥက္ကဌမှ အတည်ပြု လက်မှတ်ရေးထိုး လုပ်ဆောင်ရမည့် ဒီမိုကရေစီ လုပ်ငန်းစဉ်များဖြစ်ပါသည်။ တိုင်ကြားထားသည့် အတိုင်း စည်ပင်သာယာရေးကော်မတီမှ ဒီမိုကရေ စီ နည်းလမ်းကျကျ သဘောတူညီစွာ ဆုံးဖြတ်ချက် ချထား သည့်လုပ်ငန်းများကို ဥက္ကဌ၏ လုပ်ပိုင်ခွင့် အာဏာဖြင့် ချိုးဖောက်ခြင်း၊ ဌာနပိုင်ပစ္စည်းများ ကို မိမိသဘောအလျောက် ဌာနနှင့်ကင်းကွာရာ မိမိဌာန သို့အသုံးပြုရန် ယူဆောင်သွားခြင်းသည် အမှန် တကယ် စစ်ဆေးတွေ့ရှိမည်ဆိုပါက ဒီမိုက ရေစီ လမ်းကြောင်းကို ဖျက်ဆီးပြီး အာဏာရှင် မူဝါဒကို ပြန်လည်အသက်သွင်း ဦးတည်ရောက်ရှိ စေမည်ဖြစ် ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရ၏ အကြီးအမှူးကိုယ်တိုင် ပြည်သူ့ငွေကို အလွဲသုံး စားပြုလာဘ်စားမှုပေါ်ပေါက်လာပါက အစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီ၀င်များ ဖြစ်ပါကလည်း ထောင်အတွင်း ငပိကြော်သာလျှင် လာပို့ပေးမည်ဟု တိုင်းသိပြည်သိ၊ ကမ္ဘာသိ ပြတ် ပြတ်သားသား ထုတ်ပြန်ကြေညာပြီးဖြစ်ပါသည်။   သို့ဖြစ်ပါ၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ဆားလင်းကြီးမြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ၏ (၁၉.၉.၂၀၁၆)နေ့ တင်ပြတိုင် ကြားစာအပေါ် အမြန်ဆုံးတိတိကျကျစစ်ဆေး ဖော် ထုတ်ရန်ရှိ/မရှိနှင့် စစ်ဆေးဖော်ထုတ်တွေ့ရှိပါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအစိုးရ၏အကြီး အမှူးကိုယ်တိုင် ထုတ်ပြန်ကြေညာထားသည့် အ တိုင်း ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ရန် ရှိ/မရှိ တို့ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]

ဆားလင်းကြီးမြို့နယ် စည်ပင်သာယာရေးကော် မတီအဖွဲ့၀င်များ၏ တင်ပြတိုင်ကြားစာ ဖြစ်သည့် ဆားလင်းကြီး မြို့နယ်စည်ပင် ဥက္ကဌ ဦးကိုကိုနိုင်အား ပြတ်ပြတ်သားသား အရေးယူပေးပါရန်ကိစ္စအား ဒေါက်တာသိန်းနိုင် အမှတ်(၁) မဲဆန္ဒနယ် ဆားလင်းကြီးမှ မေးမြန်းလာပါသည်။ အဆိုပါကိစ္စအား တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့သို့ စိစစ်တင်ပြရန် အကြောင်း ကြားထားရှိပါကြောင်းနှင့် မှန်ကန်မှုရှိပါက ပြတ်ပြတ် သားသား အရေးယူဆောင်ရွက်မည် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။

[/symple_accordion_section][/symple_accordion]