ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့်စည်ပင်သာယာရေးဆိုင်ရာကော်မတီသည် (၁၀-၇-၂၀၁၈)ရက်နေ့တွင် မုံရွာမြို့၊ ဒေါနခြံရပ်နေ ဦးအောင်ငွေပိုင် ထန်းတောအုပ်စု၊ ကွင်းအမှတ်(၂၄)၊ ဦးပိုင်အမှတ်(၆/က)ရှိ အလျား(၉၀)ပေ၊ အနံ(၉၀)ပေ၊ ဧရီယာ(၀.၁၆၈)ဧကရှိ မြေငှားဂရန်ရရှိထားသည့် အိမ်ဝန်းခြံမြေအား တံတိုင်းခတ်ခြင်း မပြုလုပ်ဘဲ ပန်းပင်၊ အရိပ်ရပင်များ လမ်းမြေပေါ်တွင် ကျူးကျော်စိုက်ပျိုးထားမှုအပေါ် မုံရွာမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဖယ်ရှားရှင်းလင်းဆောင်ရွက်ရန် တားမြစ်ခြင်းနှင့် ပတ်သက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့သည့် မှတ်တမ်းဓါတ်ပုံများ။