ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်(၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမနေ့အစီအစဉ် ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၇)ရက် (ကြာသပတေးနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၄)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂၅)ဦး စုစုပေါင်း(၉၉)ဦးအနက် (၈၈)ဦးတက်ရောက်သဖြင့် (၈၈.၈၉)ရာခိုင်နှုန်းရှိပြီး၊ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံတစ်ပုံကျော် တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာပါသည်။

(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-

(၁) ဗိုလ်မှူးစိုးဝင်းမြင့်၊တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၏ ”စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ အမှတ်(၃)အကြီးစား စက်မှုလုပ်ငန်းလက်အောက်ရှိ အထည်စက်ရုံများအား ပုဂ္ဂလိကပိုင်လွှဲပြောင်းရောင်းချခြင်း(သို့) Privatization ဆောင်ရွက်ရန် မည်သို့စီမံဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၂) ဦးရိုထန်းပွီးယာ၊ တမူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”တမူးမြို့နယ်၊ ကမ္မကြီးကျေးရွာရေကျော်ခြင်းမှ ကာကွယ်နိုင်ရန်နှင့် တောင်သူများ စိုက်ပျိုးရေရရှိနိုင်ရန်အတွက် ကမ္မကြီး(အထက်ဆည်)၏ ရေထိန်းတံခါး တည်ဆောက်ပေးခြင်းနှင့် ကျိုးပျက်နေသောမြောင်းဘောင်များ ပြုပြင်ခြင်းများအား လာမည့်စိုက်ပျိုးရာသီအမှီ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၃) ဦးမြင့်ဦး၊ တန့်ဆည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”တန့်ဆည်မြို့နယ်၊ ကာဘောင်းကျကျေးရွာအုပ်စုအတွင်းရှိ ကာဘောင်းကျမြောင်းသည် နှစ်ကာလကြာမြင့်ပြီဖြစ်၍ မြောင်းအတွင်းရှိ သဲနှုန်းများနှင့် သစ်ပင်ခြုံနွယ်များအား ပြန်လည်တူးဖော်ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၄) ဦးကျော်မင်းထွန်း၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ခင်ဦးမြို့နယ်၊ သာဝတ္တိကျေးရွာ DY 1 ပေါ်ရှိရေပေးပြွန် WC-7 အားရေရှည်တည်တံ့ ခိုင်မြဲစေရန်နှင့် ရေမလိုသည့်အချိန်တွင် လွယ်လင့်တကူပိတ်နိုင်စေရေး ရေတံခါးစနစ်ဖြင့် အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၅) ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဖောင်းပြင်မြို့နယ်၊ ခုံသာကျေးရွာ၊ လယ်အောက်ရေသွင်းဆည်မြောင်းပေါ်ရှိ ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားသော သစ်သားတံတားအား သံကူကွန်ကရစ်တံတားအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၆) ဦးကျော်လင်း၊ ကျွန်းလှမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကျွန်းလှမြို့နယ်၊ ထိန်တောကျေးရွာရှိ သနွင်းချောင်းအား ရေပိုရေလွှဲဆည်တည်ဆောက်ပေးရန်နှင့် ကုက္ကိုကုန်းအုပ်စု၊ တကုန်ကျေးရွာတွင် (၅)ဧကခန့်ရှိ အများသုံးရေကန်ကြီးအား တူးဖော်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၇) ဦးကျော်ဌေးလွင်၊ ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဟုမ္မလင်းမြို့နယ်၊ မိုင်းကိုင်းအုပ်စု၊ နမ့်တော-သက္ကယ်တောင်ကျေးရွာချင်းဆက်လမ်းပေါ်ရှိ တံတားများပျက်စီးနေမှုအား အချိန်မီပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၈) ဦးလှိုင်မြင့်၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မော်လိုက်မြို့နယ် ရေခါတွန်ကျေးရွာ၏ ကမ်းပြိုကာကွယ်ရေးအတွက်လိုအပ်နေသော မြစ်ကမ်းထိန်း ရေကာနံရံများအား အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၉) ဦးဝင်းမြင့်၊ ချောင်းဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ချောင်းဦးမြို့နယ်၊ နွယ်ခွေကျေးရွာမှ မြင်းမူမြို့နယ် ကင်းလေးတောသို့ ဆက်သွယ်ထားသော လမ်းအား ကျောက်ချောလမ်းခင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၁၀) ဦးကျော်မင်းထွန်း၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ခင်ဦးမြို့နယ်၊ ယောက်သွားအိုင်ကျေးရွာနှင့် ရွှေကျောက်တန်းကျေးရွာအကြား မြေလမ်း အရှည်(၅ဝဝ)ခန့် ဖောက်လုပ်ပေးရန်နှင့် တံတားတစ်စင်းတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၁၁) ဒေါ်နီလာလွင်၊ မြင်းမူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မြင်းမူမြို့နယ်၊ ကျွဲရိုက် ကျေးရွာအုပ်စု၊ အုပ်ပင်ကျေးရွာ ဧရာဝတီမြစ်ရေတိုက်စားမှုမှ ကာကွယ်နိုင်ရန် ကမ်းပါးပြုပြင်ခြင်းအား နှစ်အလိုက် လျာထားဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၁၂) ဒေါ်အောင်မေရီ၊ ယင်းမာပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ယင်းမာပင်မြို့နယ်၊ ပ/သီးကုန်းအုပ်စု၊ ကမ်းထိန်းနှင့် ရေလမ်းလွဲအား ပြန်လည်ပြင်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၁၃) ဦးကျော်လင်း၊ ကျွန်းလှမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကျွန်းလှမြို့နယ်၊ မိုင်းဝန်းချောင်းနဘေးရှိ နောင်ကောက်ကျေးရွာ၊ နန်းကြီးသာချောင်းဆိပ်ရှိ အောင်းပင်ကျေးရွာများကို ကမ်းထိန်းနံရံဆောင်ရွက်ပေးရန်နှင့်နောင်ကောက်၊ ဟဲကင်း၊ ရေရှင်လမ်းပိုင်းတွင် ပေ(၃ဝ)ရှိကွန်ကရစ်ရေကျော်(၅)ခု ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။

