စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကတိကဝတ်ပြုခဲ့သည့် ကြယ်ပွင့်မပြမေးခွန်းနှင့် အဖြေများစာရင်း

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များမှ
ပေးပို့လာသော ကြယ်ပွင့်ပြမေးခွန်းအပေါ် ဖြေကြားချက်များ

ဖြေကြားသည့်ဌာန                     –   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဦးမောင်မောင်ဝင်း၊ အမှတ်(၁)မဲဆန္ဒနယ် ဝက်လက်မြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ကျွန်တော်တို့မြို့သည် လူဦးရေ(၁၄ဝဝဝဝ)ကျော်ရှိပြီး (၉ဝ%)မှာ တောင်သူများဖြစ်ကြပါ သည်။ တောင်သူများ၏ရိုးသားကြိုးစားမှုကြောင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်တွင် တိုင်းအတွင်း အကောင်းဆုံး စံပြမြို့နယ်တစ်ခုဖြစ်ခဲ့ပါသည်။
ခေတ်ကာလပြောင်းလဲလာသောအခါ ရိုးသားသော တောင်သူ များအား ခုတုံးလုပ်၍ စိုက်ပျိုးစရိတ်ချေးငွေကို နည်းမျိုးစုံဖြင့် လိမ်လည်၍ထုတ်ယူသုံးစွဲခဲ့ကြပါသည်။ ဆပ်ချိန်တန်လျှင် တောင်သူ များမှာ အပြေအကျေပေးဆပ်ကြသော်လည်း တောင်သူအမည်ခံ ငွေထုတ် သုံးစွဲသူများမှာ အချိန်မီကြေအောင် မဆပ်ကြပါ။

ထို့ကြောင့်ပင် အချို့ကျေးရွာများ စိုက်ပျိုးစရိတ်ချေးငွေ အချိန်မီ မရခြင်းနှင့် လုံးဝမရသော ကျေးရွာအုပ်စုများ လည်းရှိနေ ကြပါသည်။

ထိုသို့တာဝန်ရှိသူများမှာ အကြံအစည်ရှိရှိ အမည်ခံငွေထုတ် သုံးစွဲပြီး ပြန်မဆပ်ကြမှန်း သိပါသော်လည်း ဥပဒေအရ အရေးယူဆောင်ရွက် ခြင်းမရှိဘဲ တောင်သူများအား ပြန်ဆပ်ရန် လက်ညှိုးထိုး ပြောဆိုနေ သည်မှာ မဖြစ်သင့်တော့ပါ။

သို့ပါ၍ တိုင်းဒေသကြီးအစိုးရမှ ထိုသို့လိမ်လည်ငွေထုတ် မှုအပေါ် အမှန်တရားပေါ်ပေါက် အောင်စုံစမ်းစစ်ဆေးအရေးယူ ဆောင်ရွက် ပေးနိုင်ခြင်းရှိ/မရှိ နှင့် ရှိပါက မည်သည့်ကာလအတွင်း စီမံချက်ဖြင့် အပြီးဆောင်ရွက်ပေးမည်ကိုသိရှိလိုကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက် “] ဝက်လက်မြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ၂ဝ၁၂/၂ဝ၁၃ ဘဏ္ဍာနှစ်အထိ မိုး/ဆောင်း/မိုးကြို ဘဏ်ချေးငွေ ကြွေးကျန်များမရှိခဲ့ပါ။ ၂ဝ၁၃-ခုနှစ်မှ စတင်၍ မိုး/ဆောင်း ဘဏ်ချေး ငွေများ ကြွေးကျန်ဖြစ်ပေါ်ခဲ့ပါသည်။ ၂ဝ၁၃ မိုးဘဏ်ချေးငွေ (၁၂ဝ၅၉.ဝ၂) ကျပ်သန်း ထုတ်ချေးခဲ့ရာ ၃၁.၇.၂ဝ၁၆ ရက်နေ့အထိ ပေးဆပ်ငွေ (၁၂ဝ၂၈.၂၉) ကျပ်သန်းဖြစ်၍ ကျန်ငွေ (၃ဝ.၇၃) ကျပ်သန်း၊ ၂ဝ၁၃-ဆောင်း ဘဏ်ချေးငွေ (၁၅၃၈.ဝ၈)ကျပ်သန်း ထုတ်ချေးခဲ့ရာ ၃၁.၇.၂ဝ၁၆ ရက်နေ့ထိ ပေးဆပ်ငွေ (၁၅၂၄.၃၂) ကျပ်သန်းဖြစ်၍ ကျန်ငွေ (၁၃.၇၆)ကျပ်သန်း၊ ၂ဝ၁၄-မိုးဘဏ်ချေး ငွေ (၁ဝ၈၇၄.၉၂)ကျပ်သန်း ထုတ်ချေးခဲ့ရာ ၃၁.၇.၂ဝ၁၆ ရက်နေ့ထိ ပေးဆပ်ငွေ (၁ဝ၈၁၃.၃၄) ကျပ်သန်းဖြစ်၍ ကျန်ငွေ (၆၁.၅၈) ကျပ်သန်း ၊ ၂ဝ၁၅-မိုးကြိုဘဏ်ချေးငွေ (၇ဝ၆.ဝဝ)ကျပ်သန်း ထုတ်ချေးခဲ့ရာ ၃၁.၇.၂ဝ၁၆ ရက်နေ့ထိ ပေးဆပ်ငွေ (၆၂၉.၅၄) ကျပ်သန်း ၊ ကျန်ငွေ (၇၆.၄၆)ကျပ်သန်း၊ ၂ဝ၁၅-မိုးဘဏ်ချေးငွေ (၁ဝဝဝ၃.၅ဝ)ကျပ်သန်း ထုတ်ချေးခဲ့ရာ ၃၁.၇.၂ဝ၁၆ ရက်နေ့ထိ ပေးဆပ်ငွေ (၉၄၄၅.၂၁)ကျပ်သန်းဖြစ်၍ ကျန်ငွေ (၅၅၈.၂၉) ကျပ်သန်းဖြစ်ပါသည်။ ဝက်လက်မြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲတွင် အချိန်လွန် ဘဏ်ကြွေးကျန်စုစုပေါင်း(၇၄ဝ.၈၂) ကျပ်သန်း ကျန်ရှိနေပါသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဘဏ်ချေးငွေများ ကြိုးပမ်း ကောက်ခံခဲ့သော်လည်း ဘဏ်ကြွေးများ ဆက်လက်ကျန်ရှိ နေခဲ့ပါသည်။ တိုင်းဒေသကြီးမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၁၆.၅.၂ဝ၁၆ ရက်စွဲပါစာအမှတ်၊ နစ-၃/၂ဝ၈/(၂ဝ၁၆)ဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဘဏ်ကြွေးကျန်အခြေအနေကို တင်ပြခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ ၂၅.၅.၂ဝ၁၆ ရက်စွဲပါ စာအမှတ်၊ ၂/၃-၆(၉၈၇)/ ဦး ၆ ဖြင့် ဘဏ်ချေးငွေများ ပြေကျေစွာ ကောက်ခံရန် ဘဏ်လုပ်ထုံးလုပ် နည်းများဖြင့် အရေးယူဆောင်ရွက်ရန် အကြောင်းပြန်ကြားထားပါသည်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)မှလည်း ၅.၄.၂ဝ၁၆ ရက်စွဲပါစာအမှတ်၊ နစ-၁/၁ဝ/(၂ဝ၁၆) စာဖြင့် ဝက်လက်မြို့နယ်ဘဏ် ခွဲသို့ ဘဏ်ကြွေးကျန်သူများကို ဘဏ်ချေးငွေပြေကျေရေးအတွက် အရေးယူဆောင်ရွက်ရန် အကြောင်း ကြားလာပါသည်။ ဝက်လက်မြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မှလည်း ဘဏ်ချေးငွေေကြွေးဟောင်းများကို ကြိုးပမ်းကောက်ခံ ခဲ့ပါသည်။ သို့ပါသော်လည်း ဝက်လက်မြို့နယ်တွင် ၃၁.၇.၂ဝ၁၆ ရက်နေ့ထိ ဘဏ်ချေး ငွေကျန် (၇၄ဝ.၈၂)ကျပ်သန်း ၊ ကြွေးကျန် ဖြစ်ပေါ်နေခဲ့ပါသည်။ ၄င်းဘဏ်ချေး ငွေကျန်များကို တစ်ဦး ချင်းကွင်းဆင်းစစ်ဆေးပြီး ဖော်ထုတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ယခုကာလသည် မြို့နယ်ဘဏ်ခွဲများတွင် ဘဏ်ချေးငွေပေးသွင်းခြင်းကို ကောက်ခံခြင်း၊ ၂ဝ၁၆-မိုးဘဏ်ချေး ငွေကိုအချိန်မှီပြီးစီးအောင် ထုတ်ချေးနေရခြင်းတို့ကြောင့် ကွင်းဆင်းစစ်ဆေးဖော်ထုတ်ရန် မဖြစ်နိုင်သေးပါ။ ၂ဝ၁၆-မိုးဘဏ် ချေးငွေထုတ်ချေးပြီးနောက် ၁.၁ဝ.၂ဝ၁၆ မှ ၃၁.၁၂.၂ဝ၁၆ ကာလအတွင်း စီမံချက်ဖြင့် အကြံ အစည်ရှိရှိ အမည်ခံထုတ်ချေးသူများကို စုံစမ်းဖော်ထုတ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်။

