ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ဆက်လက်ကျင်းပ

၁။      ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယ နေ့ကို ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ(၁၅)ရက် (အင်္ဂါနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၃)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂၅)ဦး စုစုပေါင်း (၉၈)ဦးအနက် (၈၆)ဦးတက်ရောက်ပါသည်။

  (က)    ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-           

(၁) မော်လိုက်ကလေးကျေးရွာတွင် တိုင်းဒေသကြီးဘတ်ဂျက်ရန်ပုံငွေ ကျပ်သန်း (၇ဝဝ) ဖြင့် တည်ဆောက်ခဲ့သော မြစ်ကမ်းထိန်းရေကာနံရံအားပြန်လည်ကြည့်ရှု စစ်ဆေးပေးရန် တင်ပြထားမှုအပေါ် ဆောင်ရွက်ပေးခြင်းမရှိသေးသဖြင့် မည်သို့ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှရှင်းလင်း ဖြေကြားခဲ့ပါသည်။

             (ခ)ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး စာရင်းစစ်ချုပ်မှ တင်သွင်းခဲ့သည့်”စစ်ကိုင်းတိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ(၅)နှစ်တာ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာ” နှင့်စပ်လျဉ်း၍ ဒေါက်တာကျော်ဇေလင်း     ဘုတလင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ဦးကျော်ဆန်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)နှင့်အရအသုံးငွေစာရင်း၊ ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီတို့၏ ဆွေးနွေးချက်များအပေါ်တိုင်းဒေသကြီးစာရင်းစစ်ချုပ်တို့မှပြန်လည်ရှင်းလင်းဆွေး နွေးခဲ့ကြပါသည်။

          ()ဥပဒေအတည်ပြုခြင်းကဏ္ဍတွင် စည်ပင်သာယာရေးဝန်ကြီးဌာနမှ ပေးပို့ဖြန့်ဝေထားသည့်” စစ်ကိုင်းတိုင်းဒေသကြီး၊ အဆောက်အအုံနှင့် မြေခွန်၊ မီးခွန်၊ ရေခွန်၊ အမှိုက်နှင့် အညစ်အကြေးခွန် နည်းဥပဒေများ(မူကြမ်း)” နှင့်စပ်လျဉ်း၍ စီးပွားရေးကူးသန်းရောင်းဝယ်ရေးနှင့် စည်ပင်သာယာရေး ဆိုင်ရာကော်မတီမှပြင်ဆင်ဖြည့်စွက်ရန် တင်ပြထားသည့် အချက်များအပေါ် ဦးအောင်သန်းကျော်၊ ကလေးဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြင်ဆင်ချက်တင်သွင်းခဲ့ရာ သက်ဆိုင်ရာ ကော်မတီနှင့် ဝန်ကြီးတို့၏ သဘောထားရယူပြီး လွှတ်တော်၏ အတည်ပြုချက်ရယူကာ အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

         (ဃ)ဥပဒေအတည်ပြုခြင်းကဏ္ဍတွင် စည်ပင်သာယာရေးဝန်ကြီးဌာနမှ ပေးပို့ဖြန့်ဝေထားသည့် “စစ်ကိုင်းတိုင်းဒေသကြီး သုသာန်များကြီးကြပ်ခြင်းဆိုင်ရာ နည်းဥပဒေ(မူကြမ်း)” နှင့်စပ်လျဉ်း၍ စီးပွားရေးကူးသန်းရောင်းဝယ်ရေးနှင့် စည်ပင်သာယာရေးဆိုင်ရာကော်မတီနှင့် ရေဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဦးမြင့်ထွေးတို့မှ ပြင်ဆင်ဖြည့်စွက်ရန် တင်ပြထားသည့်အချက်များပါဝင်သော နည်းဥပဒေ(မူကြမ်း)ကို သက်ဆိုင်ရာဝန်ကြီး၏ သဘောထားရယူပြီးလွှတ်တော်၏ အတည်ပြုချက်ရယူကာ လွှတ်တော်၌ အတည်ပြုကြောင်း လွတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

(င)ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ရပ်နားကြောင်းနှင့် အစည်းအဝေးတတိယနေ့ကို ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ(၁၆)ရက် (ဗုဒ္ဓဟူးနေ့) နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။

၂။         ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့ ကို (၁၁:၀၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *