စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကတိကဝတ်ပြုခဲ့သည့် ကြယ်ပွင့်ပြမေးခွန်းနှင့် အဖြေများစာရင်း

ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၆)တွင် လွှတ်တော်ကိုယ်စားလှယ်များမှပေးပို့လာသော ကြယ်ပွင့်ပြမေးခွန်းအပေါ် ဖြေကြားချက်များ

ဖြေကြားသည့်ဌာန                     –   စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −    ဒေါ်နှင်းခိုင်စိုး၊ အမှတ်(၁)မဲဆန္ဒနယ် ဒီပဲယင်းမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]”ဒီပဲယင်းမြို့နယ်မှာ၂၀၁၆ခုနှစ်၊ဧပြီလအတွင်းလေတိုက်၊မိုးသီးကျမှုကြောင့်ကျေးရွာပေါင်း(၁၅)ရွာမှသီးနှံများ ပျက်စီးခဲ့ပါသည်။ ၄င်းကိုနိုင်ငံတော်သို့နှမ်းနှင့်ပဲတီစိမ်း ပျက်စီးသူများစာရင်း ဖြင့်တင်ပြ တောင်းခံ ရာနိုင်ငံတော် မှထောက်ပံ့ငွေသိန်း(၁၆၁၂၁၆၀၀၀)ရရှိခဲ့ပါတယ်။ ၄င်း ရန်ပုံငွေထောက်ပံ့ခြင်းကို နိုင်ငံတော်အစိုးရထံ တင်ပြ တောင်းခံထားသည့်နှမ်းနှင့်ပဲတီစိမ်းပျက်စီးမှုကိုထောက် ပံ့ရမည့်အစား မပျက်စီးသူများ၊ အမှန်တကယ်မစိုက် သူများနှင့် အချို့မှာ နှမ်းနှင့် ပဲတီစိမ်းမစိုက်ဘဲစပါးစိုက် သူများပါမှားယွင်းဘက်လိုက်ထောက်ပံ့ခြင်းများဖြစ်ပေါ်ခဲ့ပါသည်။အဆိုးရွားဆုံမှာမပျက်စီးမစိုက်ဘဲထောက်ပံ့ငွေရနေခြင်းများဖြစ် ပေါ်ခဲ့ပါသည်။ထိုသို့သက်ဆိုင်ရာ တာ၀န် ရှိသူများ ဘက်လိုက်လုပ်ဆောင်နေခြင်းကြောင့် ပြည်သူ လူထုကြားတွင် အစိုးရသစ်အပေါ်အ မြင်လွဲမှားခြင်းနှင့် အစိုးရ၏ပုံရိပ်ကိုညှိုးနွမ်းထိခိုက်စေပါသည်။ နိုင်ငံတော် သို့တင်ပြသောခေါင်းစဉ်အတိုင်း မထောက်ပံ့ဘဲ အောက် ခြေ ၀န်ထမ်းဌာနများမှ မိမိထင်သလို ခေါင်းစဉ်ပြောင်း ထောက်ပံ့ခြင်းအပေါ် မည်သို့ဆောင်ရွက်ပေးနိုင်မည် ကိုသိရှိလိုပါကြောင်း”။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]

၂၀၁၅-၂၀၁၆ခုနှစ်၊ဒီပဲယင်းမြို့နယ်၏နွေသီးနှံစိုက်ပျိုး ရာသီတွင် နွေစပါး(၄၄၇၄၃)ဧကနှင့် အခြားသီးနှံ (နှမ်း၊ ပဲတီစိမ်း၊မတ်ပဲ)(၂၈၁၂၇)ဧက စိုက်ပျိုးဆောင်ရွက်ခဲ့ ပါသည်။ (၂၃.၄.၂၀၁၆)ရက်နေ(၁၆၀၀)နာရီအချိန ခန့် တွင် သဘာ၀ဘေး လေပြင်းတိုက်ခတ်ခြင်းနှင့်မိုးသီး ကြွေကျခြင်းများကြောင့်မြို့နယ်အတွင်း ကျေးရွာ အုပ်စု (၁၅)အုပ်စုတွင် နွေနှမ်းနှင့်ပဲတီစိမ်းသီးနှံ စုစုပေါင်း (၉၉၆၃)ဧက ထိခိုက်ခဲ့ပါသည်။ ၄င်းထိခိုက်မှုအပေါ် (၉၃၈၁)ဧကပျက်စီးမှုများဖြစ်ပေါ် ခဲ့ပါသည်။

သဘာ၀ဘေး မိုးသီးကျရောက်ခဲ့၍ နွေသီးနှံများ ဖြစ်သည့် နှမ်းနှင့်ပဲတီစိမ်းသီးနှံများအတွက်ပျက်စီးဧက များအပေါ်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး နွေစပါးသီးနှံ စိုက်တောင်သူများကိုထောက်ပံ့ပေးနေသည်ဟုယူဆခြင်း အပေါ် အောက်ပါအတိုင်း ရှင်းလင်းအပ်ပါသည်။ ထောက်ပံ့ကြေးခံစားရသည့် နွေစပါးသီးနှံစိုက်ပျိုးသော တောင်သူများမှာမူလကပထမသီးနှံဖြစ်သည့် နွေနှမ်း နှင့် ပဲတီစိမ်းသီးနှံများကိုစိုက်ပျိုးခဲ့ကြခြင်းဖြစ်ပါသည်။ သဘာ၀ဘေးမိုးသီးကျရောက်ခဲ့သဖြင့် စိုက်ပျိုးထား သည့် နွေနှမ်းနှင့်နွေပဲတီသီးနှံများ ပျက်စီးသည့် ဧရိယာ အပေါ် အစားထိုးသီးနှံအနေဖြင့်    နွေစပါးသီးနှံကို ပြန် လည်စိုက်ပျိုးခဲ့ကြခြင်းသာ ဖြစ်ပါသည်။   ပျက်စီးခဲ့ရသည့်ပထမသီးနှံ(နှမ်း၊ပဲတီစိမ်း)စိုက်ပျိုးခဲ့သည့်တောင်သူများအား ဘက်လိုက်မှုမရှိဘဲ ထောက်ပံ့ပေးခြင်းဖြစ် ကြောင်းရှင်းလင်းအပ်ပါသည်။ မိုးသီးကျရောက်ခဲ့စဉ် အခါ ကကျေးရွာကွင်းဆင်းအဖွဲ့များ စာရင်းကောက်ယူ စဉ်တွင်အမှန်တကယ်သီးနှံစိုက်ပျိုးပြီးပျက်စီးသွားသော သီးနှံနှင့် တောင်သူများကိုသာ ပျက်စီးဧက စာရင်းတွင် ထည့်သွင်းကောက်ယူခြင်း ဖြစ်ပါသည်။ ကျေးရွာကွင်း ဆင်းအဖွဲ့များ စာရင်းဇယားပြုစုရာတွင် သီးနှံထိခိုက် ဧကနှင့် ပျက်စီးဧကဟူ၍ စာရင်းပြုစုခဲ့ပါသည်။ နွေပဲတီ နှင့် နွေနှမ်းသီးနှံ စိုက်ပျိုးခဲ့ပြီး မိုးသီးကျရောက်ခံရ သော်လည်းထောက်ပံ့ကြေး မရရှိသောတောင်သူများမှာ ထိခိုက်နိုင်သည့် ဧရိယာစာရင်းတွင်သာ ပါ၀င်ခဲ့ခြင်း ဖြစ်ပြီး လုံး၀ပျက်စီးခြင်းမရှိသည့် အတွက်ပျက်စီးဧက စာရင်းတွင် ထည့်သွင်းခြင်းမပြု သောကြောင့်ဖြစ်ပါ သည်။

မိုးသီးကျရောက်မှုကြောင့် ပဲတီစိမ်းစိုက်ခင်းများ မြေပြင်တွင်  ရိုးတံသာကျန်သည်ထိ  ပျက်စီးခဲ့ပါသည်။ ကြိုးစားမှုရှိသောတောင်သူအချို့အနေဖြင့် ရေသွင်းခြင်း၊မြေသြဇာထည့်သွင်းခြင်း၊ အပင်ပြုစုစောင့်ရှောက်ခြင်း တို့ကြောင့်ပင်စည်၊ အကိုင်းအခက်များ အသစ်ထပ်မံ ထွက်ရှိလာပြီးအပွင့်အသီးများထိုက်သင့်သည့်အလျှောက်  ရရှိကာ ဆွတ်ခူးကြရသည့်အပေါ် မပျက်စီးသူများအား ထောက်ပံ့သည်ဟု မှားယွင်းယူဆခြင်း ဖြစ်ကြောင်း ရှင်းလင်းတင်ပြအပ်ပါသည်။ ကျေးရွာအဆင့်မှ မြို့နယ် အဆင့်တာ၀န်ရှိသူများသည် ဘက်လိုက်မှုများမဖြစ်ပေါ် စေရန်ကျေးရွာအရောက် ကွင်းဆင်းပြီးမြို့နယ်မှ အဖွဲ့ အစည်းအဆင့်ဆင့်ဖွဲ့စည်း၍ ထောက်ပံ့ကြေးပေးအပ်ရာ တွင် တောင်သူများအား တောင်သူတစ်ဦးချင်းစာရင်း ချပြဆွေးနွေးပြီး ပွင့်လင်းမြင်သာမှုရှိရှိ ဘက်လိုက်ခြင်း မရှိဘဲ ထောက်ပံ့ ပေးအပ်ခြင်းသာဖြစ်ပါသည်။

ကျေးရွာမြို့နယ်အဆင့်ဆင့် တာ၀န်ရှိသူများသည် သဘာ၀ဘေးကြောင့် ပျက်စီးခဲ့သောနွေသီး နှံ(နှမ်း၊ပဲတီစိမ်း) သီးနှံများကို ကျေးရွာအရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး ခေါင်းစဉ်ပြောင်း ထောက်ပံ့ပေးအပ်ခြင်းမျိုး မရှိပါ ကြောင်း တင်ပြအပ်ပါသည်။[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးမြင့်ထွေး၊ အမှတ်(၁)မဲဆန္ဒနယ် ရေဉီးမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]

ရွာမိဿာအုပ်စု၊ ရွာမိဿာကျေးရွာသည်‌ရေဦးမြို့နယ်တွင်ပါဝင်ပြီး  မြို့နှင့်  အလှမ်းကွာဝေး‌သော အနေအထားတွင် တည်ရှိသည်။ မိုးရာသီတွင် အခြားအုပ်စုနှင့် ရေဦးမြို့သို့သွားရန် ခက်ခဲသောကျေး ရွာအုပ်စု ဖြစ်ပါသည်။ ထိုရွာမိဿာကျေးရွာအုပ်စု နှင့်အနီးအနားရှိကုန်းသာ၊ ချမ်းသာ၊ရွာသစ်ဝင်မ အုပ်စုနှင့်အခြားကျေးရွာများအားလုံးသည်ပွင့်လင်း ရာသီတွင် ဆည်ရေသောက်ဖြန့်ဝေပေး‌သော တူး မြောင်းဘောင်များကို ဆက်သွယ်ရေးလမ်းအဖြစ် အသုံးပြုသွားလာရပါသည်။ ထိုတူးမြောင်းဘောင် များမှတဆင့် ရေဦး – မုံရွာကားလမ်းမသို့ လည်း ကောင်း၊ ရေဦး – ကံထူးမကားလမ်းမသို့ လည်း ကောင်း ချိတ်ဆက်သွားလာရပါသည်။ ပူးတွဲဖော် ပြပါမြေပုံအတိုင်း ရေဦးမြို့နှင့်ဒီပဲယင်းမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုအားလုံးသည်ဆည်ရေ‌သောက် တူးမြောင်းဘောင်များကို ဆက်သွယ်ရေး လမ်းများအဖြစ် အဓိကအားထားသွားလာပါသည်။

ပွင့်လင်းရာသီအချိန်တွင်အခက်အခဲမရှိသော်လည်းမိုးရာသီအချိန်တွင် ဆည်မြောင်းဌာနကမြောင်း ဘောင်များထိန်းသိမ်းရန်အတွက် သွားလာခွင့်မပြုသည်မှာမှန်ကန်ပါသော်လည်း တစ်ဘက်တွင် ကျေးရွာနေပြည်သူလူထု၏ စီးပွားရေး၊ ပညာ ရေး၊ ကျန်းမာရေးနှင့် လူမှုရေးကိစ္စများသည် မဖြစ်မနေလှုပ်ရှားဆောင်ရွက်သွားလာရမည်ဖြစ်သည်။ မိုးရာသီကာလမှာ ခြေလျင်ခရီးဖြင့် သွား လာရသဖြင့် ခရီးမတွင် အချိန်ကုန်လူပန်း၍ အခွင့်အရေးများဆုံးရှုံးရပါသည်။ ကျေးရွာနေ ပြည်သူများအနေဖြင့် လျှပ်စစ်မီးလင်းရေးထက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေး ပိုမို ဆန္ဒရှိကြောင်း မေးမြန်းသိရှိရပါသည်။

ကျေးရွာမှ မြို့သို့ဆက်သွယ်ရန် လမ်းအူ‌ကြောင်း အသစ်တဖန်ရှာပြီး ဖောက်လုပ်ရန်မှာ အပြောလွယ်သလောက် လက်တွေ့လုပ်ဆောင်ရန်သည်ရန်ပုံငွေအခက်အခဲနှင့်နေရာအခက်အခဲများပိုမိုတွေ့ရှိရပါသည်။ နိုင်ငံတော်အနေဖြင့်ဆင်းရဲမွဲ‌တေမှုကို လျော့ခြင်သည်ဆိုပါက အခြေခံလိုအပ် ချက်ဖြစ်သော လမ်း၊လျှပ်စစ်နှင့်နည်းပညာတို့ကို ပံ့ပိုးဆောင်ရွက်ပေးမှသာ အလျင်အမြန်ကျဆင်း အောင်မြင်မည်ဖြစ်ပါသည်။ လမ်းပိုင်းအနေဖြင့် သီးခြားဖောက်လုပ်ခြင်းထက် တူးမြောင်းဘောင်များပေါ်တွင် ရေဒဏ်ပိုမိုခံနိုင်သော ကွန်ကရစ်လမ်းခင်း ပေးနိုင်ပါက အထူးသင့်လျော်ကြောင်း အင်ဂျင်နီယာ များ၏ ဆွေးနွေးအကြံပြုချက်အရ သိရပါသည်။

ရေဦးမြို့အနေဖြင့်  ရေဦး – ရွာမိဿာလမ်းပိုင်းကိုဦးစား ပေး ဆောင်ရွက်ပါက ရွာမိဿာ၊ ကုန်းသာ၊ ချမ်းသာ၊ ရွာသစ်၊ ကုန်းကြီးနှင့် ဝင်ဝအုပ်စုများရှိ ကျေးရွာပေါင်း များစွာသည် နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး လွယ်ကူ ချောမွေ့စိတ်လက်ချမ်းသာ သွားလာနိုင်မည်ဖြစ်ပါသည်။

ရေဦး – ရွာမိဿာလမ်းပိုင်းအပြင် အခြားလမ်းပိုင်း များကိုလည်း အဆင့်လိုက် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ ရွာမိဿာလမ်းပိုင်းကို ဦးစားပေ အဆင့် မေးမြန်းရခြင်းမှာမြောင်းဘောင် အလယ်တွင် ထီးတည်း ရပ်တည်ရှိနေပြီး အလွန်ခက်ခဲသောအခြေအနေတွင်ရှိ သောကြောင့်ဖြစ်ပါသည်။

ထို့ကြောင့်တောင်သူလယ်သမားများ၏အကျိုးစီးပွား ကို ကာကွယ်စောင့်ရှောက်သည့်အနေဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေး အဖွဲ့နှင့် ညှိနှိုင်းပြီးခွင့်ပြုဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] ရေဦး-ရွာမိဿာလမ်းပိုင်းတွင်မရကန်တူးမြောင်း တစ်လျှောက် ချောင်းနားရေခွဲမှ ရေဦး- မုံရွာကားလမ်း ဖြတ်အထိ (၁၇၅၀၀)ပေ(၃.၃၁)မိုင် ကွန်ကရစ်လမ်း ခင်းပေးရမည်ဖြစ်ပါသည်။ အဆိုပါလုပ်ငန်းအတွက် ခန့်မှန်းကုန်ကျငွေမှာ ကျပ်သန်း(၇၁၀)ဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေ တင်ပြ တောင်းခံ၍ ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်းဖြေကြားအပ်ပါသည်။[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးမောင်မောင်လတ်၊ အမှတ်(၁)မဲဆန္ဒနယ် ဖောင်းပြင်မြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ဖောင်းပြင်မြို့နယ်၊ မင်းယားအုပ်စု၊ ဆွတ်နန်း ကျေးရွာတွင် အလျား(၂၅၀)ပေ၊ အနံ(၃၀)ပေ၊ အမြင့်(၁၅)ပေ၊ နောင်ဆိုင်ရေကန်ကြီးသည် ကွင်း အမှတ်(၃၇၄)နွေစပါးစိုက်ဧက(၁၂၀၀)သို့ စိုက်ပျိုး ရေများပေးဝေနေသောဆည်ကြီးဖြစ်ပါသည်။၂၀၁၆ခုနှစ်၊‌မေလမိုးကြီးမှုတွင်ဆည်ရေလျှံမှုကြောင့် စပါး စိုက်ဧကများ ပျက်စီးခဲ့ရပါသည်။ သို့ဖြစ်ပါ၍ နောင်ဆိုင်ကန်အား ရေထိန်းရေတံခါးပြုလုပ်ပေး ရန်အစီအစဉ်ရှိ/မရှိနှင့် ပြုလုပ်ပေးမည်ဆိုပါက မည်သည့်အချိန်၊မည်သည့် ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေချထားပေးမည်ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]

