ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကို စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၃)ရက် (သောကြာနေ့)၊ (၁၀၀၀)နာရီအချိန်တွင် အစီအစဉ်(၆)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှ ဥက္ကဌ၊ ဒု-ဥက္ကဋ္ဌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲဝင် ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း(၈၉)ဦးတက်ရောက်ကြပြီးအခမ်းအနားမှူးအဖြစ်ညွှန်ကြားရေးမှူးဒေါ်ယဉ်ယဉ်ရွှေမှ ဆောင်ရွက်ခဲ့ပါသည်၊

(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးအောင်သန်းကျော်၊ ကလေးဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကလေးဝ မြို့နယ်၊ ကတိုးကျေးရွာအတွက် တစ်အိမ်သုံးဆိုလာများ ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့် နယ်စပ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဦးသန်းလှိုင်၊ ပင်လည်ဘူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”၂၀၁၇-၂၀၁၈ ဘတ်ဂျက်ဖြင့် မာန်ထက်မြင့်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့သော ပင်လည်ဘူးမှ မံစီကျေးရွာသို့ဆက်သွယ်ထားသည့် ကတ္တရာလမ်းပိုင်း(၅)မိုင်သည် လုပ်ငန်းမပြီးဆုံးမီ ပျက်စီးမှုများအား ကုမ္ပဏီမှ မည်သို့ဆောင်ရွက်ပေးမည်ကိုသိရှိလိုပါကြောင်းနှင့် ပျက်ကွက်ပါက နိုင်ငံတော်အစိုးရမှ မည်သို့ဆက်လက် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၃) ဒေါ်ခိုင်ခိုင်ဝင်း၊ ဝန်းသိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဝန်းသိုမြို့နယ်၊ မော်နိုင်းအုပ်စု၊ သင်တော(၂)ကျေးရွာအနီးရှိ ပန်းညိုချောင်းပေါ်တွင် တည်ဆောက်ထားသော ငွေတွင်းရေလွှဲဆည်အား ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် အခိုင်အမာ ရေလွှဲဆည်အဖြစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလို ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဦးဇော်လင်းဦး၊ ဝန်းသိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနများ အနေဖြင့် စီမံဆောင်ရွက်လျက်ရှိသော လယ်ယာမြေများအား ပုံစံ(၇)ရရှိရေး ဆောင်ရွက်ရာတွင် မြေဧရိယာတိကျသေချာစွာ တိုင်းတာပေးနိုင်ရေး၊ ပုံစံ(၇) ရရှိပြီး လယ်ယာမြေများ ဧရိယာဧကစာရင်း တိကျမှန်ကန်ရေး၊ မြေကြီး၊ မြေပုံစာရင်းဇယားများ မှန်ကန်ရေးတို့အတွက် နှစ်စဉ် တိုင်းဒေသကြီးအစိုးရ အနေဖြင့် မည်သို့ဆောင်ရွက်ထားသည်၊ ဧရိယာဧကပေါင်း မည်မျှခန့် ဆောင်ရွက်ထားရှိခဲ့ပြီးဖြစ်ကြောင်းနှင့် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထား သည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ ပါသည်။
(၅) ဦးလှဖြိုး၊ ကျွန်းလှမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ကျွန်းလှမြို့နယ်၊ နောင်ကောက်ကျေးရွာအုပ်စု၊ နန်းသတ်ကျေးရွာ၊ နန်းသတ်ရေလွှဲဆည်ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတစ်ခုအဖြစ်သတ်မှတ်ပြီး အနီးဆုံး ဘဏ္ဍာရေးနှစ်တွင် ချထားဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါ ကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဦးဝင်းမြင့်၊ ချောင်းဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ချောင်းဦးမြို့နယ်ရှိ ကျေးရွာချင်းဆက်လမ်းဖြစ်သော ချောင်းဦး-ရွာတော်လေး-မှန်ချို-ဆင်မြေ-ငါးလုံးတင်-မထိသာ-မင်းတည်-မင်းခေါင်-မကျီးခွ ကျောက်ချောလမ်းသည် ထိန်းသိမ်းမှုအားနည်းပြီး ပျက်စီးနေပါသဖြင့် မည်သို့မည်ပုံ စီမံဆောင်ရွက် ထားသည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၇) ဦးကျော်ဌေးလွင်၊ ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဟုမ္မလင်း မြို့နယ်၊ နောင်ပိုအောင်စံပြကျေးရွာအုပ်စုအတွင်းရှိ နမ့်တလုံးရေအား လျှပ်စစ်မှ (၂၄)နာရီမီးလင်းနိုင်စေရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုအပ်သည့် အထောက်အပံ့များ ကူညီပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလို ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၈) ဦးတင်စိုး၊ ကောလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ကောလင်းမြို့၏ အနောက်ဖက်ကပ်လျက် မြောက်မှတောင်သို့ စီးဆင်းလျက်ရှိသောချောင်းတွင် (အရှည်၃၈’×အကျယ် ၁၄’) ခေါပင်ချောင်းကူးတံတားမှာ ပျက်စီးယိုယွင်း နေပြီး ပြိုကျနိုင်သည့်အခြေအနေတွင်ရှိသဖြင့် အမြန်ပြုပြင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၉) ဒေါက်တာကျော်ဇေလင်း၊ ဘုတလင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဘုတလင်မြို့နယ်၊ သခွတ္တနယ်-ဘုရားကြီးလမ်းရှိ ကျန်ရှိနေသော(၁)မိုင် ကျော်အား ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၀) ဦးသန်းလှိုင်၊ ပင်လည်ဘူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ” ဒေသတွင်း ကျွဲ၊ နွားသယ်ဆောင်မှုအတွက် ခွင့်ပြုခြင်းများကို စတင်ဝယ်ယူ သယ်ဆောင်သည့် မြို့နယ်မှ အခွန်အခရရှိရေး၊ သယ်ဆောင်ရာတွင် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီဆောင်ရွက်စေခြင်း၊ ပွင့်လင်းမြင်သာမှုရှိစေရေး၊ မသမာမှုများ မဖြစ်စေရေးအတွက် မည်သို့စီစဉ်ဆောင်ရွက်မည်ကို သိရှိလို ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၁) ဦးဝင်းရွှေ၊ ဗန်းမောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဗန်းမောက် မြို့နယ်တွင် အခြေခံပညာမူလတန်းကြိုကျောင်းများ လက်ရှိသင်ကြားနေမှု ပုံစံမပျက်စေဘဲ ဝန်ကြီးဌာနနှစ်ခုပေါင်းစပ်ညှိနှိုင်း၍ လူမှုဝန်ထမ်းဦးစီးဌာန၏ အထောက်အပံ့ခံ အခြေခံပညာကျောင်းများအခြေပြု အခြေခံပညာ မူလတန်းကြိုကျောင်းများအဖြစ် လျှောက်ထားရရှိနိုင်ရေး စီမံဆောင်ရွက်ပေး နိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၂) ဦးဗိုလ်သိန်း၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မော်လိုက်မြို့နယ်၊ ကံထူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းအား ကျောင်းအင်္ဂါရပ်နှင့် အညီဖြစ်စေရေး အုတ်တံတိုင်းကာရံပေးရန်အတွက် ၂ဝ၁၈-၂ဝ၁၉ဘဏ္ဍာနှစ်ဖြည့်စွက်ဘတ်ဂျက်တွင် ထည့်သွင်းလျာထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိ လိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၃) ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ကိုယ်ပိုင်ကျောင်းများနှင့် အစိုးရကျောင်းများမှ စည်းကမ်း ဥပဒေများနှင့် ကျောင်းသားများ ပညာသင်ကြားနိုင်ရေး ကျောင်းသားအခွင့် အရေးကောင်းစွာရရှိရေးအတွက် မည်ကဲ့သို့ ကြပ်မတ်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းနှင့် ဥပဒေ၊ နည်းဥပဒေများနှင့်မညီညွတ်သော ကိုယ်ပိုင်ကျောင်း များအား မည်သို့စစ်ဆေးတည့်မတ်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်း သည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ ပါသည်။
(၁၄) ဒေါက်တာကျော်နိုင်ထွန်း၊ မြောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မြောင်မြို့နယ်အတွက် မိုးလုံလေလုံအားကစားရုံအဆောက်အအုံ လိုအပ်နေပါ သဖြင့် တိုင်းဒေသကြီးအစိုးရအနေဖြင့် မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိရှိ လိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ကို ရပ်နားကြောင်းနှင့်(၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ကို ၂၀၁၈ခုနှစ်၊ သြဂုတ်လ(၆)ရက် (တနင်္လာနေ့) နံနက်(၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြညာပါသည်။

၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပဥ္စမနေ့)ကို (၁၁:၃၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။02 03 04 11 12 13 14 15 - Copy 15 (2) 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46

 

Check Also

ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့) ဆက်လက်ကျင်းပ

၁။      ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယ နေ့ကို ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ(၁၆)ရက် (ဗုဒ္ဓဟူးနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၃)ဦး၊ …