[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဦးထွန်းထွန်းဝင်း၊ အမှတ်(၂)မဲဆန္ဒနယ် ကနီမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]ယနေ့မြန်မာနိုင်ငံအနှံ့အပြားမှာ လယ်ယာမြေပြန်လည်ပေးအပ်ပွဲများ ပြုလုပ်နေသည်ကို တွေ့ရပါသည်။ (၁-၇-၂ဝ၁၆)နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် သတင်းစာတိုက်နှင့် ပုံနှိပ်တိုက်မှ သိမ်းယူထား သော တောင်သူ(၅၄)ဦး၏ (၂၁၁.၄၆)ဧက၊ (၃-၆-၂ဝ၁၆)မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် (၅၇၄.၄၁)ဧက၊ ပုံစံ-၃ဝ(ခ)အမရပူရမြို့နယ် (၃.၁၉)ဧက၊ (၂-၇-၂ဝ၁၆)ပျဉ်းမနားမြို့ရှောင်လမ်း၊ သစ်လုံးလေးအုပ်စု၊ ကျီးအင်းအုပ်စု၊ နတ်သရဲကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ကင်ပွန်းတန်းကျေးရွာအုပ်စုများတွင် လယ်(၁၃၇.၄၈)ဧက၊ ယာ (၄၈.၄၉) ဧက၊ မတ်ပဲ(၁၂၃)ဧက၊ ကြံ(၃ဝ.၅)ဧက၊ ဟင်းသီးဟင်းရွက် (၁၆.၅၇)ဧက၊သရက်ပင်(၁ဝဝ)လျော်ကြေးများပေးလျော်ခဲ့ပြီးဖြစ်ပါသည်။ (၁ဝ.၇.၂ဝ၁၆)တွင် တနသာင်္ရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်း မြို့နယ်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိမ်းယူထားသော(၁၆၈.၄၈)ဧက၊ တောင်သူ(၂၂)ဦးပြန်လည်ပေး အပ်ခဲ့ ပါသည်။ (၁၁-၇-၂ဝ၁၆) ပဲခူးတိုင်းဒေသကြီး ပြည်-အောင်လံ မိုးကောင်း စောင်းလျားမီးကျင်း မီးရထားလမ်းတွင် မိုးကောင်းကျေးရွာမှ တောင်သူ (၄၂)ဦး၊ ဂွေးကုန်းကျေးရွာမှ တောင်သူ(၄၅)ဦးကို နေရာလျော်ကြေးငွေ (၇၆၅၆၅ဝဝဝ)ကျပ်ပေးအပ်ခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနှင့် ယနေ့အချိန်ထိ သိမ်းဆည်း လယ်ယာမြေဧကမည်မျှပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိလို ပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသိမ်းဆည်းထားသည့် လယ်ယာမြေများအပေါ်အသုံးပြုရန်မလိုအပ်သဖြင့်လည်းကောင်း၊ အသုံးပြုရန်ထက်ပိုမိုမှုကြောင့်လည်းကောင်း၊ ပြန်လည်စွန့်လွှတ်ပေး သည့် မြေများအပေါ် အစီရင်ခံစာအပိုင်း (၁ မှ ၁၈)အထိ ပြန်လည် စွန့်လွှတ်မြေများ၊ သီးခြားပြန်လည်စွန့်လွှတ်မြေများ၏ ဧရိယာ (၅၁၃၇၁.၁၄၃)ဧကရှိပါသည်။ ပြန်လည်စွန့်လွှတ်ပေးသည့်မြေ (၅၁၃၇၁.၁၄၃)ဧကအနက် လယ်ယာမြေဧရိယာ (၂၈၁ဝဝ.၆၆) ဧက၊ စိုက်ပျိုးမြေမဟုတ်သောမြေ (၂၃၂၇၁.၄၈၃)ရှိပြီး၊ စိုက်ပျိုးမြေ (၂၈၁ဝဝ.၆၆)ဧကကို မူလတောင်သူ(၂၉၆ဝ)ဦးအား ပြန်လည် ပေးအပ်ပြီးဖြစ်ပါသည်။ ဆက်လက်၍ဝန်ကြီးဌာနအလိုက် ပြန်လည် စွန့်လွှတ်သည့်မြေများရှိလာပါက တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများစိစစ်ရေးကော်မတီမှ မူလတောင်သူ များ လက်ဝယ်သို့ ပြန်လည်ပေးအပ်နိုင်ရေး စိစစ်ဆောင်ရွက်လျှက် ရှိပါကြောင်း ဖြေကြားအပ်ပါသည်။
[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဒေါ်သင်းသင်းကြူ၊ အမှတ်(၁)မဲဆန္ဒနယ် ခင်ဦးမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”]

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၏အနောက်ဘက်ခြမ်း တွင်ရှိသော မူးတိမ်(အလယ်) ချောင်း၊ မူးတိမ်(အနောက်)ချောင်းများ အားထပ်မံချဲ့ခြင်း၊ ရေကျော်( Spill Way )နှင့်တံတားများ ဆောက် လုပ်ခြင်း အစီအစဉ်ရှိ/မရှိ၊ အကယ်၍ဆောင်ရွက်ပေးရန် အစီအစဉ်ရှိပါက မည်သည့်အချိန် မည်သည့်ကာလတွင်မည်သို့ ဆောင်ရွက်ပေးမည်ကို၊ မရှိပါက အဘယ့်ကြောင့်ဆိုတာသိရှိလိုပါတယ်။

ခင်ဦးမြို့နယ် ဆည်မြောင်းရေသောက်ဒေသများအတွင်း စီးဆင်း လျှက်ရှိသော မူးတိမ်(အလယ်)ချောင်းသည် ခင်ဦးမြို့နယ်၏ အနောက် ဘက်ခြင်းတွင်တည်ရှိပြီး ကန့်ဘလူမြိုကနယ်အတွင်းမှ ဇကာချောင်း၊ ပုပ္ပါးချောင်း၊ ခင်ဦးမြို့နယ်အတွင်းမှ ခက်လုံချောင်း၊ OMC ရေများချိန်တွင် ဗောဓိပေါက်မှ ထုတ်လွှတ်သောရေများမိုးရေချိန်များသောအခါတွင် တွင်းရေများသည် ငါးယုံကြီးကျေးရွာမှတဆင့် မူးတိမ်(အလယ်)ချောင်း အတွင်းသို့စုပြုံစီးဆင်းလာကြပါသည်။ ရေထုစီးဆင်းမှုနှုန်းအဆမတန် များပြားခြင်း၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲပြီး ထူးကဲရေကြီးဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပေါ်ခဲ့ခြင်းကြောင့် နှစ်စဉ်ကျိုးပေါက်မှုများဖြစ်ပေါ်ခဲ့ပါ သည်။ အဓိကကျိုးပေါက်မှုဖြစ်သောနေရာများမှာဖို့မြေ(Filling Portion)အပိုင်းများဖြစ်နေပြီး ၄င်းနေရာများအား ဘောင်ထောက်ခြင်း၊ ရေထွက်ကောင်းရန်ချောင်း၏ ကျဉ်းပြီးကောနေသော နေရာများအား စက်ယန္တရားဖြင့်ကုတ်တင်ခြင်းများပြုလုပ်ပေးရပါမည်။

မူးတိမ်(အနောက်)ချောင်းသည် အလယ်ချောင်းနှင့်အပြိုင် အနောက်ဘက်မှစီးဆင်းပြီး အင်းပေါက်ကျေးရွာအနီးတွင်မူးတိမ် (အလယ်)ချောင်းအတွင်းသို့စီးဝင်ပါသည်။ မူးတိမ်(အလယ်)ချောင်းတွင် ရေကျော်(Spill Way)တပ်ဆင်ပြီး အနောက်ချောင်းအတွင်းမြောင်း ဖေါက်၍ ရေထုတ်လွှတ်မည်ဆိုပါက မူးတိမ်(အနောက်)ချောင်း အားထပ်မံတိုးချဲ့တူးဖော်သင့်ပါသည်။