ဖောင်းပြင်မြို့နယ်၊ မင်းယားကျေးရွာအုပ်စု၊ ဆွတ်နန်းကျေးရွာတွင် လွန်ခဲ့သော နှစ်ပေါင်း(၅၀)ခန့် မှစတင်ကာ ရွာအနောက်ဘက် သဘာဝရေအိုင်မှနေ၍ စိုက်ပျိုးရေရယူကာ နွေစပါးဧက(၁၂၀၀) စိုက်ပျိုးလာ ခဲ့ကြသည်ကို ကွင်းဆင်းသိရှိရပါသည်။ သို့ရာတွင် မိုး ရာသီရေထိန်းညှိသိုလှောင်နိုင်ရန်အတွက်လည်းကောင်း၊နွေ ရာသီစိုက်ပျိုးရေပေးဝေရာတွင်လည်းကောင်း ရေတံခါး အဆောက်အအုံဆောက်လုပ်ပေးရန်နှင့်တစ်ဆက်တစ်စပ်တည်း ရေပေးမြောင်း သဲနုံးတူးဖော်ခြင်းလုပ်ငန်းပါ ဆောင်ရွက်ပေးရန်သင့်လျော်သည်ကို လေ့လာသိရှိခဲ့ရ ပါသည်။ ၂၀၁၆ ခုနှစ်၊ ဆည်ရေလျှံကျခြင်းမှာလည်း မြေသားတမံအသေပိတ်ထားခြင်းကြောင့်ဖြစ်ကြောင်းသိရှိရပါသည်။

နောင်ဆိုင်ရေတံခါးနှင့်ရေပေးမြောင်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ပါကခန့်မှန်းကုန်ကျငွေကျပ်သန်း(၄၀)ကုန်ကျနိုင်ပြီး ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ် တိုင်းဒေသ ကြီး ရန်ပုံငွေတွင်တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိပါက လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေ ကြားအပ်ပါသည်။ [/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးဝင်းရွှေ၊ အမှတ်(၁)မဲဆန္ဒနယ် ဗန်းမောက်မြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]     ထာ၀ရရွှေသတ္တုတူးဖော်ရေးကုမ္ပဏီသည် ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ စုံးတော်ကျေးရွာအုပ်စုတွင် ဧက (၁၅၀၀)၊ မံကပ်ကျေးရွာအုပ်စု ခမ်းပတ်တောင်ဒေသတွင် ဧက(၃၀၀၀)ကို(၂၀၃၂)အထိ တူးဖော်ထုတ်လုပ်ခွင့်ရယူ ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။ထာ၀ရရွှေသတ္တုတူးဖော်ရေးကုမ္ပဏီသည် အမှတ်(၁)မဲဆန္ဒနယ် မြေတွင် ဒေသခံပြည်သူများနှင့် ပြဿနာအများဆုံးဖြစ်ပွားနေသော ကုမ္ပဏီအဖြစ် ဗန်းမောက်မြို့နယ်မှာ ထင်း ရှားလှပါသည်။ ထိုသို့ရွှေသတ္တုတူးဖော်ရေး ဆောင်ရွက်လျက်ရှိနေသော် လည်း လုပ်ကွက်နယ်နိမိတ်များမြေပြင်တွင်တိကျစွာတိုင်း တာမှတ်သားထားမှုမရှိခြင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်သတ္တုတွင်းကြီးကြပ်မှုကော်မတီရုံးများတွင် ကုမ္ပဏီ နှင့်ပတ်သက်သော မြေပုံညွှန်းများ၊ ထုတ်လုပ်ခွင့်ပြုမိန့်၊ အမိန့်စာများမရှိကြောင်း သိရှိရပါသည်။ ကုမ္ပဏီတာ၀န်ရှိ သူထံမှ လိုအပ်သောအချက်အလက်များ တောင်းခံခဲ့သော်လည်း ပေးမည်ဟုသောကတိမှလွဲ၍ ယနေ့အချိန်ထိ ပေးအပ်နိုင်ခြင်းမရှိခဲ့ပါ။ ဒေသခံပြည်သူများနှင့် အမျိုး မျိုးသောပြဿနာများ ဖြစ်ပွားလာလျှင် သက်ဆိုင်ရာ ဌာနဆိုင်ရာအနေဖြင့် ပြဿနာဖြေရှင်းရာ၌ အခက်အခဲ များစွာကြုံတွေ့နေ ကြောင်းသိရှိရပါသည်။ သို့ဖြစ်ပါ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်ထာ၀ရရွှေသတ္တုတူးဖော်ရေးကုမ္ပဏီလုပ်ကွက်နယ်နိမိတ် တိုင်းတာဆောင် ရွက်ပေးနိုင်ခြင်းရှိ/မရှိ၊ ကုမ္ပဏီနှင့်ပတ်သက်၍ အချက် အလက်များ သက်ဆိုင်ရာမြို့နယ်ရုံးများသို့ ရရှိနိုင်အောင် မည်ကဲ့သို့ဆောင်ရွက်ပေးသွားမည်ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] ထာဝရရွှေသတ္တုတူးဖော်ရေးကုမ္ပဏီမှ ရွှေသတ္တု တူးဖော်ဆောင်ရွက်လျက်ရှိနေသော်လည်း လုပ်ကွက် နယ်နိမိတ်များမြေပြင်တွင် တိကျစွာတိုင်းတာ သတ် မှတ်ထားမှုမရှိသည့်ကိစ္စနှင့် ပတ်သက်၍ အသေးစား ရွှေလုပ်ကွက်များမှ နယ်နိမိတ်တိုင်စိုက်ထူ သတ်မှတ် ထားပါသည်။ အကြီးစားလုပ်ကွက်နှင့် ပတ်သက်၍ စမ်းသပ်ရှာဖွေရေးအဆင့်ကို ဦးစွာဆောင်ရွက်ခွင့်ပြု ပြီး ထုတ်လုပ်ရေးအဆင့်သို့ ကူးပြောင်းဆောင်ရွက်ရာ တွင် နေပြည်တော်ရုံးချုပ်မှဦးစီးဌာန/ လုပ်ငန်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရခြင်း၊ ဧရိယာများပြောင်း လဲခြင်း၊ နယ်မြေကျယ်ဝန်းခြင်း စသည်တို့ကြောင့် မြေပြင်တွင် နယ်နိမိတ်စိုက်ထူခြင်း၊ သတ်မှတ်ခြင်း မပြုဘဲ ရုံးချုပ်မှဂြိုလ်တုမြေပုံ၊ ဧရိယာမြေပုံများဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။ မြို့နယ်အုပ်ချုပ် ရေးမှူးရုံး၊ မြို့နယ်သတ္တုတွင်း ကြီးကြပ်မှုကော်မတီရုံးများတွင် ကုမ္ပဏီနှင့်ပတ်သက် သော မြေပုံအညွှန်း များ၊ ထုတ်လုပ်ခွင့်ပြုမိန့်အမိန့်စာ များမရှိသည့်ကိစ္စ နှင့်ပတ်သက်၍ အသေးစားရွှေလုပ်ကွက်များ၏ ခွင့် ပြုမိန့်နှင့် အခြားအကြောင်းကြားစာ၊ ညွှန်ကြားချက် များကို တိုင်းဒေသကြီးစီမံကိန်းရုံးသို့ ပေးပို့ထားပါ သည်။

ကုမ္ပဏီတာဝန်ရှိသူထံမှ လိုအပ်သော အချက် အလက်များတောင်းခံခဲ့သော်လည်းပေးမည်ဟူသော ကတိမှလွဲ၍ ယနေ့အချိန်ထိ ပေးအပ်နိုင်ခြင်းမရှိခဲ့ ကြောင်း၊ ဒေသခံပြည်သူများနှင့် အမျိုးမျိုးသောပြ ဿနာများဖြစ်ပွားလာလျှင်သက်ဆိုင်ရာဌာနဆိုင်ရာ အနေဖြင့် ပြဿနာ ဖြေရှင်းရာ၌ အခက်အခဲများစွာ ကြုံတွေ့နေသည့်ကိစ္စနှင့် ပတ်သက်၍ ကုမ္ပဏီ၊ ဌာန ဆိုင်ရာနှင့် ဒေသခံပြည်သူများ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရန် ကုမ္ပဏီအားညွှန်ကြားထား ရှိပါမည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ထာဝရသတ္တုတူး ဖော်ရေးကုမ္ပဏီလုပ်ကွက် နယ်နိမိတ်တိုင်းတာဆောင်ရွက် ပေးနိုင်ခြင်းရှိ/မရှိမေးမြန်းခြင်းနှင့်ပတ်သက်၍လုပ်ကွက်နယ်နိမိတ်သတ်မှတ်ချက် မြေပုံညွှန်းများကို ခွင့်ပြုမိန့် တွင် အတိအကျသတ်မှတ်ဖော်ပြထားပြီးဖြစ်၍လိုအပ်ပါကကွင်းဆင်း တိုင်းတာရန် ဆောင်ရွက်ပေးနိုင်ပါသည်။ကုမ္ပဏီနှင့် ပတ်သက်၍ အချက်အလက်များသက်ဆိုင်ရာ မြို့နယ်ရုံးများသို့ ရရှိနိုင်အောင် မည်ကဲ့သို့ ဆောင်ရွက်ပေးသွားမည်ကို သိရှိလိုပါကြောင်း မေးမြန်း သည့်ကိစ္စနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးစီမံကိန်းရုံးနှင့် မြို့နယ်တာဝန်ခံရုံးများသို့ညှိနှိုင်းတောင်းခံနိုင်ပါကြောင်း ဖြေကြား အပ်ပါသည်။ [/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −    ဒေါ်ခင်းနှင်းရီ၊ အမှတ်(၁)မဲဆန္ဒနယ် ယင်းမာပင်မြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်နှင့်ဆားလင်းကြီးမြို့နယ်ဆက်စပ်နေရာတွင် ၁၉၈၄ ခုနှစ်မှစတင်၍ စံပယ်တောင်၊ ကြေး စင်တောင်ကြေးနီသတ္တုတွင်းစီမံကိန်းမှ လုပ်ငန်းဧရိယာ အဖြစ်သတ်မှတ်သိမ်းယူထားသောလယ်မြေ/ယာမြေများအပေါ်မှ နစ်နာသူတောင်သူများကိုမြေလျော်ကြေးပေး ချေရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး(၇.၇.၁၆) ရက်စွဲပါစာအမှတ်၊ ၃/၆-၃(၁၀၄)/လျော်ကြေးလပတဖြင့် မြေလျော်ကြေးထောက်ပံ့မှုပေးအပ်ရေးကော်မတီကိုဖွဲ့ စည်းတာဝန်ပေးအပ်ခဲ့ပါသည်။

ထိုသို့ထောက်ပံ့ကြေးရရှိမည့် ယင်းမာပင်မြို့နယ်၊ ရွှေပန်းခိုင်အုပ်စုနှင့် မြရိပ်အုပ်စုတို့မှ ကွင်းအမှတ် (၈၄၈)၊ (တောင်ခမောက်ကွင်း)ရှိမြေသိမ်းဧကစုစုပေါင်း (၈၉၄.၆၃)ဧကနှင့် ဆားလင်းကြီးမြို့နယ်ဘက်မှ (၅၄၁၁.၀၂) ဧကရှိပါသည်။ အထက်ဖော်ပြပါဧရိယာ များမှာ ကြေးနီမိုင်းစီမံကိန်းများမှ အပြည့်အဝ အသုံးပြုထားခြင်းမဟုတ်ပါ။တစ်ချို့တစ်ဝက်ကိုအတွင်း စည်းသတ်မှတ်၍အသုံးပြုနေသည်မှာမှန်သော် လည်းအတွင်းစည်းအပြင်ဘက်မှ သိမ်းဆည်း ထားသောမြေများမှာ သာသနာ့နယ်မြေ၊ ကျား တွင်းတောင်နှင့်နီးကပ်ခြင်း၊ယမားချောင်းရိုးတစ်လျှောက်နှင့်နီးခြင်း၊သက်ဆိုင်ရာကျေးရွာသားများမှအကြိမ်ကြိမ်ဟန့်တားသည့်အတွက် အသုံးမပြုနိုင်ခဲ့ပါ။ ဒေသခံတောင်သူများအနေ ဖြင့် လက်တွေ့အသုံးချခြင်းမပြုဘဲသိမ်းဆည်း ထားသည့်အပြင်စည်းမှ မြေများကို သက်ဆိုင် ရာကုမ္ပဏီများမှ ပြန်လည်စွန့်လွှတ်၍ သိမ်း ဆည်းခံမြေများအား လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ပုံစံ(၇) လက်မှတ်ချထားပေးပါရန် အစီအစဉ် ရှိ/ မရှိသိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] စံပယ်တောင်နှင့် ကြေးစင်တောင်သတ္တုတွင်းစီမံကိန်း သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ်အတွင်း တွင်တည်ရှိပါသည်။ ၁၉၈၄ခုနှစ်ခန့်မှစ၍ စီမံကိန်း အား သတ္တုတွင်းဝန်ကြီးဌာန၊ အမှတ်(၁)သတ္တုတွင်း လုပ်ငန်းမှ စတင်အကောင်အထည် ဖော်ဆောင်ရွက် ခဲ့သည့် စီမံကိန်းဖြစ်ပါသည်။ မူလစီမံကိန်း ဧရိယာ အကျယ်အဝန်းမှာ (၆၃၀၅.၆၅) ဧက ဖြစ်ပြီး၊ ၂၀၁၅−၂၀၁၆ ခုနှစ်တွင် အက်စစ်စက်ရုံ အတွက် (၅၂.၆၁) ဧက လွှဲပြောင်းပေးခဲ့ခြင်း၊ ၂၀၁၃ ခုနှစ်တွင် နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက်အရ(၂၁၇.၄၉) ဧကအား မူလတောင်သူများသို့ ပြန်လည်ပေးအပ်ခဲ့ ခြင်းကြောင့် လက်ရှိစီမံကိန်း ဧရိယာများမှာ (၆၀၃၅.၅၅)ဧကကျန်ရှိပါသည်။ မူလစီမံကိန်း ဧရိယာ အတွက် မြေသိမ်းစဉ် စိုက်ပျိုးမြေနှင့် အခြားမြေပါဝင် မှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

    မြို့နယ်        မြေသိမ်း           စိုက်ပျိုးမြေ        အခြားမြေ

                    (ဧက)          (ဧက)            (ဧက)

ဆားလင်းကြီး  ၅၄၁၁.၀၂       ၂၇၁၈.၅၂         ၂၆၉၂.၅၀

ယင်းမာပင်        ၈၉၄.၆၃         ၂၂၅.၅၀           ၆၆၉.၁၃

စုစုပေါင်း         ၆၃၀၅.၆၅        ၂၉၄၄.၀၂        ၃၃၆၁.၆၃

စံပယ်တောင်၊ ကြေးစင်တောင်ကြေးနီစီမံကိန်းအား မူလက အမှတ်(၁)သတ္တုတွင်းလုပ်ငန်းမှ စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီး၊ ၁၉၉၈ခုနှစ်တွင် အမှတ်(၁) သတ္တုတွင်းလုပ်ငန်းနှင့်မြန်မာအိုင်ဗင်ဟိုးကော့ပါးလီမိတက်တို့အကျိုးတူပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

စီမံကိန်းဧရိယာအတွက် နှစ်(၃၀)နှစ်ရှည်မြေငှား ဂရန်အား အမှတ်(၁)သတ္တုတွင်း လုပ်ငန်းအမည်ဖြင့် (၅.၁၁.၁၉၉၇)မှ (၄.၁၁.၂၀၂၇)အထိ ခွင့်ပြုချက်ရရှိထားပြီး၊  နှစ်စဉ် မြေခွန်တော် ကျသင့်ငွေအား အမှတ်(၁)သတ္တုတွင်းလုပ်ငန်းသို့နှစ်စဉ်ပေးသွင်း လျက်ရှိပြီး၊ ဓါတ်သတ္တုတူးဖော်ထုတ်လုပ်မှုအတွက် ပုံသေမြေငှား ရမ်းခ (Dead Rent) (၁) စတုရန်းကီလိုမီတာလျှင် ငွေကျပ်(၃၀)နှုန်းဖြင့် (၂၄.၄၂၅) စတုရန်း ကီလိုမီတာအတွက် နှစ်စဉ် မြန်မာ ယန်စီကော့ပါး လီမိတက်မှ အမှတ်(၁)သတ္တုတွင်းလုပ်ငန်းသို့ နှစ်စဉ် ပေးသွင်းလျက်ရှိပါသည်။

