စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကတိကဝတ်ပြုခဲ့သည့် ကြယ်ပွင့်မပြမေးခွန်းနှင့် အဖြေများစာရင်း

ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များမှ
ပေးပို့လာသော ကြယ်ပွင့်မပြမေးခွန်းအပေါ် ဖြေကြားချက်များ

ဖြေကြားသည့်ဌာန                     –   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးမိုးမင်းဝင်း၊ အမှတ်(၂)မဲဆန္ဒနယ် ဒီပဲယင်းမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်အတွင်းရှိ ရေဦးမြောင်း မတော်၊လက်တံ(၇)နှင့် မိုင်းနား(၂)အကြား၊ တနယ်ကျေးရွာ အုပ်စုပိုင်၊ ကူးတော်ကွင်း(ကွင်းအမှတ်-၁၉၈၇) သည် ရေသောက်ပြွန်(၅)လုံး တို့၏အဖျား ရေဆိုးများစုဆုံရာ စိုက်ကွင်းဖြစ် နေပါသည်။ယင်းစိုက်ကွင်း တွင် စိုက်ပျိုးပြီးကာစ ရေပိုများနှင့် မိုးတွင်းကာလ မိုးရေများကြောင့် နှစ်စဉ် ရေနစ်၊ရေကြီးသည့် ဒဏ်ကို ခံနေရပါသည်။ အကျိုးဆက်အဖြစ် စပါးအထွက်နှုန်း ဆိုးရွားစွာ လျော့ကျခြင်း၊ လယ်သမားအချင်းချင်း ခိုက်ရန် ဒေါသဖြစ်ခြင်း၊ အန္တရာယ် များပါ ကျရောက်နေပါသည်။ (၁)မိုင်ခန့်ရှည်လျားသော လက်ရှိရေဆိုး ထုတ်မြောင်းအား စက်ယန္တရားဖြင့် ချဲ့ထွင်ဆောင်ရွက်ပေးနိုင်လျင် လယ်ဧက (၂၅ဝ)ခန့် ချောမောစွာ စိုက်ပျိုးနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဆည်မြောင်းဌာနအနေဖြင့် ယင်းလုပ်ငန်းအား ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ၊ ဆောင်ရွက်ပေးနိုင် ပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေး နိုင်မည်ကို သိရှိလို ပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] (၁)မိုင်ခန့်ရှည်လျားသော လက်ရှိရေဆိုးထုတ်မြောင်းအား စက်ယန္တရားဖြင့်ချဲ့ထွင်ဆောင်ရွက်မည်ဆိုပါကမြေကြီးကျင်းပေါင်း
(၁၅၆ဝဝ)ကျင်းအတွက် ခန့်မှန်းကုန်ကျငွေ(၂၄)သန်းကုန်ကျမည်ဖြစ်ပါသည်။ အဆိုပါလုပ်ငန်းအတွက် ၂ဝ၁၆-၂ဝ၁၇တိုင်းဒေသကြီး မူလရန်ပုံငွေ (BE) တွင် ပါဝင်ခြင်းမရှိပါသဖြင့်၂ဝ၁၆-၂ဝ၁၇ခုနှစ် တိုင်းဒေသကြီးဖြည့်စွက် ရန်ပုံငွေ(RE)တွင် ရန်ပုံငွေရရှိရေးဆောင်ရွက် သွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်။
[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးမိုးမင်းဝင်း၊ အမှတ်(၂)မဲဆန္ဒနယ် ဒီပဲယင်းမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်အတွင်းရှိ လက်တံ(၇) သည် နှစ်ပေါင်း(၁ဝဝ)ကျော်ရှိခဲ့ပြီး အဂင်္လိပ်အစိုးရ အုပ်ချုပ်စဉ် ကတည်းက မြောင်းဖောက်လုပ်ခဲ့သည်ဟု သိရှိရပါသည်။ ကာဘိုးရေလွှဲဆည်၊ ရေဦးမြောင်းမတော်တွင် အရှည်အလျားဆုံး မြောင်းလက်တံဟုလည်း သိရှိရပါသည်။ ရေဦးမြို့နယ်အတွင်း (၄)မိုင်ခန့်နှင့် ဒီပဲယင်းမြို့နယ်အတွင်း (၆)မိုင်ခန့် ရှည်လျားပါသည်။ ရေသောက်ဧရိယာမှာ ရေဦးမြို့နယ်-၁၂၅၅ဧကနှင့် ဒီပဲယင်းမြို့နယ် -၅၆၈၉ဧကဟု သိရပါသည်။ ဆည်မြောင်း များတိုးချဲ့ ပြုပြင်ခြင်းအဖြစ် ၁၉၉ဝအလွန်တွင် ဆင်ရောက်ကုန်းရွာ တောင်ဘက် ဖုန်းအိုးကွင်း (၂ဝ၁၂-၂ဝ၁၃)တွင် ခွန်တောင်းကျေးရွာ မြောက်ဘက်တွင် ဧက(၇ဝ)ခန့် (၂ဝ၁၃-၂ဝ၁၄)တွင် ပေါက်တော ကျေးရွာ တောင်ဘက် လက်တံ(၇)အဖျား ဧက(၉ဝ)ခန့် တိုးချဲ့ရေပေး ဝေခဲ့ပါသည်။ နှစ်စဉ် ကြုံတွေ့ရသော တောင်သူများ၏ အခက်အခဲမှာ လက်တံ(၇)အဆုံး နှစ်မိုင်ခန့်အပါဝင် DO နှင့်  WC များ၏ အဖျားတွင် ရေမလုံလောက်ပါ သို့ဖြစ်ပါ၍ ဆိုပါမြောင်းလက်တံ(၇)အား စံပြမြောင်း အဖြစ် ပြုပြင်ပေးရန် အစီအစဉ်ရှိမရှိ ၊ ဆောင်ရွက်နိုင်ပါက မည်သည့် ကာလတွင် ဆောင်ရွက် ပေးနိုင်မည်ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] လက်တံ(၇)အဆုံး(၂)မိုင်ခန့်အပါအဝင် DO နှင့် WC များ၏ အဖျားတွင် ရေလုံလောက်စေရေးအတွက်လက်တံ (၇)နှင့် မိုင်းနား မြောင်းများတူးဖော်ခြင်းအတွက်မြေကြီးကျင်းပေါင်း(၃၂၁၆၅)ကျင်း၊ ခန့်မှန်းကုန်ကျငွေ(၈၈.၉)သန်းနှင့် ၎င်းမြောင်းများပေါ်ရှိ ရေကျ(၁၄)လုံးနှင့်မြောင်းဆုံးအဆောက်အအုံ(၄)လုံး၊ စုစုပေါင်း(၁၈) လုံးအတွက် ခန့်မှန်းကုန်ကျငွေ(၄ဝဝ)ကျပ်သန်း၊စုစုပေါင်း(၄၈၈.၉)သန်းအား ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်ပြည်ထောင်စုရန်ပုံငွေဝ၄ဝ၉
(အခြား)တွင်ထည့်သွင်းတောင်းခံမည်ဖြစ်ပြီးရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ရေကျ(၉)လုံးပြုပြင်ခြင်းအတွက် ခန့်မှန်းကုန်ကျငွေ(၂ဝဝ)ကျပ်သန်းနှင့်ကျန်ရှိရေကျ (၅)လုံးနှင့်မြောင်းဆုံးအဆောက်အအုံ(၄)လုံးပြုပြင်ခြင်းအတွက် ခန့်မှန်းကုန်ကျငွေ(၂ဝဝ)ကျပ်သန်း၊စုစုပေါင်း(၄ဝဝ)ကျပ်သန်း
တို့ကိုု၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ပြည်ထောင်ရန်ပုံငွေတွင် ထည့်သွင်း တောင်းခံမည်ဖြစ်ပြီးရန်ပုံငွေရရှိမှုအပေါ်မူတည်၍ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။
[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးမိုးမင်းဝင်း၊ အမှတ်(၂)မဲဆန္ဒနယ် ဒီပဲယင်းမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ဒီပဲယင်းမြို့နယ် အင်ဘုတ်ကျေးရွာအုပ်စု၊ ဆင်နားဍောင်း ကျေးရွာ၏ ကျီရွာ မွေးမိကြီးကွင်း ကွင်းအမှတ်(၂ဝ၆၇)တွင် မိုးရေသောက် ဧရိယာ(၂၈၃.၅)ဧကနှင့် ဆည်ရေသောက်ဧရိယာ (၁၁၄.၅)ဧက ရှိပါသည်။ ဆည်ရေသောက်ဧရိယာဆိုသည်မှာ တောင်သူများ၏ စုပေါင်း လုပ်အားဖြင့် ရေဆိုးချောင်းအား တားဆီးထားသော လက်လုပ် ဆည်မျှသာ ဖြစ်သည်။ ယခုအခါ ယင်းဆည်မှာ ကိုယ်ထူကိုယ်ထ လုပ်အားဖြင့် မည်သို့မျှ မတတ်နိုင်ပါ။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာ ဆည်မြောင်းဌာနမှ တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိကို သိရှိလိုပါသည်။ ကူညီနိုင်ပါက မည်သည့်ကာလတွင် တည်ဆောက်ပေးနိုင်သည်ကို ဖြေကြားပေးပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] ဆင်နားဍောင်းကျေးရွာအနီးရှိ ကိုယ်ထူကိုယ်ထဆည်အား ပြန်လည်ပြုပြင်မည်ဆိုပါက မြေကြီးကျင်းပေါင်း(၃ဝဝဝ)ကျင်းအတွက်
ခန့်မှန်းကုန်ကျငွေ(၅)သန်းနှင့်အဆောက်အအုံဆောက်လုပ်ခြင်း အတွက်ခန့်မှန်းကုန်ကျငွေ(၃ဝ)သန်းဖြစ်ပြီး၊စုစုပေါင်းခန့်မှန်းကုန်ကျငွေ(၃၅)သန်းဖြစ်ပါသည်။အဆိုပါလုပ်ငန်းအတွက်၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးမူလရန်ပုံငွေ (BE) တွင်ပါဝင်ခြင်း မရှိပါသဖြင့် ၂ဝ၁၆ – ၂ဝ၁၇ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဖြည့်စွက်
ရန်ပုံငွေ (RE) တွင် ရန်ပုံငွေရရှိရေးဆောင်ရွက်မည်ဖြစ်ပြီး ရန်ပုံငွေရရှိပါကဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။
[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −    ဦးမြင့်ထွေး၊ အမှတ်(၂)မဲဆန္ဒနယ် ရေဦးမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေအရ ခွင့်ပြုပေးထားသော မြေဧက မည်မျှနှင့် ဦးရေ မည်မျှ ပေးထားပြီးဖြစ်သနည်း၊ မည်သည့်လုပ်ငန်း အမျိုး အစားများကို ခွင့်ပြုထားပေးထားသနည်း၊ ခွင့်ပြုပေးထားသော မြေလွတ်မြေလပ် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေအရ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုရာခိုင်နှုန်းမည်မျှ ရှိသည်ကို သိရှိလိုပါကြောင်း။

ဥပဒေအရ အကောင်အထည်မဖော်မဆောင်ရွက်သော မြေဧကများနှင့် တာဝန်ခံလျှောက်ထားသည့် အသုံးပြုခွင့်ရရှိထားသူ ပုဂ္ဂိုလ်နှင့်အဖွဲ့စည်းများကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မည်သို့ အရေးယူဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေအရ ခွင့်ပြုထားသည့် ဦးရေ (၅၄၉)ဦး စုစု ပေါင်းဧရိယာ (၅၂၅ဝ၈၉.၆ဝ)ဧက ကို ခွင့်ပြုပေးထားပြီး၊ ယခင် ဗဟိုအဖွဲ့ခွင့်ပြုချက်ဖြင့် ခွင့်ပြုပေးထားသည့်ဧရိယာ (၃၅ဝ)ဦး၊ (၄၉၇၂၄၇.၈၄)ဧက၊ ဒေသအာဏာပိုင်ခွင့်ပြုချက်ဖြင့် (၁၂၁)ဦး၊ ဧရိယာ(၁၈၁၃၂)ဧက၊ မြေလွတ်၊ မြေရိုင်းများစီမံခန့်ခွဲရေးဗဟို ကော်မတီ၏ ခွင့်ပြုချက်ဖြင့် (၁၆)ဦး၊ ဧရိယာ(၉ဝဝ၇.၆၃)ဧက၊ တိုင်းဒေသကြီးလုပ်ငန်းအဖွဲ့ ခွင့်ပြုချက်ဖြင့်(၆၂)ဦး၊ ဧရိယာ (၇ဝ၂.၁၃)ဧက၊ ခွင့်ပြုပေးထားပြီးဖြစ်ပါသည်။

ခွင့်ပြုပေးထားသည့်အဖွဲ့အစည်းများအပေါ် လုပ်ငန်း အမျိုးအစားအလိုက်ဖော်ထုတ်ဆောင်ရွက်မှု အခြေအနေမှာ စိုက်ပျိုးရေးလုပ်ငန်းအတွက် ယခင်ဗဟိုအဖွဲ့ခွင့်ပြုဧရိယာ (၄၉၇၂၄၇.၈၄)ဧက အပေါ်(၃ဝဝဝ၈.၂၂)ဧကဖော်ထုတ်ခဲ့ပြီး ဖော်ထုတ်ပြီး(၆ဝ.၃၅%)ဒေသအာဏာပိုင်ခွင့်ပြုဧရိယာ (၁၈၁၃၂.ဝဝ)ဧကအပေါ် (၆၂၇၃.ဝဝ)ဧက ဖော်ထုတ်ခဲ့ပြီး၊ ဖော်ထုတ်ပြီး(၃၄.၆ဝ%)မြေလွတ်မြေရိုင်းစီမံခန့်ခွဲရေး ဗဟိုကော်မတီ ခွင့်ပြု ဧရိယာ (၈၆၉၇.၇၃)ဧက အပေါ်(၁ဝဝ)ဧက ဖော်ထုတ်ခဲ့ပြီး ဖော်ထုတ်ပြီး(၁.၁၅%)၊ တိုင်းဒေသကြီးမြေလွတ်၊မြေလပ်နှင့် မြေရိုင်း များ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့၏ ခွင့်ပြုဧရိယာ (၇ဝ၂.၁၃)ဧကအပေါ် (၃၇ဝ.ဝဝ) ဧကဖော်ထုတ်ခဲ့ပြီး (၅၂.၇ဝ%)ဖော်ထုတ်စိုက်ပျိုးပြီး ဖြစ်သဖြင့် စို်က်ပျိုးရေးလုပ်ငန်းအတွက် ခွင့်ပြုပေးထားသည့် ဧရိယာ (၅၂၄၇၇၉.၇ဝ)ဧကအပေါ် (၃၆၇၅၁.၂၂)ဧကဖော်ထုတ်ပြီးဖြစ်သဖြင့် (၇.ဝဝ%)ဖော်ထုတ်ပြီးဖြစ်ပါသည်။ မွေးမြူရေးလုပ်ငန်းအတွက် ဗဟိုအဖွဲ့၏ခွင့်ပြုဧရိယာ (၁၃၃.ဝ၁) ဧကအပေါ် (၁၃၃.ဝ၁)ဧကဖော်ထုတ်ပြီးဖြစ်ပါသဖြင့် (၁ဝဝ.ဝဝ%)ဖော်ထုတ်ဆောင်ရွက်ပြီးဖြစ်ပါသည်။

