ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမနေ့ ဆက်လက်ကျင်းပ

၁။      ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ(၂၇)ရက် (သောကြာနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာတက်ရောက်ခွင့်ရှိသည့်
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၅)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂၅)ဦး စုစုပေါင်း(၁၀၀)ဦးအနက် (၉၃)ဦးတက်ရောက်သဖြင့် (၉၃)ရာခိုင်နှုန်းရှိပြီး၊ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံတစ်ပုံကျော် တက်ရောက်ပါသည်။

(က)    ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါ
အတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-

(၁)        ဦးအောင်ကျော်၊ ဘုတလင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”စစ်ကိုင်းတိုင်း
ဒေသကြီးအတွင်း အသားစားကြက်မွေးမြူရေး လုပ်ကိုင်သူများအတွက်
မွေးမြူရေး ခြံမြေနေရာများ သတ်မှတ်နေရာချထားပေးရန်နှင့် ချေးငွေများ
ထုတ်ချေးပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်
မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ
ရှင်းလင်းဖြေကြားခဲ့ပါသည်။

 

(၂)      ဒေါက်တာဆန်းဝင်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏  ”မင်းကင်း
မြို့နယ်၊ ကူလဲကျေးရွာအုပ်စု၊ ကူလဲ(အရှေ့)ကျေးရွာအနီးရှိ ကွင်းအမှတ်
(၇၅၃)နှင့်ကူလဲ(န)ရွာရေဆုံးကွင်းရှိ တောင်သူများလုပ်ကိုင်နေသော ယာမြေ
များအား သစ်တောမြေနှင့်ယာမြေအဖြစ် ခွဲခြားသတ်မှတ်ပေး၍ ယာမြေဖြစ်ပါက
လယ်ယာမြေ ပုံစံ(၇)ထုတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”
စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး
ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၃)     ဦးဝဏ္ဏ၊ အရာတော်မြို့နယ်၊  မဲဆန္ဒနယ်အမှတ်(၂)၏ တိုင်းဒေသကြီးအစိုးရ
အဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း ရေအရင်းအမြစ်များရရှိနိုင်သည့်
နေရာများတွင် အခြားသီးနှံများလည်း အောင်မြင်အောင်လုပ်ဆောင်ရမည့်
နည်းလမ်းများအား တောင်သူများသို့ အသိပညာနှင့်  နည်းပညာပေးခြင်း
များဖြင့် ကူညီဖြေရှင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်း
သည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ
ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၄)     ဦးစိမ်းမောင်၊ နန်းယွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”နန်းယွန်းမြို့နယ်၊
ပန်ဆောင်မြို့မှ (၅)မိုင်ခန့်အကွာတွင်တည်ရှိသော နောင်ယန်းချောင်းအား
အသေးစားရေအားလျှပ်စစ် ထုတ်လုပ်နိုင်ရန် မည်သို့ အကောင်အထည်ဖော်
ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊                           စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြား
ခဲ့ပါသည်။

(၅)     ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏  ”ဖောင်းပြင်
မြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းရှိ မောက်ပလင်းအုပ်စု ဟဲနိမ်
ကျေးရွာမှ လူနေအိမ်များအား မြစ်ကမ်းပါးပြိုခြင်းမှကာကွယ်ရန်အတွက်
မြေထိန်းနံရံ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”
စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၆)     ဗိုလ်ကြီးသက်ဇော်လင်း၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၏ ”မြင်းမူ
မြို့နယ်အတွင်း မုံရွာ−မန္တလေးကားလမ်းမကြီးဘေးရှိ ကုန်းရွာမှ  ရွှေယင်းမာ
ကျေးရွာသို့ဆက်သွယ်သော  လမ်း(၁)မိုင်(၆)ဖာလုံခန့်အား ကျောက်ချောလမ်း
ခင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို
လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်း
ဖြေကြားခဲ့ပါသည်။

 