ကြေးနီသတ္တုတွင်းစီမံကိန်းသည် မိုင်းလုပ်ငန်းများ ၏ သဘောသဘာဝအလျောက် နှစ်ရှည်ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်ပြီး၊ ထုတ်လုပ်မှုသက်တမ်းကြာမြင့်လာသည့် အလျောက်စွန့်ပစ်မြေစာများအတွက် နေရာများပိုမို လိုအပ် လာခြင်း၊ စဉ်ဆက်မပြတ် ထုတ်လုပ်မှုအတွက် မြေဧရိယာ များတိုးချဲ့အသုံးပြုလာရခြင်းတို့ကြောင့်မိုင်းသက်တမ်းကြာ လာသည့်အလျောက် မြေဧရိယာအသုံးချမှုလည်း ပို၍လိုအပ် လာမည်ဖြစ်ပါသည်။ နှစ်ရှည်စီမံကိန်းဖြစ်သည့် အားလျော် စွာ စီမံကိန်းစတင်စဉ်ကာလကတည်းက စီမံကိန်းပြီးဆုံး သည်အထိ ဆောင်ရွက်ရမည့်လုပ်ငန်း အရပ်ရပ်အတွက် စီမံကိန်းမှထွက်ရှိလာမည့် သတ္တုရိုင်းမြေပမာဏ၊ စွန့်ပစ်မြေ ပမာဏနှင့် ၄င်းတို့အတွက် လိုအပ်မည့်မြေဧရိယာ အကျယ်အဝန်း၊မြေမျက်နှာပြင်အနေအထား၊ပတ်ဝန်းကျင်ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် လိုအပ်သည့်(Safety Zone)စသည်တို့ အတွက်တွက်ချက် ကာလိုအပ်မည့် မြေဧရိယာအကျယ်အဝန်း သတ်မှတ်၍ အမှတ်(၁)သတ္တုတွင်းလုပ်ငန်းမှ သိမ်းဆည်းခဲ့ခြင်း ဖြစ်ပါသည်။

စံပယ်တောင်၊ ကြေးစင်တောင်ကြေးနီ စီမံကိန်းသည်   မိုင်းသက်တမ်း(၂၂)နှစ်ခန့် ရောက်ရှိလာပြီဖြစ်သည့်အတွက် စီမံကိန်း ဆက်လက်ဆောင်ရွက်နိုင်ရန် စွန့်ပစ်မြေစာများ အတွက် မြေနေရာပိုမိုလိုအပ်လာခြင်း၊ သတ္တုရိုင်းပါသည့် မြေစာ များစုပုံရန်နှင့် နေရာသစ်များချဲ့ထွင်ရန် လိုအပ်လာခြင်းတို့ ကြောင့် မြေဧရိယာအသုံးချမှု ပိုမိုလိုအပ်လာမည်ဖြစ်ပါသည်။ မိုင်းလုပ်ငန်းများ၏ သဘောသဘာဝအရ လုပ်ငန်းခွင်အတွင်း မိုင်းခွဲခြင်း၊ မြေထိုးမြေသယ် လုပ်ငန်းအတွက် စက်ယန္တရားကြီး များအသုံးပြုရခြင်းတို့ကြောင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်း ရှင်းရေးနှင့် လုံခြုံရေးအတွက် ခြံစည်းရိုးများကာရံထားရန် လို အပ်ပါသည်။နိုင်ငံတကာစံချိန်စံညွှန်းများအရလည်းလူ၊တိရိစ္ဆာန် များလုပ်ငန်းခွင်အတွင်းအလွယ်တကူဝင်ရောက်ခြင်းမှကာကွယ် ရန် စနစ်တကျအကာအရံများ ထားရှိရမည်ဖြစ်ပါသည်။

စံပယ်တောင်၊ ကြေးစင်တောင်ကြေးနီစီမံကိန်းစတင်ခါစ အချိန်တွင် သိမ်းဆည်းမြေများ အားလုံးအသုံးချရန် မလိုအပ် သေးခြင်း၊ လွတ်ကင်းသည့်မြေယာများတွင် မူရင်းပိုင်ရှင်များမှ နှစ်စဉ် ဝင်ရောက်စိုက်ပျိုးနေခြင်း၊ စီမံကိန်းလုပ်ကွက်ဧရိယာနှင့် ပတ်ဝန်းကျင်ကျေးရွာများ ကွာဝေးနေခြင်းတို့ကြောင့် စီမံကိန်း ဧရိယာ ၏ နယ်နိမိတ်အတိုင်းခြံစည်းရိုးကာရံခြင်းမရှိခဲ့ဘဲလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်သာ မူရင်းဝင်ရောက် လုပ် ကိုင်နေသည့် တောင်သူများနှင့် နှစ်ဖက်ညှိနှိုင်း၍ ခြံစည်းရိုးများ ကာရံထားခဲ့ပါသည်။

လက်ရှိအခြေအနေတွင် စီမံကိန်းကာလကြာမြင့်လာသည် နှင့်အမျှ စွန့်ပစ်မြေစာများစုပုံရာတွင် ကာရံထားပြီးသည့် ခြံစည်းရိုး များအနီးသို့ ရောက်ရှိနေပြီဖြစ်၍   စီမံကိန်းဆက်လက် ဆောင်ရွက်  နိုင်ရန်အတွက် မြေဧရိယာများဆက်လက်တိုးချဲ့ သွားရန်လိုအပ် လျက်ရှိပါသည်။ စီမံကိန်းတစ်ရပ်လုံးအတွက်ပြီး မြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်မှာ သိမ်းဆည်းထား သည့်မြေနေရာများ အားလုံးအသုံးပြုရမည်ဖြစ်၍ စံပယ်တောင်၊ ကြေးစင်တောင်စီမံကိန်းအနေဖြင့် ပြန်လည်စွန့်လွှတ်နိုင်မည့် မြေပို မြေလွတ်ဧရိယာ ကျန်ရှိမည်မဟုတ်ကြောင်း ရှင်းလင်းဖြေကြား အပ်ပါသည်။ [/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −    ဒေါ်အောင်မေရီ၊ အမှတ်(၂)မဲဆန္ဒနယ် ယင်းမာပင်မြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]ဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်မြို့နယ် နှင့် နယ်နိမိတ်ထိစပ်နေသော ကြေးစင်တောင်၊ စံပယ် တောင်ကြေးနီစီမံကိန်းမှ (၁၀)စုနှစ်များစွာ စစ်အစိုးရ အုပ်ချုပ်မှု စီမံခန့်ခွဲမှုအောက် ခရိုနီများနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် သဘာဝသယံဇာတတူးဖော် ရေးနှင့်ပတ်သက်၍စစ်တပ်ပိုင်အဖြစ်မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် သဘောတူညီမှုယူ၍လုပ်ဆောင်ခဲ့ ကြပါသည်။ ထိုသို့လုပ်ဆောင်ချိန်မှစ၍ စံပယ်တောင်၊ ကြေးစင်တောင်သတ္တုတွင်း မြေဧရိယာ (၆၂၅၃.၀၄) ဧကကို သတ္တုတွင်းဝန်ကြီးဌာန၏ သတ္တုတူးဖော်ရေး စီမံကိန်းခွင့်ပြုအမိန့်ဖြင့် အကြီးစားသတ္တုတူးဖော်ရေး ထုတ်လုပ်ခဲ့ပါသည်။ ထိုအချိန်မှစ၍ လယ်ပိုင်ယာပိုင် များသည် အဓမ္မမြေသိမ်းခံကြရ၍ လယ်မဲ့ယာမဲ့ သော် လည်း ဒေသခံတောင်သူလယ်သမားများဟာ လုပ်ကိုင် စားစရာမြေမရှိ၊ကြေးနီစီမံကိန်းထဲဝင်ပြီးအလုပ်လျှောက်လျှင်လည်းလျှောက်မရ၊ ခန့်လိုက်လျှင် လည်း တစ်ရက်ကို အလုပ်ချိန်(၉)နာရီ ကြာမြင့်ပြီး တစ်ရက်လျှင် (၃၁၀၀)ကျပ်နှုန်းဖြင့် ဝင်ရောက်လုပ် ကိုင်ခဲ့ကြပါသည်။အပြင်သာမန်အလုပ်တစ်ယောက်၏ လုပ်ခမှာတစ်ရက်ကိုအနည်းဆုံး(၅၀၀ဝ-၆၀၀၀)ကျပ် ရရှိပါသည်။ ထို့ကြောင့် အနစ်နာခံဒေသခံတောင်သူ များအားနေ့စားခ တစ်ရက်လျှင်အနည်းဆုံး(၅၀၀၀-၆၀၀၀)ကျပ်နှုန်းထိ တိုးမြှင့်ပေးရန်နှင့်ဒေသခံပြည်သူ များအား ဦးစားပေးအစီအစဉ်အဖြစ် အလုပ်အကိုင် ခန့်ထားရေးအစီအစဉ် ရှိ/မရှိသိလိုပါ၍ဒေသခံပြည်သူ များ၏ကိုယ်စား ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိ လိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]

စံပယ်တောင်၊ ကြေးစင်တောင်ကြေးနီသတ္တုတွင်း စီမံကိန်းသည် ၁၉၈၄ ခုနှစ်မှစတင်၍ သတ္တုတွင်းဝန်ကြီး ဌာန၊ အမှတ်(၁)သတ္တုတွင်းလုပ်ငန်းမှ စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည့် စီမံကိန်း ဖြစ်ပါသည်။ ကြေးနီ စီမံကိန်းအား ၁၉၉၈ ခုနှစ်တွင် အမှတ်(၁)သတ္တု တွင်းလုပ်ငန်းနှင့် မြန်မာအိုင်ဗင်ဟိုး(ကနေဒါ)တို့ အကျိုး တူ ပူးပေါင်း၍ ဆက်လက် ဆောင်ရွက်ခဲ့ပြီး၊ ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှစ၍ အမှတ်(၁)သတ္တုတွင်း၏ ရှယ်ယာများကို မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှလည်း ကောင်း၊ မြန်မာအိုင်ဗင်ဟိုးကော့ပါးလီမိတက်၏အစုရှယ် ယာများအား မြန်မာယန်စီကော့ပါး လီမိတက်မှလည်း ကောင်း လွှဲပြောင်းရယူပြီး ဆောင်ရွက်လျက်ရှိသော စီမံ ကိန်းဖြစ်ပါသည်။

လက်ရှိ စံပယ်တောင်၊ကြေးစင်တောင်စီမံကိန်းတွင် နိုင်ငံခြားသားပညာရှင်(၃၆)ဦး၊မြန်မာဝန်ထမ်း(၂၁၂၉)ဦး  စုစုပေါင်း(၂၁၆၅)ဦးဖြင့်  အောက်ပါအတိုင်း ဆောင်ရွက် လျက်ရှိပါသည်-

(က) နိုင်ငံခြားသားပညာရှင်                        (၃၆)ဦး

(ခ)  အမြဲတမ်းဝန်ထမ်း                            (၅၁၃)ဦး

(ဂ)  စာချုပ်ခန့်ဝန်ထမ်း  (၁၂၆၈)ဦး

(ဃ) နေ့စားဝန်ထမ်း                                (၃၄၈)ဦး

         စုစုပေါင်း                           (၂၁၆၅)ဦး

၂၀၁၁ ခုနှစ်၊ မြန်မာယန်စီကော့ပါးလီမိတက်မှ စီမံကိန်း အား စတင်လွှဲပြောင်း လက်ခံပြီးနောက် လုပ်ငန်းများတိုးချဲ့ ဆောင်ရွက်ခဲ့ရာတွင် အချို့သော တည်ဆောက်မှုလုပ်ငန်းများ အတွက် ကာလတိုလိုအပ်သည့် နေ့စားဝန်ထမ်းများအား ပတ် ဝန်းကျင်ဒေသခံများအားခန့်အပ်၍ အသုံးပြုခဲ့ပါသည်။ နောက် ပိုင်းတွင် ဒေသခံများမှ နေ့စားဝန်ထမ်းများအား ဆက်လက် ခန့်ထားရေး၊ စာချုပ်ခန့်ဝန်ထမ်းအဖြစ် ပြောင်းလဲခန့်ထားရေး တို့အတွက် တောင်းဆိုလာသဖြင့် လက်ရှိခန့်ထားပြီးနေ့စား ဝန်ထမ်းများအား ကုမ္ပဏီမှသက်ဆိုင်ရာလုပ်ငန်းများ ပြီးဆုံး သော်လည်း ၄င်းတို့၏မိသားစု စားဝတ်နေရေးအတွက် အဆင် ပြေစေရန် ရှေးရှု၍ ဆက်လက်ခန့်ထားခဲ့ပါသည်။လက်ရှိနေ့စား ဝန်ထမ်းများထဲမှပင် ကုမ္ပဏီရှိလုပ်ငန်းအသီးသီးတွင် လုပ်ငန်း လိုအပ်ချက်အရ ပေါ်ပေါက်လာသည့် နေရာများတွင် ၄င်းတို့၏ ပညာအရည်အချင်း၊လုပ်ရည်ကိုင်ရည်၊ အသက်အရွယ် များအရ သင့်တော်ကိုက်ညီသူများအားစာချုပ်ခန့်ဝန်ထမ်းအဖြစ်တိုးမြှင့် ခန့်ထားရေးအား အလေးထားဆောင်ရွက်လျက် ရှိပါသည်။ ယင်းသို့တိုးမြှင့်ခဲ့သည့်အတွက် ၂၀၁၅ ခုနှစ်အတွင်း နေ့စား၀န်ထမ်း(၉၉)ဦးအားလည်းကောင်း၊ ၂၀၁၆ ခုနှစ်အတွင်း ယခု အထိ နေ့စားဝန်ထမ်း(၅၅)ဦးအားလည်းကောင်း စာချုပ်ခန့် ဝန်ထမ်း အဖြစ်တိုးမြှင့်ခန့်အပ်ထားပြီးဖြစ်၍ ယခုလက်ရှိ နေ့ စားဝန်ထမ်းအရေအတွက်မှာ (၃၄၈)ဦးသာ ကျန်ရှိပါသည်။ ဆက်လက်၍လည်း ဖွဲ့စည်းပုံအရခန့်အပ်နိုင်သည့် အရေအ တွက်ရှိသလောက် ဆက်လက်ဆောင်ရွက်ပေးသွား မည်ဖြစ်ပါ သည်။ ထပ်မံလိုအပ်သည့် နေရာများအတွက်လည်း အရည် အချင်းကိုက်ညီပါက ဒေသခံများအား ဦးစားပေးခန့်အပ်လျက် ရှိပါသည်။ လက်ရှိနေ့စားဝန်ထမ်းများအတွက် သတ်မှတ်နှုန်း များမှာရိုးရိုးနေ့စားဝန်ထမ်း၏(၁)ရက်လုပ်ခနှုန်း(၃၈၇၅)ကျပ် နှင့်် ကျွမ်းကျင်အဆင့်နေ့စားဝန်ထမ်း၏ (၁)ရက်လုပ်ခနှုန်းမှာ (၄၃၇၅)ကျပ်ဖြစ်ပါသည်။အလုပ်သမားများ၏တစ်ရက်အလုပ် ချိန်မှာပုံမှန်ရုံးတက်၊ ရုံးဆင်းဝန်ထမ်းများအတွက် ထမင်းစား နားချိန်(၁)နာရီအပါအဝင် စုစုပေါင်း(၉)နာရီ၊ အလှည့်ကျစနစ် ဖြင့် အလုပ်ဆင်းရသည့် ဝန်ထမ်းများအတွက် အလုပ်ချိန် (၈) နာရီဖြစ်သောကြောင့် အလုပ်သမားဥပဒေများနှင့်အညီ ခံစား ခွင့်များပေးအပ်ထားပြီးဖြစ်ကြောင်း ဖြေကြားအပ်ပါသည်။[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −    ဒေါက်တာသိန်းနိုင်၊ အမှတ်(၁)မဲဆန္ဒနယ် ဆားလင်းကြီးမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]       စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီး မြို့နယ်၊ ကြေးစင်တောင်၊ စံပယ်တောင်တို့ သည် ကြေးနီထွက်ရှိသဖြင့် ကြေးနီသတ္တုတူးဖော်ရေး စီမံကိန်းတစ်ရပ်ရှိနေခဲ့ပါသည်။ ၁၉၇၆ ခုနှစ်မှ စတင်၍ ယူဂိုစလားဗီးယားနိုင်ငံသတ္တုတူးဖော် ရေးလုပ်ငန်းနှင့် မြန်မာသတ္တုတွင်း ဝန်ကြီးဌာန တို့ စတင်ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါသည်။ ၁၉၉၈ ခုနှစ်တွင် ကနေဒါနိုင်ငံအိုင်ဗင်ဟိုကုမ္ပဏီ နှင့် မြန်မာသတ္တုတွင်းဝန်ကြီးဌာနတို့ လွှဲပြောင်း ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ ၂၀၁၁ ခုနှစ် တွင် တရုတ်နိုင်ငံ ယမ်စီကုမ္ပဏီနှင့် မြန်မာဦးပိုင် ကုမ္ပဏီတို့ ယခုအချိန်အထိဆက်လက်လွှဲပြောင်း ရယူတူးဖော်လုပ်ကိုင်လျှက်ရှိပါသည်။ ၎င်းကြေး စင်တောင်၊ စပယ်တောင်အနီးရှိ ကျေးရွာဒေသခံ ပြည်သူများသည် တောင်သူလယ်သမားများဖြစ် ကြပြီး လယ်ယာမြေပေါ်တွင် သီးနှံစိုက်ပျိုးလုပ် ကိုင် ခြင်းဖြင့် နှစ်စဉ်ထွက်ရှိလာသည့် လယ်ယာ ထွက်ကုန်   သီးနှံများကို  အမှီသဟဲပြုရပ်တည်  နေခဲ့သူများ  ဖြစ်ကြပါသည်။  ကြေးစင်တောင်၊စပယ်တောင်သတ္တုတူးဖော် ခဲ့သည့်စီမံကိန်းစတင် ခဲ့သည့်၁၉၇၆ခုနှစ်ကတည်းက ဒေသခံပြည်သူများ လုပ်ကိုင်စားသောက်နေသော လယ်ယာမြေဧက ပေါင်း(၆၀၀၀)ကျော်ကို စတင်သိမ်း ဆည်းခဲ့ပါ သည်။ ၂၀၁၂ ခုနှစ်လယ်ယာမြေနည်းဥပဒေ(၆၆) မပေါ်ပေါက်မှီက လယ်ယာမြေ သိမ်းဆည်းမှုများ သည် ၁၈၉၄ မြေသိမ်းနည်းဉပဒေနှင့်အညီ ခရိုင် အဆင့်လယ်ယာမြေ စီမံခန့်ခွဲခွင့်ရှိသူမှ တောင်သူ လယ်သမားများ၏ သဘောတူကျေနပ်ကြောင်း လက်မှတ်ကောက်ခံရယူစေ၍သက်ဆိုင်ရာအဆင့်ဆင့်တင်ပြပြီးမှသာလျှင် သိမ်းယူရမည်ဖြစ်သော် လည်း၎င်းနည်းဥပဒေနှင့်ကိုက်ညီမှုမရှိပါပဲမတရားသိမ်းဆည်းမှုမျိုးဖြစ်ခဲ့ပါသည်။