ဥပဒေနှင့်ညီညွတ်သည့်လုပ်ငန်းအတွက် ဗဟို ကော်မတီ၏ ခွင့်ပြုဧရိယာ(၁၇၆.၈၉)ဧကအပေါ် (၁၇၆.၈၉)ဧက ဖော်ထုတ်ပြီး ဖြစ်ပါသဖြင့် (၁ဝဝ.ဝဝ%) ဖော်ထုတ်ဆောင်ရွက်ပြီး ဖြစ်ပါသည်။ သတ်မှတ်ကာလကျော်လွန်သည်အထိ ဖော်ထုတ်လုပ်ကိုင်မှု မရှိ သေးခြင်းအတွက် သိမ်းဆည်းရမည် မြေလွတ်မြေလတ်နှင့်မြေရိုင်း များစီမံခန့်ခွဲရေးဥပဒေ၊နည်းဥပဒေအရ မြေလွတ်၊မြေလပ်နှင့် မြေရိုင်း များ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေနှင့် စပ်လျဉ်း၍ အမှတ်တကယ်ဖော်ထုတ်လုပ်ကိုင်အသုံးပြုပြီးသော ဧရိယာနှင့်ကျန်ရှိ သောဧရိယာတို့ကိုအထောက်အထားခိုင်လုံစွာဖြင့် မှတ်တမ်းပြုစုပြီး ဗဟို ကော်မတီသို့(၆)လတစ်ကြိမ်တင်ပြလျှက်ရှိပါကြောင်းဖြေကြားအပ်ပါသည်။
[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဦးထွန်းထွန်းဝင်း၊ အမှတ်(၂)မဲဆန္ဒနယ် ကနီမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]ကျွန်တော်တို့ ကနီမြို့နယ်တွင် ၂ဝဝ၆ မှာ အထူးကြက်ဆူဇုန်အဖြစ် ပေါက်အင်းတောင်သစ်တောကြိုးဝိုင်းနှင့်ကြိုးပြင်နေရာများကို သတ်မှတ်ကာ ကြက်ဆူပင်များစိုက်ပျိုးခဲ့ပါသည်။
၁။ တပ်ရင်းတပ်ဖွဲ့ပေါင်း ၄၈ ၁၉၃၆ ဧက
၂။ ကုမ္ပဏီပေါင်း ၄၅ဝ ၂၅၈၃ ဧက
၃။ အဖွဲ့အစည်းပေါင်းစုံ ၂၂၈ ဧက
၄။ ဌာနဆိုင်ရာပေါင်း ၁၆၆ ၃၁၁၃ ဧက
၅။ အဖွဲ့ပေါင်း ၆၆၄ ၂၈၂၃ ဧက
၆။ အခြားစိုက်တောင်သူပေါင်း ၁၈၅၇ ၉၄၉၄ ဧက
စုစုပေါင်း ၂ဝ၁၇၇ ဧက

၄င်းကြက်ဆူစိုက်ခင်းနဲ့ပတ်သက်၍ ထောင်ကျခဲ့သူပေါင်း(၉)ဦး၊ ယခုတရားရင်ဆိုင်နေရသူ ပေါင်း(၅၄)ဦးရှိပါသည်။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် များ ခင်ဗျား ၄င်းကြက်ဆူစီမံကိန်းဟာမအောင်မြင်ခဲ့သည့်အတွက်ကြောင့် နောက်ဆက်တွဲ လယ်ယာမြေပြဿနာများ ယနေ့ထက်တိုင်ဖြစ်ပွားလျှက်ရှိပါသည်။
၁။ စစ်ကိုင်းတိုင်းဒေသကြီး ကြက်ဆူစီမံကိန်းတရားဝင်ဖျက်သိမ်း ကြောင်း ကြေငြာရန် အစီအစဉ် ရှိ/မရှိ၊
၂။ ကြေငြာမည်ဆိုလျှင် မည်သည့်နေ့တွင် ကြေငြာမည်ဖြစ်ကြောင်း သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]

စစ်ကိုင်းတိုင်းဒေသကြီးကနီမြို့နယ်တွင် ၂ဝဝ၆ ခုနှစ်အထူး ကြက်ဆူဇုန်အဖြစ် လျာထားသတ်မှတ်ခဲ့ရာတွင် ပေါက်အင်းတောင် သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်နေရာများတွင် ဧရိယာ (၁၅၉၃၇)ဧကကို အောက်ပါအတိုင်းလျာထားသတ်မှတ်ခဲ့ ပါသည်။

p12ယင်းကဲ့သို့လျာထားသတ်မှတ်ခဲ့သည့်အပြင်ကနီမြို့နယ်ရှိ တောင်သူပေါင်း(၁၈၅၇)ဦးတို့မှလည်း လမ်းဘေး၊လယ်ကန်သင်း နှင့်မြေလွတ်များတွင် စိုက်ပျိုးကြရာတောင်သူစိုက်ဧရိယာ (၉၄၉၄)ဧကအထိ စိုက်ပျိုးခဲ့ပါသည်။

တပ်ရင်းတပ်ဖွဲ့များသို့ စိုက်ပျိုးရန်တာဝန်ပေးအပ်ထားသော မြေ ဧရိယာအတွက် တပ်ရင်းများမှ စိုက်ပျိုးခဲ့ပြီး စိုက်ပျိုးအသုံးပြုခြင်း မရှိသည့် မြေရိုင်း(၁ဝ၄၇)ဧက၊ သစ်တောကြိုးဝိုင်းမြေ(၁၃၈၈)ဧက စုစုပေါင်း( ၂၄၃၅)ဧကကို ပြန်လည်အပ်နှံပြီး ဖြစ်သဖြင့် ယင်းမြေ များနှင့် ပတ်သက်၍ မြေရိုင်းများတွင် စိုက်ပျိုးလုပ်ကိုင်ခဲ့ကြသော မူလတောင်သူ(၄၈)ဦးသို့ ဧရိယာ(၂၃၆.၅၁)ဧကကို လုပ်ထုံးလုပ် နည်းနှင့် အညီ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ပါသည်။ ကျန် အပ်နှံသောမြေများသည် မြေလွတ်မြေရိုင်းများနှင့် သစ်တောမြေ များသာဖြစ်သဖြင့် တာဝန်ယူကြီးကြပ်ရမည့် ဌာနများမှ ထိန်းသိမ်း ထားရှိပါသည်။

ကြက်ဆူစိုက်ပျိုးရန်လျာထားသတ်မှတ်ပေးစဉ်က မူလ တောင်သူများ၏စိုက်ပျိုးခဲ့သောမြေများမှာမြေရိုင်း၊ တောရိုင်းတွင် (၁၇၅၄) ဧကနှင့် သစ်တောကြိုးဝိုင်းကျူးလွန်စိုက်ပျိုးမှု (၁၈၃၄)ဧက ဖြစ်ပါ သည်။
ယင်းကဲ့သို့ကြက်ဆူဇုန်လျာထားသတ်မှတ်ခဲ့သော်လည်း ဌာန အဖွဲ့အစည်းများမှ ကြက်ဆူအောင်မြင်စွာမစိုက်ပျိုးနိုင်သဖြင့် မူလ တောင်သူများမှပင် ၄င်းတို့စိုက်ပျိုးလိုသောသီးနှံများကိုစိုက်ပျိုး လုပ်ကိုင်လျှက်ရှိပါသည်။

အထူးကြက်ဆူဇုန်အတွင်းပါဝင်သော တင်ဝင်းထွန်းကုမ္ပဏီ သည် ဧရိယာဧက(၃၂ဝဝ)ဧကအား သစ်တောရေးရာဝန်ကြီးဌာန နှင့်နှစ်(၃ဝ)ငှားရမ်း စိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိသဖြင့် ၄င်းမြေအတွင်း ရှိမူလသစ်တောကြိုးဝိုင်းကျူးလွန်စိုက်ပျိုးခဲ့သော တောင်သူများနှင့် မြေယာအငြင်းပွားမှုများ ဖြစ်ပွားကြခြင်းသာဖြစ်ပါသည်။

