ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့ကို ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက် (တနင်္လာနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၅)ဦး၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်(၂၅)ဦး စုစုပေါင်း(၁၀၀)ဦးအနက် (၉၆)ဦးတက်ရောက်သဖြင့် (၉၆)ရာခိုင်နှုန်းရှိပြီး၊ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံတစ်ပုံကျော် တက်ရောက်ပါသည်။

(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါ အတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-

(၁) ဦးကျော်ဌေးလွင်၊ ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဟုမ္မလင်းမြို့နယ်၊ မြို့မဆိပ်ကမ်းမြေနေရာတွင် ကုန်တင်ကုန်ချအလုပ်သမား အဖွဲ့ အစည်းပိုင်မြေနေရာနှင့် အဆောက်အဦတို့ကို ပါတီတစ်ခုအမည်ဖြင့်ထုတ်ပေးထားသော ဂရန်ကိုပယ်ဖျက်ပေးရန်နှင့် ဆိပ်ကမ်းအလုပ်သမားအဖွဲ့မှ ဂရန် ပြန်လည်လျှောက်ထားမှုအပေါ် မည်သို့အရေးယူဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး

ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၂) ဦးစိုးဝင်းထွန်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”တိုင်းဒေသကြီး နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်တည်ဆောက်ရေးလုပ်ငန်းများကို ကျွမ်းကျင်အင်ဂျင်နီယာအဆင့် မည်မျှဖြင့်တာဝန်ယူဆောင်ရွက်ပေးနေသည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၃) ဗိုလ်မှူးသက်နိုင်အေး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၏ “ကလေးမြို့နယ်တွင် တစ်ဖက်နိုင်ငံမှ တရားမဝင် လူ၊ ပစ္စည်းများခိုးဝင်မှုနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်/သုံးစွဲမှုများ လျော့နည်းပပျောက်စေရန်နှင့် ပြစ်မှုကျူးလွန်မှုများ လျော့နည်းပပျောက်စေရန်အတွက် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးကို အပြည့်အဝဆောင်ရွက်ပေးနိုင်ရန် (င)အဆင့်စခန်းကြီး

ရဲကင်းစခန်းအား (ဃ)အဆင့် ရဲစခန်းသို့ တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ

သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာ

ဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၄) ဦးသန်းလှိုင်၊ ပင်လည်ဘူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ပင်လည်ဘူးမြို့နယ်၊ ခေါက်ဆင်းကျေးရွာနှင့် ကျော်ရွာကြီးကျေးရွာတို့အကြားတွင်တည်ရှိပြီး လယ်ဧကရာနှင့်ချီ၍ အကျိုးပြုနေသော ”နောင်ကန်းအင်း”အား ရေပိုမိုသိုလှောင်နိုင်ရန်အတွက် ခိုင်ခန့်သော မြေသားတာဘောင်မြှင့်တင်ခြင်းကိုဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၅) ဦးမြင့်ဦး၊ တန့်ဆည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”တန့်ဆည်မြို့နယ်၊ တုတ္တလုပ်ကျေးရွာအုပ်စုရှိ ကိုယ့်အားကိုယ်ကိုး တည်ဆောက်ထားသည့် လယ်ဧကထောင်ချီအကျိုးပြုနေသော မုန့်သည်မဆည် ပျက်စီးနေမှုအား ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်း

သည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ

ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၆) ဦးရိုထန်းပွီးယာ၊ တမူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”တမူးမြို့နယ်၊ အင်ဒိုင်းအုပ်စု၊ ပန်းသာကျေးရွာနှင့် ခမိတ်ကျေးရွာရှိ လယ်ယာမြေများ ရေလုံလောက်စွာရရှိနိုင်ရန်အတွက် နန်းမန်းတားချောင်းမကြီးမှ ရေပေးဝေသော အရှည်(၅ဝဝ)ပေခန့်ရှိ ရေသွယ်မြောင်းအား ချဲ့ထွင်တူးဖော်ပေးရန် အစီ

အစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၇) ဦးလှိုင်မြင့်၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မော်လိုက်မြို့နယ်၊ ခါဝဲကျေးရွာအုပ်စုရှိ ခါဝဲ-သဝန်-မှုန်ကြီး ကျေးရွာချင်းဆက်လမ်းအား ရာသီမရွေးသွားလာနိုင်သော မြေသားတာဘောင်တင် ဂျင်းခင်းလမ်းအဖြစ်

အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ

သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကိုလျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှရှင်းလင်း ဖြေကြားခဲ့ပါသည်။

(၈) ဦးကျော်ဆန်း၊ ချောင်းဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ချောင်းဦးမြို့နယ်၊ ခင်မွန်၊ ကျီကုန်း၊ ရွှေဒါးကျကျေးရွာလမ်းပေါ်ရှိ သစ်သားကြမ်းခင်းများ ပျက်စီးနေသော ကျီကုန်းရွာသစ်တံတားအား သံကူကွန်ကရစ်တံတားအဖြစ် အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ပြောင်းလဲဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ ပါသည်။