၁၉၇၆ ခုနှစ် ၎င်းမတရားလယ်ယာမြေသိမ်း ဆည်းမှုကို ၁၉၉၆ခုနှစ်တွင် တရားဝင်သိမ်းဆည်းမှု ဖြစ်ရန်အတွက် လယ်ယာမြေပိုင်ရှင်များအား သီးနှံ လျော်ကြေးပေးအပ်ကာ တောင်သူများမှသီးနှံလျော် ကြေးရယူကျေနပ်ပါကြောင်း လက်မှတ်ထိုးစေ၍ လယ်ယာမြေအခြား နည်းသုံးစွဲ ခွင့်လျှောက်ထားပြီး အခြားနည်းသုံးစွဲခွင့်ရယူထားကြောင်းတွေ့ရှိရမည်ဖြစ်ပါသည်။

မည်သို့ပင်ဆိုစေကာမှုအတိတ်၏အားနည်းချက် များကို သင်ခန်းစာယူလျှက်တရုတ်ယမ်စီနှင့်မြန်မာဦးပိုင်သတ္တုတူးဖော်ရေး ကုမ္ပဏီတို့သည်  ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် စတင်၍စီမံကိန်းပတ်ဝန်းကျင်ရှိ ဒေသခံကျေးရွာများ၏ ဖွံ့ဖြိုးရေး(CSR)ငွေ ဒေါ်လာ(၅)သိန်း၊ မြန်မာ ငွေသိန်း (၅၀၀၀) ကျော် ကိုနှစ်စဉ်အသုံးပြုဆောင်ရွက်ပေးနေကြောင်းတွေ့ရှိပါသည်။ စီမံကိန်းနှင့် နီးစပ်ရာဒေသခံကျေးရွာများအပေါ် စာနာထောက်ထား ပံ့ပိုးကူညီမှုများရှိခဲ့ သော်လည်း စီမံကိန်းကြောင့် မြေယာလုပ်စားကွက် လက်လွတ်ဆုံးရှုံးနစ်နာခဲ့ကြသော တောင်သူလယ် သမားများအတွက် လက်ရှိလက်ငုတ် သားစဉ်မြေး ဆက်နစ်နာမှုများအပေါ်  ထိုက်ထိုက်တန်တန်ပံ့ပိုး ကူညီမှုရရှိစေဖို့ဆောင်ရွက်ရန် ရှိ/မရှိဆောင်ရွက်ရန်အစီအစဉ်ရှိပါကမည်သည့်အချိန်တွင် မည်သို့မည်ပုံ ဆောင်ရွက်သွား မည်ကိုလည်းကောင်း ၂၀၁၂ခုနှစ် လယ်ယာမြေနည်းဉပဒေ(၆၇)အရမြေသိမ်းခံနစ်နာသူတောင်သူ လယ်သမားများအပေါ် စီမံကိန်းအကျိုး အမြတ်အလိုက် နှစ်စဉ်ထောက်ပံ့ကြေးခံစားခွင့်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခွင့်နှင့်ညှိနှိုင်းမှုမပြေလည် ပါကနည်းဉပဒေအတိုင်းဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီသို့ဆုံးဖြတ်ပေးနိုင်ရန် တင်ပြပေးမှုလုပ်ငန်း စဉ်များကိုလည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရမှ ဆောင်ရွက်ရန်ရှိ/မရှိနှင့် ဆောင်ရွက်ရန်ရှိပါကမည် သည့် အချိန်တွင် မည်သို့မည်ပုံဆောင်ရွက်သွားမည် ကိုသိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် ၊ ကြေးစင်တောင်၊ စံပယ်တောင်ကြေးနီစီမံကိန်းသည် ၁၉၇၆ ခုနှစ်မှစတင်၍ မြန်မာ့သတ္တုတွင်း ၀န်ကြီးဌာနနှင့် ယူဂိုစလား ဗီးယားနိုင်ငံတို့ပူးပေါင်း၍ ကြေးနီထုတ်လုပ်မှု စတင်ခဲ့ပြီး ၁၉၉၈ခုနှစ်တွင် မြန်မာ့သတ္တုတွင်း၀န်ကြီးဌာနနှင့် ကနေဒါ နိုင်ငံ၊ အိုင်ဗင်ဟိုးကုမ္ပဏီမှ ဆက်လက်၍ ကြေးနီစီမံကိန်း လုပ်ကိုင်ဆောင်ရွက်ခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင် မြန်မာဦးပိုင် ကုမ္ပဏီနှင့်တရုတ်နိုင်ငံယမ်စီကုမ္ပဏီတို့သည်ယခုအချိန်အထိ ကြေးနီထုတ်လုပ်မှုစီမံကိန်းကို လုပ်ကိုင်ဆောင်ရွက်လျှက်ရှိ ပါ သည်။

ကြေးစင်တောင်၊စံပယ်တောင်ကြေးနီသတ္တုတွင်းလုပ်ငန်းအတွက်မြေသိမ်းဧရိယာမှာ (အက်စစ်စက်ရုံ(၅၂.၆၁)ဧကနှင့် ဒေသခံ တောင်သူများသို့ ပြန်လည်ပေးအပ်ဧက (၂၁၇.၄၉) နှုတ်ပြီး)မှာ ဆားလင်းကြီးမြို့နယ်တွင်း ဧရိယာ(၅၁၄၀.၉၁) ဧကနှင့် ယင်းမာပင်မြို့နယ်အတွင်း ဧရိယာ(၈၉၄.၆၃)ဧက စုစုပေါင်း (၆၀၃၅.၅၅)ဧက ဖြစ်ပါသည်။ စုစုပေါင်း မြေသိမ်း ဧက(၆၀၃၅.၅၅)အနက် လျော်ကြေး ပေးထားသောမြေဧက (၂၉၄၄.၀၂)ရှိရာ လျော်ကြေးပေးရန်မလိုသော အခြားမြေ (၃၃၆၁.၅၃) ဧကဖြစ်ကြောင်း မှတ်တမ်းများအရ စိစစ်တွေ့ရှိရပါသည်။ ၁၉၉၁-၁၉၉၂ဘဏ္ဍာရေးနှစ်တွင် အမှတ်(၁) သတ္တုတွင်း လုပ်ငန်းမှ တာဝန်ယူ၍ စီမံကိန်းဧရိယာအတွင်း ပါဝင်သော စိုက်ပျိုးမြေ စုစုပေါင်း(၂၉၉၄.၀၂)ဧကအတွက် စိုက်ပျိုးမြေအမျိုး အစားအလိုက် ကျသင့်မြေခွန်(၂၀)ဆနှင့် သီးနှံအမျိုးအစားအလိုက် တွက်ချက်၍ မြေယာလျော်ကြေး ငွေပေါင်း (၂၉၃၁၁၀၄.၀၅၈)ကျပ်အား သက်ဆိုင်ရာ မူရင်းမြေပိုင်ရှင် အသီးသီးသို့ ပေးလျော်ခဲ့ပြီးဖြစ်ပါသည်။ စပယ်တောင်နှင့် ကြေးစင်တောင်ကြေးနီစီမံကိန်း ဧရိယာ အတွင်း ပါဝင်ခဲ့သော မြေဧက(၆၃၀၅. ၆၅)ဧကအတွက် ပြည်ထဲရေးဝန်ကြီးဌာနမှ (၅.၁၁.၁၉၉၇) ရက်စွဲပါစာဖြင့် နှစ်(၃၀)မြေငှားဂရန်အား(၄.၁၁.၂၀၂၇)အထိ အမှတ်(၁) သတ္တု တွင်းလုပ်ငန်းအမည်ဖြင့် ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ် ပါသည်။

မြန်မာယမ်စီကော့ပါးကုမ္ပဏီသည် ၂၀၁၁ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှစတင်၍ လုပ်ငန်းစတင် ဆောင်ရွက် ခဲ့ပြီး လုပ်ငန်း တိုးချဲ့မှုများဆောင်ရွက်ခဲ့ရာ ၂၀၁၃ခုနှစ်တွင် မြေဧရိယာများ တိုးချဲ့လုပ်ကိုင်ရန် လိုအပ်သဖြင့် စီမံကိန်း ဧရိယာအတွင်း ဖြစ်သော်လည်း လက်ရှိစိုက်ပျိုးလုပ်ကိုင် နေသော မူလမြေပိုင်ရှင်များ၏ စားဝတ်နေရေး အခက်အခဲများရှိလာနိုင်မည်ကို ချင့်ချိန်သုံးသပ်၍ ပြန်လည်ထူထောင်မှုထောက်ပံ့ကြေးပေးရန်စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ ၎င်းပြန်လည်ထူထောင်မှုထောက်ပံ့ကြေးများအား တောင်သူ များနှင့်ညှိနှိုင်းပြီး မြေအမျိုးအစားအလိုက်ရိုးရိုး ယာမြေ (၁)ဧကလျှင်ကျပ်(၁၀)သိန်းနှုန်း၊ ယာမြေ(ကောင်း) (၁)ဧက လျှင် ကျပ်(၁၂)သိန်းနှုန်း ဖြင့် စုစုပေါင်း(၇၉၁.၅၆) ဧက အတွက် လက်ရှိ၀င်ရောက်စိုက်ပျိုးနေသည့် တောင်သူများ အားပြန်လည်ထူထောင်မှုထောက်ပံ့ကြေးအဖြစ်ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။

နောက်ပိုင်းကာလများတွင်စံပယ်တောင်နှင့်ကြေးစင်တောင် ကြေးနီသတ္တုတွင်းစီမံကိန်းဧရိယာအတွင်း မြေယာဆုံးရှံးခဲ့ သည့် မူလမြေပိုင်ရှင်များသည်၎င်းတို့မြေယာများအား စီမံကိန်းစတင်သည်နှင့်စီမံကိန်းလုပ်ငန်းအတွက်ချက်ချင်းအသုံးချခံခဲ့ရကြောင်း၊မြေယာသိမ်းဆည်းခံရချိန်မှစ၍လက်လွတ်ဆုံးရှုံးခဲ့ရကြောင်း၊အချို့မှာ မြေယာသိမ်းဆည်းခြင်းခံထားရသော် လည်း ယခုအချိန်အထိ စိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိနေကြောင်း၊ မြန်မာယမ်စီမှ လုပ်ငန်းတိုးချဲ့ရန်အတွက် လိုအပ်လာချိန်တွင်လည်း ၎င်းတို့လုပ်ကိုင်ခဲ့သည့် မြေယာများအတွက် တစ်ဧက လျှင် ထောက်ပံ့ကြေးကျပ်(၁၀)သိန်း ထပ်မံရရှိခဲ့ကြောင်း၊ယခင်ကအသုံးချခြင်းခံခဲ့ရသော မြေယာများ နှင့် ယှဉ်လျှင် အခွင့်အရေးတန်းတူမရရှိသဖြင့်စီမံကိန်းတစ်ခုလုံး၏ မြေယာ များအတွက်ပါ ထောက်ပံ့ကြေးပေးစေလိုကြောင်း တောင်းဆို လာခဲ့ကြပါသည်။

စံပယ်တောင်နှင့် ကြေးစင်တောင် ကြေးနီသတ္တုတွင်း စီမံကိန်းအနေဖြင့်သတ္တုတူးဖော်ခြင်းလုပ်ငန်းများအားဆက်လက်လုပ်ကိုင်လျှက်ရှိရာအနာဂတ်ကာလတွင် စွန့်ပစ်မြေများ စုပုံရန် နေရာလိုအပ် လာမည်ဖြစ်ခြင်း၊ အချို့မိုင်းပိတ်သိမ်းမှု လုပ်ငန်းများအတွက် Black Cotton Soil နှင့် Top Soil လိုအပ်လာမည်ဖြစ်ခြင်းတို့ကြောင့် စီမံကိန်းဧရိယာအတွင်း မူလသိမ်းဆည်းထားသည့် မြေဧရိယာအားလုံးအသုံးချသွားရ မည်ဖြစ်ပါသည်။ သို့ဖြစ်၍ ဒေသခံမြေယာဆုံးရှုံးသူတို့၏ တောင်းဆိုချက်အတိုင်း မြေယာများအတွက် ထောက်ပံ့ကြေး ပေးရန် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် မြန်မာယန်စီ ကုမ္ပဏီတို့မှ တာဝန်ရှိသူများသည် အကြိမ်ကြိမ်ညှိနှိုင်းဆွေး နွေးပြီးပေးသင့်ကြောင်းဆုံးဖြတ်ခဲ့ပါသည်။ ယင်းဆုံးဖြတ်ချက်နှင့်အတူ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်အတွက် ကော်မတီတစ်ရပ်ဖွဲ့စည်း၍ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အနီးကပ်ကြီးကြပ်၍ ဦးဆောင်မှုပေးနိုင်ပါရန်တင်ပြချက်အပေါ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏   (၇-၇-၂၀၁၆)ရက်စွဲပါစာအမှတ်၊၃/၆-၃(၁၀၄)(၃၁၀)လျော် ကြေး(လပတ)အရဒေသခံ မြေသိမ်းခံတောင်သူများနစ်နာမှု မ ရှိစေရေးနှင့်မူလပိုင်ရှင်များသို့ ထောက်ပံ့ကြေးများစနစ်တကျ မှန်ကန်စွာပေးနိုင်ရေး ဦးဆောင်ကော်မတီကို စိုက်ပျိုး/မွေးမြူ နှင့် ဆည်မြောင်းဝန်ကြီးခေါင်းဆောင်သော ထောက်ပံ့ကြေး ပေးအပ်မှု ဦးဆောင်ကော်မတီကို ဖွဲ့စည်းပေး ခဲ့ပါသည်။

အဆိုပါကော်မတီမှ (၃၀-၈-၂၀၁၆)ရက်နေ့ (၁၃၀၀)နာရီ အချိန် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးရုံးခန်း၌ကျင်းပပြုလုပ် သောထောက်ပံ့ကြေးပေးအပ်မှုဦးဆောင်ကြီးကြပ်မှ ကော်မတီ ညှိနှိုင်းအစည်းအဝေး၏ တင်ပြဆွေးနွေးချက်များအပေါ် ဆုံး ဖြတ်ချက်များအရ တိကျသောမြေ ဧရိယာအကျယ်အ၀န်း၊ မြေအမျိုးအစား၊ ဦးပိုင်ပေါက်တောင်သူအမည်စာရင်းများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ကြီးများမှ ဦးဆောင် ၍ ဒေသခံအုပ်ချုပ်ရေးအဖွဲ့အစည်းများ ဆုံးရှုံးနစ်နာခဲ့သည့်တောင်သူခေါင်းဆောင်များနှင့်ညှိနှိုင်း၍ တိကျသော စာရင်း ဇယားများရရှိရေးကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန်ဆုံးဖြတ်ထားရှိခဲ့ပြီးတိကျသောစာရင်းကောက်ယူရေးကို ဆောင်ရွက်လျှက်ရှိပါသည်။

