ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ဆက်လက်ကျင်းပ

၁။      ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ(၂၅)ရက် (ဗုဒ္ဓဟူးနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေး ဆိုင်ရာကော်မတီ၏ တင်ပြချက်အရတက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၇၅)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၂၅)ဦး စုစုပေါင်း(၁၀၀)ဦးအနက် (၉၅)ဦးတက်ရောက်သဖြင့် (၉၅)ရာခိုင်နှုန်းရှိပြီး၊ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံတစ်ပုံကျော် တက်ရောက်ပါသည်။

(က)    ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါ
အတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-

(၁)        ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်() ”ဝက်လက်
မြို့ရှိ အသေးစားငွေချေးလုပ်ငန်း ဆောင်ရွက်နေသော အသင်းများသည်
အတိုးအရင်း တောင်းခံခြင်းနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ
သတ်မှတ်ထားသည့်အတိုင်း လိုက်နာမှုမရှိသဖြင့်  မည်သို့ကြပ်မတ်ထိန်းကြောင်း
ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စီမံကိန်းနှင့်
ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးဦးမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၂)      ဦးသောင်းမြင့်၊ မြင်းမူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်() ”တိုင်းဒေသကြီး
အတွင်း  မြို့နယ်များ၌ ဆင်းရဲမှုလျော့ချရေးရန်ပုံငွေ ချထားပေးခြင်းနှင့်
စပ်လျဉ်း၍ မည်သည့်အခြေအနေ၊ မည်သည့်အချိန်အခါတွင် ရန်ပုံငွေတင်ပြ
တောင်းခံရမည်ကို ပွင့်လင်းမြင်သာစွာ ရှင်းလင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိ
လိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး
ဦးစိုးဦးမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၃)     ဦးစိုးဝင်းထွန်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ”စစ်ကိုင်းတိုင်း
ဒေသကြီးအတွင်းရှိ လမ်းခင်းခြင်းလုပ်ငန်းများတွင် အဆင်ပြေစေရန်အတွက်
မြို့နယ်တစ်မြို့နယ်လျှင် မြေညှိစက်တစ်စီး ထောက်ပံ့ရင်းနှီးမြှုပ်နှံပေးရန်
အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၄)     ဒေါက်တာကျော်သူဟန်ထွန်း၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏
”ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းရှိ တောင်သူများ စိုက်ပျိုးစရိတ်
ချေးငွေများ အချိန်မီရရှိရန်အတွက် ဇီးကုန်းမြို့၌  မြန်မာ့လယ်ယာဖွံ့ဖြိုးရေး
ဘဏ်ခွဲတစ်ခု ဖွင့်လှစ်ပေးရေး  ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလို
ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ
ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၅)     ဒေါ်ခင်နှင်းရီ၊ ယင်းမာပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ယင်းမာပင်
မြို့နယ်အတွင်း တောင်သူများသို့ ငွေထုတ်ချေးနေသော အသေးစားချေးငွေ
လုပ်ငန်း(၅)ခုအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မည်သို့ကြီးကြပ်
ဆောင်ရွက်နေသည်၊ မည်သည့်အချိန်ကာလအထိ ခွင့်ပြုထားသည်ကို သိရှိလို
ပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ
ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၆)     ဒေါ်နီလာလွင်၊ မြင်းမူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်() မြင်းမူ-မြောင်
ဆက်သွယ်ထားသော တာဘောင်ရေတံခါးတွင်  မြစ်ရေကြီးချိန်၌ မျှောတိုင်များ၊
အမှိုက်များ၊ သစ်ပင်၊ သစ်ကိုင်းများဖြင့်ပိတ်နေပြီး  ရေတံခါးဖွင့်ပိတ်ရန်
ခက်ခဲနေသောကြောင့် ရေကျချိန်၌ ရေတံခါးထိပ်သင်္ဘောဦးဖြစ်စေ၊ ဒိုက်တားတန်း
ဖြစ်စေ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်
မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ
ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၇)     ဒေါက်တာဆန်းဝင်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်() မင်းကင်း
မြို့နယ်၊ ကံကျေးရွာအုပ်စုအတွင်းရှိ ၇၈၅/ A  နှင့် ၇၈၅/B ကွင်းများအတွင်း
ပါဝင်သောလယ်မြေများ စိုက်ပျိုးရေ၊ အောင်ရေရရှိရေးအတွက် စက်ရေတွင်းများ
တူးဖော်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်း
ဖြေကြားခဲ့ပါသည်။