ဥက္ကဋ္ဌကြီးရှင့် ဆောင်ရွက်သင့်သောနေရာများနှင့် လုပ်ငန်းများမှာ အဓိကအားဖြင့် မကျီးအုပ်ကွင်း၊ အင်းပါတ်ကွင်း၊ မြို့သစ်ကွင်း၊ မြကန် ကွင်းနှင့် မုံတော(မ)ကွင်းအတွင်းလိုအပ်သောနေရာ များဖြစ်ပါသည်။ လုပ်ငန်းများမှာ-
(က) မကျီးအုပ်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၂၃၄၆)နှင့် (၂၃၄၇) အတွင်းရှိ မူးတိမ်(အလယ်) ချောင်းတွင်ရေကျော် (pill Way) ပြုလုပ်၍ ပေ(၁ဝဝဝ)ခန့် မြောင်းဖောက်ပြီး အနောက် ချောင်းအတွင်းသို့ ရေထုတ်လွှတ်ခြင်း လုပ်ငန်း၊
(ခ) မူးတိမ်(အနောက်)ချောင်းအား(၁ဝ)ပေထပ်မံချဲ့ခြင်း လုပ်ငန်း( ရေစီးအားကောင်းခြင်း၊ တူးမြေပိုင်းဖြစ်ခြင်း၊ မြောင်းတာတိုခြင်း၊ ချောင်းပေါ်ရှိ သံလမ်းတံတားနှင့် ကားလမ်းတံတားတို့သည် ထပ်မံချဲ့သော်လည်း ပြုပြင် ရန်မလိုဘဲ လုံလောက်သောအကျယ်(Span)ရှိခြင်း၊ အလယ်ချောင်းမှရေကို ပိုမိုထုတ်လွှတ်နိုင်ခြင်း၊ ကုန်ကျ စရိတ်နည်းပါးခြင်းစသည့်အားသာချက်များရှိပါသည်။
(ဂ) ရေဦး၊ ခင်ဦးကားလမ်းပေါ်မူးတိမ်(အနောက်)ချောင်း တံတား၏တောင်ဘက်၊ အရှေ့ဘက်ဘောင်ကျိုးနေခြင်း၊
(ဃ) မုံတောမြောက်အုပ်စု၊ ကွင်းအမှတ်(၂၃၆ဝ)ကွင်း၊ အမည် စွန်တလွန်ကွင်းနှင့် (၂၃၆၈) ကွင်းအတွင်း ကျိုးနေသော နေရာများနှင့် ပျက်စီးနစ်မြုပ်သွားသောတံတား(၂)စင်း၊
(င) အင်းပေါက်ကျေးရွာ၏အရှေ့ဘက်မှစတင်၍ တောင်ဘက် မူးတိမ်(အလယ်)ချောင်း စီးဆင်းရာတလျှောက် ရွှေဘို မြို့နယ် အတွင်းထိလိုအပ်သလိုတူးမြောင်းဆည်ဖို့ ပြုပြင်ခြင်းများပြုလုပ်ပေးစေလိုပါသည်။

ဥက္ကဋ္ဌကြီးရှင့် မူးတိမ်(အလယ်)ချောင်းရေကြီးရေလျှံ၍ ပျက်စီး ထိခိုက်စေနိုင်သော အုပ်စုများမှာ-
(က) အင်းပတ်ကျေးရွာအုပ်စု – ကွင်းအမှတ်(၂၃၅၇)၊ ဧရိယာ(၂၈၃)ဧက
(ခ) မကျီးအုပ်ကျေးရွာအုပ်စု -ကွင်းအမှတ်(၂၃၄၆)နှင့်(၂၃၄၇)၊ ဧရိယာ(၇ဝဝ)ဧက
(ဂ) မုံတော(မ)အုပ်စု – ကွင်းအမှတ်(၂၃၆ဝ)နှင့်(၂၃၆၈)၊ ဧရိယာ(၂၅ဝ)ဧက
(ဃ) ကျွန်းလည်ကျေးရွာအုပ်စု-ကွင်းအမှတ်(၂၃၆၉)နှင့် (၂၃၇ဝ)၊ ဧရိယာ(၂ဝဝ)ဧက
(င) မြို့သစ်အုပ်စု-ကွင်းအမှတ်(၂၃၉၄)၊(၂၃၉၇)၊ (၂၃၉၉)နှင့်(၂၃၉ဝ)၊ဧရိယာ(၈၅ဝ)ဧက
(စ) ပျဉ်ထောင်ကျေးရွာအုပ်စု- ကွင်းအမှတ်(၂၃၄၂)နှင့် (၂၃၄၅)၊ ဧရိယာ(၆၉၆)ဧက
(ဆ) ကင်းပြစ်ကျေးရွာအုပ်စု – ကွင်းအမှတ်(၂၃၄ဝ)၊ဧရိယာ (၁၅ဝ)ဧက
(ဇ) သရက်ကုန်းကျေးရွာအုပ်စု- ကွင်းအမှတ်(၂၃၉၃)(က)၊ ဧရိယာ(၁၈ဝ)ဧက
(စျ) ရှင်မင်းဒွေကျေးရွာအုပ်စု – ကွင်းအမှတ်(၂၃၃ဝ)နှင့် (၂၃၃၂)၊ ဧရိယာ(၁၄၅)ဧက
(ည) သာဝတ္တိကျေးရွာအုပ်စု – ကွင်းအမှတ်(၂၃၃ဝ)နှင့် (၂၃၃၈)၊ ဧရိယာ(၅၂ဝ)ဧက
(ဋ) မြကန်ကျေးရွာအုပ်စု-ကွင်းအမှတ ်(၂၃၅၉)၊ ဧရိယာ(၂၃၅) ဧကစုစုပေါင်း ကျေးရွာအုပ်စု(၁၁)စု၊ ကွင်းပေါင်း(၂ဝ)နှင့် ဧရိယာ ဧကပေါင်း(၄၂ဝဝ)ဧကတို့သည် နှစ်စဉ်မိုးရာသီတွင် ရေကြီးရေလျှံ မှုများကြောင့် တစ်နှစ်လျှင် နှစ်ကြိမ်သီးနှံများနစ်မြုပ်ပျက်စီးခဲ့ရပါသည်။

ဥက္ကဋ္ဌကြီးရှင့် အထက်မှာတင်ပြခဲ့သော လုပ်ငန်းများ ဆောင်ရွက်ပေးပါက ရာသီဥတုဖောက်ပြားမှုကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ရေကြီးမှုများဖြစ်ပေါ်သော်လည်း ဤဒေသရှိ တောင်သူ များ၏အကျိုးစီးပွားပျက်စီးသည်အထိ မဖြစ်နိုင်ဘဲ ထိခိုက်မှုအနည်းငယ် သာရှိပြီးများစွာအကျိုး ဖြစ်ထွန်းလျှက်ရှိမည်ဖြစ်ပါသည်။ ထို့အပြင်နှစ်စဉ် ကျိုးပေါက်မှုကြောင့် နိုင်ငံတော်ဘဏ္ဍာအလေအလွင့် မရှိစေရန်နှင့် ထူးကဲ ရေကြီးဖြစ်စဉ်များကိုပါ ကာကွယ်နိုင်ရန်ဆောင်ရွက်သင့်သောလုပ်ငန်း များကို ဆောင် ရွက်ပေးပါက ဒေသခံပြည်သူများနှင့် နိုင်ငံတော်အတွက် များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ပါကြောင်း သုံးသပ်တင်ပြခြင်းဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုရလျှင် ဒေသခံပြည်သူများ၏ အကျိုးစီးပွားနှင့် နိုင်ငံတော်ဘဏ္ဍာများ အလေအလွင့်မရှိစေရန် အထက်ပါမေးခွန်းများကိုဥက္ကဋ္ဌကြီးမှတဆင့် အစိုးရအဖွဲ့အား ပြည်သူလူထုကိုယ်စား သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] စစ်ကိုင်းတိုင်းဒေသကြီးခင်ဦးမြို့နယ်အတွင်းရှိမူးတိမ် (အလယ်)ချောင်းသည်ကန့်ဘလူမြို့နယ်အတွင်းမှဇကာချောင်း၊ ပုပ္ပါးချောင်း၊ ခင်ဦးမြို့နယ်အတွင်းမှခက်လုံချောင်း၊ OMC ရေများချိန် တွင်ဗောဓိပေါက်မှထုတ်လွှတ်သောရေများမိုးရေချိန်များပြားစွာ ရွာသွန်းသောအခါများတွင် OMC မြောင်းဘောင်နှင့် SMC မြောင်း ဘောင်အကြားလယ်ကွင်းများမှရေများသည် ငါးယုံကြီးရေဆိုးမှ တဆင့်စီးဝင်ပြီးရေထုပမာဏများပြားစွာစီးဆင်းသောချောင်းဖြစ်ပါ
သည်။

သို့ပါ၍မူးတိမ်(အလယ်)ချောင်းမှ( Spill out )ရေထုတ် အဆောက်အဦးတစ်ခုပေ(၁ဝဝဝ)ခန့်ရှိသည့်ရေသွယ်မြောင်းဖောက် လုပ်ခြင်း၊မူးတိမ်အနောက်ချောင်းအား(၁ဝ)ပေခန့်ထပ်မံချဲ့ခြင်း လုပ်ငန်းများအားဆောင်ရွက်ရန်ကွင်းဆင်းစစ်ဆေးပြီးဖြစ်ပါ သည်။ပေ(၁ဝဝဝ)ရေသွယ်မြောင်းဖောက်လုပ်ခြင်းလုပ်ငန်းတွင်မြေပေးရမည့်တောင်သူများမှ အများအကျိုးအတွက်မြေပေးပါက(သို့မဟုတ်)သင့်တင့်သောနှုန်းဖြင့်နစ်နာကြေးအားညှိနှိုင်း
ဆောင်ရွက်နိုင်ပါက၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဖြည့်စွက်ရန်ပုံငွေ(RE)တွင် ရန်ပုံငွေရရှိရေးဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ရန်ပုံငွေရရှိမှုအခြေအနေပေါ်မူတည်၍ ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ဤလုပ်ငန်းအားဆောင်ရွက်နိုင်မည်ဆိုပါက ဒေသခံ တောင်သူများအတွက် အမှန်တကယ်အကျိုးဖြစ်ထွန်းမည် ဖြစ်ပါကြောင်းနှင့် မကြာခဏကျိုးပေါက်၍ပြန်လည်ပြင်ဆင်နေရခြင်း အတွက်သုံးရသည့် နိုင်ငံတော်ဘဏ္ဍာမှာလည်းလေလွင့်ဆုံးရှုံးမှု နည်းပြီးများစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါ သည်။
[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဦးသန်းညွန့်၊ အမှတ်(၁)မဲဆန္ဒနယ် ဟုမ္မလင်းမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခန္တီးခရိုင်၊ဟုမ္မလင်းမြို့နယ်တွင် ထမံသီရေအား လျှပ်စစ်စီမံကိန်းအတွက် တဇုန်းရေကာတာ တည်ဆောက်ရန် ရေအားလျှပ်စစ်အကောင်အထည် ဖော်တည် ဆောက်ရေးဦးစီးဌာန၊အမှတ်(၅)တည်ဆောက်ရေးဌာနက လေဝေယံ ကျေးရွာတွင်မြေဧက ၃၄၃ဧက တဇုန်းကျေးရွာတွင် မြေဧက ၂၁၆.၂ဝဧက ဟင်နောင်ကျေးရွာတွင် မြေဧက၇၄.၈ဝ ဧကဆွပ်လယ် ကျေးရွာတွင်မြေဧက ၃၂.၆၉ဧက ကို သိမ်းဆည်းထားခဲ့ပါသည်။

၂ဝ၁၄ခုနှစ် သြဂုတ်လ(၇)ရက်နေ့ထုတ်မြန်မာ့အလင်း သတင်းစာတွင် စစ်ကိုင်းတိုင်းဒေသအတွင်းရှိ ထမံသီ၊မော်လိုက်၊ ရွှေစာရေး၊ရေအားလျှပ်စစ်စီမံကိန်းများကို ငွေကြေးများစွာအကုန်အကျခံကာ လေ့လာမှုများပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း ထမံသီ ရေအားလျှပ်စစ်စီမံကိန်းသည် ခန္တီးမြို့အပြင် လေရှီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း၁ဝဝ ကျော်နှင့်ထမံသီတောရိုင်းတိရစာ္ဆန်ထိန်းသိမ်းရေး နယ်မြေဧကပေါင်း ၃၅၁၆ဝ ဧက ရေနစ်မြှုပ်နိုင်ခြင်း၊ မော်လိုက်ရေအား လျှပ်စစ်စီမံကိန်းသည် မော်လိုက်ခရိုင်မှ ကျေးရွာပေါင်း ၁၅၇ ရွာနှင့် ခန္တီးခရိုင်မှ ကျေးရွာ(၄၃)ရွာစုစုပေါင်းရွာပေါင်း၂ဝဝခန့်ရေနစ်မြှုပ်နိုင်ခြင်း၊ ရွှေစာရေးရေအားလျှပ်စစ်စီမံကိန်းတွင် ကနီမြို့နယ်၊အပါအဝင်ကလေးဝ၊ မင်းတပ်နှင့် ကနီမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း၁၉၈ရွာ ရေနစ်မြှုပ်နိုင်ခြင်း တို့ကြောင့် ပြည်သူလူထုအတွက် ထိခိုက်နစ်နာမှု များပြားသဖြင့် နိုင်ငံတော်မှ ယင်းစီမံကိန်းများကို ၂ဝ၁၃-၂ဝ၁၄ခုနှစ်တွင် ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်းဖော်ပြခဲ့ပြီးဖြစ်သဖြင့် ယင်းစီမံကိန်းကြီးဆက်လက်ဆောင်ရွက်ရန် မရှိတော့ဟု နားလည်သဘောပေါက်မိပါသည်။ ထိုစီမံကိန်းများဆက်လက်အကောင်အထည်ဖော်တည် ဆောက်ရန် အစီအစဉ်မရှိပါက သိမ်းဆည်းထားသော မြေများအား မူလမြေပိုင်ရှင်များထံ ပြန်လည်အပ်နှံရန် အစီအစဉ် ရှိ/မရှိ။ သိမ်းဆည်းမြေများမှ လယ်ယာမြေများပါဝင်နေသဖြင့် မြေယာ ပိုင်ရှင်များအား ပုံစံ(၇)ထုတ်ပေးရန် အစီအစဉ် ရှိ /မရှိ ။ မူလမြေပိုင်ရှင်များထံမြေများပြန်လည်အပ်နှံရန် အစီအစဉ်နှင့် လယ်ယာမြေပိုင်ရှင်များအား ပုံစံ(၇) ထုတ်ပေးသွားရန် အစီအစဉ်ရှိပါက မည်သည့်ကာလတွင်းလုပ်ကိုင်ဆောင်ရွက် ပေးသွားမည်ကို သိရှိလို ပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်ရှိ တဇုံး ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၂၆၊ ၂၇၊ ၂၈၊ ၂၉) တို့ရှိဧရိယာပေါင်း (၄၁၃၃.ဝဝ)ဧကအား စစ်ကိုင်းတိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ (၂၅.၁ဝ.၂ဝ၁ဝ)ရက်စွဲပါစာအမှတ်၊ ၅/၄၁-၅(၃၉၆)/ဦး ၆ အရ၁၉၅၃ ခုနှစ်လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေပုဒ်မ(၃၉)ဖြင့် အပ်နှင်းထားသောအခွင့် အာဏာအရ ထမံသီရေအားလျှပ်စစ် စီမံကိန်းအသုံးချရန် အတွက်ခွင့်ပြုပေး ခဲ့ပါသည်။
ယင်းဧရိယာအတွင်း တောင်သူပေါင်း (၃၅၁)ဦး၏ လယ်ယာ မြေ (၃၅၉)ဧကဥယျာဉ်မြေ(၄၉၃)ဧက၊ စုစုပေါင်းလယ်ယာမြေ (၈၈၈)ဧကနှင့် တောရိုင်းမြေ(၂၃၇၄)ဧက အခြားမြေ(၇၈၁)ဧက ပါဝင်ပါသည်။

