စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်သည် (၁၄-၁၁-၂၀၁၆)ရက်နေ့တွင် အလုံမြို့နယ်၊ မြို့မရုပ်စုံကျောင်းတိုက် တွင် စတုတ္ထအကြိမ်မြောက် ကထိန် အလှူတော်မင်္ဂလာ ပြုလုပ်ခဲ့ပါသည်၊ ထို အလှူတော်မင်္ဂလာအခမ်းအနား သို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးသန်း မှ ဦးဆောင်ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသော ဒေါ်အမာကြည် ၊ ဒေါ်အောင်ကြည် နှင့် လွှတ်တော်ရုံးမှ ၀န်ထမ်းများ ပူးပေါင်းပြီး ဆောင်ရွက် ခဲ့ကြပါသည်။ ကထိန်အလှူတော်ငွေကျပ် စုစုပေါင်း (၃၁၀၀၀၀၀ိ/) ကျပ် လှူဒါန်းခဲ့ပါသည်။