ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ဒေါ်အောင်ကြည်၊ မဲဆန္ဒနယ် အမှတ်(၂)၊ မုံရွာမြို့နယ်မှ တင်သွင်းသည့် အဆိုအား ထောက်ခံဆွေးနွေးခြင်း

ထောက်ခံသူအမည်          − ဒေါ်ဖြူဖြူဝင်း

မဲဆန္ဒနယ်အမှတ်             − အမှတ်( ၁ )၊ ကောလင်းမြို့နယ်

တိုင်းဒေသကြီး               − စစ်ကိုင်းတိုင်းဒေသကြီး

ထောက်ခံသည့်အရေအတွက် − (၁) ခု

တင်သွင်းသည့်နေ့ရက်     − ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ( ၆ ) ရက်

လေးစားအပ်ပါသော စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ကိုယ်စားလှယ်များ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်ရှင့်။

ကျွန်မကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်မဲဆန္ဒနယ်မြေအမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်ကိုယ်စားလှယ်ဒေါ်ဖြူဖြူဝင်း ဖြစ်ပါတယ်ရှင့်။ ကျွန်မတင်ပြထောက်ခံသွားမည့် အကြောင်းကတော့မုံရွာမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ကြည် အရေးကြီးတင်ပြဆွေးနွေးမှုအပေါ် ထောက်ခံတင်သွင်းသွားမှာ ဖြစ်ပါတယ်ရှင့်

လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးရှင့်

မုံရွာမြို့၊ ဆူးလေကုန်းရပ် ကုမ္ပဏီတစ်ခု၏ ဓာတ်ဆီသိုလှောင်ရုံနှင့် ဓာတ်ဆီဆိုင် ဖွင့်လှစ်ရောင်းချရန် စီမံပြုလုပ်နေခြင်းကို အချိန်မှီ တားဆီးပေးရန် အစီရင်ခံတင်ပြတောင်းဆိုခြင်းကို ထောက်ခံတင်ပြသွားမည်ဖြစ်ပါသည်။ ဆူးလေကုန်းရပ်ကွက်၊ ပြည်ထောင်စုလမ်းနှင့် ကျောက္ကာလမ်းဒေါင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ တိုင်းရောင်းဝယ်ရေးအရာရှိရုံး(စစ်ကိုင်း/ချင်း)နှင့် အတူ ဆူးလေကုန်း အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းကြားတွင် တည်ရှိပါသည်။ ရပ်ကွက်နေပြည်သူများနှင့် မြို့ပေါ် ရှိပြည်သူများ ကျောင်းနေကလေးသူငယ်များအတွက် မီးအန္တရာယ် အမြဲစိုးရိမ်နေရသည့် အနေအထား ရှိပါသည်။ မူလတန်းကျောင်းအမှတ်(၄)နှင့် နယ်နိမိတ်ချင်းထိစပ်လျှက်ရှိပါသောကြောင့် ကျောင်းသား မိဘ၏ စိုးရိမ်ပူပန်သောကရှိမှု၊ စိုးရိမ်မှုများ အမြဲရှိနေပါသည်။ ကျောင်းနေကလေးသူငယ်များအတွက် အထူးအလေးထား အကာအကွယ်အခွင့်အရေးများကို ကလေးသူငယ်နည်းဥပဒေများ အခန်း(၇) အခွင့် အရေးများကို ကာကွယ်စောင့်ရှောက်ခြင်း၊ ကလေးသူငယ်၏တရားဝင်ခံစားပိုင်ခွင့်ရှိသော အခွင့်အရေးများ ထိခိုက်ဆုံးရှူံးမှု မရှိစေရန် ကာကွယ်စောင့်ရှောက်ပေးရမည်။ သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့စည်းသည် အလေးသူငယ်၏ တရားဝင်ခံစားပိုင်ခွင့်ရှိသော အခွင့်ရှိသော အခွင့်အရေးတစ်ရပ်ရပ် ဆုံးရှူံးနစ်နာ ပေးရမည့် အလေးသူငယ်များ၏ တရားဝင် ခံစားပိုင်ခွင့်ရှိသော အခွင့်အရေးတစ်ရပ်ရပ် ဆုံးရှူံး နစ်နာခြင်း နှင့်စပ်လျဉ်း၍ ကလေးသူငယ်ကိုယ်တိုင်ကဖြစ်စေ ကလေးသူငယ်၏ ကိုယ်စား မိဘအုပ်ထိန်းသူကဖြစ်စေ နီးစပ်ရာပုဂ္ဂိုလ်တစ်ဦးဦးဖြစ်စေ သက်ဆိုင်ရာကလေးသူငယ် အခွင့်အရေးများကို ဆိုင်ရာကော်မတီသို့တင်ပြနိုင်သည်။ ကလေးသူငယ်များကျောင်းမှန်မှန်တက်ရေး အချိန်မှီ ကျောင်းထွက်နှုန်းကျဆင်းရေး အတွက် အခြေခံမှုလတန်းနှင့်စဉ်ဆက်မပြတ် အကဲဖြတ်၍ ကုစားသင်ကြားပေးစနစ်ကို အကောင် ထည်ဖော်ဆောင်ရွက်ခြင်းစသည်ဖြင့် သုံးသပ်ကြည့့်လျှင် အဖက်ဖက်မှ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ် ရေးအတွက်လည်းကောင်း၊ မူလတန်းသင်ကျောင်းသူ ကျောင်းသား ရင်သွေးငယ်လေးများအတွက် လည်းကောင်း စိုးရိမ်ထိပ်လန့်ဖွယ်ရှိနေပါသည်။

စက်သုံးဆီအရောင်းဆိုင် ဖွင့်လှစ်ရာတွင်လည်း အခြေခံလိုအပ်ချက်များနှင့် ကိုက်ညီမှု မရှိသည့်အတွက် ၄င်းကလေးများဆီ အနံ့အသက်များကြောင့် ကျန်းမာရေးထိခိုက်ခြင်း၊ လေကောင်း လေသန့် မရှိခြင်း၊ မိဘများစိုးရိမ်ကြောင့်ကြမှုရှိခြင်း အဖက်ဖက်မှ စိုးရိမ်နေရပြီး ပတ်ဝန်းကျင်စိုးရိမ် ထိပ်လန့်မှုများ ဖြစ်ပေါ်နေပြီး ပတ်ဝန်းကျင်အပြင် ဆီဆိုင်နှင့် င်းမူလတန်းကျောင်း ကပ်လျက်ရှိသော ကြောင့် ကလေးသူငယ်များ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်း ဥပဒေကို ကိုးကား၍ မုံရွာမြို့၊ အမှတ်(၂)မဲဆန္ဒနယ်မြေ ဒေါ်အောင်ကြည် တင်သွင်းသော အရေးကြီးအဆိုကို ကလေးသူငယ်များ ကာကွယ်ခြင်း ဥပဒေဖြင့်ထောက်ခံတင်ပြဆွေးနွေးအပ်ပါတယ်ရှင့်။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။

ဒေါ်ဖြူဖြူဝင်း