၂ဝဝ၇ ခုနှစ်တွင် တဇုံးကျေးရွာနှင့် လေဝေယံကျေးရွာ(၂) ရွာအားရွှေပြည်အေးမြို့သစ်သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အစီ အစဉ်ဖြင့် အခမဲ့ပြောင်းရွှေ့ပေးခဲ့ပြီး အိမ်ထောင်စုတစ်စုလျှင် (၈ဝx၁ဝဝ)ပေ နေအိမ်မြေကွက်များအခမဲ့ချထားပေးခဲ့ပါသည်။ ၎င်းအပြင် ရွှေပြည်အေးမြို့သစ်သို့ရွှေ့ပြောင်းသည့် အိမ်ထောင် စုများအတွက် အမှတ်(၅) တည်ဆောက်ရေးနှင့်စက်မှုလယ်ယာဦးစီးဌာနတို့မှ စက်ယန္တရားများဖြင့် လယ်မြေဧရိယာ(၅၁၄)ဧက အားဖော်ထုတ်ပြီး တောင်သူပေါင်း(၂၁၉)ဦးအား တစ်ဦးလျှင် (၂.၃၅) ဧကနှုန်းဖြင့်လည်းကောင်း၊ လက်ဖက်ခင်းစိုက်ပျိုးရန်အတွက် ဧရိယာ (၁၅၁၅)ဧကအားဖော်ထုတ်ပြီး တောင်သူပေါင်း (၃ဝ၃)ဦးအား တစ်ဦးလျှင်(၅.ဝဝ)ဧကနှုန်းဖြင့်လည်းကောင်း၊ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းတွင် မြေဧရိယာ(၄ဝဝ)ဧကအား တိုင်းတာပြီး တောင်သူ(၂ဝဝ)ဦးအား တစ်ဦးလျှင် (၂.ဝဝ)ဧကနှုန်းဖြင့် ဝါးခင်း စိုက်ပျိုးရန်ခွဲဝေချထား ပေးခဲ့ပါသည်။ ၎င်းအပြင် (၂ဝဝ၆)ခုနှစ်တွင် ထမံသီရေအားလျှပ်စစ်စီမံကိန်း ရုံးမြေဧရိယာအတွင်းပါဝင်သည့် စိုက်ဧရိယာများ အတွက် အမှတ်(၅)တည်ဆောက်ရေးမှ သီးနှံ လျော်ကြေးအဖြစ် တစ်ဧကလျှင်(၇၂ဝဝဝ)ကျပ်နှုန်းဖြင့် နစ်နာကြေး ပေးလျော်ခဲ့ပြီး ဖြစ်ပါသည်။

ဟုမ္မလင်းမြို့နယ် ထမံသီရေအားလျှပ်စစ်စီမံကိန်းကို(၂ဝဝ၅) ခုနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၂ ခုနှစ် နောက်ပိုင်း လုပ်ငန်းများဆောင်ရွက်ခြင်းမရှိတော့ ခြင်းကြောင့် ၂ဝ၁၅ ခုနှစ်မှစ၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအ ဖွဲ့၏ လမ်းညွှန်ချက်အရ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဟုမ္မလင်း မြို့၏ (၂၄.၂.၂ဝ၁၅) ရက်စွဲပါ စာအမှတ်၊ ၅။၄၃-၅ဝ(၃၉၂)ဦး၆ အရ ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၅)တည်းဆောက်ရေးမှ ထမံသီ ရေအားလျှပ်စစ်စီမံကိန်းရပ်ဆိုင်းစဉ်ကာလအတွင်း မူလလက်ငုတ် တောင်သူများထံသို့ တစ်နှစ်တစ်ရာသီအငှားစာချုပ်များချုပ်ဆိုပြီး လုပ်ကိုင်ခွင့်ပြုလျှက်ရှိပါသည်။

ထမံသီရေအားလျှပ်စစ်စီမံကိန်းအနေဖြင့် ပြန်လည်စွန့်လွှတ် တင်ပြပါက လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ စိစစ်ရေးကော်မတီအဆင့်ဆင့်၏ စိစစ်အတည်ပြုချက်ဖြင့် လယ် ယာမြေ လုပ်ကိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ထုတ်ပေးနိုင်ရေးဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။
[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ———————– NO(23)

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်မှာ မင်းမြင်ဆည် စီမံကိန်းကို ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်တွင်စတင်အကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့ပါတယ်။ ကန့်ဘလူမြို့နယ်၊ ရှမ်းကုန်းကျေးရွာ အရှေ့ဘက် (၂.၅)ခန့်အကွာမှာ မင်းမြင်ချောင်းကို ပိတ်၍တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။ နိုင်ငံတော် ဘဏ္ဍာငွေကျပ်သန်းပေါင်း (၁၄ဝဝဝ)ခန့် အကုန်အကျခံကာ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၃-၂ဝ၁၄ ခုနှစ်မှာ စီမံကိန်းလုပ်ငန်းပြီးစီးခဲ့ပါသည်။

တမံအမျိုးအစားမှာ မြေသားတမံဖြစ်ပြီး အမြင့်(၈၈)ပေ၊ အလျား(၂၃၅ဝ)ပေရှိပါတယ်။ စတင်တည်ဆောက်စဉ်က လယ်ယာမြေ ဧက(၂ဝဝဝ)ခန့်အား ဆည်ရေပေးဝေနိုင်ရန် ရည်ရွယ်၍တည် ဆောက်ခဲ ခြင်းဖြစ်သော်လည်း ဒီကနေ့အချိန်အထိ ဒေသခံတောင်သူလယ်သမား အများစုမှာ အကျိုး ကျေးဇူးများမခံစားကြရသေးပါ။ ထို့အပြင် မင်းမြင် ဆည်တည်ဆောက်မှုကြောင့် ဆည်ရေဝပ်ဧရိယာကျ ရောက်နေသဖြင့် ပင်းတည်းကျေးရွာမှာ တရွာလုံးရွှေ့ပြောင်းခဲ့ကြရပြီး လုပ်ကိုင်စားသောက် လျှက်ရှိသော လယ်ယာမြေများလည်း နစ်နာဆုံးရှုံးခဲ့ကြရပါတယ်။

စီမံကိန်းကြောင့် လယ်ယာမြေနစ်နာဆုံးရှုံးခဲ့ရသော တောင်သူ များမှာ မင်းတည်းကျေးရွာမှ အများစုဖြစ်ပြီး ရှမ်းကုန်း၊ ဟင်းဖြူတော စသည့်ကျေးရွာများမှ တောင်သူများပါ ဆုံးရှုံးနစ်နာခဲ့ရခြင်း ဖြစ်ပါတယ်။

၂ဝ၁၂-၂ဝ၁၃ ခုနှစ်တွင် ပင်းတည်းကျေးရွာ တောင်သူစုစုပေါင်း (၁၂၉)ဦးမှ (၆၇)အတွက် ဆားတွင်းကြီးကြိုးပြင်ကာကွယ်တောအတွင်း အစားထိုးလယ်ယာမြေများ ပြန်လည်ချထားပေးခဲ့ပြီးဖြစ်ပါတယ်။ သို့သော်လည်း ကျန်တောင်သူ(၆၂)ဦးနှင့် အခြားသောကျေးရွာများမှ တောင်သူများမှာ ယနေ့အချိန်အထိ လယ်ယာမြေအစား ပြန်လည်မရရှိ ကြသေးပဲ ကြုံရာကျပန်းအလုပ်များကိုသာလုပ်ကိုင် နေကြရပါတယ်။

အဆိုပါ တောင်သူများအတွက် အစားထိုးလယ်ယာမြေများ ပြန်လည်ချထားပေးမည်ဆိုပါက ဆားတွင်းကြီး ကြိုးပြင်ကာကွယ်တော အတွင်းမှာ ပေးနိုင်တဲ့အခြေအနေရှိပါတယ်။ အဘယ့်ကြောင့် ဆိုသော် ၂ဝ၁၂ ခုနှစ်ခန့်က ယခင်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးသာအေးမှ ဆားတွင်းကြီး ကြိုးပြင်ကာကွယ်တောအတွင်း ဧက(၉၇ဝ) ခန့်အား မြင်းမွေးရန် ရည်ရွယ်၍မြေနေရာသတ်မှတ်ခဲ့ဘူးပါတယ်။ အဆိုပါမြေနေရာများအား ပြန်လည်ချထားပေးမည်ဆိုပါက ဒေသခံ တောင်သူလယ်သမားအများစု၏ နစ်နာဆုံးရှုံးခဲ့ရမှုများအား အတိုင်းအတာတစ်ခုအထိ ကုစားနိုင်မှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍-
(၁) စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်း မင်းမြင်ဆည် စီမံကိန်းကြောင့် လယ်ယာမြေနစ်နာဆုံးရှုံးခဲ့ရသော တောင်သူများအတွက် အစားထိုးလယ်ယာမြေများပြန်လည်ချထား ပေးရန် အစီအစဉ်ရှိ/မရှိနှင့်
(၂) အစီအစဉ်ရှိပါက မည်သို့မည်ပုံဆောင်ရွက် ပေးပါမည်အကြောင်း သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] ကန့်ဘလူမြို့နယ်၊ အင်းမကျေးရွာအုပ်စု ၂ဝဝ၉-၂ဝ၁ဝခုနှစ် တွင် မင်းမြင်ဆည်တည်ဆောက်မှုကြောင့် ရေဝပ်ဧရိယာအတွင်း ပါဝင်သူပေါင်း(၁၁၉)ဦးရှိပြီး မြေဧရိယာ (၁၄ဝ၁.၇၇)ဧကဖြစ်ပါသည်။ အဆိုပါဆည်တည်ဆောက်မှုကြောင့် ပင်းတည်းကျေးရွာမှာ ဆည်ရေဝပ်ဧရိယာတွင်ကျရောက်ခဲ့သဖြင့် မင်းမြင်ဆည် သွားကား လမ်းဘေး၊ကျွန်းလှမြို့၏အရှေ့ဘက်(၈)မိုင်ခန့်အကွာတွင် ကျေးရွာ သစ်အဖြစ်ပြောင်းရွှေ့စေခဲ့ပါသည်။ဆည်ရေ ဝပ်ဧရိယာအတွင်း ကျရောက်သည့်လယ်ယာမြေများကို ဆားတွင်း ကြီးကြိုပြင်ကာကွယ် တောအတွင်း မြေဧရိယာ(၁၄ဝ၁.၇၇)ဧကအား လုပ်ကွက်မြေ အစားထိုးချထားပေးခဲ့ပါသည်။ရေဝပ်ဧရိယာအတွင်း ပါဝင်သွား သည့် တောင်သူတစ်ဦးချင်း၏ မြေဧရိယာဧကအလိုက် ပြန်လည် ချထားပေးခဲ့ပြီး ဖြစ်ပါသည်။

