ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပ

၂၀၁၉ခုနှစ်၊ စက်တင်ဘာလ ၂၀ရက်
******************************
ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ(၂၀)ရက် (သောကြာနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့်
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၅)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂၅)ဦး စုစုပေါင်း(၁၀၀)ဦးအနက် (၉၁)ဦးတက်ရောက်သဖြင့် (၉၁)ရာခိုင်နှုန်းရှိပြီး၊လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံတစ်ပုံကျော် တက်ရောက်ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါ အတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးကျော်ဌေးလွင်၊ ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဟုမ္မလင်း မြို့နယ်၊ ဂွေးတောက်ကုန်းကျေးရွာအုပ်စု၊ မင်းသာယာကျေးရွာသည် နှစ်စဉ်ချင်းတွင်း မြစ်ရေတိုက်စားမှုကြောင့် စာသင်ကျောင်းနှင့်အိမ်များ ရွှေ့ပြောင်းနေရသဖြင့် ရွှေပြည်အေးမြို့ရှိ သင့်တင့်သောရပ်ကွက်သို့ နေရာချထားပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

၂

 

 

 

 

 

 

(၂) ဦးသိန်းလှိုင်ဝင်း၊ ခန္တီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ပြည်သူလူထုနှင့် ဌာနဆိုင်ရာယာဉ်များ နေ့စဉ်သွားလာအသုံးပြုနေသည့် ခန္တီး-နန်စီပွန်-ဖားလမုန်းကားလမ်း မိုင်တိုင်အမှတ်(ဝ/ဝနှင့်ဝ/၂)အကြား ချောင်းကူးတံတားထိပ်မှ သုဿာန်အထိ (၂)ဖာလုံခန့်လမ်းအား ကွန်ကရစ်ခင်းခြင်းနှင့်လမ်းကွေ့အားဖြောင့်ပြီး ကျောက်စီရေမြောင်းပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိ
သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

၄
(၃) ဦးထွန်းထွန်းဝင်း၊ ကနီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ကနီမြို့နယ်၊ မုံရွာ- ယာကြီး-ကလေးဝလမ်း ဆယ်ရွာချောင်ရွာတွင် အမှန်တကယ်လိုအပ်နေသော မီးသတ်စခန်းတစ်ခုနှင့် ဆူးလေကုန်းရွာ-ဝင်မနားရွာတွင် မီးသတ်စခန်းတစ်ခုတို့အား ဆောလျင်စွာချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

၃
(၄) ဒေါ်သင်းသင်းကြူ၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ခင်ဦးမြို့နယ် အတွင်း လျှပ်စစ်သုံးစွဲနေသောကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်အတွက် လျှပ်စစ်ကျွမ်းကျင်သင်တန်းများ ပို့ချပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

၁၄
(၅) ဦးမြင့်နိုင်ဦး၊ တမူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”လမ်းဦးစီးဌာနမှ ဆောင်ရွက်ထားသော တမူးမြို့မှ အောင်ဇေယျ-ကက်သာလမ်းဆုံအထိ လမ်းအရှည်(၄၂)မိုင်တွင် (၃၈)မိုင်အား ကတ္တရာလမ်း ခင်းထားပြီးဖြစ်၍ကျန်(၄)မိုင်အား ကတ္တရာလမ်း ဆက်လက်ခင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

၅
(၆) ဦးဝင်းမြင့်၊ ချောင်းဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ချောင်းဦးမြို့နယ်၊ ချောင်းဦး-ပခုက္ကူလမ်းပေါ်ရှိ မှန်ချိုကျေးရွာနှင့် ထူးနီကျေးရွာတိုကို ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်း (၂)မိုင်ခန့်အား ကွန်ကရစ်လမ်း (သို့) ကျောက်ချောလမ်းအဖြစ် အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

၆

(၇) ဒေါ်ဖြူဖြူဝင်း၊ ကောလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကောလင်း မြို့နယ်အရှေ့ဘက်ခြမ်းရှိ ဆင်ကုန်း-ပင်လည်ဘူးလမ်းနှင့် ကောလင်း-တောင်မော်- ဝင်းကြီးလမ်းပိုင်းတွင် ကျန်ရှိနေသော လမ်း/တံတားများအား အနီးဆုံးဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

၇
(၈) ဦးရိုထန်းပွီးယာ၊ တမူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”တမူးမြို့နယ်၊ ခမ်းပတ်မြို့ ကနန်ကျေးရွာ အမှတ်(၄)ရပ်ကွက်အား နန်ပလောချောင်း ရေတိုက်စားခြင်းမှကာကွယ်နိုင်ရန် ခိုင်ခံ့သော ရေထိန်းနံရံတည်ဆောက်ခြင်းနှင့် ရေလမ်းကြောင်းလွှဲပေးမည့် အစီအမံများ အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

၈
(၉) ဦးစိုးဝင်းထွန်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မုံရွာတက္ကသိုလ်အား ကောင်းမွန်သောဥပဓိရုပ်ပြည့်စုံစေရန်နှင့် သန့်ရှင်းသပ်ရပ်သော တက္ကသိုလ်ဝန်းကျင်ဖြစ်စေရန် တက္ကသိုလ်ဝင်းအတွင်းရှိ ချုံနွယ်ပိတ်ပေါင်းများကို မည်သည့်အချိန်တွင် ရှင်းလင်းပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်

၉
(၁၀) ဦးဇော်လင်းဦး၊ ဝန်းသိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဝန်းသိုမြို့၊ ရွှေဝန်းသီတာရပ်ကွက်အတွင်းရှိ မြို့သစ်အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် တစ်နှစ်ထက်တစ်နှစ် ကျောင်းသားဦးရေ များပြားလာသဖြင့် မည်သည့် ဘဏ္ဍာရေးနှစ်တွင် အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး
ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

၁၀
(၁၁) ဦးလှိုင်မြင့်၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မော်လိုက်မြို့နယ်၊ ကင်းတပ်တိုက်နယ်ဆေးရုံတွင် အမှန်တကယ်လိုအပ်နေသော ဓာတ်မှန်စက် (၁)လုံးနှင့် တွဲဖက်အသုံးပြုရန် မီးစက်(၁)လုံးအား အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

၁၁
(၁၂) ဦးတင်စိုး၊ ကောလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ကောလင်းမြို့နယ်၊ အိုင်ကြီးအုပ်စု၊ အိုင်ကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင်လိုအပ်နေသည့် မူလတန်းပြဆရာ/ဆရာမများ အမြန်ဖြည့်တင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

၁၂
(ခ) တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ”၂၀၁၈− ၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန၊အဖွဲ့အစည်း(၂)ခု၏ အထွေထွေပိုလျှံရန်ပုံငွေမှ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းနှင့် ဌာနအဖွဲ့အစည်း(၁)ခု၏ ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း”များကို
အတည်ပြုပေးနိုင်ပါရန် လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။

၁၃
(ဂ) တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး တင်သွင်းသည့် ”၂၀၁၈−၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်း(၂)ခု၏ အထွေထွေပိုလျှံရန်ပုံငွေမှ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းနှင့် ဌာန၊ အဖွဲ့အစည်း(၁)ခု၏ ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေလွှဲပြောင်း သုံးစွဲခြင်း”နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်၊ (တနင်္လာနေ့) (၁၅:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်း
အကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာ ပါသည်။
(ဃ) တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ”၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ(မူကြမ်း)”နှင့်စပ်လျဉ်း၍ အတည်ပြုပေးနိုင်ပါရန် လွှတ်တော်သို့ တင်သွင်း ခဲ့ပါသည်။
(င) တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး တင်သွင်းသည့် ”၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ ဥပဒေ(မူကြမ်း)”နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်၊ (တနင်္လာနေ့) (၁၅:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌမှကြေညာပါသည်။
(စ) တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ”စစ်ကိုင်းတိုင်း ဒေသကြီး၏ ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်း ဥပဒေ(မူကြမ်း)”နှင့်စပ်လျဉ်း၍ အတည်ပြုပေးနိုင်ပါရန် တင်သွင်းခဲ့ပါသည်။
(ဆ) တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး တင်သွင်းသည့် ”စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်း ဥပဒေ(မူကြမ်း)”နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်၊ (တနင်္လာနေ့) (၁၅:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌမှကြေညာပါသည်။
(ဇ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ရပ်နားကြောင်းနှင့် အစည်းအဝေး တတိယနေ့ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက် (တနင်္လာနေ့) နံနက်(၁၀:၀၀) နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။

ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို (၁၁:၃၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။