(၉) ဗိုလ်ကြီးအောင်ကိုထွေး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၏ ”မုံရွာ- မန္တလေးလမ်းမကြီးမှ မြောင်မြို့သို့ဆက်သွယ်ထားသည့် လမ်းအရှည်(၇)မိုင် အနက် ဆောင်ရွက်ရန်ကျန်ရှိနေသော လမ်းပိုင်း(၅)မိုင်၏ လမ်းပခုံးများအားပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှရှင်းလင်း ဖြေကြားခဲ့ပါသည်။

(၁၀) ဒေါက်တာကျော်နိုင်ထွန်း၊ မြောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မြောင်မြို့နယ်ရှိ လက်ယက်မ-မြောင် မြေသားလမ်း(၄.၁)မိုင်အား မြေသား (၂”)ထုတင်ပြီး ဂျင်း(၄”)ထုခင်းခြင်းလုပ်ငန်းနှင့် ရေကျော်တံတားများဆောက်လုပ် ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှရှင်းလင်း ဖြေကြားခဲ့ပါသည်။

(၁၁) ဒေါ်အောင်မေရီ၊ ယင်းမာပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖွဲ့စည်းထားသော Third Party များအား သက်ဆိုင်ရာမြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ပြီး တင်ဒါရရှိမှုစာရင်းများ အရည်အသွေးမပြည့်မီသောလုပ်ငန်းများကို ၄င်းအဖွဲ့များဖြင့် ပြန်လည်ဆောင်ရွက်စစ်ဆေးရန် အစီအစဉ်ရှိ/မရှိ သိရှိလို ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၁၂) ဦးဝင်းရွှေ၊ ဗန်းမောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဗန်းမောက်မြို့နယ်၊အခြေခံပညာအထက်တန်းကျောင်းတွင် နှစ်ပေါင်း(၃၀)ကျော် သက်တမ်းရှိနေသော ကလပ်ဆောင်(၁၂၀၊ x ၃၀၊ )နှင့် ခမ်းပတ်ဆောင်(၁၅၀၊ x ၃၀၊ )တို့မှာ ပျက်စီးယိုယွင်းနေသဖြင့် အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ပြင်ဆင်

ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၁၃) ဒေါ်အောင်ကြည်၊ မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ဒေသအနေအထားကိုမူတည်၍ လက်ရှိဆောက်လုပ်နေဆဲစာသင်ကျောင်းဆောင်များတွင် ပြတင်းတံခါးများကို ခိုင်ခံ့သည့်(၅”×၂”) ပျဉ်းကတိုး တုပ်ညှပ်များပြောင်းလဲသုံးစွဲရန် အစီအစဉ်ရှိ/မရှိနှင့် PVC သုံးစွဲပြီး ဆောင်ရွက်မည့် Designနှင့် Estimate တို့ ထည့်သွင်းရေးဆွဲခြင်းမပြုရန် စီမံဆောင်ရွက်ပေးနိုင်ခြင်း အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၁၄) ဦးညီညီထွန်း၊ ကသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ကသာမြို့နယ်သက္ကယ်ကျင်းကျေးရွာနှင့် ကူးကာကျေးရွာတို့တွင် ”မြတ်သိဒ္ဓိစံ”ကုမ္ပဏီမှ ဆောင်ရွက်နေသော စာသင်ကျောင်းဆောင်များ ပြီးစီးစေရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၄င်းကုမ္ပဏီအား ဆက်လက်ဆောင်ရွက်စေမည် (သို့မဟုတ်) အခြားသင့်လျော်သည့် ကုမ္ပဏီတစ်ခု (သို့မဟုတ်) ကျေးရွာကျောင်းကော်မတီအဖွဲ့မှ မည်သည့်အဖွဲ့အား တာဝန်ပေးဆောင်ရွက်စေမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၁၅) ဦးတင်စိုး၊ ကောလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ကောလင်းမြို့နယ်၊ အနောက်ဘက်ခြမ်းဒေသရှိ အကြီးစားနှင့်အလတ်စား စမ်းသပ်လုပ်ကွက်နှင့် လွတ်ကင်းသောနေရာများတွင် အသေးစားနှင့်လက်လုပ်လက်စား သတ္တု တူးဖော်ခွင့်လုပ်ကွက်များအား အမြန်ချထားဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(ဂ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီအဖွဲ့ဝင်၊ ဦးကျော်လင်း၊ ကျွန်းလှမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာအား လွှတ်တော်သို့ တင်သွင်းခဲ့ပြီး အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်၏သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာပါသည်။

(ဈ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်(၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့ကို ရပ်နားကြောင်းနှင့် အစည်းအဝေးစတုတ္ထနေ့ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၂၄)ရက် (အင်္ဂါနေ့) နံနက်(၁၀:၀၀) နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။

၂။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့ကို (၁၂:၀၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

001 003 004 005 006 007 008 009 0010 0011 0012 0013 0015 0016