ထောက်ပံ့ကြေးပေးအပ်မှုဦးဆောင်ကြီးကြပ်မှု ကော်မတီမှ ဦးပိုင်ပေါက် တောင်သူ၊ မြေဧက၊ မြေအမျိုးအစားစာရင်းများ အနီးစပ်ဆုံးအမှန်ကန်ဆုံးပြုစုဆောင်ရွက်ပြီးပါက တောင်သူ များ ဒေသခံများ၏ လိုလားချက်၊ တောင်းဆိုချက်များအပေါ် ဦးဆောင်ကြီးကြပ်မှုကော်မတီ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသခံမြေယာဆုံးရှံးခဲ့သည့် တောင်သူ များ၏ကိုယ်စားလှယ်များနှင့် မြန်မာယမ်စီကော့ပါးကုမ္ပဏီမှ တာ၀န်ရှိသူများနှင့်တွေ့ဆုံညှိနှိုင်း၍ ဒေသခံမြေယာဆုံးရှုံးခဲ့ သည့် တောင်သူများ၏ ခံစားခွင့်များရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်အကောင်းဆုံးအခြေအနေ ရရှိရေး ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း ပြန်လည် ဖြေကြား အပ်ပါသည်။ [/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးသောင်းမြင့်၊ အမှတ်(၁)မဲဆန္ဒနယ် မြင်းမူမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]

မြင်းမူမြို့နယ်၊ ပဲကူကျေးရွာသည် အိမ်ခြေ(၉၆၈)အိမ်၊ လူဦးရေ(၄၈၆၃)ဦးရှိပြီး စိုက်ပျိုးရေအဖြစ် အသုံးပြုနေ သော အစိန္တေယျကန်ကြီးတစ်ကန်ရှိပါသည်။ အစိန္တေယျ ကန်သည် ရှေးယခင်တည်းကရှိပြီး ကန်အလျား(၈၀၀၀) ပေ၊ ကန်ဘောင်အနံ(၈)ပေ၊ အမြင့်(၁၂)ပေ၊ ရေဝပ်ဧရိယာ အနည်းဆုံး(၅၈)ဧက၊အများဆုံး(၁၀၃)ဧကရှိပြီးကန်ရေပြည့် ဧရိယာဧကပေ(၈၅၀)ခန့်ရှိပြီး မြင်းမူမြို့နယ်တွင် ရေသို လှောင်နိုင်မှုပမာဏအများဆုံးကန်တစ်ကန်ဖြစ်ပါသည်။ ကန်ရေကိုအသုံးပြု၍စပါးဧက(၁၅၀)နှင့်အခြားယာသီးနှံများစိုက်ပျိုးလျှက်ရှိပါတယ်။

မြင်းမူမြို့နယ်တွင်(၂၂.၈.၂၀၁၆)ရက်နေ့တွင်မိုးသည်း ထန်စွာရွာသွန်းမှုကြောင့်  အဆိုပါ အစိန္တေယျကန်မှာ (၃၅)ပေ ခန့် ကန်ဘောင်ကျိုးပေါက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ပါသည်။ အဆိုပါ ကန်ကျိုးပေါက်မှုကြောင့် စိုက်ပျိုးရေမရရှိသည့်အပြင် မိုးရေသိုလှောင်နိုင်မှုမရှိခြင်းကြောင့်မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာအနီးရှိမုံရွာ-မန္တလေး ကတ္တရာလမ်း ရေကြီးရေလျှံဖြစ် ပေါပြီးကတ္တရာလမ်း ရေကျော်မှုများ ဖြစ်ပေါ် ခဲ့ပါတယ်။

သို့ဖြစ်ပါ၍ ဒေသခံပြည်သူများ စိုက်ပျိုးရေအတွက် အားကိုးအားထားပြုနေသော အစိန္တေယျကန်အား  ပြန် လည်ပြုပြင်ပေးရန်အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ် ရှိပါက မည်သည့်အချိန်ကာလတွင် ဆောင်ရွက်ပေးမည်ကိုသိရှိလို ပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]

မြင်းမူမြို့နယ်၊ပဲကူကျေးရွာရှိ စိုက်ပျိုးရေအတွက်အသုံးပြုနေသော ပဲကူအစိန္တေယျကန်ကြီးသည် (၂၂.၈.၂၀၁၆)ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် (၃၅ )ပေခန်ကျိုးပေါက်  ပျက်စီးမှု ဖြစ်ပေါ်ခဲ့ပါသည်။ အဆိုပါကန်သည် အလျားပေ (၈၀၀၀)၊ အနံ(၈)ပေ၊ အမြင့်(၁၂)ပေရှိပြီး ကန်ဘောင်တောင့် တင်း မှုအားဖြင့် တနယ်မြေဖြစ်ခြင်းကြောင့် နွေရာသီတွင် ပတ်ကြားအက်ဖြစ်ပေါ်ပြီးမိုးများ၍ရေများစီးဝင်ပါက လက် ရှိ တာဘောင်အနေအထားအရ အလွယ်တကူကျိုးပေါက်နိုင် ပါသည်။ လက်ရှိတာဘောင်ကျိုးပေါက်မှုအား ပြန်လည်ဖို့ မည်ဆိုပါက ခန့်မှန်းမြေကြီးကျင်း(၁၅၀)ကျင်းခန့်နှင့် ခန့် မှန်း ကုန်ကျငွေကျပ် သိန်း(၂၀)ခန့်ကုန်ကျမည်ဖြစ်ပါသည်။ အဆိုပါအတိုင်း ဖို့မည်ဆိုပါက ကန်ဘောင်တောင့်တင်းမှု အားနည်း၍ မိုးများချိန်တွင် ပြန်လည်ကျိုးပေါက်မှုဖြစ်ပေါ် လာနိုင်ပါသည်။
သို့ပါ၍အဆိုပါကန်ဘောင်အား အလျားပေ(၈၀၀၀)ခန့် ကန်ဘောင်ထိပ်အကျယ်(၁၂)ပေခန့်နှင့် ကန်ဘောင်အမြင့် (၁၅)ပေခန့် ပြန်လည်တောင့်တင်းရန်အတွက် ဖို့ရမည်ဖြစ်ပါ သည်။ ကန်ဘောင်တောင့်တင်းရန် ဖို့ရမည်ဆိုပါက ခန့်မှန်းကုန်ကျငွေကျပ်သိန်း( ၂၅၀ )ခန့်ကုန်ကျမည်ဖြစ်၍ ပိုလျှံရေများ ထုတ်ရန်ရေပိုလွှဲတစ်ခု တည်ဆောက်ရမည်ဖြစ်ပြီး ရေပိုလွှဲ တည်ဆောက်ရမည်ဆိုပါက ခန့်မှန်းကုန်ကျငွေကျပ်သိန်း (၃၅၀)ခန့်ကုန်ကျမည်ဖြစ်ပါသည်။ ပဲကူအစိန္တေယျကန် ပြန် လည်ပြုပြင်ခြင်းလုပ်ငန်းအား ၂၀၁၆-၂၀၁၇ ခုနှစ် တိုင်းဒေသ ကြီးရန်ပုံငွေတောင်းခံရာတွင်လည်းထည့်သွင်းတင်ပြတောင်းခံထားခြင်းမရှိခဲ့ပါ။

သို့ဖြစ်ပါ၍ဒေသခံပြည်သူများစိုက်ပျိုးရေအတွက်အားကိုး အားထားပြုနေသော  အစိန္တေယျကန် ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းအား ၂၀၁၇-၂၀၁၈ တိုင်းဒေသကြီး (BE )ရန်ပုံငွေ တင်ပြတောင်းခံ၍ ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။

[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးစောမောင်၊ အမှတ်(၂)မဲဆန္ဒနယ် ဆားလင်းကြီးမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆား လင်းကြီးမြို့နယ်အတွင်းရှိ ငွေသာရွာ၏ အနောက် ဘက်(၁)မိုင်ခန့်အကွာတွင် ရှိသော ငွေသာချောင်းအား (၂၀၀၂ – ၂၀၀၃)ခုနှစ်မှစ၍ တမံတည်ဆောက်ခဲ့ရာ (၂၀၀၅ – ၂၀၀၆)ခုနှစ်တွင် စီမံကိန်းပြီးစီးခဲ့ပါသည်။

၎င်းစီမံကိန်းတည်ဆောက်စဉ်က တမံဧရိယာနှင့် မလွတ်ကင်းသော အိမ်ထောင်စုများကို ရွာဟောင်း မှ (၁)မိုင်ခန့်ကွာဝေးသော နေရာသစ်အား ပြောင်းရွှေ့စေခဲ့ပါသည်။ ၎င်း ငွေသာအေးကျေးရွာသစ် တည်စဉ်က အခြေခံပညာမူလတန်းကျောင်း မြေ နေရာကိုပါသတ် မှတ်ခဲ့ပါသည်။ သို့ပါသော်လည်း ယခုအချိန်ထိ မူလတန်းကျောင်း  ဖွင့်လှစ်ပေးခြင်း မရှိသောကြောင့် ထိုရွာသစ်မှ မူလတန်းကျောင်း အရွယ် ကလေးငယ်များသည်(၁)မိုင်ခန့် ကွာဝေးသော ရွာဟောင်းကျောင်းသို့သွားကာ ခက်ခဲစွာပညာသင် ယူနေရပါသည်။

ကျွန်တော်တို့ ဆားလင်းကြီးမြို့နယ်အတွင်းမှာပင်ကံကုန်း တိုက်နယ်ဆေးရုံအနီး ပုသိမ် – မုံရွာ ကားလမ်းအရှေ့ဘက် တွင် ဆောက်လုပ်နေသော စံပယ်အိမ်ယာစီမံကိန်းသည် ပြီး စီးခြင်းမရှိသေးသော်လည်း ၎င်းနယ်မြေအတွက် (၂၀၁၆-၂၀၁၇) ပညာသင်နှစ်မှ စ၍  မူလတန်းကျောင်းဖွင့်လှစ်ပေး ခဲ့ပါသည်။ လူနေအိမ်အဆောက်အဦးများ ပြီးစီးမှုမရှိခြင်း၊နေထိုင်မည့်သူ မရှိသေးသော၎င်းနေရာမှစာသင်ကျောင်းအား တမံ စီမံကိန်းကြောင့်  နစ်နာခဲ့ရသော  ငွေသာအေး ကျေးရွာ သို့ ပြောင်းရွှေ့ဖွင့်လှစ်ပါရန်နှင့် တမံတည်ဆောက်စဉ်က တမံ မြေဖို့ရန်အတွက် နီးစပ်ရာလယ်ယာမြေများမှ မြေကြီးများကို တူးယူဖို့ခဲ့သည့်အတွက် လယ်ယာမြေများမှာ စိုက်ပျိုး၍မရ အောင်ပျက်စီးခဲ့ရပါသည်။၎င်းပျက်စီးသွားသောလယ်ယာမြေ ဧရိယာ(၆၀)ဧကကျော်အား ပြန်လည်ပြုပြင်ပေးပါရန်နစ်နာခဲ့ သော ဒေသခံ များကိုယ်စား တင်ပြအပ်ပါသည်။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]    စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီး မြို့နယ်အတွင်းရှိ ငွေသာချောင်းအားပိတ်၍ ငွေသာတမံ ဆည်တည်ဆောက်ခဲ့ရာတမံဆည်ဧရိယာနှင့် မလွတ်ကင်း သောအိမ်ထောင်စုများအားတမံဆည်ဧရိယာနှင့် ကင်းလွတ် သော ငွေသာအေးရွာ(နေရာသစ်)သို့ ကျောင်းမြေနေရာပါ သတ်မှတ်၍ပြောင်းရွှေ့စေခဲ့ပါသည်။သတ်မှတ်နေရာချထားခဲ့ သော်လည်း ငွေသာရွာအိမ်ထောင်စုအားလုံး ပြောင်းရွှေ့ သွားခြင်းမရှိပါ။ ငွေသာရွာ(ရွာဟောင်း)တွင် အိမ်ထောင်စု (၄၅)စု၊ လူဦးရေ (၂၀၀)ဦး ကျန်ရစ်၍ ငွေသာအေးရွာ (ရွာသစ်)သို့ အိမ်ထောင်စု (၁၂၀)စု၊ လူဦးရေ (၅၉၄)ဦး ပြောင်းရွှေ့နေထိုင်ခဲ့သည့်အတွက် ရွာ(၂)ရွာတည်ရှိနေရခြင်းဖြစ်ပါသည်။ စာသင်ကျောင်းသည် ငွေသာ(ရွာဟောင်း)တွင်  လိုအပ်လာမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ငွေသာရွာဟောင်း မူလတန်းလွန်ကျောင်း (ဆိုင်ရှင်)အား ကျောင်းသား/သူများ သော ငွေသာအေးရွာသစ်သို့ ကျောင်း(ဆိုင်ရှင်)ပြောင်းလဲဖွင့် လှစ်သင့်ကြောင်း တိုင်းပညာရေးမှူးမှ တင်ပြလာသည့် အတွက်  သက်ဆိုင်ရာဝန်ကြီးဌာနနှင့်  ဆက်လက်ညှိနှိုင်း ဆောင်ရွက်သင့် ပါကြောင်းနှင့်အဆိုပါ Borrow မြေ နေရာများမှတောင်သူ အချို့သည် မိမိတို့၏လယ်မြေများ ကိုပြင်ပစက်ယန္တရားများ ငှားရမ်း၍ ပြုပြင်စိုက်ပျိုးလျှက် ရှိပါသည်။ အချို့တောင်သူ များမှာ လုံးဝပြုပြင်ထားခြင်း မရှိသေးကြောင်း တွေ့ရှိရပါသည်။ ငွေသာတမံတည် ဆောက်စဉ်က Borrow မြေယူခဲ့သောဧကပေါင်း (၁၆၃.၄၃)ဧကခန့်ရှိပါသည်။ ပြုပြင်ရန်လိုသောဧကမှာ (၉၄.၈၈)ဧကခန့်ဖြစ်ပြီးတောင်သူဦးရေမှာ(၂၆)ဦးခန့်ရှိပါသည်။ပြုပြင်ပြီးဧကမှာ (၆၈.၅၅)ဧကခန့်ရှိပြီး၊ တောင်သူဦးရေမှာ(၁၈)ဦးခန့်ဖြစ်ပါသည်။ ကျန်ဧက(၂၆.၃၃)အား တောင်သူများနှင့်ညှိနိုင်း၍ လိုအပ်သောပြုပြင်မှုများပြု လုပ်နိုင်ရန်အတွက် ကုန်ကျစရိတ်အား တွက်ချက်၍ ၂၀၁၇-၂၀၁၈ တိုင်းဒေသကြီးရန်ပုံငွေ တင်ပြတောင်းခံ၍ ရန်ပုံငွေရရှိပါကဆောင်ရွက်ပေးသွာ မည်ဖြစ်ပါသည်။ [/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးဇော်လင်းဦး၊ အမှတ်(၁)မဲဆန္ဒနယ် ဝန်းသိုမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]

ဝန်းသိုမြိုနယ်စိုက်ပျိုးရေးဦးစီးဌာန၏ဝန်ထမ်း အင်အားလုံလောက်မှုမရှိခြင်းအား ထပ်မံဖြည့်စွက်ခန့် အပ်ချထားပေးနိုင်ခြင်း ရှိ/မရှိသိလိုပါ၍မေးမြန်းရခြင်း ဖြစ်ပါသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ ကျွန်တော်တို့ ဝန်းသိုမြို့နယ်ဟာလည်း စိုက်ပျိုးရေးကို အခြေခံသည့် တောင်သူလယ်သမား အများစုနေထိုင် သော မြို့နယ်တစ်မြို့နယ်ဖြစ်ပါသည်။ ကျွန်တော်တို့ ဝန်းသိုမြို့နယ်မှာ ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း(၄၂)အုပ်စုရှိပြီး လယ်ယာမြေ ဧရိယာပေါင်း(၃၈၅၃၉)ဧက၊ လယ်သမားဦးရေ(၁၁၀၃၅)ဦး၊ ဆောင်းသီးနှံများနှင့် နွေ စပါး (၃၆၀၃၀)ဧကကိုလည်းစိုက်ပျိုးလျက်ရှိပါသည်။

