၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်
**************************
ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၊ တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီသည် (၁-၁၁-၂၀၁၉) ရက်နေ့တွင် ဒုံဟီးမြို့၊ အထွေအထွေအုပ်ချုပ်ရေးရုံးခန်းမ၌ တရားဥပဒေစိုးမိုးရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဒုံးဟီးမြို့ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။ ဆက်လက်၍ ကော်မတီသည် ဒုံးဟီးမြို့ အ.ထ.က ကျောင်းသို့ သွားရောက်ကွင်းဆင်းကြည့်ရှုပြီး ကျောင်း၏ လိုအပ်ချက်များအား မေးမြန်းဆောင်ရွက်ခဲ့သည်။