(ခ) ဗန်းမောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ဦးညီညီဟန်မှ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ၏ ”၂၀၁၈−၂၀၁၉ခု ဘဏ္ဍာရေးနှစ် တစ်နှစ်တာလုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”အား လွှတ်တော်သို့တင်ပြခဲ့ရာ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၈)ရက်၊ (သောကြာနေ့) (၁၆:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက်အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

(ဂ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် အစည်းအဝေး (တတိယနေ့)က တိုင်းဒေသကြီးဥပဒေချုပ် တင်သွင်းသော ”စစ်ကိုင်းတိုင်းဒေသကြီး ဥပဒေချုပ်ရုံး၏ ၂၀၁၉ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက် နှစ်ချုပ်အစီရင်ခံစာ” နှင့်စပ်လျဉ်း၍ ရေဦးမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)၊ ဦးမြင့်ထွေးမှ ဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးဥပဒေချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာပါသည်။

(ဃ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ရပ်နားကြောင်းနှင့် အစည်းအဝေး အဋ္ဌမနေ့ကို ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၈)ရက် (သောကြာနေ့) နံနက် (၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။

၂။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမနေ့ကို (၁၁:၄၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

87455697_2697329727157543_3963463595332730880_o 88069404_2697330053824177_7668287051829084160_o 87379223_2697327030491146_3030514200909709312_o 88079454_2697326897157826_6193329071166849024_o 87987729_2697326960491153_1383281615966306304_o 88056533_2697327757157740_2452882387118325760_o 87956797_2697329280490921_2255550733178896384_o 87939957_2697329527157563_8386058301254664192_o 87788518_2697328550490994_9171573275271102464_o 87458500_2697328477157668_5465445673430155264_o 87468969_2697328370491012_5511488083620528128_o 87483698_2697329393824243_3262286776688967680_o 87543427_2697328990490950_5233252160791117824_o 87614921_2697329610490888_3672944989454729216_o 88055240_2697329213824261_3654080466593513472_o 88053555_2697326793824503_7068227331134849024_o 88011797_2697329113824271_7585567502126546944_o 88133075_2697329060490943_7974119110197903360_o 88138275_2697328497157666_5379588658707824640_o 88175468_2697328313824351_5496882527639437312_o 88102720_2697328633824319_6076291070616928256_o 87768657_2697325447157971_2934804612814733312_o87452829_2697328860490963_3631590763701207040_o