၁။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး နဝမနေ့ကို ၂၀၂၀ပြည့်နှစ်၊ မတ်လ(၃)ရက်(အင်္ဂါနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၄)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂၅)ဦး စုစုပေါင်း(၉၉)ဦးအနက် (၈၇)ဦးတက်ရောက်သဖြင့် (၈၇.၈၈)ရာခိုင်နှုန်းရှိပြီး၊ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံတစ်ပုံကျော်တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကြောင်း လွှတ်တော် ဥက္ကဋ္ဌကကြေညာပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးအောင်ကျော်၊ ဘုတလင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဘုတလင်မြို့နယ်ရှိ မောင်းထောင်ရွာနှင့် သခွတ္တနယ်ရွာများတွင် နယ်မြေမီးသတ်စခန်း အဆောက်အဦးများ ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဦးဗိုလ်သိန်း၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏” မော်လိုက်
မြို့နယ်၊ ကံထူးကျေးရွာနှင့် တောင်အင်ကျေးရွာတို့တွင် ကျောင်းဆရာ/ဆရာမ နေထိုင်ရန် ဝန်ထမ်းအိမ်ရာ(R.C) တစ်ထပ်ဆောင်များ အနီးစပ်ဆုံးဘဏ္ဍာရေး
နှစ်တွင် ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”စပ်လျဉ်းသည့် မေးခွန်းကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဦးစိုးဝင်းထွန်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏”တိုင်းဒေသကြီး
အစိုးရအဖွဲ့အနေဖြင့် ချေးငွေလုပ်ငန်း၏ ရည်ရွယ်ချက်မပပျောက်စေရေး၊ လူနေမှုဘဝ မြင့်မားစေရေး၊ အခွန်များ စည်းကြပ်နိုင်ရေးတို့အတွက် ချေးငွေ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများအား ဥပဒေနှင့်အညီ ကြီးကြပ်ထိန်းညှိပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဦးမောင်မောင်ဝင်း ၊ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”စစ်ကိုင်းတိုင်းအတွင်း AIIR ပရောဂျက်ဖြင့် မြို့နယ်မည်မျှဆောင်ရွက်နေပြီး ဆောင်ရွက်နေသော တောင်သူအမည်နှင့် လယ်ဧကမည်မျှ ကူညီထောက်ပံ့မှုများ ပေးထားသည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဦးဝင်းရွှေ၊ ဗန်းမောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဗန်းမောက်မြို့နယ်၊ အောင်သာကုန်းကျေးရွာနေ လယ်သမား(၆)ဦး၏ လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ(၇) ပြုလုပ်ပေးခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာသို့ တင်ပြထားသော်လည်း ယနေ့အထိ လာရောက်စစ်ဆေးခြင်းမရှိသဖြင့် တင်ပြစာအပေါ် မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဦးဝဏ္ဏ၊ အရာတော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”အရာတော်မြို့နယ်၊ အမှတ်(၁ဝ) တိုင်းဗဟိုလေ့ကျင့်ရေးတပ်မှ လုပ်ပိုင်ခွင့်ရှိသော ငှက်ပျောခြံ ကျေးရွာအုပ်စု၊ မြေဧက(၁၄၄.၂၈)ဧကအနက် (၇၁.၁၈)ဧကအား တောင်သူများထံ စွန့်လွှတ်ခဲ့ပြီး (၁ဝ.၁ဝ)ဧကအား မြရိပ်သာသနာမြေအဖြစ် လှူဒါန်းခဲ့သဖြင့် ကျန်ရှိသော စိုက်ပျိုးနိုင်သည့်် မြေ(၅၃)ဧကအား မူလဓားမဦးချ လုပ်ကိုင်သူများသို့ ပြန်လည်ချထား လုပ်ကိုင်ခွင့်ပြုသင့်ကြောင်းနှင့် ဗဟို မြေလွတ်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီသို့ တင်ပြထားသော်လည်း ပြန်ကြားလာခြင်းမရှိသည့်အပေါ် မည်ကဲ့သို့ဆောင်ရွက် ပေးမည်ကို သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၇) ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဖောင်းပြင်
မြို့နယ်၊ မာသီးအုပ်စု၊ အင်းကွေ့ရွာအနီး လယ်ယာမြေအသစ် ဧက(၂ဝဝ) ဖော်ထုတ်လျက်ရှိရာ ဧက(၄ဝ)ဖော်ထုတ်ရန် ကျန်ရှိနေပါသဖြင့် အလျင်အမြန်
အကောင်အထည်ဖော်နိုင်ရေး တာဝန်ယူဆောင်ရွက်နေသော ကုမ္ပဏီအား ညွှန်ကြားဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၈) ဒေါ်နှင်းခိုင်စိုး၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဒီပဲယင်းမြို့နယ်၊ ညောင်ဇီးကုန်းကျေးရွာရှိ နှစ်ပေါင်းများစွာ လစ်လပ်နေသော ယာမြေ(ဝ.၄၄) ဧကအား ကျေးရွာစာသင်ကျောင်းမြေအဖြစ် အသုံးပြုခွင့်ရရှိရေး ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၉) ဒေါ်စုမြတ်ထက်၊ စစ်ကိုင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ အောက်ပါမေးခွန်း (၂)ခုအား လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ကက) ”ထန်းတောဆိပ်ကျေးရွာနေပြည်သူများ လျှပ်စစ်ဓာတ်အား
