ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့ ဆက်လက်ကျင်းပ

ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ(၂၀)ရက် (ကြာသပတေးနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၃)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂၅)ဦး စုစုပေါင်း (၉၈)ဦးအနက် (၈၇)ဦး တက်ရောက်ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဒေါ်နှင်းခိုင်စိုး၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ “ဆည်မြောင်းဦးစီးဌာန၏ ဝန်ထမ်းအင်အားများကို ဖွဲ့စည်းပုံအရ လိုအပ်လျက်ရှိသော မြို့နယ်များတွင် ဖြည့်တင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”
စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး
ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဒေါ်အောင်ကြည်၊ မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မုံရွာမြို့ ချင်းတွင်းမြစ် ရေဘေးကာကွယ်ရေးတာ(တောင်ပိုင်း) High Flood Level (HFL) အထက်(၃’)မြှင့်ခြင်း ကျောက်ရိုးစီလုပ်ငန်း ကျန်ရှိအပိုင်း စုစုပေါင်းပေအရှည် (၅၆၈၄၅)ကို ကျောက်စီတာဘောင် ပြုလုပ်ပေးရန်နှင့် ချင်းတွင်းတာ တောင်ပိုင်းရှိ ချင်းတွင်းမြစ်လက်တက် ဆူးလေကုန်းချောင်း(၁၅၀၀၀’)၊ ပေါများချောင်း(၂၀၀၀၀’) သဲနုန်းတူးဖော်ခြင်းလုပ်ငန်းတို့အား ဆောင်ရွက် ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၃) ဒေါ်အမာကြည်၊ မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မုံရွာမြို့၊ ဗန္ဓုလရပ်ကွက်၊ နယ်မြေ(၄)ရှိကံကြီးရေကန်အား ပြန်လည်တူးဖော်၍ ဘောင်အဆင့်မြှင့်တင်ပေးရန်နှင့် ရေကန်အတွင်းသို့ အင်းတောမြစ်ရေတင်လုပ်ငန်းမှ
ရေပေးဝေရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်း
ဖြေကြားခဲ့ပါသည်။
(၄) ဦးကျော်မင်းထွန်း၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ခင်ဦးမြို့နယ်၊ ဗအိုးကျေးရွာနှင့် အင်တိုင်းကြီးကျေးရွာ ရေမြောင်းကူးတံတား(၃)စင်း အပါအဝင် ကျေးရွာချင်းဆက်လမ်းအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၅) ဦးညီညီထွန်း၊ ကသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ကသာ-ထီးချိုင့် လမ်းပိုင်း(၃၉)မိုင်ကို ၂ဝ၁၉-၂ဝ၂ဝဘဏ္ဍာရေးနှစ်အထိ(၅)မိုင်ခန့် ကတ္တရာလမ်း ဆောင်ရွက်ပြီးဖြစ်ရာ တစ်နှစ်လျှင်(၂)မိုင်နှုန်းခန့်သာ ဆောင်ရွက်နေရသဖြင့် ပြီးပြတ်အောင်ဆောင်ရွက်ရန် (JICA)အစီအစဉ်ဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဦးဇော်လင်းဦး၊ ဝန်းသိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဝန်းသို့မြို့နယ်အတွင်း ကျောက်ထုတ်လုပ်ငန်းရှင်များ၏ ကျောက်တင်ကားများကြောင့် ပျက်စီးသွားသော ကျေးရွာချင်းဆက်လမ်း/တံတားများအား မည်သို့တာဝန်ယူ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၇) ဒေါ်သင်းသင်းကြူ၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ခင်ဦးမြို့နယ်၊ ချောင်းဆုံကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းအတွက် ကျောင်းဆောင်သစ် တစ်ဆောင်ကို အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကိုလူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၈) ဦးကျော်ဆန်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မင်းကင်းမြို့နယ်၊ အ.မ.က(၂)အလယ်တန်းကျောင်းခွဲနှင့် တုမရကျေးရွာ ကိုယ့်အားကိုယ်ကိုးကျောင်းတို့အား အဆင့်တိုးမြှင့်ပေးရန် တင်ပြသော်လည်း အဆင့်တိုးစာရင်းတွင်မပါရှိသဖြင့် စိစစ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီမှ တင်သွင်းခဲ့သည့် ”၂၀၁၆−၂၀၂၀ခုနှစ်အတွင်း (၅)နှစ်တာလုပ်ငန်း ဆောင်ရွက်ချက်အစီရင်ခံစာ” နှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း ကြေညာပါသည်။
(ဂ) စစ်ကိုင်းတိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ ဦးစိုးလွင်မှ စစ်ကိုင်းတိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ”၂၀၁၆ ခုနှစ်မှ ၂၀၂၀ပြည့်နှစ်အထိ (၅)နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”အား လွှတ်တော်သို့ တင်သွင်းခဲ့ရာ အစီရင်ခံစာနှင့်စပ်လျဉ်းပြီး အကြံပြု ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ (၂၁)ရက်၊ (သောကြာနေ့) (၁၆:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက်
အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဃ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ရပ်နားကြောင်းနှင့် အစည်းအဝေး ပဉ္စမနေ့ကို ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ(၂၁)ရက်(သောကြာနေ့) နံနက်(၁၀:၀၀) နာရီ အချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထ နေ့ကို (၁၁:၃၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
w1 w2 w3 w4 w5