ကြက်ဆူစိုက်ပျိုးရန် စီမံကိန်းသည် သီးနှံစိုက်ပျိုးထုတ်လုပ်ရန် အတွက် နှစ်စဉ်စီမံကိန်းချအကောင်အထည်ဖော်ခဲ့ခြင်းသာ ဖြစ်သဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အမိန့်ကြော်ငြာစာထုတ် ပြန်ဆောင်ရွက်ထားခြင်းမရှိသည့်အတွက် ကြက်ဆူစီမံကိန်းတရား ဝင်ဖျက်သိမ်းကြောင်း ကြော်ငြာရန်လည်း လိုအပ်မည်မဟုတ်ပါကြောင်း ဖြေကြားအပ်ပါသည်။
[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဦးထန်ခိုဟောက်၊ အမှတ်(၂)မဲဆန္ဒနယ် တမူးမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] တမူးခရိုင်၊ တမူးမြို့နယ်၊ တီးတိန်ယံကျေးရွာ၊ တီးတိန်ယံ ဆည်မြောင်းသည်လည်း နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီလက်ထက် ကတည်းက တူးဖော်ခဲ့သည့် ဆည်မြောင်း ဖြစ်ပါ သည်။ဆည်တည်ဆောက်သည့်နေရာသည် အမာခံမရှိသဖြင့် အထက်သို့ ဆည်နေရာပြောင်းရွှေ့ တည်ဆောက်ခဲ့သည့်အခါ ဆည်မြောင်း၏အထက်ဖက်ပေ(၁ဝဝဝ)နီးပါးကို တူးဖော်ရန်လိုအပ် ပါသည်။ ဆက်လက်တူးဖော်အောင်မြင်ပါက လယ်ဧက(၁ဝဝဝ)နီးကျော် စိုက်ပျိုးနိုင်မည်ဖြစ်ပါသည်။ တူးဖေါ်ရန်အတွက်လည်း ဆီဂါလံ(၂၅ဝဝဝ) ဂါလံခွင့်ပြုချက်ရှိခဲ့ရာမှ (၅၅၄၃)ဂါလံကို တမူးဆည်မြောင်းဦးစီးဌာနမှ လွန်ခဲ့သည့်(၂)နှစ်ကတည်းက ထုတ်ယူခဲ့ပြီးဖြစ်သည်ဟုလည်း သိရှိရ ပါသည်။သို့သော် ယခုထိ ဤဆည်မြောင်းအရင်းပိုင်းပေ(၁ဝဝဝ)နီးပါးကို တူးဖေါ်ပြီးအကောင်အထည်ဖေါ်ခြင်းမရှိသည်ကိုတွေ့ရပါသည်။ သို့ဖြစ်ပါ၍ ဤဆည်မြောင်းအရင်းပိုင်းဆက်လက်ပြီး တူးဖေါ်ခြင်း ဆက်လက်လုပ်ကိုင်ဆောင်ရွက်ပေးမည် ကို ယခုနှစ် ၂ဝ၁၆-၂ဝ၁၇ ဘ@ာရေးနှစ်တွင်  အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] တီးတိန်ယံဆည် လက်ယာတူးမြောင်း နှင့် လက်တန်မြောင်းတူးဖော်ခြင်းအတွက် ၂ဝ၁၃-၂ဝ၁၄ ခုနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် စတင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိဒီဇယ်ဆီ(၅၅၄၃)ဂါလန်ထုတ်ယူ၍ မြေကြီးလုပ်ငန်းပေ(၇ဝဝဝ)ကျော် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ မြေကြီးကျင်း(၂၂ဝဝဝ) ကျင်းဆောင်ရွက်ရန်ကျန်ရှိပါသည်။တူးမြောင်းနှင့်လက်တန်မြောင်းတူးဖော်ခြင်းလုပ်ငန်း၏အရင်းပိုင်းမြေကြီးလုပ်ငန်းများအတွက်စက် ယန္တရားများရရှိရေးနှင့်ထပ်မံလိုအပ်သည့် ဒီဇယ်ဆီများထုတ်ယူ ရရှိရေးအတွက်ခန့်မှန်းကုန်ကျငွေ(၆ဝ)သန်းလိုအပ်မည်ဖြစ်ပါသည်။ အဆိုပါ ကုန်ကျမည့်ငွေ(၆ဝ)သန်းကို ၂ဝ၁၆-၂ဝ၁၇ ဘ@ာရေးနှစ်တိုင်းဒေသကြီးဖြည့်စွက်ရန်ပုံငွေရရှိရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ လုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။
[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဦးသောင်းမြင့်၊ အမှတ်(၁)မဲဆန္ဒနယ် မြင်းမူမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] မြင်းမူမြို့နယ်၊ ကန်တော်ကျေးရွာသည် မြင်းမူမြို့မှ အရာတော်မြို့ သို့ ဆက်သွယ်ထားသော ကတ္တရာလမ်းအနီးတွင်ရှိပြီး အိမ်ခြေ(၆၂၂) အိမ်၊ လူဦးရေ(၂၇၅ဝ)ဦးရှိသော ကျေးရွာတစ်ရွာဖြစ်ပါတယ်။ ကန်တော် ကျေးရွာ၏ အရှေ့ဘက်တွင် ကန်ဘောင်အလျား(၇၅ဝဝ)ပေ၊ အမြင့်(၅) ပေ၊ အကျယ်(၁ဝ)ပေ ရှိပြီး ရေဝပ်ဧရိယာ(၈ဝဝ)ဧကပေရှိသော ကန်ဖြစ် ပါသည်။ ၄င်းကန်သည် ကျေးရွာသူ/ ကျေးရွာသားများမှ သောက်သုံးရေ အပြင် စိုက်ပျိုးရေအဖြစ် စပါးဧက(၄၅ဝ)ခန့်နှင့် ယာသီးနှံ၊ ဂျုံ၊ ကုလားပဲ သီးနှံများ၊ စိုက်ပျိုး ရေရယူ၍အားကိုးအားထားအသုံးပြုနေရာသော ကန်ကြီးဖြစ်ပါတယ်။

အဆိုပါကန်ကြီးသို့ စီးဝင်သောရေဝင်ချောင်း(၉)ချောင်းရှိပါတယ်။ နှစ်စဉ်မိုးရာသီကာလ ရေဝင်ရောက်မှုများပြားပြီး ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် တစ်ကြိမ်၊ ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် တစ်ကြိမ် ကန်ပေါင်ကျိုးပေါက်မှု ကြောင့် တိုင်းဒေသကြီးအစိုးရစီစဉ်မှုဖြင့် ဆည်မြောင်းဦးစီးဌာနမှ ကန်ပေါင်မြေဖို့ ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရပါတယ်။ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်တွင် ရေပိုလွှဲပြုပြင်ပေးခြင်းနှင့် ရေထိမ်းတံခါး တပ်ခြင်းများပြုလုပ် ဆောင်ရွက်ပေးခဲ့ပါတယ်။

သို့ပါသော်လည်း ၂ဝ၁၆ ခုနှစ်၊ ဇူလိုင်လ(၁၄)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် ရေဝင်ရောက်မှုများပြားပြီး ကန်တော် မြင်းမူမြို့နယ်၊ ကန်တော်ကျေးရွာသည် မြင်းမူမြို့မှ အရာတော်မြို့ သို့ ဆက်သွယ်ထားသော ကတ္တရာလမ်းအနီးတွင်ရှိပြီး အိမ်ခြေ(၆၂၂) အိမ်၊ လူဦးရေ(၂၇၅ဝ)ဦးရှိသော ကျေးရွာတစ်ရွာဖြစ်ပါတယ်။ ကန်တော် ကျေးရွာ၏ အရှေ့ဘက်တွင် ကန်ဘောင်အလျား(၇၅ဝဝ)ပေ၊ အမြင့်(၅) ပေ၊ အကျယ်(၁ဝ)ပေ ရှိပြီး ရေဝပ်ဧရိယာ(၈ဝဝ)ဧကပေရှိသော ကန်ဖြစ်ပါသည်။ ၄င်းကန်သည် ကျေးရွာသူ။ ကျေးရွာသားများမှ သောက်သုံးရေ အပြင် စိုက်ပျိုးရေအဖြစ် စပါးဧက(၄၅ဝ)ခန့်နှင့် ယာသီးနှံ၊ ဂျုံ၊ ကုလားပဲ သီးနှံများ၊ စိုက်ပျိုးရေ ရယူ၍ အားကိုးအားထားအသုံးပြုနရောသော ကန်ကြီးဖြစ်ပါတယ်။

အဆိုပါကန်ကြီးသို့ စီးဝင်သောရေဝင်ချောင်း(၉)ချောင်းရှိပါတယ်။ နှစ်စဉ်မိုးရာသီကာလ ရေဝင်ရောက်မှုများပြားပြီး ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် တစ်ကြိမ်၊ ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် တစ်ကြိမ် ကန်ပေါင်ကျိုးပေါက်မှု ကြောင့် တိုင်းဒသေကြီးအစိုးရစီစဉ်မှုဖြင့် ဆည်မြောင်းဦးစီးဌာနမှ ကန်ပေါင်မြေဖို့ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရပါတယ်။ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်တွင် ရပေိုလွှဲပြုပြင်ပေးခြင်းနှင့် ရေထိမ်းတံခါး တပ်ခြင်းများပြုလုပ် ဆောင်ရွက်ပေးခဲ့ပါတယ်။

သို့ပါသော်လည်း ၂ဝ၁၆ ခုနှစ်၊ ဇူလိုင်လ(၁၄)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် ရဝေင်ရောက်မှုများပြားပြီး ကန်တော်ကျေးရွာ၊ကန်ကြီးသည် အလျား(၅ဝ)ပေ၊ အနက်(၁၂)ပေခန့် ရေတိုက်စားခံရပြီး ကျိုးပေါက်မှုဖြစ်ပေါ်ခဲ့ပါတယ်။သို့ဖြစ်ပါ၍ ကန်တော်ကန်ကြီးသည် နှစ်စဉ်နှစ်တိုင်းကန်ပေါင်ကျိုးပေါက်မှု ဖြစ်ပေါ် လျှက်ရှိပါသောကြောင့် တတ်သိပညာရှင်များမှ ကွင်းဆင်းလေ့လာပြီး လိုအပ်သည့် အစီအမံများဖြင့် ပြုပြင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] ကန်တော်ကန်သည် ရှေးဟောင်းတစ်ဖက်ဆည်ကန်အမျိုးအစားဖြစ်ပြီး ရေပိုလွှဲဟောင်းတစ်ခုပါရှိပါသည်။ကန်တော်ကန်
အလျားမှာ(၇၅ဝဝ)ပေ၊ အနက်(၅)ပေ၊ထိပ်ဝအကျယ်(၁ဝ)ပေရှိပါသည်။ ကန်တော်ကန်သည် နှစ်စဉ်ရေဝင်အားကောင်းသောကန်တစ်ခုဖြစ်ပြီး ကန်ဘောင်ကြံ့ခိုင်မှုအားနည်းခြင်း၊လက်ရှိကန်ဘောင်၏ မြေအမျိုးအစားမကောင်းခြင်းတို့ကြောင့်နှစ်စဉ်ထူးပေါက်ပြီး ကျိုးပေါက်မှုဖြစ်ပွားလျှက်ရှိပါသည်။ ကန်တော်ကန်ကျိုးပေါက်
မှုမဖြစ်စေရေးအတွက် ကန်တော်ကန်ဘောင်အား အမြင့်(၃)ပေမြှင့်တင်ပြီး ဘောင်အားဖြည့်ခြင်းလုပ်ငန်းဆောင်ရွက်ပေးရန်လိုအပ်ပါသည်။ အဆိုပါလုပ်ငန်းဆောင်ရွက်ပါက ခန့်မှန်းကုန်ကျငွေကျပ်သိန်း(၂ဝဝ) ကုန်ကျမည်ဖြစ်ပြီး၊ မြေကြီးကျင်းမှာ(၈ဝဝဝ)ဖြစ်ပါသည်။

ကန်တော်ကန်ရေပိုလွှဲမှာလည်း သစ်ပင်ချုံနွယ်များပေါက်ရောက်၍ ပျက်စီးလျှက်ရှိနေပါသည်။ ပိုလျှံရေများရေပိုလွှဲမှအလွယ်တကူဖြတ်သန်းစီးဆင်းနိုင်ရန်အတွက် ရေပိုလွှဲပြုပြင်ပေးရန်လိုအပ်ပါသည်။ခန့်မှန်းကုန်ကျငွေမှာကျပ်သိန်း(၁၇ဝ)ဖြစ်ပါသည်။ အဆိုပါလုပ်ငန်းများအတွက် စုစုပေါင်းခန့်မှန်းကုန်ကျငွေ(၃၇ဝ)သိန်းခန့်ကုန်ကျမည်ဖြစ်ပါသည်။ အဆိုပါလုပ်ငန်းအတွက် ၂ဝ၁၆-၂ဝ၁၇ ဘ@ာနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေ (BE)တွင် ပါဝင်ခြင်း မရှိပါ။ သို့ဖြစ်ပါ၍၂ဝ၁၆-၂ဝ၁၇ခုဘ@ာရေးနှစ် တိုင်းဒေသကြီး ဖြည့်စွက်ရန်ပုံငွေ (RE) ရရှိရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားအပ် ပါသည်။
[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဦးထွန်းထွန်းဝင်း၊ အမှတ်(၂)မဲဆန္ဒနယ် ကနီမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ကနီမြို့နယ်၏ လယ်ယာမြေသိမ်းဆည်းမှုများမှာ တွင်းကျေးရွာအုပ်စု၊တွင်းထဲတောင်သူ (၁၄၈)ဦး၊ ဦးပိုင်(၂၄၂)၊ ဥယျာဉ်(၂၄.၄၇)ဧက၊ ယာ-၂ (၅၆.၇ဝ)ဧက၊ ယာ-၃ (၈၁.၅၆)ဧက၊ စုစုပေါင်း(၁၆၂.၈၂)ဧက၊ တွင်းကုန်းပေါ်တောင်သူ(၂၅)ဦး၊ဦးပိုင်(၃၆)ယာ-၁(၂၉.၄၂)ဧက၊ ယာ-၂ (၅.၈၂)ဧက၊စုစုပေါင်း(၃၅.၂၄)ဧက၊ တောင်ပျောက်တွင်းထဲတောင်သူ (၈၉)ဦး၊ ဦးပိုင်(၁၃၂)၊ ဥယျာဉ် (၂.၇ဝ)ဧက၊ ယာ-၁ (၂၁.၃၆)ဧက၊ ယာ-၂(၃၅.၂၅)ဧက၊စုစုပေါင်း(၅၉.၃၁)ဧက၊ တောင်ပျောက်ကုန်းပေါ် တောင်သူ(၁ဝ)ဦး၊ဦးပိုင်(၁၂)ယာ-၂(၉.၇၄)ဧက၊ ကနီမြို့နယ်၊ပေါက်အင်း တောင်ဒေသ စုစုပေါင်း(၂ဝ၁၇၇)ဧက ၊ ကနီတစ်မြို့နယ်ထဲတွင်ပင်လျှင် ဤမျှများပြားလျှက်ရှိပါသည်။ ထို့အပြင် မုံရွာမြို့နယ်၊ အရာတော်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ မြောင်မြို့နယ် ဒီပဲယင်းမြို့နယ်၊ ကလေးမြို့နယ်၊စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ်(၃၇)ခု၌ လယ်ယာမြေ သိမ်းဆည်းမှုပေါင်းအမြောက်အများရှိပါသည်။

၁။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လယ်ယာမြေသိမ်းဆည်းမှုများ ကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မည်ကဲ့သို့ဖြေရှင်းမည်ဟု သိရှိလိုပါသည်။
၂။ အကယ်၍ဖြေရှင်းမည်ဆိုလျှင်မည်သည့်အချိန်တွင် စတင်ဖြေရှင်း မည်ဖြစ်ကြောင်း သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]