(၈)     ဦးကျော်ဆန်း၊ ချောင်းဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ”ချောင်းဦးမြို့နယ်၊
သုံးပန်လှမြစ်ရေတင်လုပ်ငန်းမှ  ထပ်ဆင့်ရေတင်ရေထိန်းနေရာတွင် ရေထိန်း
တံခါးတစ်ခုတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”
စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး
ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၉)     ဦးလှိုင်မြင့်၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်() ”မော်လိုက်မြို့နယ်၊
ပန်းသာကျေးရွာအုပ်စုအတွင်းရှိ ပန်းသာရွာနှင့်ဗျူဟာလမ်းမကြီးကို ဆက်သွယ်
ထားသော အရှည်(၁)မိုင်ကျော် မြေသားလမ်းမှာ ပျက်စီးနေသဖြင့် ရာသီမရွေး
သွားလာနိုင်သော မြေသားတာဘောင်တင် ဂျင်းခင်းလမ်းအဖြစ် အနီးစပ်ဆုံး
ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”
စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၁၀)   ဒေါ်ဖြူဖြူဝင်း၊ ကောလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကောလင်း
မြို့နယ်၊ တောင်ဘို့လှ-အောက်ကျင်းလမ်း (၅)မိုင်(၅)ဖာလုံအနက် လမ်းအဆင့်
မြှင့်တင်ပေးရန် ကျန်ရှိနေသော မြေကြမ်းလမ်း(၃)မိုင်ခန့်အား  ကျောက်ချော
လမ်းအဖြစ် အဆင့်မြှင့်တင်ပေးခြင်းနှင့် လမ်းပိုင်းရှိ ပျက်စီးနေသောတံတား
(၃)စင်းကိုလည်း ပြန်လည်ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”
စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၁၁)   ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏  ”ဖောင်းပြင်
မြို့နယ်၊ သငါကျေးရွာအုပ်စု၊  သငါကျေးရွာ ဘုန်းကြီးကျောင်းအနီး ပေ(၉၀၀)
အရှည်ရှိသော မြစ်ကမ်းပါးမြေထိန်းနံရံ၏အောက်ဘက် ကမ်းပါးများမပြို
စေရန်အတွက် မြေထိန်းနံရံတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလို
ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး
ဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၁၂)    ဦးကျော်ဌေးလွင်၊ ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဟုမ္မလင်း
မြို့နယ်၊ တုံးဟိန်ကျေးရွာတွင် ကိုယ့်အားကိုယ်ကိုးဆောက်လုပ်ထားသော
စာသင်ကျောင်းအား (၂ဝ၂ဝ-၂ဝ၂၁)ခုနှစ်ပညာရေးနှစ်တွင် ဖွင့်လှစ်သင်ကြားခွင့်
ပြုရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေး
ဝန်ကြီး(ကိုယ်စား) လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး
ဦးမိုးကျော်သူမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၁၃)   ဦးကျော်ဆန်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏  ”ဖွဲ့စည်းပုံအခြေခံ
ဥပဒေပြဌာန်းချက်နှင့်အညီ တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊
ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် တိုင်းဒေသကြီးအတွင်း မြန်မာ့
အနုသုခုမ ပညာရပ်ပြိုင်ပွဲ (သို့မဟုတ်) ဖျော်ဖြေပွဲများကို စာဆိုတော်ရာသီ
(သို့မဟုတ်) အလျဉ်းသင့်သောအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ
တာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလို
ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး(ကိုယ်စား) လူဝင်မှု
ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူမှ ရှင်းလင်း
ဖြေကြားခဲ့ပါသည်။

(၁၄)   ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်() ”စစ်ကိုင်းတိုင်း
ဒေသကြီးအတွင်းရှိ တာမိုးညဲချမ်းသာကုမ္ပဏီမှ ရာဘာစိုက်ပျိုးရန် အကြောင်း
ပြ၍ သစ်တောမြေဧက(၂၅ဝဝ)အား သစ်ခုတ်ထွင်ရောင်းချခဲ့မှုအတွက်
နိုင်ငံတော်သို့ သစ်ဖိုးငွေ အပြည့်အဝ ပေးသွင်းနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း”
စပ်လျဉ်းသည့်မေးခွန်းကို ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းမှ
ရှင်းလင်းဖြေကြားခဲ့ပါသည်။

(ခ)     အတည်ပြုခြင်းကဏ္ဍတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတင်သွင်းသည့်
”၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်  စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင်
ပါဝင်သော ဌာန/အဖွဲ့အစည်း(၂)ခု၏ အထွေထွေပိုလျှံရန်ပုံငွေမှ ရန်ပုံငွေလွှဲပြောင်း
သုံးစွဲခြင်းနှင့် ဌာန၊ အဖွဲ့အစည်း(၁)ခု၏ ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေလွှဲပြောင်း
သုံးစွဲခြင်း”တို့နှင့်စပ်လျဉ်း၍ ဦးစိုးဝင်းထွန်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်
အမှတ်(၂)၏ ဆွေးနွေးချက်အပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး လွှတ်တော်၏ သဘောထား
ရယူကာ အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

(ဂ)     အတည်ပြုခြင်းကဏ္ဍတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတင်သွင်းသည့်
”၂၀၁၉−၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံး
ဆိုင်ရာ ဥပဒေ(မူကြမ်း)”နှင့်စပ်လျဉ်း၍  အရအသုံးငွေစာရင်း၊ ဒေသန္တရစီမံကိန်းနှင့်
ဘဏ္ဍာရေးဆိုင်ရာကော်မတီ၏ ဆွေးနွေးချက်အပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး လွှတ်တော်၏
သဘောထား ရယူကာ အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

(ဃ)    အတည်ပြုခြင်းကဏ္ဍတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတင်သွင်းသည့်
”၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ဥပဒေ(မူကြမ်း)”နှင့်စပ်လျဉ်း၍
ဦးစိုးဝင်းထွန်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)နှင့် အရအသုံးငွေစာရင်း၊
ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတို့၏ ဆွေးနွေးချက်အပေါ် တိုင်းဒေသကြီး
အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး
လွှတ်တော်၏သဘောထား ရယူကာ အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက
ကြေညာပါသည်။

(င)     ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်
(၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ရပ်နားကြောင်းနှင့် အစည်းအဝေး
ဆဋ္ဌမနေ့ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၂၆)ရက် (ကြာသပတေးနေ့) နံနက်
(၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။

၂။       ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို (၁၂:၁၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

 

4 5 6 7 8 9 10 11 13 12 14 15 16 17 18 19 20 21 2223