ဒေသခံတောင်သူများ၏ဆန္ဒအရ၊မြေပြင်တွင် ခြုံနွယ်၊သစ်ပင် များ ရှင်းလင်းခြင်းကို ဆည်မြောင်းဌာနမှ ဆောင်ရွက်ပေးခဲ့ရ ပြီး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ မြေတိုင်းတာ၍ အကွက်ရိုက်အကွက်ချခြင်းများကိုမဲစနစ်ဖြင့် ဆောင်ရွက်ပေးခဲ့ ရပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းမြေစာရင်းဦးစီးဌာန၊ တိုင်းဆည်မြောင်းဦးစီးဌာန ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၏ကြီးကြပ်မှုဖြင့် ချထားပေးခဲ့ ခြင်းဖြစ်ပါသည်။ ကျေးရွာပြောင်းရွှေ့ရာတွင်လည်း အိမ်ယာ မြေကွက်များကို အဆင့်အလိုက်သတ်မှတ်ချထားပေးခြင်း၊ နေအိမ် ပြောင်းရွှေ့စရိတ်ငွေများပေးခြင်း၊ အဆောက်အဦဆောက်လုပ် ပေးခြင်း၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆေးပေးခန်း၊ ရဲကင်း၊ မီးသတ်စခန်း၊ အုပ်ချုပ်ရေးမှူးရုံး၊ စျေးဆိုင်ခန်းများလည်း ဆောင်ရွက် ပေးခဲ့ပါသည်။

မင်းမြင်ဆည်ရေသောက်ဧရိယာအဖြစ် တည်ပင်ကျေးရွာ အုပ်စုကွင်းပေါင်း(၇)ကွင်း၊ဧရိယာ (၂ဝဝဝ)ဧက၊အင်းမကျေးရွာ အုပ်စု၊ ရှမး်ကုန်းကျေးရွာတွင် ကွင်းပေါင်း(၃)ဧရိယာ(၁၂ဝ)ဧက အားစီမံကိန်း ရေသောက်အဖြစ် လျာထားသတ်မှတ်ခဲ့ပါသည်။ ထို့သို့လျာထား သတ်မှတ်ခဲ့သည့် အပေါ် ၂ဝ၁၆-၁၇ ခုနှစ် မိုးစပါးစိုက်ပျိုးရန်အတွက်၊ ပျိုးထောင်ရေကို (၂၈.၆.၂ဝ၁၆) ရက်နေ့မှစ၍ ရေးပေးဝေလျှက် ရှိပါသည်။ မြောင်းမကြီးဘေးဝဲ ယာတောင်သူများအနေဖြင့် ဆည်ရေ ကို တိုက်ရိုက်သောက်နိုင်ခြင်းမရှိသော်လည်း ရေစုတ်စက်ဖြင့် ပျိုးထောင်ရေများရယူ စိုက်ပျိုးလျှက်ရှိပါသည်။

ဆည်ရေဝပ်ဧရိယာတွင်ပါဝင်သည့် တောင်သူများအား လုပ်ကွက် မြေ အစားထိုးချထားပေးပြီး ဖြစ်သော်လည်း ကျန်တောင်သူ(၆၂)မှာ ဆည်ရေဝပ်ဧရိယာတွင်ပါဝင်သွားမှုမရှိသဖြင့်၊ လုပ်ကွက်အစား ချထားပေးခြင်းမရှိခဲ့ပါ၊ လုပ်ကွက်မရရှိ သော တောင်သူ(၆၂)ဦး၏ စိုက်ပျိုးလုပ်ကိုင်နေသော မြေများသည် ဆားတွင်းကြီး ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောတွင်တည် ရှိပြီး လက်ရှိစိုက်ပျိုးလုပ်ကိုင် လျှက်ရှိပါသည်။

မြင်းမွေးမြူရေဇုံအဖြစ်လျာထားသော မြေနေရာသည် ကန့်ဘလူမြို့နယ်၊ အင်မကျေးရွာအုပ်စု၊ ဆားတွင်းကြီးကြိုးပြင်ကာ ကွယ်တောအတွင်းတည်ရှိပြီး ဧရိယာ (၁ဝဝ)ဧကလျာထားခဲ့ပါ သည်။ ထိုသို့လျာထားခဲ့သော်လည်း အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ခြင်းမရှိခဲ့သဖြင့် လက်ရှိမြေပြင်တွင် ဒေသခံတောင်သူများမှ ဝင်ရောက်ကျူးကျော်စိုက်ပျိုးလုပ်ကိုင်နေပါသည်။ သစ်တော ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောအဖြစ်မှ ပယ်ဖျက်ခြင်းမရှိသေးသော် နေရာဖြစ်ခြင်းနှင့် ဆည်ရေဝပ်ဧရိယာတွင်ပါဝင်းခြင်းမရှိသဖြင့် အဆိုပါ တောင်သူ(၆၂)ဦးအား လုပ်ကွက်အစားချထားပေးခဲ့ခြင်း မရှိကြောင်း ဖြေကြားအပ်ပါသည်။
[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဒေါ်နှင်းခိုင်စိုး၊ အမှတ်(၁)မဲဆန္ဒနယ် ဒီပဲယင်းမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ကျွန်မကတော့ အပြီးသတ်ဖောက်လုပ်ထားခြင်းမရှိသော ဆည်မြောင်းလက်တံကိစ္စကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ထို(၁၃) ဆည်မြောင်းလက်တံကို ၂ဝဝ၃-၂ဝဝ၄ ခုနှစ်မှ စတင်တူးဖော်ခဲ့ပြီး တည်တော၊ မူးကမ်း၊ လက်လှုပ်တောင်ရွာထိ တူးဖော်ခဲ့ပါသည်။ ယခုအခါ ထို(၁၃)တူးမြောင်းသည် လက်လှုပ်တောင်ရွာ၏ အနောက်ဘက်တည့်တည့်တွင်ရပ်နားသွားခဲ့ပါသည်။ ထိုသို့ ဆက်လက် ဖော်ဆောင်ခြင်းမပြုပဲ ရပ်နားသွားခြင်းကြောင့် နှစ်စဉ်ဆောင်းသီးနှံများ ပွင့်ခင်းဝင်ချိန်၊ သိမ်းဆည်းချိန်များတွင် မြေဧကများရေနစ်မြုပ်ခြင်း၊ မပြီးသတ်ဖောက်လုပ်ခြင်းမရှိသောကြောင့် မလိုအပ်သော ရေလွှတ်သော အခါ သီးနှံများရေလွှမ်းမိုးခြင်းနှင့် အိမ်ခြေ(၁ဝဝ)ခန့်မှာလည်း ရေကြီး ရေဝင်ခြင်းများ နှစ်စဉ်ကြုံတွေ့နေရပါသည်။ သို့ဖြစ်ပါသောကြောင့် ၄င်း(၁၃)လက်တံအဆုံးအား မူးမြစ်ထဲသို့လည်းကောင်း၊ အင်းပိုင်ချောင်း မြောင်းထဲသို့လည်းကောင်း အပြီးသတ်ဖောက်လုပ်ပေးပါရန်နှင့် ထိုသို့ ဖောက်လုပ်ပြီးပါက စိုက်ပျိုးဧက (၆ဝဝ)ခန့်မှာလည်း စိုက်ပျိုးရေရရှိပြီး စပါးသီးနှံများပိုမိုစိုက်ပျိုးနိုုင်မှာဖြစ်ပါတယ်။