၁။ မေးမြန်းချက်တွင်ပါဝင်သည့် ကနီမြို့နယ်၊ တွင်းထဲနေ တောင်သူ(၁၄၈)ဦး၊ ဦးပိုင်(၂၄၂)၊ ဥယျာဉ် (၂၄.၄၇)ဧက၊ ယာ(၂)၊ (၅၆.၇ဝ)ဧက၊ ယာ(၃)၊ (၈၁.၅၆) ဧက၊ စုစုပေါင်း(၁၆၂.၈၂)ဧကကို ၂ဝဝ၆ ခုနှစ်တွင် အမှတ်(၁)စက်မှု ဝန်ကြီးဌာနမှ အဏုဇီဝဆေးဝါး ထုတ်လုပ်ရေးစက်ရုံနယ်မြေအဖြစ်အသုံးပြုရန်အတွက် ဒေသခံ တောင်သူများအား အိမ်ခြံမြေတန်ဖိုး၊ အဆောက်အဦးတန်ဖိုး၊ စိုက်ပျိုး မြေတန်ဖိုး၊စိုက်ပျိုးသီးနှံပင်တန်ဖိုးများလျော်ကြေးပေးလျော်၍ သိမ်းဆည်းခဲ့သောမြေများ ဖြစ်ကြောင်းစိစစ်တွေ့ရှိရပါသည်။

၂။ တွင်းမကုန်းပေါ်ရှိ တောင်သူ(၂၅)ဦး၏ ဦးပိုင်(၃၆)ခု၊ယာ မြေစုစုပေါင်း(၃၅.၂၄)ဧကကို တွင်းထဲရွာနေတောင်သူများရွှေ့ ပြောင်းနေထိုင်ရန်အတွက်အမှတ်(၁)စက်မှုဝန်ကြီးဌာနမှ ယာ-၁ မြေ(၁)ဧကကို ကျပ်(၄)သိန်းနှုန်းဖြင့် လည်းကောင်း၊ ယာ-၂ မြေ(၁) ဧကကို ကျပ်(၃)သိန်းနှုန်းဖြင့် လည်းကောင်း၊ မြေယာလျော်ကြေး ပေး၍ သိမ်းဆည်းခဲ့သော မြေများဖြစ်ပါသည်။ ၎င်းယာမြေ(၃၅.၂၄) ဧကအား တွင်းထဲရွာတောင်သူ များအား တွင်းရွာမြေသစ်အဖြစ် အသုံးပြုရန်အတွက် တိုင်းအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီမှ အသုံးပြုခွင့် ချမှတ်ပြီးဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။

၃။ ကနီမြို့နယ် တွင်းအုပ်စု၊ တောင်ပျောက်တွင်းထဲ တောင်သူ (၈၉)ဦး၏ ဦးပိုင်ပေါင်း(၁၃၂)ခု၊ ဥယျာဉ်(၂.၇ဝ) ယာ(၁)၊ (၂၁.၃၆) ဧက၊ ယာ-၂၊ (၃၅.၂၅)ဧက၊ စုစုပေါင်း(၅၉.၃၁)ဧက၊ ကိုလည်း ၂ဝဝ၆ ခုနှစ်တွင် အမှတ်(၁)စက်မှုဝန်ကြီးဌာနမှ အဏုဇီဝဆေးဝါး ထုတ်လုပ် ရေးစက်ရုံနယ်မြေအဖြစ်အသုံးပြုရန်အတွက် ဒေသခံတောင်သူ များအား အိမ်ခြံမြေတန်ဖိုး၊ အဆောက်အဦးတန်ဖိုး၊ စိုက်ပျိုးမြေတန်ဖိုး၊ စိုက်ပျိုးသီးနှံ ပင်တန်ဖိုးများလျော်ကြေး ပေးလျော်၍ သိမ်းဆည်းခဲ့သော မြေများဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။

၄။ တောင်ပျောက်ကုန်း ပေါ်ရှိတောင်သူ(၁ဝ)ဦး၊ ဦးပိုင်(၁၂)၊ ယာ-၂ (၉.၇၄)ဧကကို တောင်ပျောက်တွင်းထဲရွာနေ အိမ်ထောင်စု များ ပြောင်းရွှေ့နေထိုင်ရန်အတွက် အမှတ်(၁)စက်မှုဝန်ကြီးဌာနမှ ယာ-၂ မြေ(၁) ဧကကို ကျပ်(၃)သိန်းနှုန်းဖြင့် မြေယာလျော်ကြေး ပေးလျော်၍ သိမ်းဆည်းခဲ့သည့် မြေများဖြစ်ပါသည်။

၅။ သို့ဖြစ်ပါသဖြင့် အထက်အပိုဒ် ၁၊ ၂၊ ၃၊ ၄၊ ပါကိစ္စရပ်များ သည် တောင်သူများနစ်နာမှုမရှိစေရေးအတွက် လျှော်ကြေးပေးချေ၍ တည်ဆဲဥပဒေနည်းဥပဒေနှင့်အညီ သိမ်းဆည်းခဲ့ခြင်းသာဖြစ်ပါသည်။ ၆။ စစ်ကိုင်းတိုင်းဒေသကြီးကနီမြို့နယ်တွင် ၂ဝဝ၆ ခုနှစ်အထူး ကြက်ဆူဇုန်အဖြစ် လျာထားသတ်မှတ်ခဲ့ရာတွင် ပေါက်အင်းတောင် သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်နေရာများတွင် ဧရိယာ (၁၅၉၃၇)ဧကကို အောက်ပါအတိုင်းလျာထားသတ်မှတ်ခဲ့ ပါသည်။

p39

၇။ ယင်းကဲ့သို့လျာထားသတ်မှတ်ခဲ့သည့်အပြင်ကနီမြို့နယ်ရှိ တောင်သူပေါင်း(၁၈၅၇)ဦးတို့မှလည်း လမ်းဘေး၊လယ်ကန်သင်း နှင့်မြေလွတ်များတွင် စိုက်ပျိုးကြရာတောင်သူစိုက်ဧရိယာ (၉၄၉၄)ဧကအထိ စိုက်ပျိုးခဲ့ပါသည်။

၈။ တပ်ရင်းတပ်ဖွဲ့များသို့ စိုက်ပျိုးရန်တာဝန်ပေးအပ်ထားသော မြေ ဧရိယာအတွက် တပ်ရင်းများမှ စိုက်ပျိုးခဲ့ပြီး စိုက်ပျိုးအသုံးပြုခြင်း မရှိသည့် မြေရိုင်း(၁ဝ၄၇)ဧက၊ သစ်တောကြိုးဝိုင်းမြေ(၁၃၈၈)ဧက စုစုပေါင်း( ၂၄၃၅)ဧကကို ပြန်လည်အပ်နှံပြီး ဖြစ်သဖြင့် ယင်းမြေ များနှင့် ပတ်သက်၍ မြေရိုင်းများတွင် စိုက်ပျိုးလုပ်ကိုင်ခဲ့ကြသော
မူလတောင်သူ(၄၈)ဦးသို့ ဧရိယာ(၂၃၆.၅၁)ဧကကို လုပ်ထုံးလုပ် နည်းနှင့် အညီ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ပါသည်။ ကျန် အပ်နှံသောမြေများသည် မြေလွတ်မြေရိုင်းများနှင့် သစ်တောမြေ များသာဖြစ်သဖြင့် တာဝန်ယူကြီးကြပ်ရမည့် ဌာနများမှ ထိန်းသိမ်း ထားရှိပါသည်။

၉။ ကြက်ဆူစိုက်ပျိုးရန်လျာထားသတ်မှတ်ပေးစဉ်က မူလ တောင်သူများ၏စိုက်ပျိုးခဲ့သောမြေများမှာမြေရိုင်း၊ တောရိုင်းတွင် (၁၇၅၄) ဧကနှင့် သစ်တောကြိုးဝိုင်းကျူးလွန်စိုက်ပျိုးမှု (၁၈၃၄)ဧက ဖြစ်ပါ သည်။

၁ဝ။ ယင်းကဲ့သို့ကြက်ဆူဇုန်လျာထားသတ်မှတ်ခဲ့သော်လည်း ဌာန အဖွဲ့အစည်းများမှ ကြက်ဆူအောင်မြင်စွာမစိုက်ပျိုးနိုင်သဖြင့် မူလ တောင်သူများမှပင် ၄င်းတို့စိုက်ပျိုးလိုသောသီးနှံများကိုစိုက်ပျိုး လုပ်ကိုင်လျှက်ရှိပါသည်။

