ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဘိုးသန်းညွန့်သည် (၁၂.၁.၂၀၂၀)ရက်နေ့၌ မော်လူး‌ဒေသ ပုန်းဟုန်အုပ်စု ၊ကူးခါရွာ မူလတန်းကျောင်း၊ စဉ့်ခိုးကျေးရွာ၊ အုတ်ရှစ်ကုန်းကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဘိုးသန်းညွန့်သည် (၁၂.၁.၂၀၂၀)ရက်နေ့၌ အင်းတော်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ်၊ အမှတ်(၂)တိုင်း‌‌‌‌ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မီဥက္ကဋ္ဌ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အဖွဲ့ဝင်များနှင့်အတူ မနက်(၁၀:ဝဝ)အချိန်တွင် မော်လူး‌ဒေသ ပုန်းဟုန်အုပ်စု ၊ကူးခါရွာ မူလတန်းကျောင်း၊ နေ့လည် (၁:ဝဝ )နာရီတွင် ပုန်းဟုန်အုပ်စု ၊ စဉ့်ခိုးကျေးရွာ၊ နေ့လယ် (၃:၀၀)နာရီအချိန်တွင် အုတ်ရှစ်ကုန်းကျေးရွာတို့တွင် ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံပွဲပြုလုပ်ပြီး ‌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်၊၊

ဆက်လက်၍ ညနေ(၅:၀၀)နာရီအချိန်တွင် အင်းတော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အင်းတော်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ်၊ အမှတ်(၂)တိုင်း‌‌‌‌ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မီဥက္ကဋ္ဌ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာများနှင့်အတူ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ဆောင်ရွက်ရန်လျာထားမည့် လမ်းတံတားများကို သတ်မှတ်ရွေးချယ်ဆွေးနွေးခဲ့ကြပါသည်၊၊

81771439_2567786446809151_3977214852253876224_n 81893844_611680572711028_4577958387576209408_n 81995343_597571797686668_2351215335786414080_n 82854906_469490170623000_7608169222060900352_n (1) 82854906_469490170623000_7608169222060900352_n 81845543_456469081923120_4365871957606924288_n 82024445_2662502040501324_5396204173484097536_n 82372418_464487124455827_6078419875452157952_n 81833129_639688376776573_1535637583562801152_n 81836942_576680519842395_6050874016799916032_n 82215631_1050065705358319_3650439562687152128_n 81795238_2183899641915943_1554338515414679552_n 81984181_464848821104306_7532747199751389184_n 82314054_2644779078948881_4839143337485139968_n