ကျွန်တော်တို့ ဝန်းသိုမြို့နယ်တွင် မိုးစပါးစိုက်ပျိုမှု၊ ဆောင်းသီးနှံများနှင့် နွေစါးစိုက်ပျိုးမှုများကို အစဉ် အမြဲလုပ်ကိုင်လျက်ရှိသော်လည်းကျွန်တော်တို့မြိုနယ် ရှိတောင်သူအများစုမှာ သီးနှံစိုက်ပျိုမှုအခြေအနေများနှင့်  ပက်သက်၍ မြေဆီလွှာများ မပျက်စီးစေရန် ဓါတ် မြေသြဇာသုံးစွဲမှုအခြေအနေများအား အသိပညာပေး ဟောပြောမှုများပြုလုပ်နိုင်ရန် လိုအပ်လျက်ရှိနေပြီဖြစ် ပါသည်။

ထိုသို့ တောင်သူလယ်သမားများက မိမိတို့၏ လယ်ယာမြေများပေါ်ရှိ စိုက်ပျိုးထားသော သီးနှံများ အထွက်တိုးရန် ဓါတ်မြေသြဇာများကို အလွန်အမင်း သုံးစွဲနေကြကြောင်း အသိပညာပေးဟောပြောမှုများ နှစ်စဉ်ပြုလုပ်နိုင်ခြင်းမရှိက ရေရှည်တွင် မြေဆီလွှာ ဆုတ်ယုတ်ပျက်ဆီးမှုများစွာ ကြုံတွေ့လာနိုင်ပါသည်။

ထို့ကြောင့် တောင်သူလယ်သမာများ လက်ရှိသုံးစွဲနေ သော ဓါတ်မြေသြဇာများသည် တရားဝင်ဖြစ်ခြင်း/ မဖြစ်ခြင်း၊ မြေဆီ၊မြေသြဇာများကို၊ မည်သို့အချိုးကျ သုံးစွဲသင့်ကြောင်းစသည့် အသိပညာပေးဟောပြောမှု များကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် လိုအပ်လျက်ရှိနေပါတယ်။

ထိုပြင် တောင်သူလယ်သမားများက သီးနှံဖျက် ပိုးမွှားများအားနှိမ်နင်းရန်အတွက်  ပိုးသတ်ဆေးသုံးစွဲရာတွင် တောင်သူများအတွက်ဘေးအန္တရာယ် ကင်းရှင်းရာ တွင် တောင်သူများအတွက်ဘေးအန္တရာယ် ကင်းရှင်းရေး၊ ၄င်းဆေးဝါးများ၏ဘေးအန္တရာယ်မှကာကွယ်နိုင်ရန် လိုအပ် သည့်အပြင် စိုက်ပျိုးသီးနှံများသန်မာကြီးထွားစေရန်အတွက်  သုံးစွဲသင့်သောဆေးဝါးများ၊  စိုက်ပျိုးသီးနှံအမျိုးအစားများ ကိုမြေအတန်းအစားအလိုက် လွတ်လပ်စွာရွေးချယ်စိုက်ပျိုး နိုင်ရန် စသည့်အချက်များစွာကိုလည်း တောင်သူများအား အသိပေးနိုင်ရန်လိုအပ်ပါတယ်။

ဒါ့ကြောင့် စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံဖြစ်ပြီး ခေတ် စနစ်ပေါင်းမြောက်များစွာ ဖြတ်သန်းလာ ခဲ့သော်လည်း တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးသီးနှံများအထွက် တိုးအောင် အသိပညာပေးဟောပြောမှုများမှာ မရှိသလောက် လုပ်ဆောင်ချက်နည်းပါးခဲ့ပါတယ်။ စိုက်ပျိုသီးနှံများအထွက် တိုးအောင် တောင်သူလယ်သမားများအား အသိပညာပေး လုပ်ဆောင်ရမည့် အဓိကကျသော ဝန်းသိုမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှာ ခေတ်အဆက်ဆက် ဝန်ထမ်းအင်အား လုံ လောက်စွာမရှိခဲ့ခြင်းဖြစ်ပါတယ်။ ယခုနှစ် ၂၀၁၆ ခုနှစ်တွင် ရှိသော ဝန်းသိုမြို့နယ် လယ်ယာစိုက်ပျိုးရေးဦးစီးဌာနရဲ့ ဝန်ထမ်းအင်အားမှာ(၅)ဦးသာရှိပါတယ်။

ဝန်းသိုမြိုနယ်လယ်ယာစိုက်ပျိုးရေးဦးစီးဌာနအားနိုင်ငံတော်မှမြို့နယ်အဆင့်တရားဝင် သတ်မှတ်ချက်အဆင့်(ဂ)ဖြစ် ပြီးဝန်ထမ်းအင်အားခန့်ထားရန် ဖွဲ့စည်းပုံအင်အားစာရင်း မှာ( ၂၅ )ယောက်ဖြစ်ပါတယ်။ သို့သော်လည်း လက်ရှိဝန်းသို မြို့နယ်လယ်ယာစိုက်ပျိုးရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင် နေသောဝန်ထ မ်းများမှာ-

မြို့နယ်ဦးစီးမှူး(တာဝန်ခံ)ဒီပလိုမာ-    (၁)ယောက်

လက်ထောက်ဦးစီးမှူး                         (၁)ယောက်

ရုံးအကူနေ့စား                                    (၁)ယောက်

အလုပ်သင်                                         (၁)ယောက်

ရုံးစောင့်(နေ့/ည)                                 (၁)ယောက် သာရှိပါသည်။

ထိုကြောင့် ဖွဲ့စည်းပုံအခြေခံဉပဒေဇယား(၂)တွင် တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်ဉပဒေပြု စာရင်းပါအပိုဒ်(၃) (က၊ခ၊ဂ)အရစစ်ကိုင်း တိုင်းဒေသကြီးလွှတ်တော်တွင် ဥပဒေ ပြဌာန်းခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အပင်နှင့်သီးနှံဖျက် ပိုးမွှားရောဂါကာကွယ်ရေးနှင့် နှိမ်နင်းရေးဉပဒေဆိုင်ရာလုပ်ထုံး လုပ်နည်းများကိုပြ ဌာန်းထားသော်လည် ယခုလက်ရှိအချိန် တွင် ၄င်လုပ်ထုံးလုပ်နည်းများအရ ဝန်သိုမြို့နယ် လယ်ယာစိုက် ပျိုးရေးဦးစီး ဌာနမှအကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရန်မှာ လုံလောက် သောဝန်ထမ်းအင်အားမရှိပါ။

ဒါ့ကြောင့် ဝန်းသိုမြိုနယ် တောင်သူလယ်သမားများ ၏လယ်ယာမြေပေါ်ရှိစိုက်ပျိုးသီးနှံများအထွက်တိုးစေရန်နှင့် တောင်သူလယ်သမားများ၏ဘဝ ပိုမိုတိုးတက်မြင့်မားလာစေ ရန်အတွက်လုံလောက်သော ဝန်ထမ်းအင်အားဖြင့်အသိပညာ ပေးဟောပြောမှုများ၊ ကွင်းဆင်းဆောင်ရွက်မှုများပြုလုပ်နိုင် ရန်လိုအပ် လျက်ရှိနေပြီဖြစ်ပါသည်။ ထို့ကြောင့်ဝန်သိုမြို့နယ် လယ်ယာစိုက်ပျိုးရေးဦးစီးဌာနရုံး၏ လိုအပ်လျက်ရှိသော ဝန် ထမ်းအင်အားများ ခန့်အပ်ချထားပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ နှင့်အကယ်၍ရှိပါကလည်း မည်သည့်ခုနှစ်တွင်စီစဉ်ဆောင် ရွက်ပေးနိုင်မည်ကို သိလိုကြောင်း လွှတ်တော်ဥက္ကဌကြီးမှ တဆင့် မေးမြန်းအပ်ပါ တယ်ခင်ဗျား။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]

စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနတွင် စုစုပေါင်းခွင့်ပြု ဝန်ထမ်းအင်အား (၁၇၈၇)ဦး အနက် (၉၈၉)ဦးအား ယနေ့ထိ ခန့်ထားပြီးဖြစ်၍ (၅၅.၃၄)% အထိ ၀န်ထမ်းအင်အား ခန့်ထားပြီး ဖြစ်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သွားလာရေး ခက် ခဲပြီး ဝေးလံသောဒေသများဖြစ်သော ချင်းတွင်းအထက် ပိုင်းနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသို့ ယခု နှစ်အတွင်း ဦးစားပေး၍ ဝန်ထမ်းအသစ်ခန့်ထားရေး ကိစ္စရပ်များ ဆောင်ရွက်ခဲ့ရပါသည်။

ဝန်းသိုမြို့နယ်တွင် စုစုပေါင်းခွင့်ပြုဝန်ထမ်း အင် အား(၂၅)အနက်(၅)ဦးသာ ခန့်ထားနိုင်သဖြင့် လုပ် ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အတွက် ကသာခရိုင်အတွင်းရှိ အခြားမြို့နယ် (၄)မြို့ နယ်မှ လ/ထဦးစီးမှူး(၂)ဦးနှင့် ဒုလ/ထဦးစီးမှူး(၂)ဦး အား ၂၀၁၆ခုနှစ် စက်တင်ဘာလ စတုတ္ထပါတ်မှ စ၍ တွဲဖက်ဝန်ထမ်းအဖြစ် တာဝန်ချထားပေးခဲ့ ပါသည်။ဆက်လက်၍လည်း ကသာခရိုင်အတွင်းရှိ စိုက်ပျိုး ရေးဒီပလိုမာလက်မှတ်ရအလယ်အလတ် အဆင့့်် စိုက်ပျိုးရေးပညာရှင်(၆)ဦးအား ဝန်းသိုမြို့နယ် ၏ ဒုလ/ထဦးစီးမှူးရာထူးနေရာ ကျောထောက် နောက်ခံ ပြု အလုပ်သင်နေ့စားအဖြစ် ငှားရမ်းခွင့် ရရှိရေးကို လည်း၂၀၁၆-၂၀၁၇ခုနှစ် တတိယ(၃)လပါတ် အတွင်း ဆက်လက်တင်ပြ ဆောင်ရွက်လျှက် ဝန်ထမ်းအင်အား ဖြည့်တင်းပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါ သည်။

[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးသန်းဝင်း၊ အမှတ်(၂)မဲဆန္ဒနယ် အင်းတော်မြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏လမ်း ညွှန်ချက်အရ ကသာခရိုင်စီမံခန့်ခွဲမှုကော်မတီရဲ့ ၂၀၁၆ သြဂုတ်လ(၂၀)ရက်နေ့မှ မော်လူးမော်ဟန် ရတနာမြေ၊ ထုံးတောင်၊ သူရောင်း၊ အုန်းသျှစ်ကုန်း မှော်လုပ်ကွက် များတွင် ကျောက်စိမ်းတူးဖော်နေသည့် ကုမ္ပဏီများ သည် ဥပဒေနှင့်ကိုက်ညီမှု ရှိ/မရှိ၊ သဘာဝပတ်ဝန်း ကျင်အားထိခိုက်မှု ရှိ/မရှိ စုံစမ်းရေး ကော်မတီဖွဲ့စည်း ရာတွင်အဖွဲ့ဝင်အဖြစ် ကျွန်တော်ပါဝင်ခဲ့သော်လည်း အမည်ပါ သက်သက်မျှသာဖြစ်ပြီး ဘယ်အခန်းမှာမှ ပါဝင်ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခဲ့ပါ။ ၁၂-၉-၂၀၁၆ မှာ ရရှိတဲ့ အစီရင်ခံစာကိုဖတ်ရှုပြီး ကျွန်တော့်မှာလည်း တာဝန်ရှိတဲ့အလျောက် ယခုလိုမေးမြန်းရခြင်းဖြစ်ပါ တယ်။ အစီရင်ခံစာပါ ကျောက်စိမ်းတူးဖော်ရေးဌာန စခန်း ရုံး(မိုးညှင်း)တာဝန်ခံ လက်မှတ်ရေးထိုးထားတဲ့ ဇမ္ဗူသီရိကျောက်မျက်ကုမ္ပဏီကို လုပ်ကွက်(၂)ခု ချထား ပေးရာမှာ ၁၈-၂-၂၀၁၆ မှ ၁၇-၂-၂၀၁၉ လို့ ခွင့်ပြု သက်တမ်းကို ဖော်ပြထားပါတယ်။ ပြည်ထောင်စုလွှတ် တော်က ကျောက်မျက်ရတနာ ဥပဒေကို ဒုတိယအကြိမ်၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်မှာ ပြင်ဆင်ချက် ပုဒ်မ-၁၅၊ ပုဒ်မခွဲ (ဂ)အရ ”ခွင့်ပြုမိန့်သက်တမ်း ကုန်ဆုံး၍ ခွင့်ပြုမိန့်သက်တမ်းတိုးမြှင့်ရာမှာ အ သေး စားတူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းအတွက် လုပ်ပိုင်ခွင့်ဟာ တိုင်းဒေသကြီးလုပ်ကွက် စိစစ်ချ ထားပေးရေးအဖွဲ့မှာသာ တာဝန်ရှိပါသည်။ အခြား သူများမှာမရှိပါ။ ဒါအပြင်တာဝန်ခံ ကျောက်စိမ်း တူးဖော်ရေးဌာန(မိုးညှင်း) စခန်းရုံးရဲ့ လုပ်ကွက် တွေကို ဖော်ပြရာမှာလည်း သတ်မှတ်လုပ်ကွက်၊ ဖော်ထုတ်လုပ်ကွက်စသည်ဖြင့် ခွဲခြားဖော်ပြ ထားတာ မတွေ့ရပါ။ သတ်မှတ်လုပ်ကွက်နှင့် ဖော်ထုတ်လုပ်ကွက်များအား ကျောက်မျက်ရတနာ နည်းဥပဒေအရ တူးဖော်ခွင့် လျှောက်လွှာတင်ရတဲ့ ပုံစံကွဲပြားပါတယ်။ ဖော်ထုတ်လုပ်ကွက် လုပ်ကိုင် လိုလျှင် မြန်မာ့ကျောက်မျက်ရတနာ နည်းဥပဒေ (၁၁)အရ ပုံစံ(မကလ ၅)နဲ့ လျှောက် ထားရပါတယ်။ အဲဒီပုံစံအပိုဒ်(၁၁)မှာ အခြား သော အချက်အလက်များ အပါအဝင်သစ်တော ကြိုးဝိုင်းများအား ထိခိုက်မှုမရှိကြောင်းနှင့် ယင်း တို့နှင့်   လွတ်ကင်းပါကြောင်း    ဝန်ခံကတိပြုပါသည်လို့ပါရှိပြီး လျှောက်ထားသူအမည်နှင့် ဝန်ခံ ကတိပြုလက်မှတ်ရေးထိုးလျှောက်ထားရမှာဖြစ်ပါတယ်။ နည်းဥပဒေအတိုင်း ဆောင်ရွက်ခဲ့ခြင်း မရှိပါ။ ဥပမာပြရလျှင်  အခုပိတ်သိမ်းသွားပြီဖြစ် တဲ့သူရောင်းမှော်ဖော်ထုတ်လုပ်ကွက်(ဖထ-၃၄)၊ (ဖထ-၃၅)၊ (ဖထ-၃၆)၊ (ဖထ-၃၇) (၄) ကွက်ကို ဓူဝံကြယ်ကုမ္ပဏီသို့ ၁၈-၂-၂၀၁၀ မှ၁၇-၂-၂၀၁၃ အထိ စိစစ်ချထားပေးခဲ့တယ် ဆိုပေမဲ့အဆိုပါ လုပ်ကွက်များဟာ မြောက်လေးတန်ကြိုးဝိုင်း အကွက်အမှတ်(၅၁)မှာ ကျရောက်နေလို့ သစ် တောဦးစီးဌာနက မြို့နယ်တရားရုံးမှာ တရား စွဲဆိုခဲ့ရာ ပြစ်မှုထင်ရှားလို့ ကုမ္ပဏီတာဝန်ခံကို ၂၀၁၆ မတ်လ(၁၀)ရက် မှာ ဒဏ်ငွေ ၅၀၀ဝိ/- ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။ ကချင်ပြည်နယ်အတွင်း        ဖြစ်ပေါ် ခဲ့သည့် အခြေအနေအရ  ၃၁-၅-၂၀၁၂ မှ စတင်၍ ကျောက်စိမ်းတူးဖော်မှုကို ရပ်နားခဲ့ရာ နယ်မြေပြန်လည် တည်ငြိမ်လာသည့်အတွက် ၁-၉-၂၀၁၄တွင် ပြန်လည်စတင်တူးဖော်ခွင့်ပြု ခဲ့ကာ ရပ်နားထားခဲ့ရတဲ့ကာလ(၈၂၂)ရက်ကို သက်တမ်းတိုးမြှင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။မတည်မငြိမ်ဖြစ်ခဲ့တဲ့ ကချင်ပြည်နယ်အတွင်း က လုပ်ကွက်တွေ သက်တမ်းတိုးပေးတာကို မပြောလိုပေမဲ့ တည်ငြိမ်နေတဲ့ စစ်ကိုင်းတိုင်း အတွင်း လုပ်ကွက်တွေကိုပါ အလားတသက် တမ်းတိုးပေးခဲ့တာတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါသည်။ မော်လူးရတနာမြေမှာ လုပ် ကိုင်နေတဲ့ ကုမ္ပဏီများရဲ့ လုပ်ငန်းလုပ်ကိုင် နေတဲ့ ယာဉ်၊ ယန္တရားများဟာလည်း အနည်း ဆုံး ၂၀၁၆ ခုနှစ်၊ မေလလယ်အထိ သက်ဆိုင် ရာဦးစီးဌာနက ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိသေးကြောင်း သိရပါတယ်။ ထိုကာလ မတိုင်ခင် လုပ်ကွက်တွေထဲမှာ အဆိုပါယာဉ်၊ ယန္တရားတွေကို အလှကြည့်ထားမှာ မဟုတ်တာ တော့ သေချာပါတယ်။ နောက်တဖန် ”ခွင့်ပြုမိန့် ရရှိသူ လိုက်နာရမည့် စည်းကမ်းများ”မှာလည်း သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုနှင့် ပတ် သက်၍ တိုင်ကြားချက်များ၊အငြင်းပွားမှုများ ဖြစ်ပွားပါက လုပ်ကွက်ကို ပိတ်သိမ်းမည်လို့ ပါရှိပါတယ်။ ယခုအခါမှာ တည်ဆဲဥပဒေအရ စစ်ကိုင်းတိုင်းအတွင်းရှိ အသေးစားတူးဖော်ရေးလုပ်ငန်းကို လုပ်ကိုင်နေတဲ့ ကျောက်မျက်တူး ဖော်ရေးကုမ္ပဏီများဟာ စစ်ကိုင်းတိုင်းဒေ သကြီး အစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ကျရောက် နေကြပြီဖြစ်လို့ အစိုးရအဖွဲ့အနေနဲ့ မည်သို့ဆောင် ရွက်မည်ကို သိရှိလိုပါကြောင်းမေးမြန်း အပ်ပါ တယ်။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]

(၁၁.၁၀.၂၀၀၁)ရက်နေ့တွင် ကျင်းပပြုလုပ်သည့်နိုင်ငံ တော်အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၄၀/၂၀၀၁) အကြိမ်မှ  သဘောတူညီချက်အရ ယခင်သတ္တုတွင်း ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ (၁၈.၁၀.၂၀၀၁)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၉၀/ ၂၀၀၁ဖြင့် မော်လူး မော်ဟန်ရတနာနယ်မြေကို ဖွဲ့စည်းထားရှိ ခဲ့ပါသည်။

ရတနာနယ်မြေအတွင်း ကချင်ပြည်နယ်၊ မိုးညှင်း မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်တို့ ပါဝင်ပါသည်။ လက်ရှိအခြေအနေတွင် စစ်ကိုင်းတိုင်း ဒေသကြီးအင်းတော်မြို့ နယ်အတွင်းရှိ မှော်(၉)မှော်၌ သက်တမ်းရှိလုပ်ကွက်(၂၃၅)ကွက်ကို လုပ်ကိုင်ခွင့်ချ ထားပေးလျက်ရှိပါသည်။ ကျောက်မျက်ရတနာဖော် ထုတ်လုပ်ကွက်များ လုပ်ကိုင်ခွင့်ပြုနိုင်ရန်အတွက် သက်ဆိုင်ရာ ကုမ္ပဏီများက လျှောက်ထားမှုအပေါ် လုပ်ငန်းဆက်စပ်သည့် ဌာနများမှ ကိုယ်စားလှယ်များ ဖြင့် ဖွဲ့စည်းထားသော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့က သတ်မှတ်ထားသော အဖွဲ့များနှင့် လွတ်ကင်းမှုရှိ/မရှိ စစ်ဆေးပါသည်။

ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်ကို ကျောက်မျက် ရတနာလုပ်ကွက်များ ခွင့်ပြုမိန့်ချထားပေးရေး၊ စစ်ဆေးရေးနှင့် ကြီးကြပ်ရေးလုပ်ငန်းကော်မတီက ပဏာမစိစစ်ပါသည်။ ကြီးကြပ်ရေးလုပ်ငန်းကော်မ တီ၏ စိစစ်တင်ပြချက်အပေါ် နိုင်ငံတော်သမ္မတရုံး က အမိန့်ကြော်ငြာစာထုတ်ပြန်ဖွဲ့စည်းသည့် မြန်မာ့ ကျောက်မျက်ရတနာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးကော်မတီက စိစစ်ပြီး ခွင့်ပြုမိန့်ချထားပေး ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ် အတွင်းတွင် ချထားပေးသော ဖော်ထုတ်လုပ်ကွက် များမှာ သက်ဆိုင်ရာဌာနများက သတ်မှတ်ချက်နှင့် လွတ်ကင်းပါကြောင်းနှင့် လုပ်ကိုင်ခွင့်ချထားပေး သင့်ပါကြောင်း သဘောထားမှတ်ချက်များအရ စိစစ်ချထားပေးခဲ့သော လုပ်ကွက်များ ဖြစ်ပါသည်။

ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းမှုနှင့် လွတ်ကင်း မှုရှိ/မရှိ စစ်ဆေးသောကန့်သတ်ချက်များမှာအောက် ပါအတိုင်း ဖြစ်ပါသည်-

(က) ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ကိုအောက်ပါ ဌာနများမှကိုယ်စားလှယ်များဖြင့်         ဖွဲ့စည်းပါသည်-

(၁) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
(၂)မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်း အင်းဦးစီးဌာန
(၃) မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန
(၄) မြို့နယ်သစ်တောဦးစီးဌာနဋ္ဌ(၅) မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန
(၆)ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း    ကိုယ်စားလှယ်
(၇)သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များနှင့် ရပ်မိရပ်ဖများ
(ခ) အဆိုပြုလျှောက်ထားသော နေရာကို လွတ်ကင်းမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးသော သတ်မှတ်ချက် များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

(၁) လယ်မြေ
(၂) ဘေးမဲ့တော/ကာကွယ်တောများ
(၃) ကျေးရွာ
(၄) သာသနာ့မြေ
(၅) စေတီဘုရား / သာသနိကကျောင်းများနှင့်အဆောက်အဦများ
(၆) မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်
(၇) အများသုံးလမ်းမကြီးများ
(၈)ရေဦးရေထွက်နှင့်အများသုံးရေကန်ကြီးများ
(၉)သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်သောမြေနေရာများ
(၁၀) စီမံကိန်းနယ်မြေ ဧရိယာများ
(၁၁)လုပ်ကိုင်ခွင့်ပြုထားပြီးသော လုပ်ကွက်များ
ကျောက်မျက်ရတနာလုပ်ကွက်များ ခွင့်ပြုမိန့်ချထား ပေးရေး၊ စစ်ဆေးရေးနှင့် ကြီးကြပ်ရေးလုပ်ငန်းကော် မတီကို သတ္တုတွင်းဝန်ကြီးဌာနက အောက်ပါအတိုင်း ဖွဲ့စည်းထားပါသည် –

(က) ပြည်ထောင်စုဝန်ကြီး                    ဥက္ကဌ
သတ္တုတွင်းဝန်ကြီးဌာန

(ခ)  ဒုတိယဝန်ကြီး                            ဒုဥက္ကဌ
သတ္တုတွင်းဝန်ကြီးဌာန

(ဂ) အမြဲတမ်းအတွင်းဝန်                    အဖွဲ့ဝင်
သတ္တုတွင်းဝန်ကြီးဌာန

(ဃ) ညွှန်ကြားရေးမှူးချုပ်                  အဖွဲ့ဝင်
သတ္တုတွင်းဦးစီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန

(င) ညွှန်ကြားရေးမှူးချုပ်                    အဖွဲ့ဝင်
ဘူမိဗေဒလေ့လာရေးနှင့်ဓါတ်သတ္တုရှာဖွေရေး ဦးစီးဌာန၊
သတ္တုတွင်းဝန်ကြီးဌာန

(စ) ဦးဆောင်ညွှန်ကြားရေးမှူး             အဖွဲ့ဝင်
အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊
သတ္တုတွင်းဝန်ကြီးဌာန

(ဆ) ဦးဆောင်ညွှန်ကြားရေးမှူး            အဖွဲ့ဝင်
အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊

သတ္တုတွင်းဝန်ကြီးဌာန

(ဇ)  ဦးဆောင်ညွှန်ကြားရေးမှူး            အဖွဲ့ဝင်
မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း၊
သတ္တုတွင်းဝန်ကြီးဌာန

(စျ) ဦးဆောင်ညွှန်ကြားရေးမှူး       အတွင်းရေးမှူး
မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊
သတ္တုတွင်းဝန်ကြီးဌာန

(ည) ညွှန်ကြားရေးမှူးတွဲဖက်
မြန်မာ့ကျောက်မျက်ရတနာ အတွင်းရေးမှူး
ရောင်းဝယ်ရေးလုပ်ငန်း၊
သတ္တုတွင်းဝန်ကြီးဌာန

မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးကော်မတီကို နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာ ထုတ်ပြန်ဖွဲ့စည်းမှုမှာ အောက်ပါ အတိုင်း ဖြစ်ပါသည် –

(က) ပြည်ထောင်စုဝန်ကြီး                    ဥက္ကဌ
သတ္တုတွင်းဝန်ကြီးဌာန

(ခ)  ဒုတိယဝန်ကြီး                            အဖွဲ့ဝင်
သတ္တုတွင်းဝန်ကြီးဌာန

(ဂ)  ဒုတိယဝန်ကြီး                            အဖွဲ့ဝင်
ပြည်ထဲရေးဝန်ကြီးဌာန

(ဃ) ဒုတိယဝန်ကြီး                           အဖွဲ့ဝင်
ဘဏ္ဍာရေးဝန်ကြီးဌာန

(င)  ဒုတိယဝန်ကြီး                            အဖွဲ့ဝင်
အမျိုးသားစီမံကိန်းနှင့်စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန

(စ)  ဒုတိယရှေ့နေချုပ်                       အဖွဲ့ဝင်
ပြည်ထောင်စုရှေ့နေချုပ်ရုံး

(ဆ) ညွှန်ကြားရေးမှူးချုပ်                  အဖွဲ့ဝင်
သစ်တောဦးစီးဌာန

(ဇ)  ညွှန်ကြားရေးမှူးချုပ်                  အဖွဲ့ဝင်
ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

(စျ) ညွှန်ကြားရေးမှူးချုပ်           အတွင်းရေးမှူး
သတ္တုတွင်းဦးစီးဌာန

စတင်လုပ်ကိုင်ခွင့်ပြုသော ဖော်ထုတ်လုပ်ကွက် (အသစ်)အတွက် လုပ်ကိုင်ခွင့်သက်တမ်းကို (၃)နှစ် သတ် မှတ်ပါသည်။ ဖော်ထုတ်လုပ်ကွက်များ သက်တမ်းကုန်ဆုံး ချိန်မတိုင်မီ (၃)လအလိုတွင် စျေးပြိုင်အဆိုပြုလွှာတင် သွင်းသည့်စနစ်ဖြင့်  သက်တမ်းတိုးဆောင်ရွက်နိုင်ကြောင်း သတင်းစာများတွင် ကြော်ငြာချက်ထည့်သွင်း၍ အဆိုပြု လွှာခေါ်ယူပါသည်။ အဆိုပြုလျှောက် ထားမှုအပေါ်မူတည် ၍ မြန်မာ့ကျောက်မျက် ရတနာလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးကော်မတီက လုပ်ကိုင်ခွင့် ထပ်မံချထားပေး ပါသည်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လများ အတွင်း သက်တမ်းကုန်ဆုံးမည့် သတ်မှတ်လုပ်ကွက် များ ဖော်ထုတ်လုပ်ကွက်များကို    သက်တမ်းတိုးမြှင့်  ပေးရေး၊

လစ်လပ်လုပ်ကွက်များကို ခွင့်ပြုမိန့်များ ထုတ်ပေး ရေးဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကျောက်မျက်ရတနာ နယ်မြေများတွင် နိုင်ငံသား၊ ပုဂ္ဂလိက၊ ကုမ္ပဏီ၊ သမဝါယမအသင်းများက (၁၄.၁၀.၂၀၁၅) ရက်နေ့မှ (၁၃.၁၁.၂၀၁၅)ရက်နေ့အတွင်းလျှောက်ထားနိုင်ကြောင်း (၃)လကြိုတွင်၍ (၈.၁၀.၂၀၁၅)ရက်စွဲပါ ကြော်ငြာချက် (၁၀/၂၀၁၅)ဖြင့် နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်း ကြော်ငြာခဲ့ပါသည်။

ထိုသို့ကြော်ငြာခေါ်ယူခဲ့သည့်လုပ်ကွက်များ စာရင်း တွင် လွှတ်တော်ကိုယ်စားလှယ်တင်ပြထားသော ဇမ္ဗူသီရိ ကျောက်မျက်ကုမ္ပဏီ၏ လုပ်ကွက်များလည်း ပါဝင်ပါ သည်။ ကြော်ငြာချက်(၁၀/၂၀၁၅)ဖြင့် ခေါ်ယူခဲ့သဖြင့် (၁၃.၁၁.၂၀၁၅)ရက်နေ့ မတိုင်မီ တင်သွင်းခဲ့ကြသော (၄/၂၀၁၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာလုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးကော်မတီအစည်းအဝေး က ၁၉၉၅ခုနှစ် မြန်မာ့ကျောက်မျက်ရတနာ နည်းဥပဒေ များနှင့်အညီ ဖွင့်ဖောက်စစ်ဆေး၍ လုပ်ကိုင်ခွင့် ချထား ပေးခဲ့ပါသည်။

ထို့အတွက် ၄င်းလုပ်ကွက်များကို ၁၉၉၅ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာဥပဒေများနှင့်အညီ လုပ်ကိုင်ခွင့်

ချထားပေးသော ရက်စွဲမှာ (၁၈.၁၂.၂၀၁၅) ရက်နေ့ဖြစ်ပြီး မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ဒုတိယအကြိမ် ပြင် ဆင်သည့်ဥပဒေကို ပြဌာန်းခဲ့သောရက်စွဲမှာ (၂၉.၁.၂၀၁၆) ရက်နေ့ ဖြစ်ပါသည်။ လုပ်ကိုင်ခွင့်ချထားသည့်ရက်မှာ ဥပဒေပြဌာန်းသည့်ရက်ထက် စောနေသည်ကို တွေ့ရှိနိုင် မည်ဖြစ်ပါသည်။ ၄င်းလုပ်ကွက်များသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လများအတွင်း သက်တမ်း ကုန်ဆုံးသည့်လုပ်ကွက်များ ဖြစ်သဖြင့် သက်တမ်းကုန်ဆုံး သည့်နေ့မှ စတင်၍ ပြန်လည်သက်တမ်းတိုးမြှင့်ပေးခဲ့သည့် အတွက် ဒုတိယအကြိမ်ပြင်ဆင် သည့်ဥပဒေကိုပြဌာန်းခဲ့ သော (၂၉.၁.၂၀၁၆)ရက်နေ့ထက် သက်တမ်းတိုးမြှင့်ပေး ခဲ့သည့်ရက်စွဲမှာ နောက်ကျနေခြင်းဖြစ်ပါသည်။

ကချင်ပြည်နယ်အတွင်းဖြစ်ပေါ်ခဲ့သည့် လုံခြုံရေးအခြေ အနေများအရ လုံးခင်း၊ ဖားကန့်ရတနာနယ်မြေ၊ မော်လူး၊  မော်ဟန်ရတနာနယ်မြေနှင့် ခန္တီးရတနာနယ်မြေတို့တွင် (၁၃.၅.၂၀၁၂)ရက်နေ့မှစ၍ ကျောက်စိမ်းတူးဖော်မှုများကို ရပ်နားခဲ့ပါသည်။ စီမံခန့်ခွဲမှုများ လွယ်ကူနိုင်စေရန်အတွက် တူးဖော်မှုရပ်နားခြင်းကို ရတနာနယ်မြေဧရိယာအားလုံး အတွက် ဆောင်ရွက်ခဲ့ပါသည်။ မော်လူး၊ မော်ဟန်ရတနာ နယ်မြေတွင် တူးဖော်စေခြင်း၊   ရပ်နားစေခြင်းများ ပြုလုပ် ရာတွင်လည်း လုံခြုံရေးမတည်ငြိမ်သည့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်နှင့် လုံခြုံရေးတည်ငြိမ်သော စစ်ကိုင်းတိုင်း ဒေသကြီး၊ အင်းတော်မြို့နယ်တို့ကိုခွဲခြား၍  ပြုလုပ်ခဲ့ခြင်းမရှိ ခဲ့ပါ။ ရပ်နားစဉ် ကာလအတွင်း တွင်လည်းမည်သည့်မှော်၊ မည်သည့်လုပ်ကွက်ကိုမျှ တူးဖော်ခြင်းကို ခွင့်ပြုခဲ့ခြင်းမရှိ ခဲ့ပါ။ ထို့အတွက် နယ်မြေပြန်လည်တည်ငြိမ်လာသည့် (၁.၉.၂၀၁၄) ရက်နေ့မှစတင်၍ ပြန်လည်တူးဖော်ခွင့်ပြုခဲ့ချိန် တွင် ရပ်နားကာလအတွက် သက်တမ်းပြန်လည်တိုးမြှင့်ပေး ခြင်းကို ကျောက်စိမ်းရတနာနယ်မြေအားလုံးတွင် တစ်ပြေးညီ ဆော် ရွက်ပေးခဲ့ပါသည်။ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ ကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၄(က)တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်ထားသော သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လုပ်ကွက်  စိစစ်ချထားပေးရေးအဖွဲ့သည် ရတနာနယ်မြေ သို့မဟုတ် ရတနာနယ်မြေပြင်ပဧရိယာ အတွင်း အသေးစားတူးဖော်ထုတ်လုပ်ခြင်း သို့မဟုတ် လက် လုပ်လက်စားတူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းအဖြစ် လုပ်ကိုင် ခွင့်ပြုမည့် နေရာဒေသများကို သတ္တုတွင်းဝန်ကြီးဌာန၏ သဘောထားရယူပြီး လုပ်ကွက်ချ ထားပေးနိုင်သည်ဟု ဖော်ပြထားပါသည်။

