ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက် (တနင်္လာနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၅)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂၅)ဦး စုစုပေါင်း(၁၀၀)ဦးအနက် (၉၄)ဦးတက်ရောက်သဖြင့် (၉၄)ရာခိုင်နှုန်းရှိပြီး၊ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံတစ်ပုံကျော် တက်ရောက်ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးကျော်ဌေးလွင်၊ ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ အောက်ပါမေးခွန်း(၂)ခုအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်−
(ကက) ”ဟုမ္မလင်းမြို့နယ် မဟာဗျူဟာလမ်းဘေးဝဲယာနှင့် ကျေးရွာချင်းဆက်လမ်းဘေးဝဲယာများရှိ မြေလွတ်မြေရိုင်းများအား စည်းကမ်းမဲ့လုပ်ဆောင်နေခြင်းအပေါ် တိုင်ဒေသကြီးအစိုးရအနေဖြင့် မည်ကဲ့သို့ အရေးယူဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း။
(ခခ) ”ဟုမ္မလင်းမြို့နယ်ရှိ တပ်မှသိမ်းဆည်းခဲ့သော မှန်ပင်ကျေးရွာတောင်သူ(၁၂)ဦး၏ လယ်ယာမြေဧရိယာ (၃၇.၅၉)ဧကအား တရားဝင်ပြန်လည်ပေးအပ်ခြင်း၊ လွှဲပြောင်း/အပ်နှံလက်ခံရယူကာ လုပ်ကိုင်ခွင့်ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း။
(၂) ဒေါ်သန့်ဝေကျော်၊ ကလေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကလေးမြို့နယ်၊မြစ်သာမြစ်ကမ်းနဘေး ကျေးရွာများမှ မြေနုကျွန်းကိစ္စနှင့်ပတ်သက်၍ သမာသမတ်ကျကျ ဆောင်ရွက်ပေးခြင်းမရှိသော တာဝန်ရှိသူများအား အရေးယူပေးရန်နှင့် ယခင်နှစ်က လုပ်ပိုင့်ခွင့်ရတောင်သူများအား ပုံစံ(၇) ထုတ်ပေးခြင်းများမရှိစေရန်အတွက် မြေနုကျွန်းစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ တန်းစီဇယားဖြင့် ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဦးဇော်လင်းဦး၊ ဝန်းသိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”စပါးသီးနှံ အဓိက စိုက်ပျိုးသောမြေအဖြစ် (၅)နှစ်ထက်မနည်းလုပ်ကိုင်ခဲ့သော ယာမြေများအား လယ်မြေအဖြစ် ပြောင်းလဲခွင့်ပြုပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဦးဇော်ထက်၊ ပုလဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ပုလဲမြို့နယ်ရှိ တောင်သူများ ဆည်ရေလုံလောက်စွာ ရရှိနိုင်ရန်အတွက် မြောက်ယမားဆည်တိုးချဲ့လယ်ယာမြောင်းလက်တံ(၁ဝ)မှ Minor (1) သို့ ဆည်ရေပို့လွှတ်သည့် ပေ(၇ဝဝ)ခန့်ရှိ ရေကူမြောင်းတစ်ခုအား (၂ဝ၁၉-၂ဝ၂ဝ) ဖြည့်စွက်ဘတ်ဂျက်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ (သို့မဟုတ်) တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ
ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဒေါ်နီလာလွင်၊ မြင်းမူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မြင်းမူမြို့နယ်၊ ကျွဲရိုက် ကျေးရွာအုပ်စု၊ လက္ကပင်ကျေးရွာသည် နှစ်စဉ်ကမ်းပြိုခြင်းနှင့်ရင်ဆိုင်ကြုံတွေ့နေရသဖြင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအား အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဒေါ်နှင်းခိုင်စိုး၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် Third Party စနစ်ဖြင့်စစ်ဆေးရာတွင် ပညာရေး၊ ကျန်းမာရေးစသည့် ဌာနများ၏ လုပ်ငန်းများပါမကျန် ထည့်သွင်းစစ်ဆေးပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၇) ဦးတင်စိုး၊ ကောလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ကောလင်းမြို့နယ်၊ ယားတောင်ကျေးရွာအုပ်စု ကျွန်းတောကျေးရွာအုပ်စု၊ တောင်ကြားကျေးရွာအုပ်စုနှင့် လာကာကျေးရွာအုပ်စုတို့တွင်ပါဝင်သော ကျေးရွာများနေ ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်နေသော မြန်မာ့ဆက်သွယ်ရေး