ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်(၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(တတိယနေ့)ဆက်လက်ကျင်းပ

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(တတိယနေ့) ဆက်လက်ကျင်းပ
၁။ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်(၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(တတိယနေ့)ကို စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁)ရက် (ဗုဒ္ဓဟူးနေ့)၊ (၁၀၀၀)နာရီအချိန်တွင် အစီအစဉ်(၆)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသ ကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စုစုပေါင်း (၉၂)ဦးတက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူး၊ ဒေါ်ယဉ်ယဉ်ရွှေမှ ဆောင်ရွက်ခဲ့သည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးဇော်ထက်၊ ပုလဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ပုလဲမြို့နယ်ရှိ နွယ်ရှောက်ကျေးရွာ၊ လှော်ကားကျေးရွာ၊ ကံပေါက်အရှေ့ရွာ၊ ကံပေါက် အနောက်ရွာ၊ ကံပေါက်မြောက်ရွာ၊ ပန်းရွာကျေးရွာ၊ နွားကူးကျေးရွာ၊ တနယ် ကျေးရွာ၊ တောသာကျေးရွာ၊ ကျောက်ကုန်းကျေးရွာတို့နှင့် ဆက်သွယ်ထားသည့် (၆)မိုင်ခန့်ရှည်လျားသည့် ကျေးရွာချင်းဆက်ဂျင်းလမ်းအား (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေ(သို့မဟုတ်) ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဒေါ်သင်းသင်းကြူ၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ခင်ဦးမြို့နယ်၏ အရှေ့ဘက်ခြမ်းတွင်ရှိသော ကဘွက်ကျေးရွာအုပ်စုအတွင်းရှိ သမင်ကျ ကျေးရွာ အဝင်လမ်းတွင်ရှိသော ဒေသအခေါ် ရမားချောင်းအားဖြတ်လျက် တံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးသန်းညွန့်ဝင်းမှ၏ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃)ဒေါ်အောင်ကြည်၊ မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ကြာပိုင်-ပေါက်ပင် ကားလမ်းတာဘောင်လမ်းပေအရှည် (၆၆၃၁)ပေကို ယခုလက်ရှိ(၁၂)ပေ အကျယ်မှ (၁၈)ပေအကျယ်လမ်းသားအဖြစ် အဆင့်မြှင့်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၄)ဦးသောင်းမြင့်၊ မြင်းမူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မြင်းမူမြို့နယ်၊ မဲနော ကျေးရွာအား မဟာဓာတ်အားလိုင်းနှင့်ချိတ်ဆက်၍ လျှပ်စစ်မီးလင်းနိုင်ရေး အတွက် လိုအပ်လျက်ရှိသော (၁၁)ကေဗွီအေလိုင်း(၂.၅)မိုင်ခန့် ထရန်စဖော်မာ နှင့်ဆက်စပ်ပစ္စည်းများအား တိုင်းဒေသကြီးအစိုးရမှ လာမည့်ဘဏ္ဍာနှစ်တွင်ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅)ဦးဗိုလ်သိန်း၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မော်လိုက်မြို့နယ်၊ တောင်တွင်းကျေးရွာနှင့် မှန်ပင်ကျေးရွာချင်းဆက် လမ်းပိုင်း (၁)မိုင်၊ (၄)ဖာလုံအား (၂’)ထုတာဘောင်တင်ခြင်း၊ ဂျင်းမြေ(၈”)ထုခင်းခြင်းအား ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်ဖြစ်သော ဖြည့်စွက်ဘတ်ဂျက်တွင် ထည့်သွင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် အကယ်၍ ဖြည့်စွက်ဘတ်ဂျက်တွင်ထည့်သွင်းပေးနိုင်ခြင်းမရှိပါကမည်သည့်ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းဆောင်ရွက်ပေးမည်ကို သိရှိလိုပါ ကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆)ဦးဝင်းမြင့်၊ ချောင်းဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မုံရွာ-မန္တလေး ကားလမ်းမကြီးဘေးရှိ Class(A)အမျိုးအစား၊ အရှည်(၃)မိုင်ခန့်ရှိသော