ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၀)ကြိမ်မြောက်ပုံမှန်အစည်းအဝေး နဝမနေ့အစီအစဉ်များ ကျင်းပနေမှုအခြေအနေ

၁။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၀)ကြိမ်မြောက်ပုံမှန်အစည်းအဝေး နဝမနေ့ကို ၂၀၁၉ခုနှစ်၊ ဇူလိုင်လ(၃၁)ရက်(ဗုဒ္ဓဟူးနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်(၇၅)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၂၅)ဦး စုစုပေါင်း(၁၀၀)ဦးအနက် (၈၇)ဦး တက်ရောက်သဖြင့် (၈၇)ရာခိုင်နှုန်းရှိပြီး၊ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံတစ်ပုံ ကျော်တက်ရောက်ပါသည်။
(က) ကတိသစ္စာမပြုရသေးသော စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး
ဦးဖြိုးဖြိုးသည် ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ
နည်းဥပဒေ ၆၀ နှင့်အညီ လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်၌ ကတိသစ္စာပြုပြီး ကတိသစ္စာ
ပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးပါသည်။
(ခ) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါ
အတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဗိုလ်မှူးကျော်စိုး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၏ ” စစ်ကိုင်းတိုင်း
ဒေသကြီးအတွင်း လိုင်စင်မဲ့ဆိုင်ကယ်များအား သတ်မှတ်ထားသည့် အခွန်
အခများပေးဆောင်စေပြီး လိုင်စင်ပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက
မည်သည့်အချိန်ကာလတွင် ပြုလုပ်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်း
သည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ
ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဦးမြင့်ဦး၊ တန့်ဆည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”တန့်ဆည်မြို့နယ်
အတွင်းရှိ မူးဂွ-ထန်းပင်ဆိပ်-ကုန်းအိုင်−ရွာရှည်(မ) လမ်းအရှည်(၄)မိုင်(၅)ဖာလုံအား
ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်းအဖြစ် မည်သည့်ဘဏ္ဍာရေး
နှစ်တွင် အဆင့်မြှင့်တင်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်
မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ
ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဦးကျော်ဆန်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မင်းကင်းမြို့နယ်၊
မြို့မ-မင်းကင်းလမ်းနှင့် မင်းကင်း-လာဘို့လမ်းပြုပြင်ရေးနှင့် လမ်းပေါ်ရှိ
တံတားများ အဆင့်မြှင့်တင်နိုင်ရေးအတွက် မည်ကဲ့သို့စီမံဆောင်ရွက်သွား
မည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်
လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့
ပါသည်။
(၄) ဒေါက်တာဆန်းဝင်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မုံရွာ−
ယာကြီး−ကလေးဝကားလမ်းနှင့် တပ်ချောင်းရွာသို့ ဆက်သွယ်သောလမ်း၏
ကျန်ရှိနေသောအပိုင်းအား ကျောက်ခင်းခြင်းနှင့် ကွန်ကရစ်ရေကျော်(၂)ခု
တည်ဆောက်ရန်အတွက် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေချထားပေး
မည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်
လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့
ပါသည်။
(၅) ဒေါ်နှင်းခိုင်စိုး၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”၂၀၁၈−၂၀၁၉
ဘဏ္ဍာရန်ပုံငွေဖြင့် A Gate Co.Ltd မှဆောင်ရွက်သော အုတ်ဆည်−
တည်တောလမ်း ကျောက်ချောလမ်းခင်းခြင်း(၀.၆/၅)မိုင်တွင် Estimate ပါ
ပေအတိုင်း လုပ်ဆောင်ထားမှုမရှိခြင်း၊ ပူးပေါင်းဆောင်ရွက်မှုအားနည်းခြင်း
တို့ကြောင့်A Gate Co.Ltd အား လမ်းညွှန်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလို
ပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး
ဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ၏
”စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆေးဝါးကျွမ်းကျင်တက္ကသိုလ်တစ်ခု ဖွ့်လှစ်
