ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့ကို ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ(၁၉)ရက် (ကြာသပတေးနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ အောက်ပါအတိုင်း ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၅)ဦး၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် (၂၅)ဦး စုစုပေါင်း(၁၀၀)ဦးအနက်(၉၀)ဦးတက်ရောက်သဖြင့် (၉၀)ရာခိုင်နှုန်းရှိပြီး၊ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ ထက်ဝက်ကျော် တက်ရောက်ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါ
အတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးမြင့်မော်၊ ထီးချိုင့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ထီးချိုင့်မြို့နယ်၊ ဆားတွင်း−ဇီးသောင်လမ်း(၅)မိုင်၊ (၂)ဖာလုံကျောက်ချောလမ်းသည် နှစ်စဉ် ရေလွှမ်းမိုးခြင်းခံနေရသဖြင့် ကွန်ကရစ်လမ်းအဖြစ် အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဦးရိုထန်းပွီးယာ၊ တမူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”တမူးမြို့နယ်ရှိ မလူ- ရွာသာ-မင်းသမီး ကျေးရွာချင်းဆက်လမ်းပေါ်ရှိ မလူ-ရွာသာကြားရှိ အရှည်(၈)ပေရှိသော ဖိုးချိန်ချောင်းအား ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဗိုလ်မှူးသက်နိုင်ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၏ ”ကလေးမြို့နယ်၊ ရာဇဂြိုလ်ကျေးရွာ သောက်သုံးရေဖူလုံစွာရရှိနိုင်ရန်အတွက်ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ဆဲဘောလ်အုပ်စုနယ်မြေအတွင်းရှိ နန်းခြေရာချောင်းမှရေကို ပိုက်လိုင်းဖြင့်သွယ်တန်းအသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဒေါ်နီလာလွင်၊ မြင်းမူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မြင်းမူမြို့နယ်၊ ကံသာကျေးရွာရှိ အများသုံးသောက်သုံးရေကန်သည် မြေပို့လာခြင်း၊ ရေဝပ်ဧရိယာ ကျဉ်းမြောင်းလာသဖြင့် ဆောလျင်စွာပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဖောင်းပြင်မြို့နယ်၊ နတ်သျှင်နောင်လမ်း၊ တိမ်ကြားမင်းဂေါင်လမ်း၊ အောင်ဇေယျလမ်း၊ အောင်သီဟလမ်းများမှ စီးဆင်းလာသောရေများကြောင့် မြို့ကမ်းပါးမပြိုရန် တူးဖော်ထားသော စိမ့်နုတ်မြောင်းထဲတွင် ရေများဝပ်နေသဖြင့် ရေစီးရေလာ
ကောင်းမွန်ရေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”
စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်း
ဖြေကြားခဲ့ပါသည်။
(၆) ဦးအောင်သန်းကျော်၊ ကလေးဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ” ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ်တွင် ကလေးဝမြို့နယ်ရှိ ဝေပုံကျေးရွာ၊ အောင်ချမ်းသာ ကျေးရွာ၊ တုန်နန်းကျေးရွာ၊ ရှဲဂန်းကျေးရွာ၊ ကျွဲတပ်ကျေးရွာများသို့ VDP စီမံကိန်းချထားဆောင်ရွက်ပေးနိုင်မှုရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၇) ဗိုလ်မှူးမောင်မောင်မြင့်၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၏ ”မင်းကင်းမြို့နယ်၊ မြောက်ချွန်းကျေးရွာအုပ်စု၊ မြောက်ချွန်းကျေးရွာအခြေခံပညာအလယ်တန်းကျောင်းတွင် လိုအပ်နေသော (၆ဝ’×၃ဝ’×၁၂’)အုတ်ညှပ် တစ်ထပ်စာသင်ဆောင်အတွက် ရန်ပုံငွေကို အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၈) ဦးထွန်းထွန်းဝင်း၊ ကနီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ကနီမြို့နယ်တွင် ရာသီမရွေးဆော့ကစားနိုင်သော မိုးလုံလေလုံ အားကစားကွင်းတစ်ခု တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၉) ဒေါ်ဖြူဖြူဝင်း၊ ကောလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မြို့နယ်၊ ခရိုင်၊ တိုင်းများတွင် ကျောင်းသားအားကစားပွဲတော်များ ကျင်းပနိုင်ရန်နှင့် နွေရာသီကျောင်းပိတ်ရက်တွင် မြို့နယ်အား/ကာမှူးများ၊ နည်းစနစ်မှူးများနှင့် အားကစားသင်တန်းများဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၁၀) ဗိုလ်မှူးဘရီ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၏ ”စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တမူး၊ လေရှီး၊ နန်းယွန်း၊ ကလေးဝ၊ မင်းကင်း၊ ဝက်လက်၊ ခင်ဦး၊ ကသာ၊ အင်းတော်နှင့် မြောင်မြို့နယ်များတွင် လူမှုဝန်ထမ်း ဦးစီးဌာနအသိအမှတ်ပြု မူလတန်းကြိုကျောင်း(၁)ကျောင်းစီ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၁) ဦးသန်းဝင်း၊ အင်းတော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”အင်းတော်မြို့နယ်တွင် ဝန်ကြီးဌာနတစ်ခု၏ လူမှုရေးအသင်းအဖွဲ့အမည်ခံ အဖွဲ့အစည်းတစ်ခုသည် နိုင်ငံရေးပါတီတစ်ခုနှင့် ချိတ်ဆက်လုပ်ကိုင်နေခြင်းသည်
တည်ဆဲဥပဒေများနှင့် ညီညွတ်ခြင်းရှိ/မရှိ၊ ညီညွတ်ခြင်း မရှိပါက မည်သို့ ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူဝင်မှု ကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့ကို ရပ်နားကြောင်းနှင့် အစည်းအဝေး ဒုတိယနေ့ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၂၀)ရက် (သောကြာနေ့) နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမ နေ့ကို (၁၁:၀၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။