၁၁။ အထူးကြက်ဆူဇုန်အတွင်းပါဝင်သော တင်ဝင်းထွန်းကုမ္ပဏီ သည် ဧရိယာဧက(၃၂ဝဝ)ဧကအား သစ်တောရေးရာဝန်ကြီးဌာန နှင့်နှစ်(၃ဝ)ငှားရမ်း စိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိသဖြင့် ၄င်းမြေအတွင်း ရှိမူလသစ်တောကြိုးဝိုင်းကျူးလွန်စိုက်ပျိုးခဲ့သော တောင်သူများနှင့် မြေယာအငြင်းပွားမှုများ ဖြစ်ပွားကြခြင်းသာဖြစ်ပါသည်။

၁၂။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လယ်ယာမြေသိမ်းဆည်း မှုများနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ (၁၆.၉.၂ဝ၁၃) ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်(၅၉/၂ဝ၁၃)ဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်သော မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီအဆင့်ဆင့်မှ စိစစ်၍ဖြေရှင်းဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ (၂၉.၃.၂ဝ၁၆) ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် ၅၁/၂ဝ၁၆ ဖြင့် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီကို ဖျက်သိမ်းခဲ့ပြီးဖြစ်ပါသဖြင့် နိုင်ငံတော်သမ္မတရုံး၏(၁၅.၅.၂ဝ၁၆)ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် ၁၄/၂ဝ၁၆ ဖြင့်ဖွဲဲ့စည်းထားသောလယ်ယာမြေနှင့် အခြား မြေများသိမ်းဆည်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီ အဆင့်ဆင့်မှ ဖြေရှင်းဆောင်ရွက်လျှက်ရှိကြောင်းဖြေကြားအပ်ပါသည်။

[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဒေါ်သင်းသင်းကြူ၊ အမှတ်(၁)မဲဆန္ဒနယ် ခင်ဦးမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၏ အနောက်ပိုင်းတွင် ရှိသော DY 1 တူးမြောင်းဘောင်၏အနောက်ဖက်မူးဘောင်ပေါ်တွင် ကျောက်ချောလမ်း(သို့)ကတ္တရာလမ်းခင်းရန် အစီအစဉ်ရှိ/မရှိ အကယ်၍ဆောင်ရွက်ပေးရန်အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလ တွင်မည်သို့ဆောင်ရွက်ပေးမည် မရှိပါက အဘယ့်ကြောင့်ဆိုတာ သိရှိလိုပါတယ်။

လမ်းခင်းပေးစေလိုသောနေရာမှာ ရေဦး-ခင်ဦး ကားလမ်းပေါ်ရှိ မြင်းဒေါင်းကျေးရွာတံတားမှစတင်၍ မြောက်မှတောင် သို့တိုက်ရိုက် စီးဆင်းသွားရာ ရွှေဘို-ရေဦးကားလမ်းပေါ်ရှိ ညောင်ပင်ကြီးစု ကျေးရွာတံတား၏တောင်ဘက်ဗျိုင်းကျိုင်ကျေးရွာအထိ ီ့ ၁ တူးမြောင်းစီးဆင်းရာတလျှောက် ခြောက်မိုင်ခွဲ(၆/၄)ခန့်ဖြစ်ပါသည်။

DY 1  မူးဘောင်ကိုအဓိကအသုံးပြုနေကြသော ကျေးရွာများနှင့် လူဦးရေများမှာ ခင်ဦးမြို့နယ်၏အနောက်ဘက်ခြမ်းတွင်နေထိုင်ကြသော အင်းပတ်အုပ်စု အိမ်ခြေ(၁၂၄ဝ)၊ အိမ်ထောင်စု (၁၂၄ဝ)၊ လူဦးရေ (၅၇၂၆)၊ မြကန်အုပ်စု အိမ်ခြေ(၁၂ဝ)၊ အိမ်ထောင်စု(၁၂ဝ)၊ လူဦးရေ (၄၇၇)၊ မုံတော(မ) အုပ်စုအိမ်ခြေ(၅၈၇)၊ အိမ်ထောင်စု(၆၁၇)၊ လူဦးရေ (၂၈၂၄)၊ မူးသာအုပ်စုအိမ်ခြေ(၆၃၆)၊ အိမ်ထောင်စု (၆၃၆)၊ လူဦးရေ (၃၁၃၇)၊ ကျွန်းလယ်အုပ်စုအိမ်ခြေ(၅၃၂)၊ အိမ်ထောင်စု(၅၄၅)၊လူဦးရေ(၂၆၈၅)၊ ရုံးစုအုပ်စုအိမ်ခြေ(၁ဝ၇၂)၊အိမ်ထောင်စု(၁ဝ၇၂)၊ လူဦးရေ (၅၄၇၂)၊ ရွာသစ်အုပ်စုအိမ်ခြေ(၃၂၁)၊ အိမ်ထောင်စု(၃၂၁)၊ လူဦးရေ (၁၈၃၅)၊ သက်ပေးအုပ်စုအိမ်ခြေ(၇၆၂)၊ အိမ်ထောင်စု(၇၆၂)၊ လူဦးရေ (၃၃၉ဝ)ယောက်တို့သည် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် ကုန်စည် ကူးသန်းရောင်းဝယ်ရေးတို့အတွက် ရေဦး၊ ခင်ဦး၊ ရွှေဘိုနှင့် အခြားမြို့ကြီး များသို့ ထိုတူးမြောင်းဘောင်ကအဓိကထား သွားလာ နေရပါသည်။ အထူးသဖြင့် မိုးတွင်းကာလတွင် ကျန်းမာရေး အတွက် ဆေးရုံ၊ ဆေးခန်း သို့သွားရာတွင် မြေသားလမ်းများဖြစ်သဖြင့် ယာဉ်များမောင်းမရ၍ နွားလှည်းများဖြင့်သွားရပါသည်။ စက်တင်ဘာလ မိုးများ သောအချိန်တွင် နွားလှည်းများထွက်မရသည့်အတွက်ကြောင့် လူများနှင့်ထမ်း၍သယ်ရပါသည်။ မွေးလူနာများ၊ ပိုးထိလူနာများနှင့် သွေးထွက်လွန်လူနာများသည် ဆေးရုံသို့အချိန်မီမရောက်ရှိသဖြင့် အသက်ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရ ပါသည်။ ကျောင်းသား/သူများသည် အထက မြင်းဒေါင်းနှင့် အထက ညောင်ပင်ကြီးစုကျောင်းများသို့ (၄)မိုင်ခန့်သွားရောက်ရသဖြင့်မိုးရွာလျှင် ကျောင်းချိန်နောက်ကျမှုများနှင့် မကြာခဏကြုံတွေ့ရပါသည်။

ဤဒေသရှိ ဒေသခံပြည်သူများဖြစ်ကြသော အုပ်စုပေါင်း (၈)ခု၊ ကျေးရွာပေါင်း(၃ဝ)၊ အိမ်ခြေပေါင်း(၅၂၇ဝ)၊ အိမ်ထောင်စုပေါင်း (၅၃၁၃)၊ လူဦးရေစုစုပေါင်း(၂၅၅၄၆)ယောက်တို့၏ လူမှုရေး၊စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးတို့အတွက် အချိန်နှင့်တပြေးညီသွားလာ လှုပ်ရှား ဆောင်ရွက်နိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] စစ်ကိုင်းတိုင်းဒေသကြီးခင်ဦးမြို့နယ်၏ အနောက်ပိုင်းတွင် ရှိသော SMCDY -1 တူးမြောင်းဘောင်ပေါ်တွင် ကျောက်ချောလမ်း (သို့မဟုတ်) ကတ္တရာလမ်းခင်းရန် အစီအစဉ် ရှိ/မရှိနှင့် ပတ်သက်၍ အောက်ပါအတိုင်း ဖြေကြားအပ်ပါသည်-