သို့ဖြစ်ပါသောကြောင့် ယင်း(၁၃)လက်တံအား ဆက်လက် ဖောက်လုပ်ပေးမည့်အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် ဖောက်လုပ်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] လက်တန်(၁၃)မြောင်းသည် ယခင်ကဆူးတပ်ရွာတွင်အဆုံးသတ်ပြီး ဖောက်လုပ်ခဲ့ရာ (၂ဝဝ၃-၂ဝဝ၄)ခုနှစ်တွင်လက်လုပ်ရွာအထိ ဆက်လက်တူးဖော်ပေးခဲ့ပြီးဧက(၂၃ဝ)ခန့်ကို ဖြည့်စွက်ရေပေးဝေနိုင်ခဲ့ပြီးဖြစ်ပါသည်။ယခုပေးဝေနိုင်သည့် စိုက်ဧကများမှာ သဖန်းဆိပ်ဆည်ရေဖြင့်လက်ရှိရေရောက်နိုင်သည့် ပမာဏအရ အာဏာအမြင့်ဆုံးအထိပေးဝေခဲ့ခြင်းဖြစ်ပါသည်။သို့ပါ၍ ဆက်လက်ဖောက်လုပ်မည့် အစီအစဉ်မရှိပါ။လက်တန်(၁၃)မှ မလိုအပ်သော ရေထုတ်လွှတ်မှုအား
နောက်နောင်မဖြစ်ပေါ်စေရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှစီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

သီးနှံများရေလွှမ်းမိုးခြင်းနှင့်အိမ်ခြေ(၁ဝဝ)ခန့်ရေကြီးရေဝင်ခြင်းမှကာကွယ်ရန် ပန်းလုံးချောင်းသို့စီးဝင်သော ရေဝပ်အတွင်းသို့ ရေနုတ်မြောင်းတူးဖော်ရန်လိုအပ်ပြီး အရှည်ပေ(၆ဝဝဝ)၊ မြေကြီးကျင်း(၈ဝဝဝ)အတွက် ခန့်မှန်းကုန်ကျငွေအသေးစိတ်တွက်ချက်ပြီး၂ဝ၁၆-၂ဝ၁၇ဘ@ာရေးနှစ် ပြည်ထောင်စုရန်ပုံငွေရရှိရေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်။
[/symple_accordion_section][/symple_accordion]

 

ဖြေကြားသည့်ဌာန                     –   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် −   ဦးမြင့်ထွေး၊ အမှတ်(၂)မဲဆန္ဒနယ် ရေဦးမြို့နယ်

[symple_accordion][symple_accordion_section title=”အကြောင်းအရာ”] ကျွန်တော်တို့ စစ်ကိုင်းတိုင်းဒေသကြီးဟာ အထက်ပိုင်း မြန်မာပြည်ရဲ့အားထားရာ စပါးကျီဖြစ်လို့ ဆန်စပါးကိုအဓိက စိုက်ပျိုး သည့်တိုင်းဒေသကြီးဖြစ်ပါသည်။ လယ်ယာမြေဧကပေါင်း (၁၈)သိန်း ကျော်ရှိသည့်အတွက် တောင်သူဦးရေနှင့် ၄င်းတို့၏မိသားစုဝင် ဦးရေဟာ တိုင်းဒေသကြီး၏ အဓိကအခြေခံ လူဦးရေသာဖြစ်တယ်။ တစ်နိုင်ငံလုံးမှာ လည်း လယ်ယာစိုက်ပျိုးပြီး အသက်မွေးဝမ်းကြောင်းပြုနေသည့် တောင်သူလယ်သမားဦးရေသည်သာ အဓိကအများဆုံးဖြစ်တယ်ဆိုတာ အများသိပြီးသားဖြစ်ကြမှာပါ။ ထိုတောင်သူလယ်သမားများ ဝင်ငွေ တိုးတက်လာရင် နိုင်ငံ့ဝင်ငွေ၊ တစ်ဦးချင်းထုတ်လုပ်မှု တန်ဖိုးမြင့်တက် လာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို ၂ဝ၁၃ ခုနှစ်က ရေးဆွဲပြဌာန်းပေးထားပြီး ဥပဒေနှင့်အညီကာကွယ် စောင့်ရှောက် ရန်ကြိုးစားထားပြီးဖြစ်ပါတယ်။ ဒါကတော့ ပြည်ထောင်စုအဆင့်၊ ဗဟို အဆင့်နှင့်အညီ ဦးစီးအဖွဲ့ဖွဲ့စည်းပြီး ကာကွယ်စောင့်ရှောက်ရန် ဖြစ်ပါ တယ်။ ကျွန်တော်တို့ တိုင်းဒေသကြီး/ပြည်နယ်အဆင့်မှာတော့ လုပ်ငန်း အဖွဲ့ဖွဲ့စည်းပြီး တောင်သူလယ်သမားများ အကျိုးစီးပွားကို ဥပဒေနှင့် အညီ ကာကွယ်မြှင့်တင်ဆောင်ရွက် စောင့်ရှောက်ပေးရမှာ ဖြစ်ပါတယ်။

ယခင်နှစ်များမှာ ရာသီဥတုဖောက်ပြန်မှု၊ ရောဂါပိုးမွှားများ ကျရောက်မှု၊ ပွဲစားများ စျေးကွက်ကိုထိန်းချုပ်မှုနှင့် အရည်အသွေးမပြည့်ဝ သော ဓါတ်မြေသြဇာများ၊ ပိုးသတ်ဆေးဝါးများ စသည့်အကြောင်းအခြင်း ရာမျိုးစုံတို့ကို ကျွန်တော်တို့ တောင်သူလယ်သမားများက အားကိုးရာမဲ့ ခါးစီးခံခဲ့ရပြီး ဖြစ်ပါတယ်။
ဒါကြောင့် ယခုအချိန်မှာဆိုရင်ဖြင့် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးအတွက် မည်သို့အစီအစဉ်များ ကြိုတင် ဆောင်ရွက်စီမံထားပုံကို သိရှိလိုပါသဖြင့် မေးမြန်းရခြင်း ဖြစ်ပါတယ်။

အားလုံးသိမြင်ထားပြီးဖြစ်တဲ့ ယခင်နှစ်နှင့် ယခုနှစ်များတွင် ရာသီဥတုဖောက်ပြန်မှုကြောင့် လယ်မြေ၊ ယာမြေနှင့် ဥယျာဉ်ခြံမြေဧက များစွာတို့သည် သီးနှံနုချိန်၊ သီးနှံရင့်မှည့်ချိန်များတွင် ရေလွှမ်း မှုကြောင့်များစွာပျက်စီးခဲ့ယုံသာမက တောင်သူတို့၏ အိုးအိမ်၊ ခိုင်းနွား၊ ကျွဲနှင့် အိမ်မွေးတိရစာ္ဆန်တို့များစွာ သေကျေပျက်စီးခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် ရေ၊ လေကြောင့် မပျက်စီးခဲ့ရင်လည်း ပိုးမွှားအန္တရာယ်ကြောင့် စိုက်ခင်းများစွာတို့ပျက်စီးဆုံးရှုံးခဲ့ကြပါတယ်။

ဒါကြောင့် ဥပဒေအရ မဖွဲ့စည်းမဆောင်ရွက်နိုင်ရင် တောင် စိတ်စေတနာအရ တောင်သူများရဲ့ဘဝများစွာကို ကာကွယ်စောင့် ရှောက်ရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စီမံကိန်းရေး ဆွဲဆောင်ရွက်ရန်တိုက်တွန်းလိုပါတယ်။ တိုင်းဒေသကြီးအစိုးရ တာဝန် များကို စတင်ထမ်းဆောင်ချိန်မှာ လေဘေးကြောင့်ပျက်စီးဆုံးရှုံးခဲ့ကြသော မြို့နယ်များစွာထဲက တောင်သူမိသားစုဘဝများစွာကို တတ်နိုင် သလောက် ကူညီထောက်ပံ့ပေးခဲ့သည်ကိုလည်း အမှတ်ရကျေးဇူးတင် ပါတယ်။

တောင်သူလယ်သမားတို့၏လူနေမှုဘဝတိုးတက်မြင့်မားလာ စေရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် စိုက်ပျိုးမှုနည်းပညာ အသုံးပြုနေရသော မျိုးစေ့၊ သဘာဝအန္တရာယ်နှင့် အခြားသော ပြဿနာများစွာကို ကူညီထောက်ပံ့ဖြေရှင်းရန်အတွက် တိုင်းအဆင့် မဟာဗျူဟာ၊ နည်းဗျူဟာနှင့် ရန်ပုံငွေပမာဏများကို မည်သို့ကြိုတင် စီစဉ်ဆောင်ရွက်ရေးဆွဲထားသည်ကို သိရှိလိုကြောင်း။