ထို့အတွက် အသေးစားတူးဖော်ထုတ်လုပ်မည့် သို့မဟုတ် လက်လုပ်လက်စား တူးဖော်ထုတ်လုပ်မည့် လုပ်ကွက်များ  အတွက် လုပ်ကိုင်ခွင့်ပြုမည့်ဧရိယာကို (ရတနာနယ်မြေ အဖြစ် သတ်မှတ်ရန် အခွင့်ရှိသော)သတ္တုတွင်းဝန်ကြီးဌာန (ယခု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန)၏ သဘောထားရယူထားသော နေရာဒေသ များအတွင်း၌သာ သတ်မှတ်နိုင်မည်ဖြစ်ပါသည်။ တိုင်းဒေ သကြီး သို့မဟုတ် ပြည်နယ်လုပ်ကွက် စိစစ်ချထားရေးအဖွဲ့ ၏ စီမံခန့်ခွဲမှုအစီ အစဉ်ဖြင့် လုပ်ကိုင်ခွင့်ပြုမည့် ဧရိယာကို သတ်မှတ်နိုင်ခြင်း မရှိသည်ကို စိစစ်တွေ့ရှိနိုင်ပါမည်။

၁၉၉၅ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာဥပဒေအရ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်အတွင်း လုပ် ကိုင်ခွင့်ချထားခဲ့သော သတ်မှတ်၊ ဖော်ထုတ်လုပ်ကွက်များ ၏ အကျယ်အဝန်းဧရိယာမှာ (၁)ဧကဖြစ်သည် ဆိုရုံမျှနှင့် မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ဒုတိယအကြိမ်ပြင် ဆင်သည့် ဥပဒေအရ အသေးစား၊ လက်လုပ်လက်စား လုပ်ကွက် များဖြစ်သည်ဟု သတ်မှတ်နိုင်ခြင်းမရှိပါကြောင်း စိစစ်တွေ့ရှိ နိုင်မည် ဖြစ်ပါသည်။

မော်လူး၊မော်ဟန်ရတနာနယ်မြေ သူရောင်မှော်လုပ်ကွက် များသည် မြောက်လေးတန် သစ်တောကြိုးဝိုင်းမြေအတွင်း

ကျရောက်နေသည့်အတွက်လုပ်ငန်းရပ်ဆိုင်းရန် အင်းတော် မြို့နယ်၊ သစ်တောဦးစီးဌာနမှ ၄င်းလုပ်ကွက်များကို လုပ် ကိုင်နေသည့်ဓူဝံကြယ်ကျောက်မျက်ကုမ္ပဏီသို့ (၄.၂.၂၀၁၅) ရက်နေ့တွင် ကန့်ကွက်လွှာ ပေးပို့ခဲ့ပါသည်။ ထို့အပြင် အင်းတော်မဲဆန္ဒနယ် ပထမအကြိမ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်နိုင်ဌေးက သစ်တောကြိုးဝိုင်း နယ်မြေအတွင်း ကျောက်စိမ်းဖော်ထုတ်လုပ်ကွက်များကို ခွင့်ပြုခြင်းသည် ဥပဒေနှင့် ညီမညီစပ်လျဉ်းသည့် မေးခွန်း ကို (၂၆.၁.၂၀၁၅) ရက်နေ့တွင်တင်သွင်းခဲ့ပါသည်။

ထိုသို့ အခြေအနေများဖြစ်ပေါ်ခဲ့သည့်အတွက် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန(ယခင် သတ္တုတွင်းဝန်ကြီးဌာန)က ရတနာနယ်မြေ အတွင်း ကျောက်စိမ်းဖော်ထုတ်လုပ်ကွက်များကို ခွင့်ပြုခြင်းသည် ဥပဒေနှင့် ညီညွတ်မှုရှိပါကြောင်း လွှတ်တော်သို့ ပြန်လည် ဖြေကြားခြင်းနှင့်စစ်ကိုင်းတိုင်းဒေသကြီး၊အင်းတော်မြို့နယ်၊ မော်လူး၊ မော်ဟန်ရတနာနယ်မြေအတွင်းရှိ သူရောင်မှော်ရှိ လုပ်ကွက်များနှင့် ပတ်သက်၍ သစ်တောသဘောထား မှတ်ချက်ပြန်ကြား ပေးနိုင်ပါရန် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနသို့ ညှိနှိုင်းမေတ္တာရပ်ခံ ခဲ့ပြီးကန့်ကွက်ရန် မရှိပါကြောင်း  ပြန်ကြားချက်ကို ရယူခဲ့

ခြင်းတို့အား ဆောင်ရွက် ခဲ့ပါသည်။

သို့ရာတွင် ကန့်ကွက်ရန်မရှိပါကြောင်း ပြန်ကြားခဲ့ပြီးသော သူရောင်မှော်အပါအဝင် အင်းတော်မြို့နယ် အတွင်းရှိ မှော်များ တွင် ကျောက်စိမ်းတူးဖော်နေသော ကုမ္ပဏီများအား သစ်တော ဥပဒေပုဒ်မ ၄၀(ဂ)ကို ကျူးလွန်ကြောင်းစွဲချက်အရ ဒဏ်ငွေ (၅ဝဝဝ)ကျပ်စီကို ပေးဆောင်ရန် အင်းတော်မြို့နယ် တရားရုံး က အမိန့်ချမှတ်ခဲ့သည့်အတွက် သက်ဆိုင်ရာ ကုမ္ပဏီများက ပေးဆောင်ခဲ့ရပါသည်။

ယခင်သတ္တုတွင်းဝန်ကြီးဌာနသည် အင်းတော်မြို့နယ်၊ မြောက်လေးတန်သစ်တောကြိုးဝိုင်းနှင့် အောက်တောသစ်တော ကြိုးဝိုင်းအတွင်း ကျရောက်လျှက်ရှိသော ထုံးတောင်၊ ထုံးတောင်မှော်သစ်၊ သူရောင်၊ နွယ်တော၊ မြင်းမှော်၊ ဟဲထင်၊ သက်ကယ်၊ လွိုင်စံညိုတောင်၊ ဖိုးတင်တောင်၊အုတ်ရှစ်ကုန်း၊ လွှစဉ်မှော်များရှိ    လုပ်ကွက်( ၃၅၇ )ကွက်  နှင့်ပတ်သက်၍  သစ်တောသဘောထားမှတ်ချက်ပြန်ကြားပေးရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသို့ ညှိနှိုင်း မေတ္တာရပ်ခံခဲ့ခြင်းတို့ကို ဆက်လက်ဆောင်ရွက် ခဲ့ရပါသည်။ ရတနာနယ်မြေအတွင်း လုပ်ကိုင်ခွင့်ချထားပေးခြင်းကို ၁၉၉၅ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာဥပဒေပုဒ်မ(၈)အရ သတ္တုတွင်း

ဝန်ကြီးဌာနသည် ကျောက်မျက်ရတနာ ထုတ်လုပ်ခြင်းလုပ်ငန်း ကို လုပ်ကိုင်ခွင့်ပြုရန်အလို့ငှာ ရတနာနယ်မြေအတွင်း ကျောက် မျက်ရတနာ တူးဖော်နိုင်သည့်နေရာများကို ကျောက်မျက်ရတနာ လုပ်ကွက်များအဖြစ် သတ်မှတ်နိုင်ပြီး ရတနာနယ်မြေမှအပ အခြားမြေလွတ်မြေလပ်များတွင် ကျောက်မျက်ရတနာလုပ်ကွက် များအဖြစ် သတ်မှတ်မှသာ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်း ရမည် ဖြစ်ပါသည်။

ထို့အတွက် သစ်တောဌာနအပါအဝင် လုပ်ငန်းဆက်စပ်သည့် ဌာနများက သတ်မှတ်ချက်များနှင့်လွတ်ကင်းပါကြောင်းကွင်း ဆင်းစစ်ဆေးတင်ပြကြသဖြင့် ကျောက်စိမ်းတူးဖော်ရန် လုပ်ကွက် များကို သတ္တုတွင်းဝန်ကြီးဌာနက ရတနာနယ်မြေအတွင်း (အင်းတော်မြို့နယ်တွင်)လုပ်ကိုင်ခွင့် ချထားပေးခဲ့ခြင်းဖြစ်ပါ သည်။ သို့ရာတွင် ၄င်းလုပ်ကွက်များတွင် ကျောက်စိမ်းအရိုင်း များ တူးဖော်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုမရှိစေရေး အတွက်လည်းကောင်း၊ သစ်တောဥပဒေ၊ နည်းဥပဒေ လုပ်ထုံး၊ လုပ်နည်းများနှင့် ကိုက်ညီစေရန်အတွက်လည်းကောင်း၊ သစ် တောဦးစီးဌာန၊ ကသာခရိုင်၊ ကသာမြို့၏(၉.၈.၂၀၁၆)ရက်စွဲပါ စာအမှတ်၊ ၄၁၇၁-၇၂/အ-၁ဖြင့် လုပ်ငန်းရပ်ဆိုင်းရန် ကန့်ကွက် လွှာများ ပေးပို့ခဲ့သည့် အခြေအနေအား ယခုအခါ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပါသည်။

မြေအောက်သယံဇာတများဖြစ်သော ကျောက်မျက်ရတနာ အပါ အဝင် သတ္တုများထုတ်ယူသည့်အတွက် မြေပေါ်သယံဇာတများ ဖြစ်သော သစ်တောသစ်ပင်များဆုံးရှုံးခြင်း၊ သဘာဝပတ်ဝန်း ကျင်ထိခိုက်နိုင်ခြင်းတို့ ပေါ်ပေါက်လာမည်ဖြစ်သဖြင့် မည်သို့ ဆက်လက်ဆောင်ရွက်သင့်သည့် အခြေ အနေကို ဖော်ထုတ်ရန် လိုအပ်လာပါသည်။ ထို့အတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် ညှိနှိုင်းဆွေးနွေးခြင်းကို(၁၉.၉.၂၀၁၆) ရက်နေ့တွင် သတ္တုကဏ္ဍနှင့် သစ်တောကဏ္ဍတို့မှ အဆင့်မြင့် အရာရှိကြီးများ၊ လုပ်ငန်းရှင်များတက်ရောက်၍ ဆောင်ရွက်ခဲ့ ပါသည်။ ဆက်လက်၍ Working Group များဖွဲ့စည်း၍ ဆွေးနွေးညှိနှိုင်းခြင်းများကိုပြုလုပ်ပြီး ဆက်လက်ဆောင်ရွက်ရ မည့်လုပ်ငန်းစဉ်များကို သတ်မှတ်သွားမည်ဖြစ်ပါသည်။လုံးခင်း၊ ဖားကန့်ရတနာနယ်မြေတွင် ကျောက်စိမ်းတူးဖော်မှုလုပ်ငန်း များတွင် အသုံးပြုလျက်ရှိသော ယာဉ်၊ စက်ယန္တရားများနှင့် စပ်လျဉ်း၍ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုး ဦးဆောင်သော မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့က အသေးစိတ်စစ်ဆေးခဲ့ပါသည်။ မော်လူး၊ မော်ဟန် ရတနာနယ် မြေတွင် ထိုသို့ယန္တရားစစ်ဆေးမှုကို သီးခြား ကွင်းဆင်းစစ်ဆေး ရေးအဖွဲ့  ဖွဲ့စည်း၍  ကွင်းဆင်းစစ် ဆေးခဲ့ပါသည်။  ကွင်းဆင်းစစ်ဆေးတွေ့ရှိခဲ့သော ကုမ္ပဏီများက အသုံးပြုလျှက်ရှိသည့် စက်ယန္တရား/မြေသယ်ယာဉ်အရေအတွက်နှင့် လုပ်ကိုင်ခွင့်လုပ် ကွက်ဧရိယာ အကျယ်အဝန်းအလိုက် ခွင့်ပြုရန် လျာထား သတ် မှတ်ထားသော စက်ယန္တရား/ မြေသယ်ယာဉ်အရေအတွက်နှင့် ဝန်ဆောင်မှုအားတို့ကိုစိစစ်နှိုင်းယှဉ်ခဲ့ပါသည်။နှိုင်းယှဉ်ချက်အရ လျာထားသတ်မှတ်ချက်ထက် ပိုနေသည့် စက်ယန္တရား/ မြေ သယ်ယာဉ်များကို လုပ်ငန်းခွင်တွင် အသုံးပြုမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်လျှက်ရှိပါသည်။ (၂၉.၁.၂၀၁၆)ရက်နေ့တွင် ပြဌာန်းခဲ့သော မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့်ဥပဒေနှင့် လိုက်လျောညီထွေဖြစ်မည့် ကျောက်မျက်ရတနာ နည်းဉပဒေကို ယခုအခါ ပြင်ဆင်ရေးဆွဲ လျှက်ရှိပါသည်။ ထိုသို့ နည်းဥပဒေ ပြင်ဆင်ရေးဆွဲလျှက်ရှိသည့် အချိန်၌ မြန်မာ့ ကျောက်မျက်ရတနာဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် လက်ခံဆွေးနွေးရန်နှင့် ဥပဒေကြမ်းကော်မတီသို့ လွှဲပြောင်းပေး အပ်ရန် အမျိုးသား လွှတ်တော်က(၂၂.၉.၂၀၁၆)ရက်နေ့တွင် ဆုံးဖြတ်ခဲ့ပါသည်။ ထို့အတွက် ၁၉၉၅ ခုနှစ် မြန်မာ့ကျောက် မျက်ရတနာဥပဒေနှင့် ၁၉၉၅ခုနှစ် မြန်မာ့ကျောက်မျက်ရတနာ နည်းဥပဒေတို့အရသာ ကျောက်မျက်ရတနာလုပ်ကွက်များ လုပ်

ကိုင်ခွင့်ချထားခြင်းကို ဆောင်ရွက်လျှက်ရှိသည့်အခြေအနေဖြစ်ပါ သည်။ မြန်မာ့ကျောက်မျက် ရတနာဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေသည်(၂၉.၁.၂၀၁၆)ရက်နေ့တွင် ပြဌာန်းခဲ့ သော်လည်း နည်းဥပဒေပြဌာန်းနိုင်ခြင်း မရှိသဖြင့်လည်းကောင်း၊ မြန်မာ့ကျောက်မျက်ရတနာဥပဒေကို တတိယအကြိမ် ပြင်ဆင် သည့် ဥပဒေကြမ်းကို ဆွေးနွေးနေသည့် အချိန်ကာလ ဖြစ်သည့် အတွက်လည်းကောင်း မော်လူး၊ မော်ဟန်ရတနာနယ်မြေအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အင်းတော်မြို့ နယ်အတွင်းတွင် လုပ်ကိုင်ခွင့် ချထားပေးသောလုပ်ကွက်များ အပါအဝင်ရတနာ နယ်မြေအသီးသီးရှိ ကျောက်မျက်ရတနာ လုပ်ကွက်များ အားလုံး အတွက် တူးဖော်မှုလုပ်ငန်းများသည် ပြည်ထောင်စုအစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင် ရှိနေသော အခြေအနေ ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ မြန်မာ့ကျောက်မျက်ရတနာဥပဒေကို တတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းကို အတည်ပြုပြဌာန်း၍ ၄င်းနှင့် လိုက်လျောညီထွေဖြစ်သော ကျောက်မျက်ရတနာနည်း ဥပဒေများ ပြဌာန်းပြီးချိန်တွင် အတည်ပြုပြဌာန်းသည့် ဥပဒေ၊ နည်းဥပဒေများအရ ကျောက်မျက်ရတနာလုပ်ကွက်များတွင် တူးဖော်လုပ်ကိုင်ခြင်း စီမံခန့်ခွဲမှုကို ဆက်လက်ဆောင်ရွက် သွား မည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။[/symple_accordion_section][/symple_accordion]