ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စည်ပင်သာယာရေးဆိုင်ရာ ကော်မတီသည် ၂၇.၁.၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးသားသတ်ခေါင်းခွန်ကိစ္စနှင့် ပတ်သက်ပြီး ကလေးမြို့နယ်၊ ဆည်တောကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပြီး ၂၉.၁.၂၀၂၀ရက်နေ့မှာ ကွင်းဆင်းတွေ့ရှိချက်များအား အစီရင်ခံစာရေးမတင်ပြမီ လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြ လမ်းညွှန်မှု ရယူခဲ့ပါသည်၊၊