ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(တတိယနေ့) ဆက်လက်ကျင်းပ

၁။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၆)ရက် (ဗုဒ္ဓဟူးနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(တတိယနေ့)ကို စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၅)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂၅)ဦး စုစုပေါင်း (၁၀၀)ဦးအနက် (၉၁)ဦးတက်ရောက်ခဲ့ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးလှိုင်မြင့်၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ “၂ဝ၁၈-၂ဝ၁၉ ခုနှစ် တိုင်းဒေသကြီးဘတ်ဂျက်ရန်ပုံငွေ ကျပ်သန်း(၇ဝဝ)ဖြင့် တည်ဆောက်မည့် မော်လိုက်မြို့နယ်၊ မော်လိုက်ကလေးကျေးရွာ ကမ်းပြိုအန္တရာယ် ကာကွယ်ရေး အတွက် ကမ်းထိန်းရေကာများ တည်ဆောက်ပေးရေးကို ယခုနှစ်ပွင့်လင်း ရာသီ၏ မည်သည့်အချိန်တွင် အကောင်အထည်ဖော်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဦးဗိုလ်သိန်း၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ “နန်းစောက်စောက် ကျေးရွာနှင့် အင်္ဂလပ်ကျေးရွာတို့ကို ဆက်သွယ်ထားသော (၁)မိုင်(၄)ဖာလုံရှိ မြေသားလမ်းပိုင်းအား မြေထု(၂’)တာဘောင်တင်ခြင်းနှင့် ဂျင်းမြေ(၈”)ထုရှိသောဂျင်းလမ်းအဖြစ်လည်းကောင်း၊ အင်းတပေါင်းကျေးရွာနှင့် ထန်းပင်ကုန်း ကျေးရွာ လမ်းပိုင်း(၂)မိုင်(၅)ဖာလုံအား (၂’)ထုမြေသားတင်ခြင်း (၈”)ထု ဂျင်းခင်းခြင်း လုပ်ငန်းတို့အား မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေး မည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး      ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ ပါသည်။
(၃) ဒေါ်ခင်မျိုးချစ်၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ “လွှတ်တော် ပဥ္စမအကြိမ်ပုံမှန်အစည်းအဝေးတွင် ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာ အုပ်စု၊ ထန်းကုန်းကျေးရွာ ရဲကင်းစခန်းအား နယ်မြေရဲစခန်းအဆင့်သို့ တိုးမြှင့်ခြင်းကိစ္စ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကတိပြုထားခဲ့ခြင်းနှင့် ပတ်သက်၍ မည်သည့်အဆင့်အခြေအနေထိရောက်ရှိနေသည်ကို သိရှိလို ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဦးကျော်ဌေးလွင်၊ ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏”ဟုမ္မလင်း မြို့နယ်၊ နောင်ပိုအောင်ကျေးရွာ၊ နောင်ပိုအောင်ရဲကင်းစခန်းအား နယ်မြေရဲစခန်းအဆင့်သို့တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်း သည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဦးဇော်လင်းဦး၊ ဝန်းသိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ “ဝန်းသိုမြို့နယ်တွင် ၁၉၉၅ခုနှစ်တွင်တည်ဆောက်ရန် ရည်ရွယ်ခဲ့သော ဒေါင်းမြူးရေလှောင်တမံ စီမံကိန်းအား မည်သည့်ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်ပေးမည်ကို တိကျစွာ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဦးမြင့်ဦး၊ တန့်ဆည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ “စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များတွင် တရားမဝင် ဘတ္ထရီရှော့တိုက် ငါးဖမ်းခြင်းများကြောင့် ရေသယံဇာတများ ပျက်စီးခြင်း၊ စပါးအထွက် နှုန်းများလျော့ကျခြင်း၊ ၄င်းတို့ကို ဖမ်းဆီးရာတွင်လည်း ပြန်လည်ခုခံ တိုက်ခိုက်မှုများကြောင့် မလိုအပ်သော ပြဿနာများ မဖြစ်ပွားစေရေးအတွက် မည်သို့ စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၇) ဦးဝဏ္ဏ၊ အရာတော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဒီပဲယင်းမြို့နယ်မှ အလျား(၁၉.