ငါးယှန်ရွာနှင့် သန်းပင်ကန်ကျေးရွာချင်းဆက်လမ်းသည် မိုးရာသီတွင် ကျေးရွာလူထုသွားလာရန်ခက်ခဲသဖြင့်၎င်းလမ်းအားကျောက်ချောလမ်းအဖြစ် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၇) ဒေါက်တာကျော်နိုင်ထွန်း၊ မြောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မြောင်မြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းရှိ ကျောက်တန်းကျေးရွာ အုပ်စုနှင့် ရွှေတချောင်းကျေးရွာအုပ်စုတို့တွင်နှစ်စဉ်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုခြင်းများကာကွယ်ရန် တိုင်းဒေသကြီးအစိုးရအနေဖြင့် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၈) ဒေါ်အမာကြည်၊ မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မုံရွာမြို့၊ အလုံ ရပ်ကွက်၊ အ.ထ.က(၁)ကျောင်းတောင်ဘက်လမ်းအား မြေသားလမ်းမှ ကျောက်ခင်းလမ်းသို့ အဆင့်မြှင့်ခင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းရေးဆွဲ ဆောင်ရွက်ပေးရန် အစီ အစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၉) ဒေါ်ခင်မျိုးချစ်၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကန့်ဘလူ မြို့နယ်၊ ခအုန်းတာအုပ်စု၊ ပေကြီးကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက် အအုံနှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်ရာတွင် ဂိတ်မီသွပ်ပြားများ ပြန်လည် လဲလှယ်ခြင်း၊ ကြွေပြားခင်းခြင်း၊ ကွန်ကရစ်ပတ်လမ်းခင်းခြင်းနှင့် ကျန်လိုအပ်သည့်လုပ်ငန်းများအား ပြန်လည်ဆောင်ရွက်ပေးရန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသော “ခန့်မြန်မာခွန်အားသစ်”ကုမ္ပဏီအား ညွှန်ကြား ဆောင်ရွက်ပေးရန်နှင့် ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်အချိန် ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လူမှုရေးဝန်ကြီးဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၀) ဒေါ်သန့်ဝေကျော်၊ ကလေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကလေးမြို့နယ် မြစ်သာမြစ်အရှေ့ဘက်ကမ်းကျေးရွာများတွင် တိုက်နယ်ဆေးရုံပေါ်ပေါက်လာ စေရေးနှင့် အထက်တန်းကျောင်းများ အဆင့်တိုးမြှင့်ပေးရေး စီမံချက်များ ရေးဆွဲရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၁) ဦးစိုးဝင်းထွန်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဧရာဝတီမြစ်နှင့်မူးမြစ်ကြားရှိ ဝက်လက်မြို့နယ်အတွက် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် Speed Boad နှင့် Fiber Boad လှေငယ်များ ချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ချထားပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေး ဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၂) ဦးကျော်ဆန်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ပျဉ်းကိုင်းအုပ်စု၊ ဇလုပ်ကျေးရွာအလယ်တန်းကျောင်းခွဲ ဆောက်လုပ်ပေးရန်အတွက် ဘဏ္ဍာငွေ ချထားပေးရန်၊ ပသေးကျေးရွာအထက်တန်းကျောင်းတွင် ကျောင်းဆောင် လိုအပ်မှုကို ဖြည့်စွက်ပေးရန်နှင့် လက်ချိတ်အုပ်စု၊ နှင်းကြီးကျေးရွာ မူလတန်းကျောင်းအား မူလွန်ကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ဂ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့)ကို ရပ်နားကြောင်းနှင့် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို ၂၀၁၈ခုနှစ်၊ သြဂုတ်လ(၂)ရက် (ကြာသပတေးနေ့) နံနက်(၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့)ကို (၁၁၂၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။03 04 05 06 07 08 09 10 11 12 13 14 15 16 17 18 19 20 21 22 cover 01jpg cover 02 cover 03 cover 04 cover 05

About sagainhluttawdb