သုံးစွဲနိုင်ရေးအတွက် လိုအပ်နေသော (11 KV) ဓာတ်အားလိုင်း (၁)မိုင် တည်ဆောက်ခြင်းလုပ်ငန်းကို (၂၀၂၀−၂၀၂၁) ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ချထားဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း။
(ခခ) ”စစ်ကိုင်းမြို့နယ်၊ နတ်ခရိုင်အုပ်စု၊ ကံကုန်းကျေးရွာ၊ မီးလင်းရေးအတွက် ရွာတွင်းလိုင်းများ၊ မီးတိုင်များ ကိုယ်ထူကိုယ်ထ ဆောင်ရွက်ပြီးဖြစ်ပါ၍ လိုအပ်နေသော ထရန်စဖော်မာတစ်လုံးအား အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်သည့်မေးခွန်း။
(၁၀) ဦးဗိုလ်သိန်း၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မော်လိုက်မြို့နယ်ရှိ ကူးတို့လုပ်ငန်း(၆)ခုကို ဥပဒေနှင့်အညီ မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း” စပ်လျဉ်း သည့် မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၁) ဒေါ်သင်းသင်းကြူ၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ခင်ဦးမြို့နယ်၊ ဥစ္စာတွင်းကျေးရွာ၏အရှေ့ဘက် ရေဆိုးချောင်းပေါ်ရှိ လူကူးတံတားအား
လှည်း/ ထွေလာ/ ထွန်စက်ရိတ်စက်/ ချွေလှေ့စက်များ သွားလာနိုင်သော သံကူကွန်ကရစ် တံတားတစ်စင်းအဖြစ် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးမှ ” ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန အဖွဲ့အစည်းများ၏ အထွေထွေပိုလျှံရန်ပုံငွေမှ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း”အားလွှတ်တော်သို့ တင်ပြခဲ့ရာ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၂၀ပြည့်နှစ်၊ မတ်လ(၄)ရက်၊ (ဗုဒ္ဓဟူးနေ့) (၁၅:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဂ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် အစည်းအဝေး (စတုတ္ထနေ့)က တင်သွင်းခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၏ ”၂၀၁၉ခုနှစ်အတွင်း တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ” နှင့်စပ်လျဉ်း၍ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ဦးစိုးဝင်းထွန်းနှင့် မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ဦးလှိုင်မြင့်တို့(၂)ဦးမှှ ဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးတရားသူကြီးချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(င) ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ အတွင်းရေးမှူး၊ ဦးမိုးမင်းဝင်း၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ကော်မတီ၏ “၂၀၁၉ခုနှစ်အတွင်း တစ်နှစ်တာလုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”အား လွှတ်တော်သို့တင်ပြခဲ့ရာ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၄)ရက်၊ (ဗုဒ္ဓဟူးနေ့) (၁၅:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက်အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာပါသည်။
(ဃ) ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးကိစ္စရပ်များလေ့လာစုံစမ်း စိစစ်ရေးနှင့် သုတေသနပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ ဦးမြင့်ထွေး၊ ရေဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ကော်မတီ၏ “၂၀၁၉ခုနှစ်အတွင်း တစ်နှစ်တာလုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”အား လွှတ်တော်သို့တင်ပြခဲ့ရာ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၄)ရက်၊ (ဗုဒ္ဓဟူးနေ့) (၁၅:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက်အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာပါသည်။
(င) လွှတ်တော်ဥက္ကဋ္ဌက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနမှပေးပို့သည့် “ဂုဏ်ထူးဆောင် လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းရေးဆိုင်ရာ နည်းဥပဒေအား ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေ (မူကြမ်း)”နှင့်စပ်လျဉ်း၍ ၂၀၁၃ခုနှစ် တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ၁၅၈အရ ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်ရန်အချက်ရှိပါက ပြင်ဆင်၊ ပယ်ဖျက်လိုသော အချက်များကို ရက်ပေါင်း (၉၀)အတွင်း အဆိုတင်သွင်းနိုင်ကြောင်း ကြေညာပါသည်။
(စ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး နဝမနေ့ကို ရပ်နားကြောင်းနှင့် အစည်းအဝေး ဒသမနေ့ကို ၂၀၂၀ပြည့်နှစ်၊ မတ်လ(၄)ရက်(ဗုဒ္ဓဟူးနေ့) နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး နဝမ နေ့ကို (၁၂:၀၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်၊