ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယ နေ့ ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယ နေ့ကို ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ(၁၉)ရက် (ဗုဒ္ဓဟူးနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၃)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂၅)ဦး စုစုပေါင်း (၉၈)ဦးအနက် (၈၇)ဦးတက်ရောက်ပါသည်၊၊
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါ အတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဒေါ်ခိုင်ခိုင်ဝင်း၊ ဝန်းသိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဝန်းသိုမြို့နယ်၊ အောင်းပင်ကျေးရွာအုပ်စုအတွင်း အလျား(၁၂ဝ)ပေ၊ အနံ(၅)ပေ၊ အမြင့်(၈)ရှိ ဆိုင်ကယ်ကူးတံတားတစ်စင်းကို ၂ဝ၂ဝ-၂ဝ၂၁ ဖြည့်စွက်ရန်ပုံငွေမှ ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဦးကျော်ဆန်း၊ ချောင်းဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ချောင်းဦးမြို့နယ်၊ တောကျောင်းကြီးကျေးရွာအနီးရှိ ပေါက်အင်းအတွင်းသို့ နှစ်စဉ် ရေသွင်းရေထုတ်ပြုလုပ်ရသော သုံးပန်လှရေမြောင်းအား ပြန်လည်တူးဖော်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဦးဝင်းမြင့်၊ ချောင်းဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ချောင်းဦးမြို့နယ်၊ ဒိုင်းချောင်းနှင့် ထန်းတောကြီးချောင်းဆုံရာနေရာတွင် လှည်းကူး၊ ပင်းတား ရေထိန်းတံခါးအား အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန်
အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊
မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဦးကျော်မင်းထွန်း၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ “ခင်ဦးမြို့နယ်၊ စောကြီးကျေးရွာအုပ်စု၊ စောကြီးကျေးရွာ၊ အင်ကြင်းပင်ကျေးရွာ၊ တဲကြီး ကျေးရွာ၊ ပေါက်တောကျေးရွာများအတွက် စိုက်ပျိုးရေရရှိရန် လျှပ်စစ်စက်ရေတင် တစ်ခု တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်း သည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဦးလှိုင်မြင့်၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မော်လိုက်မြို့နယ်၊ တပ်ကုန်းကျေးရွာ ချင်းတွင်းမြစ်ကမ်းပြိုကာကွယ်ရေးအတွက် လိုအပ်သော နေရာများတွင် ကျောက်စီမြေထိန်းရေကာနံရံများကို အနီးစပ်ဆုံးဘဏ္ဍာနှစ် ကာလတွင် ဆက်လက်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဦးအောင်သန်းကျော်၊ ကလေးဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကလေးမြို့နယ်၊ ကိုင်းကျေးရွာအုပ်စု၊ ဇီးဒေါင့်ကျေးရွာနှင့် တုန်နန်းကျေးရွာအုပ်စု၊ ရွှေတောင်ကျေးရွာတို့တွင် ကမ်းပါးပြိုမှုကာကွယ်ပေးရန် အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၇) ဦးရွှေဌေး၊ ကနီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကနီမြို့နယ်၊ ကနဲဆိပ်ကမ်း ကမ်းပြိုမှုမှကာကွယ်နိုင်ရန် ကျောက်စီကမ်းထိန်းနံရံအား (၂ဝ၂၁-၂ဝ၂၂) ဘဏ္ဍာနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိသိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၈) ဦးဝင်းရွှေ၊ ဗန်းမောက်မြို့နယ်၊မဲဆန္ဒနယ်အမှတ်(၁)၏ ”ဗန်းမောက်မြို့နယ်၊ ဥမှင်ကျေးရွာ၊ ကျွန်းကုန်းကျေးရွာ၊ ပင်လုံကျေးရွာ၊ တုန်းလှော်ကျေးရွာ၊ ကိုင်းကြီးကျေးရွာ(၅)ရွာ လျှပ်စစ်မီးသွယ်တန်းခြင်းကို ၂ဝ၂၁-၂ဝ၂၂ ဘဏ္ဍာရေးနှစ်အတွင်း စီမံဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၉) ဒေါ်သင်းသင်းကြူ၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ခင်ဦးမြို့နယ်၊ မုံတောမြောက်ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းအတွက် ကျောင်းဆောင်သစ်တစ်ဆောင်ကို အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၀) ဦးညီညီဟန်၊ ဗန်းမောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဗန်းမောက်မြို့နယ်၊ ကြောင်လည်တိုက်နယ်ဆေးရုံတွင် ယခု အစိုးရလက်ထက် ချထားပေးသော ဝန်ထမ်းအိမ်ရာအပြီးသတ်ဆောက်လုပ်ရေး မည်သို့စီမံဆောင်ရွက်မည်ကိုသိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၁) ဒေါ်နှင်းခိုင်စိုး၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဒီပဲယင်းမြို့နယ်၊ တည်တောကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲအား ကျေးလက်ကျန်းမာရေး ဌာနအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး စာရင်းစစ်ချုပ်မှ တင်သွင်းခဲ့သည့် ”စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေအရအသုံးဆိုင်ရာစာရင်းများ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ”နှင့်စပ်လျဉ်း၍ ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)နှင့် အရအသုံးငွေစာရင်း၊ ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီတို့၏ ဆွေးနွေးချက်များအပေါ် လူမှုရေးဝန်ကြီး၊ ဒေါက်တာဇော်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီး၊ ဦးမိုးကျော်သူနှင့် တိုင်းဒေသကြီးစာရင်းစစ်ချုပ်တို့မှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
(ဂ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့ကို ရပ်နားကြောင်းနှင့် အစည်းအဝေး စတုတ္ထနေ့ကို ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ(၂၀)ရက် (ကြာသပတေးနေ့) နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယ နေ့ကို (၁၁:၄၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
w1 w2