၁)မိုင်ခန့်ရှိ မရကန်မြောင်းအား ကြံ့ခိုင်မှုအားနည်းနေသည့် နေရာများကိုပြုပြင်ရန်နှင့် ရေကျအမှတ်(၅) အဆောက်အအုံအား လိုအပ်သလို ထိန်းညှိလွှတ်နိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း ” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၈) ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏” ဝက်လက်မြို့နယ်အတွင်းရှိ တောင်သူများ စိုက်ပျိုးရေကောင်းမွန်စွာ ပြန်လည် ရရှိနိုင်ရေးအတွက် DY3 မြောင်းကို ရေစီးရေလာကောင်းအောင် မည်သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကိုစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၉) ဦးတင်စိုး၊ ကောလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ကောလင်းမြို့၊ ရေကန်သာအုပ်စု၊ နတ်ရေတွင်းကျေးရွာရှိ လှည်းလမ်း(၁/ဝ)မိုင်အား မြေဘောင်တင်ဂျင်းမြေလမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ခြင်းရှိ/မရှိနှင့် ရှိပါက မည်သည့်ဘတ်ဂျက်တွင်ပြုလုပ်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ ပါသည်။
(၁၀) ဦးညီညီဟန်၊ ဗန်းမောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဗန်းမောက် မြို့နယ်ရှိ စံပြကျေးရွာဖြစ်သည့် မံစီကြီးကျေးရွာတွင် အခြေခံပညာ အထက်တန်းကျောင်း၊ တိုက်နယ်ဆေးရုံ၊ နယ်မြေရဲစခန်းတို့ရှိသော်လည်း လျှပ်စစ်မီးရရှိခြင်း မရှိသေးပါသဖြင့် ဆိုလာမီးများချထားပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၁) ဦးကျော်မင်းထွန်း၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ခင်ဦးမြို့နယ် အတွင်းရှိ အချို့နေရာများ၌ ကုန်ထုတ်လမ်းများဖော်ထုတ်ရာတွင် အမြင့် (၂)ပေထုအစား (၄)ပေ သို့မဟုတ် (၅)ပေဖြင့်ဆောင်ရွက်ပေးပါရန်နှင့် ဖော်ထုတ်မည့် ကုန်ထုတ်လမ်းအတွက် မြေသားသယ်ယူစရိတ်နှင့် ဝယ်ယူ စရိတ်ထည့်သွင်းတွက်ချက်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလို ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင် ဝန်ကြီးတင်သွင်းသည့် ”၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းနှင့် တိုင်းဒေသကြီးအထွေထွေပိုလျှံရန်ပုံငွေမှ လွှဲပြောင်းသုံးစွဲခြင်း” တို့နှင့်စပ်လျဉ်း၍ မူလကြေညာခဲ့သည့် (၁၁)ရက်နေ့အစား ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၈)ရက်နေ့တွင် ဆွေးနွေးမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့ (၁၃:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက်အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်း အကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ ပါသည်။
(ဂ) လွှတ်တော်ဒုတိယဥက္ကဋ္ဌက ”ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၏ ၂၀၁၈ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် တစ်နှစ်တာလုပ်ငန်းဆောင်ရွက်မှု တတိယ အကြိမ် အစီရင်ခံစာ”အား လွှတ်တော်သို့ တင်ပြခဲ့ပါသည်။
(ဃ) ဆက်လက်၍ လွှတ်တော်ဒုတိယဥက္ကဋ္ဌတင်ပြသည့် ”ဒုတိယအကြိမ် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော်၏ ၂၀၁၈ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် တစ်နှစ်တာ လုပ်ငန်း ဆောင်ရွက်မှု တတိယအကြိမ်အစီရင်ခံစာ” နှင့်စပ်လျဉ်းပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်၊ (ကြာသပတေးနေ့) (၁၆:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ် နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(င) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(တတိယနေ့)ကို ရပ်နားကြောင်းနှင့် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက် (ကြာသပတေးေ န့) နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့)ကို (၁၁:၄၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။