ပေးနိုင်ရန်နှင့် မြို့နယ်အသီးသီးရှိ ဆေးရုံများ၌ ဆေးဝါးသိုလှောင်ခန်းများ
အဆင့်မြှင့်တင်ပေးနိုင်ရန်အတွက် ပြည်ထောင်စုကျန်းမာရေးဝန်ကြီးဌာနနှင့်
ချိတ်ဆက်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”စပ်လျဉ်း
သည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့
ပါသည်။
(၇) ဒေါက်တာဆန်းဝင်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မင်းကင်း
မြို့နယ်၊ ပသေးကျေးရွာအုပ်စု၊ ပသေးကျေးရွာတိုက်နယ်ဆေးရုံဝန်းအတွင်းရှိ
ဆောက်လုပ်စ ဝန်ထမ်းအိမ်ရာ(၃)လုံး အပြီးသတ်နိုင်ရေးအတွက် မည်ကဲ့သို့
ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး
ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၈) ဒေါ်နှင်းခိုင်စိုး၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဒီပဲယင်းမြို့နယ်ရှိ
တနယ်−ဆင်ရောက်ကုန်းကျေးရွာ စာသင်ကျောင်းအား ကိုယ်စားလှယ်များ၏
သဘောထားမပါဘဲ ရွှေ့ပြောင်းခဲ့မှုနှင့်ပတ်သက်၍ နောင် လွှတ်တော်
ကိုယ်စားလှယ်များ၏ သဘောထားများကို ထည့်သွင်းစဉ်းစား ပူးပေါင်း
ဆောင်ရွက်ပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သက်ဆိုင်ရာအဆင့်ဆင့်သို့
ညွှန်ကြားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်
မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ဂ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်
ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီဥက္ကဋ္ဌ၊
ဒေါက်တာကျော်သူဟန်ထွန်း၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ”အားကစား
နှင့်ယဉ်ကျေးမှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကွင်းဆင်းဆောင်ရွက်ချက်
အစီရင်ခံစာ”အား လွှတ်တော်သို့ တင်သွင်းခဲ့ပြီး လွှတ်တော်၏ သဘောထားရယူကာ
မှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဃ) အတည်ပြုခြင်းကဏ္ဍတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတင်သွင်းသည့်
”၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော
ဌာန/အဖွဲ့အစည်းများ၏ တိုင်းဒေသကြီးအထွေထွေပိုလျှံရန်ပုံငွေမှ ရန်ပုံငွေလွှဲပြောင်း
သုံးစွဲခြင်းနှင့် ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း” တို့နှင့်စပ်လျဉ်း၍
ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)နှင့် အရအသုံးငွေစာရင်း၊
ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီတို့၏ ဆွေးနွေးချက်အပေါ်
တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး(ကိုယ်စား) စည်ပင်
သာယာရေးဝန်ကြီးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်မှ
ကန့်ကွက်ခဲ့သည့် လုပ်ငန်း(၄)ခုကို တစ်ခုချင်းအလိုက် လွှတ်တော်၏အတည်ပြုချက်
ရယူခဲ့ရာ လျာထားလုပ်ငန်း(၃)ခုကို အတည်ပြုပြီး ကျန်(၁)ခုကိုအတည်မပြုခဲ့သဖြင့်
အဆိုပါ အတည်မပြုခဲ့သော လုပ်ငန်းချန်လှပ်၍ ကျန်လုပ်ငန်းများပါဝင်သော ရန်ပုံငွေ
လွှဲပြောင်းသုံးစွဲခြင်းများကို လွှတ်တော်၏ သဘောထားရယူကာ အတည်ပြုကြောင်း
လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(င) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်
(၂၀)ကြိမ်မြောက်ပုံမှန်အစည်းအဝေး နဝမနေ့ကို ရပ်နားကြောင်းနှင့်အစည်းအဝေး
ဒသမနေ့ကို ၂၀၁၉ခုနှစ်၊ သြဂုတ်လ(၁)ရက်(ကြာသပတေးနေ့) နံနက်(၁၀:၀၀)နာရီ
အချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၀)ကြိမ်မြောက်ပုံမှန်အစည်းအဝေး နဝမ နေ့ကို (၁၂:၀၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

About sagainhluttawdb

Check Also

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်(၂၅)ကြိမ်‌မြောက်ပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(၈)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၅) ကြိမ်‌မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ …