ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ဆက်လက်ကျင်းပ

၁။      ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ(၂၆)ရက် (ကြာသပတေးနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၅)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂၅)ဦး စုစုပေါင်း(၁၀၀)ဦးအနက် (၉၅)ဦးတက်ရောက်သဖြင့် (၉၅)ရာခိုင်နှုန်းရှိပြီး၊လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံတစ်ပုံကျော် တက်ရောက်ပါသည်၊၊

(က)    ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါ
အတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-

(၁)        ဦးသန်းလှိုင်၊ ပင်လည်ဘူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) “ပင်လည်ဘူး
မြို့နယ်တွင် လိုင်စင်မဲ့ယာဉ်များကိုအသုံးပြု၍ တရားမဝင်သစ်မှောင်ခို
သယ်ဆောင်နေသဖြင့် လိုင်စင်မဲ့မော်တော်ယာဉ်များအား မည်ကဲ့သို့ ကြပ်မတ်
ထိန်းကျောင်းပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို
လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်း
ဖြေကြားခဲ့ပါသည်။

(၂)      ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ”ဝက်လက်
မြို့နယ်၊ ပင်းဇင်းကျေးရွာအုပ်စု၊ ကန်တွင်းဦး၊ ကွင်းအမှတ်(၃၂၇၃)အတွင်း
ဧက(၁၅ဝ)ခန့်အား ခွင့်ပြုချက်မရှိဘဲ တရားမဝင်ငါးကန်တူးဖော်ခဲ့ခြင်းအပေါ်
တာဝန်ရှိသူများအား စစ်ဆေးအရေးယူနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း”
စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး
ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၃)     ဦးရွှေဌေး၊ ကနီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”လမ်းမကြီးများအတွက်
သတ်မှတ်အကျယ်ပေ (၂၃ဝ)နှင့်လွတ်ကင်းသော လမ်းဘေးဝဲယာရှိ လယ်မြေ
များပေါ်တွင်ဆောက်လုပ်ထားသည့် အဆောက်အဦများအတွက်  လယ်ယာမြေ
အခြားနည်းသုံးစွဲခွင့်နှင့် မြေငှားဂရန်ချထားပေးနိုင်ရေးကို သင့်တော်သည့်
ဒဏ်ကြေးနှင့်တကွ ဆောလျင်စွာ ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလို
ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၄)     ဦးဇော်လင်းဦး၊ ဝန်းသိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ”စစ်ကိုင်းတိုင်းဒေသကြီး
အတွင်း ကျွဲ၊ နွားများ ဝယ်ယူစုဆောင်း သယ်ဆောင်ခြင်းကိစ္စရပ်များနှင့်
စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့်
မည်သည့်မူဝါဒ၊ စည်းကမ်းချက်များဖြင့် ကြပ်မတ်ဆောင်ရွက်သွားမည်ကို
သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၅)     ဒေါ်အောင်မေရီ၊ ယင်းမာပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ယင်းမာပင်
မြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စု၊ ငါးမောင်းကျေးရွာမှ သိမ်းဆည်းခံ
ရသည့် မူလမြေပိုင်ရှင် ဦးတင်မြပါ တောင်သူ(၆)ဦးနှင့်ပတ်သက်သည့်
မြေများအား စိစစ်ပြီးပါက မူလတောင်သူလက်ဝယ်ထံသို့  ပြန်လည်လွှဲပြောင်း
ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကိုစိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၆)     ဦးကျော်ဌေးလွင်၊ ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်() ဟုမ္မလင်း
မြို့နယ်၊ မာန်ဟုန်ကျေးရွာအုပ်စု၊ နန်ကောင်ကောင်းကျေးရွာရှိ နမ့်စကား
ချောင်းပေါ်တွင် အရှည်(၁၂ဝ’×၁၂’×၁၁’) ကွန်ကရစ်တံတားတံတား(၁)စင်း
တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်
မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ
ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၇)     ဒေါ်ဖြူဖြူဝင်း၊ ကောလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကောလင်း
မြို့နယ်၊ ကျွန်းတော-ရွာသစ်-ယွန်းအိုး-ဒေဝ-အိုးမ-အင်္ကျီလက် ကျေးရွာချင်းဆက်
အရှည်(၄)မိုင်လမ်းပိုင်းအား ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်း
အဖြစ် အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ
သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း
ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၈)     ဗိုလ်မှူးသက်ဝင်း၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၏ ”စစ်ကိုင်း
မြို့နယ် ဧရာဝတီမြစ်ကမ်းနံဘေးရှိ ကိုင်းပြင်၊ ဥယျာဉ်၊ မြင်းဆည်၊ မြင်းသာ
ကျေးရွာများ မြစ်ကမ်းပါးများပြိုကျနေမှု အန္တရာယ်မှကာကွယ်ရန်အတွက်
ကမ်းထိန်းနံရံများ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”
စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၉)     ဦးစိုးဝင်းထွန်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ”မုံရွာ-အရာတော်-
ရွှေဘိုလမ်းပေါ်ရှိ သမရိုးကျေးရွာနှင့် ရွှေပန်းကုံးကျေးရွာကြား ဟောင်းနွမ်း
ကျဉ်းမြောင်းနေသည့် သစ်သားတံတား(၄)စင်းအား အနီးစပ်ဆုံးဘဏ္ဍာရေး
နှစ်တွင် ပြင်ဆင်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”
စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၁၀)   ဗိုလ်မှူးနိုင်ဇင်သက်၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၏ ”မြင်းမူ
မြို့နယ်၊ အရှေ့ဘက်ခြမ်းကျေးရွာ(၇)ရွာ သွားလာအသုံးပြုနေသော ကန်ပြား−
ဂုံညင်းဆိပ်−မူးမန္တလေးကျေးရွာချင်းဆက်လမ်း အရှည်(၁၁)မိုင်တွင်  ဒေသခံ
ပြည်သူများရာသီမရွေးသွားလာနိုင်ရန်အတွက် ကျန်ရှိနေသည့်ကျောက်ချောလမ်း
(၅)မိုင်ခန့်အား အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်း ဆက်လက်
ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်
မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ
ရှင်းလင်းဖြေကြားခဲ့ပါသည်။