SMCDY -1 မြောင်းဘောင်လမ်းသည် တူးမြောင်းအစမှ ပေတိုင် ၄၇/ဝဝဝ (၈.၉)မိုင်အထိ ကတ္တရာလမ်းခင်းထားပြီး ဖြစ်ပါသည်။ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းမဟုတ်ပါ။ မုံလှကျေးရွာရှိ ခရစ်ယာန် သာသနာရေးအဖွဲ့၏ ရန်ပုံငွေဖြင့် ကမကထပြုလုပ်၍ လွန်ခဲ့သော (၇)နှစ်ခန့်ကဆောင်ရွက်ခဲ့သောလမ်းဖြစ်ပါသည်။ယခုတင်ပြ တောင်းခံထားသည့် အဆိုပါ DY -1 မြောင်းဘောင်ကို ကတ္တရာ လမ်းခင်းရန်မှာ မြင်းဒေါင်းကျေးရွာမှ ဗျိုင်းကျိုင်းကျေးရွာအထိ (၆.၆၂)မိုင်ကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ၂ဝ၁၆-၂ဝ၁၇ခု ဘဏ္ဍာရေး နှစ်တွင် ပြည်ထောင်စုရန်ပုံငွေတောင်းခံထားခြင်းမရှိပါ။ ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သဖန်းဆိပ်ဆည်ရေသောက် ဧရိယာလက်တံမြောင်းပေါ်တွင် ဌာနအစီအစဉ်ဖြင့် ကတ္တရာလမ်း (သို့မဟုတ်)ကျောက်ချောလမ်းခင်းရန် ဌာနမူအရ ရန်ပုံငွေခွဲဝေပေး ခြင်းမရှိပါ။ အဆိုပါကျောက်ချောလမ်း(သို့မဟုတ်)ကတ္တရာလမ်း ခင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ရေးအတွက် ဆည်မြောင်းနှင့်ရေ အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန စည်ပင်သာယာရေးဦးစီးဌာနနှင့် ကျေးလက်ဦးစီးဌာနတို့အား တာဝန်ပေးဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဖြေကြားအပ်ပါသည်။[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဦးသန်းညွန့်၊ အမှတ်(၁)မဲဆန္ဒနယ် ဟုမ္မလင်းမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] နိုင်ငံတော်သည် ဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များချမှတ်နေသဖြင့် ယခုအချိန်ကာလတွင် သစ်၊ပျဉ်၊မီးသွေးများကို ဖမ်းဆီးလျှက်ရှိ နေပါသည်။ ပြည်သူလူထုအနေဖြင့်သာသနာရေး၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေးအတွက် လိုအပ်သည့် အဆောက်အဦများနှင့်
နေအိမ်များဆောက်လုပ်ရန် အခက်အခဲများစွာနှင့် ရင်ဆိုင်နေကြရ ပါသည်။ပြည်သူလူထု၏အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန် အတွက် မြို့နယ်များတွင် တိုင်းဒေသကြီးအစိုးရအနေဖြင့် လိုင်စင်
ဖြင့် တရားဝင်ပျဉ်အရောင်းအဆိုင်များ ဖွင့်လှစ်သွားရန်လိုအပ်နေပြီ ဖြစ်ပါသည်။သို့ဖြစ်ပါ၍ လိုင်စင်ဖြင့်တရားဝင် ပျဉ်းအရောင်းဆိုင်များ ဖွင့်လှစ်ရန် အစီအစဉ် ရှိ/မရှိ ၊ဖွင့်လှစ်ရန် အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင်လုပ်ကိုင်ဆောင်ရွက်ပေးသွားမည်ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”]

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးမူဝဒါနှင့်အညီ ပုဂ္ဂလိကသစ်စက်/သစ်ဆိုင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်အထွေထွေမန်နေဂျာ(ပြည်တွင်းရောင်း/စက်)၏  ၃.၇.၂ဝ၁၄ ရက်စွဲပါ အာရ်တီအမှတ်(၃ဝ/၂ဝ၁၄-၂ဝ၁၅) နှင့် ၁၅.၅.၂ဝ၁၄ ရက်စွဲပါ စာအမှတ်- ၆၃၃/ခဖ-ပတရ(ပဖ)၁၄-၁၅ တို့အရ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှစ၍ စီးပွားရေးတွက်ချေမကိုက်သည့် ဌာနပိုင် သစ်စက် များအား ရပ်ဆိုင်း၍ နိုင်ငံတော်အရေးကြီးလိုအပ်ချက်များအတွက် တစ်နိုင်ငံလုံး သစ်စက်(၇)စက်သာ လည်ပတ်ဆောင်ရွက်ခဲ့ပြီး၊ သစ်ဆိုင်များအားလုံး ရပ်ဆိုင်းထားခဲ့ပါသည်။
တရားဝင်ပုဂ္ဂလိက သစ်စက်များမှ သစ်လုံးကုန်ကြမ်းများ လေလံဆွဲဝယ်ယူ၍ ဒေသတွင်းသစ်ခွဲသားလိုအပ်ချက်များ ဖြန့်ဖြူး ရောင်းချနိုင်ရန်အတွက် မြန်မာ့သစ်လုပ်ငန်းအနေဖြင့် သစ်လုံးကုန် ကြမ်းများအား လေလံတင်ရောင်းချပေးလျက်ရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဌာနပိုင်သစ်စက်များဖြစ်သည့် အမှတ်(၁၂၃)သစ်စက်(ကလေး) အမှတ်(၁၁)သစ်စက်(ကျီကုန်း)၊ အမှတ်(၂၂)သစ်စက်(ကိုးတောင်ဘို့)၊ အမှတ်(၂၄)သစ်စက်(မြေလင်း)၊ အမှတ်(၄၆)သစ်စက်(ကောလင်း)၊ အမှတ်(၁၁၉) သစ်စက်(နမ်းခမ်း) တို့အား တင်ဒါစနစ်ဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်သို့ အမှတ်(၁၁) သစ်စက်(ကျီကုန်း)၊ အမှတ်(၂၂)သစ်စက်(ကိုးတောင်ဘို့)၊ အမှတ်(၂၄) သစ်စက် (မြေလင်း)၊ အမှတ်(၄၆)သစ်စက်(ကောလင်း)၊ အမှတ်(၁၁၉) သစ်စက်(နမ်းခမ်း)တို့အား တင်ဒါစနစ်ဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ သစ်စက်ငှားရမ်းလည်ပတ်ခွင့်ပြုထားပြီး၊ သစ်စက် တင်ဒါအောင်မြင် သူများမှ သစ်လုံးကုန်ကြမ်းများ လေလံဆွဲဝယ်ယူ၍၄င်းတို့၏ အစီအစဉ်ဖြင့် သစ်လုံးများခွဲစိတ်ခြင်း၊ ခွဲသားများ ဖြန့်ဖြူးရောင်းချခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် သက်တမ်းတိုးရောင်းချခွင့်ရရှိထားသည့် အုပ်စု(၁)သစ်လုံး (၃ဝဝ) တန်နှင့် အခြားသားသစ်လုံး (၇ဝဝ)တန်မှ တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ အစီအစဉ်ဖြင့် တိုင်းဒေသကြီးအတွင်း ရောင်းချခွင့်ပြုနိုင်ပါသည်။

သက်ဆိုင်ရာမြို့နယ်များအနေဖြင့် သာသနာရေး၊ ဘာသာရေး၊ ပညာရေး၊ ကျန်မာရေးအတွက် လိုအပ်သည့်အဆောက်အဦများနှင့် နေအိမ်များဆောက်လုပ်ရန် သစ်လိုအပ်ချက်အား တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လျှောက်ထားဝယ်ယူရရှိရေးအတွက် စီမံဆောင်ရွက် ထားပါသည်။

သို့ဖြစ်ပါ၍ ဒေသသစ်လိုအပ်ချက် ဖြည့်ဆည်းရန် မြန်မာ့သစ် လုပ်ငန်းထုတ်သစ်နှင့် ဖမ်းဆီးရမိသစ်များအား အခါအားလျော်စွာ ဒေသတွင်း လေလံတင်ရောင်းချဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း နှင့် တိုင်းဒေသကြီးအတွင်း မြန်မာ့သစ်လုပ်ငန်း သစ်အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချရန် အစီအစဉ်မရှိပါကြောင်း ဖြေကြားအပ်ပါသည်။

[/symple_accordion_section][/symple_accordion]