(၇)     ဦးလှဖြိုး၊ ကျွန်းလှမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏  ”ကျွန်းလှမြို့နယ်၊ ကျွဲတဲ-
အင်လှ-အောင်ချမ်းသာ-လိပ်ဆင်းတောင်လမ်းပိုင်းရှိ  မြေသားလမ်း(၁၀)မိုင်ခန့်မှာ
ပျက်စီးမှုများဖြစ်နေသဖြင့် ကျောက်ချောလမ်းအဖြစ် အနီးစပ်ဆုံး ဘဏ္ဍာရေး
နှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်း
သည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၈)     ဦးတင်စိုး၊ ကောလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ကောလင်းမြို့နယ်
အနောက်ဘက်ခြမ်းရှိ (၃၆/၅)မိုင်ရှည်သော ကောလင်း-ဥက္ကံ-ကြို့ပင်-ထိန်အင်း-
မိချောင်းအင်းလမ်းအား အမြန်ဆုံးပြီးဆုံးအောင် မည်ကဲ့သို့ ဆောင်ရွက်ပေး
မည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်
လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြား
ခဲ့ပါသည်။

(၉)     ဦးမောင်မောင်လတ်၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဖောင်းပြင်
မြို့နယ်ရှိ  မဟာဗျူဟာလမ်းနှင့် လယ်ဦးကျေးရွာကြား အရှည်(၃)မိုင်လမ်းအား
မြေသားတာဘောင်တင်ဂျင်းခင်းခြင်းနှင့် (၅ ပေ× ၂၄ ပေ) box culvert (၂)ခု
တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်
မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ
ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၁၀)   ဗိုလ်ကြီး/ဗိုလ်မှူးလင်းအောင်သက်၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၏
”စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မဟာဓာတ်အားလိုင်းနှင့်ချိတ်ဆက်သည့်
ပြည်သူများလျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေး၊ ဓာတ်အားလိုင်းပြင်ပမှ
ပြည်သူများ စျေးနှုန်းသက်သာသော လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေးတို့
အတွက် တိုင်းဒေသကြီးအစိုးရအနေဖြင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ
ဖိတ်ခေါ်ပြီး အသေးစားအလတ်စား လျှပ်စစ်ဓာတ်အားပေးစက်ရုံများ
တည်ဆောက်နိုင်ရေး လုပ်ဆောင်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း”
စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊    စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၁၁)   ဦးမိုးမင်းဝင်း၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”စစ်ကိုင်းတိုင်း
ဒေသကြီးအစိုးရအနေဖြင့် ပညာရေးဌာန စာသင်ကျောင်းများ တည်ဆောက်
နေမှုတွင် Third Party ထားရှိရန်နှင့် မြို့နယ်အရည်အသွေး စစ်ဆေးရေး
ဥက္ကဋ္ဌထံသို့ Site Engineer မပါလျှင် တည်ဆောက်ခြင်းမပြုရေး ညွှန်ကြား
ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေး
ဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

 

(ဂ)     မှတ်တမ်းတင်ခြင်းကဏ္ဍတွင် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်
စက်မှုလက်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဆန်း၊
မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ကော်မတီ၏ ”တိုင်ကြားစာများအပေါ်
နယ်မြေကွင်းဆင်း ညှိနှိုင်းဖြေရှင်းဆောင်ရွက်ချက် အစီရင်ခံစာ”
အား လွှတ်တော်သို့
တင်သွင်းခဲ့ပြီး အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူကာ
မှတ်တမ်းတင်ကြောင်း လွှတ်တော်ဒုတိယဥက္ကဋ္ဌမှ ကြေညာပါသည်။

(ဃ)    ဆက်လက်၍ လွှတ်တော်ဒုတိယဥက္ကဋ္ဌက ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီး
လွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ရပ်နားကြောင်းနှင့်
အစည်းအဝေး အဋ္ဌမနေ့ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက် (တနင်္လာနေ့)
နံနက် (၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။

၂။       ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမနေ့ကို (၁၁:၅၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

2 3 4 5 6 7 8 9 10 11 12 13 14 15 16 17