                   (၁၁)   ဒေါ်နှင်းခိုင်စိုး၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဒီပဲယင်းမြို့နယ်ရှိ
လျှပ်စစ်မီးလင်းပြီးဖြစ်သော ဝဲကြီး၊ ကန်ကြီး၊ မှူးကတွင်း၊ ညောင်ကြီးကုန်း၊
မဲအိုး၊ လက်ယက်ကုန်း၊ ယဉ်ကျေး စသည့်ကျေးရွာ(၇)ရွာနေပြည်သူများ
မီတာခဆောင်ရာတွင် အဆင်ပြေစေရန်အတွက် စင်တီမီတာအစား အိမ်သုံး
မီတာများ ဆောလျင်စွာ ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”
စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၁၂)    ဦးမြင့်မော်၊ ထီးချိုင့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ထီးချိုင့်မြို့နယ်၊
လေသာ-အလယ်တောလမ်းပိုင်းရှိ  နော်ကုန်းချောင်းတံတား ပေ(၆၀)အား
ကွန်ကရစ်တံတားအဖြစ် အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန်
အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊
စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်း
ဖြေကြားခဲ့ပါသည်။

(၁၃)   ဦးဝင်းမြင့်၊ ချောင်းဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မြို့နယ်တိုင်းရှိ
ကျေးရွာများ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်စေရန် အမှန်တကယ်လိုအပ်နေသော
ကျေးရွာကုန်ထုတ်လမ်းများ ဖော်ထုတ်နိုင်ရန်အတွက်  တိုင်းဒေသကြီး
ဘတ်ဂျက်တွင် ထည့်သွင်းလျာထားပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း”
စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ  ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၁၄)   ဦးဇော်လင်းဦး၊ ဝန်းသိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်() ”ကောလင်းဒေသ
သစ်ထုတ်လုပ်ရေးပိုင် မြေအတွင်းရှိ အင်းဗုဒ်ကုန်းအလယ်တန်းကျောင်း
(ခွဲ)အား ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်နှင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်
ပေးနိုင်ရေးအတွက် ကျောင်းနှင့်ကျောင်းမြေအား ပညာရေးဝန်ကြီးဌာနပိုင်
မြေအဖြစ် တရားဝင်လွှဲပြောင်းပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”
စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်း
ဖြေကြားခဲ့ပါသည်။

(၁၅)   ဦးသန်းလှိုင်၊ ပင်လည်ဘူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်() ”တိုင်းဒေသကြီး
အစိုးရအဖွဲ့သို့ ပင်လည်ဘူးမြို့နယ်ရှိ ချောင်းကွေ့၊ သာယာကုန်း၊ ညောင်စိုက်၊
ကဘန်၊ နောင်ပူအင်းကျေးရွာ(၅)ရွာမှ အစုအဖွဲ့(၁ဝ)ဖွဲ့တို့၏ အစုအဖွဲ့ပိုင်
သစ်တောလျှောက်ထားမှုကို မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိရှိလို
ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို ချင်းတိုင်းရင်းသားရေးရာဝန်ကြီး
ဦးလာလ်ထောင်ထန်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၁၆)   ဦးဝဏ္ဏ၊ အရာတော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်() ”စစ်ကိုင်းတိုင်းဒေသကြီး
အတွင်းရှိ ရေနံချက်ဖို၏ လိုင်စင်များအား ပြန်လည်စိစစ်၍ သဘာဝ
ပတ်ဝန်းကျင်မပျက်စီးစေရန်အတွက် ရေနံချက်ဖိုများတွင် ထင်းအသုံးပြုမှုကို
လုံးဝပိတ်ပင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်
မေးခွန်းကို ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းမှ
ရှင်းလင်းဖြေကြားခဲ့ပါသည်။

(ခ)        မှတ်တမ်းတင်ခြင်းကဏ္ဍတွင် ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစိုးရ၏
အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ  အဖွဲ့ဝင်၊
ဗိုလ်မှူးသက်ဝင်း၊ တပ်မတော်းသားလွှတ်တော်ကိုယ်စားလှယ်မှ ကော်မတီ၏
”ကောလင်းခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်နှင့် စစ်ကိုင်ခရိုင်များသို့ ကတိဖြစ်
မေးခွန်းများနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးချက် အစီရင်ခံစာ”အား လွှတ်တော်သို့
တင်သွင်းခဲ့ပြီး အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူကာ
မှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာပါသည်။

(ဂ)     မှတ်တမ်းတင်ခြင်းကဏ္ဍတွင် ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်
အထူးကိစ္စရပ်များ လေ့လာစုံစမ်းစိစစ်ရေးနှင့် သုတေသနပြုရေးဆိုင်ရာကော်မတီ
အတွင်းရေးမှူး၊ ဦးဇော်ထက်၊ ပုလဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ကော်မတီ၏
”လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”အား လွှတ်တော်သို့ တင်သွင်းခဲ့ပြီး အစီရင်
ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း
လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာပါသည်။

(ဃ)    ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်
(၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ရပ်နားကြောင်းနှင့် အစည်းအဝေး
သတ္တမနေ့ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၂၇)ရက် (သောကြာနေ့) နံနက် (၁၀:၀၀)
နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။

၂။       ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို (၁၂:၁၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

70979218_2550876755136175_2118866203597340672_o 70909159_2550876771802840_6731625813524873216_o 27 26 25 24 23 22 21 20 19 18 17 16 9 10 11 12 13 14 15 8 6 5 4 3 1