တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးမှ မီးလင်းနိုင်ရေး ညှိနှိုင်းဆွေးနွေး

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေး၊ ရေဦးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဦးခင်မောင်မြင့် ၊စီ/ခန့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညွန့်ဝင်း နှင့် မြို့နယ်အင်ဂျင်နီယာ  ဦးမင်းမင်းထွန်း၊ တင်ဒါအောင် company တို့သည့် NEPအစီအစဉ်၏ ပထမအဆင့်တွင် ၁၁ကေဗွီအေ ဓာတ်အားလိုင်း သွယ်တန်းရန် သဘောတူညီမှုမရသေးသော မုံတိုင်ပင်ရွာ၊ တပ်သစ်ရွာ ၊အောင်သာယာရွာ နှင့် ကာဘိုးကျေးရွာမှ မီးလင်းရေးကော်မတီအဖွဲ့များ၊ရပ်မိရပ်ဖများ တွေ့ဆုံပြီး နိုင်ငံတော်၏ လုပ်ငန်းစဉ်ဆောင်ရွက်ချက်များကို ချပြရှင်းလင်းပြီး ပူးပေါင်းပါဝင်ရန်နှင့် ဒေသအခက်အခဲများကို ဖြေရှင်းနိုင်ရန် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး အောင်မြင်စွာ ညှိနှိုင်းဆွေးနွေးခဲ့သည်။

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂ ရက်

5 6