စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီသည် တိုင်ကြားစာကိစ္စနှင့်ပတ်သက်၍ ချောင်းဦးမြို့နယ်၊ တောကျောင်းကြီးကျေးရွာသို့ ကွင်းဆင်းစစ်ဆေး

(၂၇-၇-၂၀၂၀) ရက်နေ့ (၀၉:၀၀)နာရီအချိန်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီသည် တိုင်ကြားထားသည့် ဆင်ဖြူရှင်တံတားနှင့် မီးရထားလမ်းဖောက်လုပ်ရန်အတွက် လယ်ယာမြေသိမ်းဆည်းခံရပြီး ပိုလျှံမြေများအား ပြန်လည်စိုက်ပျိုးခြင်းပြုပါရန် တင်ပြခြင်းကိစ္စနှင့်ပတ်သက်၍ ချောင်းဦးမြို့နယ်၊ တောကျောင်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ မုံရွာခရိုင်စီမံခန့်ခွဲရေးကော်မတီ၊ မုံရွာခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ချောင်းဦးမြို့နယ်စီမံခန့်ခွဲရေးကော်မတီ၊ ချောင်းဦးမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ကာယကံရှင်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး ကွင်းဆင်းစစ်ဆေးခဲ့သည်။

1 3 4 6