စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စည်ပင်သာယာရေးဆိုင်ရာကော်မတီ၏ အစည်းအဝေးကျင်းပမှုအခြေအနေ

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်
*****************************
ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၊ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စည်ပင်သာယာရေးဆိုင်ရာကော်မတီသည် ယနေ့ (၁၄၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ(၉)၌ တိုင်ကြားစာကိစ္စနှင့်စပ်လျဉ်း၍ စိစစ်ဆောင်ရွက်နိုင်ရေးအတွက် အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တိုင်းဦးစီးမှူး တက်ရောက်ဆွေးနွေးခဲ့သည်။

1