[/symple_accordion_section][symple_accordion_section title=”ဖြေကြားချက်”] တောင်သူလယ်သမားတို့၏ သီးနှံအထွက် နှုန်းတိုးတက်ပြီး ဝင်ငွေတိုးကာ လူနေမှုဘဝ မြင့်မားတိုးတက်လာစေရန် သီးနှံစိုက်ပျိုး နည်းစနစ်များကို ပညာပေးဆွေး နွေးခြင်း၊စံပြကွက်များ ဆောင်ရွက်၍ကွင်းပြ ပွဲများပြသခြင်း၊နည်းပညာပေးမည့်ဝန်ထမ်း များအား စွမ်းဆောင်ရည်မြှင့်တင် ရေးသင် တန်းများပေးခြင်း၊ မျိုးကောင်း မျိုးသန့်များ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလာနိုင်ရန် မျိုးစေ့ ခြံများမှ သီးနှံမျိုးစေ့များကို တောင်သူများ ဝယ်ယူပြီး စိုက်ကွက်များတွင် စိုက်ပျိုး ထုတ်လုပ်ကာ အခြားတောင် သူများသို့ တောင်သူချင်း မျိုးဖြန့် နိုင်စေရန် ချိတ်ဆက်ပေးခြင်းတို့ကိုနှစ်စဉ်လျာထား ဆောင်ရွက် လျက်ရှိပါသည်။

သဘာဝဘေးအန္တရာယ်(ရေကြီးမှု၊မိုးခေါင်မှု၊မိုးသီးကျမှု၊လေပြင်းတိုက်ခတ်မှု) ကြောင့် သီးနှံများထိခိုက် ဆုံးရှုံးအနည်းဆုံး ဖြစ်စေရန်အတွက် ဖြစ်လေ့ဖြစ်ထရှိသော နေရာများနှင့် အချိန်(လ)များတွင် ကြိုတင် ရှောင်လွှဲခြင်း၊ ပြင်ဆင်ခြင်းစသည်တို့ကို ဆောင်ရွက်နိုင်ရန် မိုးလေဝသ သတိပေး ထုတ်ပြန်ခြင်း၊ ပိုးမွှားရောဂါကြိုတင်ကာ ကွယ်ရေးသတိ ပေးနိုးဆော်ချက်များကို ထုတ်ပြန်ပေးခြင်း၊ သဘာဝဘေးဖြစ်ပွား ပြီးပါကလည်း ပိုးမွှားကြောင့်သီးနှံများ မပျက်စီးစေရေးအတွက် တောင်သူနှင့် ဌာနဆိုင်ရာများ၊အုပ်ချုပ်မှုအဖွဲ့အစည်းတို့ ပူးပေါင်း နှိမ်နှင်းခြင်း သဘာဝဘေးကြောင့် သီးနှံပျက်စီးမှုများ ရှိခဲ့ပါက လယ်ယာမြေစီ မံခန့်ခွဲမှုကော်မတီအဆင့်ဆင့် တို့၏ ကွင်းဆင်း ထောက်ခံချက်ဖြင့် သီးနှံအလိုက် ထောက်ပံ့မှုများရရှိရန် ဆောင်ရွက်ပေး လျှက်ရှိပါသည်။အစားထိုးစိုက်ပျိုးရန်မျိုးလိုအပ်ပါကလည်း မျိုးများ ရရှိရန် ချိတ်ဆက် စုဆောင်းပြီး ပြည်ထောင်စု သဘာဝဘေး ရံပုံငွေဖြင့် ဝယ်ယူဖြန့်ဖြူးပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။

၂ဝ၁၂-၂ဝ၁၃ခုနှစ်တွင် မိုးခေါင်မှုကြောင့် မိုးနှမ်းသီးနှံပျက်စီးမှုဖြစ်ပေါ် ခဲ့သည့် မြို့နယ် (၈)မြို့နယ်ရှိတောင်သူ(၁၂၆၈)ဦး တို့၏ ပျက်စီးဧရိယာ (၂၁၈၅)ဧကပေါ် ထောက်ပံ့ကြေးငွေ(၁၅.၂၉၅)သန်း အားနိုင်ငံတော်မှ ထောက်ပံ့ခဲ့ပါသည်။

၂ဝ၁၃-၂ဝ၁၄ခုနှစ်တွင် ဆစ်ပိုးကျရောက် မှုကြောင့်စပါးသီးနှံပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့် မြို့နယ်(၃)မြို့နယ်ရှိတောင်သူ (၃၂၇)ဦးတို့၏ ပျက်စီးဧရိယာ(၂၂၅) ဧက ပေါ်ထောက်ပံ့ကြေးငွေ (၁၁.၄၇၅) သန်း အားနိုင်ငံတော်မှ ထောက်ပံ့ခဲ့ပါသည်။

၂ဝ၁၃-၂ဝ၁၄ခုနှစ်တွင် မိုးသီးကျမှုကြောင့် မိုးစပါးသီးနှံ ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့် မြို့နယ် (၂)မြို့နယ်ရှိတောင်သူ(၂၆၃၈)ဦး တို့၏ ပျက်စီး ဧရိယာ(၆၇၄၂)ဧကပေါ်ထောက်ပံ့ ကြေးငွေ (၃၁၃.၅ဝ၃)သန်းအား နိုင်ငံတော်မှ ထောက်ပံ့ခဲ့ ပါသည်။

၂ဝ၁၃-၂ဝ၁၄ခုနှစ်တွင် ရာသီဥတု အအေး လွန်ကဲမှုကြောင့် မိုးစပါးသီးနှံ ပျက်စီးမှုဖြစ်ပေါ် ခဲ့သည့် အရာတော် မြို့နယ်ရှိတောင်သူ (၁၆ဝ၆)ဦးတို့၏ ပျက်စီးဧရိယာ (၁၅၆၉)ဧက ပေါ် ထောက်ပံ့ကြေးငွေ (၇၂.၉၅၈၅)သန်း အားနိုင်ငံတော်မှထောက်ပံ့ခဲ့ပါသည်။

၂ဝ၁၄-၂ဝ၁၅ခုနှစ်တွင်ရေကြီးနစ်မြုပ်မှုကြောင့် သီးနှံများပျက်စီး မှုဖြစ်ပေါ်ခဲ့သည့် မြို့နယ် (၁ဝ)မြို့နယ်ရှိတောင်သူ(၁၄၁၇)ဦး တို့၏ ပျက်စီးဧရိယာ(၃ဝ၆၅.၄၁)ဧကပေါ် ထောက်ပံ့ကြေးငွေ (၁၁ဝ.၄၃၄၃၆) သန်းအား နိုင်ငံတော် မှထောက်ပံ့ခဲ့ပါသည်။

၂ဝ၁၄-၂ဝ၁၅ခုနှစ်တွင် မိုးသီးကျရောက်မှု ကြောင့် သီးနှံများ ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် မြို့နယ် (၃)မြို့နယ်ရှိ တောင်သူ (၆၅၃)ဦးတို့၏ပျက်စီးဧရိယာ(၂၅၄၅.၄၂)ဧကပေါ် ထောက်ပံ့ ကြေးငွေ (၉၄.၇၉၂)သန်းအား ထောက်ပံခဲ့ပါသည်။
၂ဝ၁၅-၂ဝ၁၆ခုနှစ်တွင် ရေကြီးနစ်မြုပ်မှု ကြောင့်သီးနှံများ ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် မြို့နယ် (၃၄)မြို့နယ်အနက် ပျက်စီး မှုများ သည့်(၈)မြို့နယ်ရှိတောင်သူ (၂၃၁၄၂)ဦး တို့အား အစားထိုးသီးနှံ များပြန်လည် စိုက်ပျိုးနိုင်ရန်(၇ဝ၈.၉၇ဝ၉)သန်း တန်ဘိုး ရှိ စပါးမျိုး အပါအဝင်သီးနှံ (၁ဝ)မျိုး တို့အား နိုင်ငံတော်ရန်ပုံငွေဖြင့် ထောက်ပံ့ ပေးခဲ့ပါသည်။

၂ဝ၁၆ခုနှစ်၊ဧပြီလအတွင်းဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေကြီးမှု ကြောင့် သီးနှံပျက်စီးမှု(၁၁၉၆၅)ဧကရှိခဲ့သည့် ကသာ၊ထီးချိုင့် မြို့နယ်များရှိ တောင်သူ(၅၆ဝ၃)ဦးနှင့်၂ဝ၁၆ခုနှစ် ဧပြီလအတွင်း ဖြစ်ပွားခဲ့သော မိုးသီးေ<ြွကခြင်း၊လေပြင်းတိုက်ခြင်းတို့ကြောင့် သီးနှံ (၂၄၂၉၃)ဧကပျက်စီးခဲ့သည့် မြို့နယ်(၁ဝ)မြို့နယ်ရှိ တောင်သူ (၁၁၅၂၁) ဦးတို့အား ထောက်ပံ့ကြေးများပေးနိုင်ရန် စီစဉ်ထားပြီး ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်။ [/symple_accordion_section][/symple_accordion]