တာဝါတိုင်များဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၈) ဦးမောင်မောင်လတ်၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဖောင်းပြင်မြို့နယ်ရှိ မဟာဗျူဟာလမ်းနှင့် သက္ကယ်ကျင်းကျေးရွာကြား အရှည်(၂)မိုင် (၄)ဖာလုံလမ်းအား မြေသားတာဘောင်တင် ဂျင်းခင်းခြင်းနှင့် (၅ပေ × ၂၄ပေ) box culvert (၁)ခု အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၉) ဒေါ်သင်းသင်းကြူ၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ခင်ဦးမြို့နယ် လက်ပံလှကျေးရွာတွင် လက်ရှိအသုံးပြုနေသော Transformer သည် ဝန်နှင့်အား မမျှဖြစ်နေသည့်အတွက် သင့်တော်မည့် Transformer အသစ်တစ်လုံး ထပ်မံတိုးမြှင့်ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၀) ဦးညီညီထွန်း၊ ကသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ကသာမြို့နယ်ရှိ ကသာ-ရွှေလီအတွင်းလိုင်းကူးတို့၊ ကသာ-အင်းရွာ-ကျောက်ပုံ ကူးတို့လိုင်း တို့အား ခွင့်ပြုကာလသက်တမ်း(၃)နှစ်စီပြည့်ပါက ရေယာဉ်ပြေးဆွဲခွင့် ဆက်လက်ခွင့်မပြုပေးရေးနှင့် ကသာ-ကျောက်ထုံးကြီး သပြေပင်ကူးတို့ လိုင်းအား လုပ်ငန်းခွင့်ပြုမိန့် ထုတ်မပေးရေး စိစစ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၁၁) ဦးကာစီရန်း၊ လေရှီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”လေရှီးမြို့နယ်ရှိ စာရာမေရိတောင်ခြေသွားရာလမ်းဖြစ်သော တီးကွန်-ကျဲကော့-ရော်ပါးမီ-လတ္တဲကျေးရွာလမ်းအရှည် (၃ဝ)မိုင်အနက်မှ (၁၈)ပေအကျယ် (၁၅)မိုင်အား တစ်ကြောင်းထိုး မြေသားလမ်းအဖြစ် အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၂) ဦးသိန်းလှိုင်ဝင်း၊ ခန္တီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ခန္တီးမြို့နယ်၊ ခန္တီး-နန်စီပွန်လမ်းအား အဆင့်မြှင့်တင်ခြင်း၊ လမ်းပိုင်းပေါ်ရှိ တည်ဆောက်ရန် ကျန်ရှိနေသည့် ချောင်းကူးတံတားများအား မည်သည့်ဌာန၏ဘတ်ဂျက်တွင် ထည့်သွင်းလျာထားဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ
ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၃) ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဝက်လက်မြို့နယ်၊ မင်းသားကုန်းအုပ်စု၊ ဘိုတဲကျေးရွာအနီး ဆည်မြောင်းပိုင်လမ်းပေါ်ရှိ တံတားသည် ယာဉ်ကြီးယာဉ်ငယ်များ အသွားအလာများမှုကြောင့် တံတားမြေသားနံရံများ ကျွံကျလာသဖြင့် အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကိုလျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၄) ဦးဇော်ထက်၊ ပုလဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြောင်းလဲလာသည့် ဆိုးဝါးသောရာသီဥတုကြောင့် ဖြစ်ပေါ်လာသော မိုးခေါင်ရေရှားခြင်းနှင့် ရေကြီးနစ်မြုပ်မှုများ ကြုံတွေ့လာပါက အမြန်ဆုံးဖြေရှင်းဆောင်ရွက်နိုင်ရန် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၅) ဒေါ်အောင်မေရီ၊ ယင်းမာပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ယင်းမာပင်ခရိုင်၊ ကြေးနီစီမံကိန်းဧရိယာအတွင်း နေထိုင်ကြသော ပုဂ္ဂိုလ်များအား မည်သည့် ဗီဇာဖြင့် နေထိုင်ခွင့်ပြုသည်၊ လုပ်ငန်းခွင်ပြင်ပသို့ ထွက်ခွါပါက မည်သို့ထိန်းသိမ်းပြီး အရေးယူဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်း သည့်မေးခွန်းကို လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး
ဦးမိုးကျော်သူမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(ခ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ ဒေါက်တာကျော်သူဟန်ထွန်း၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ကော်မတီ၏ “အင်းတော်၊ ဗန်းမောက်မြို့နယ်များသို့ ကွင်းဆင်းဆောင်ရွက်ချက် အစီရင်ခံစာ”အား လွှတ်တော်သို့တင်သွင်းခဲ့ပြီး အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထား ရယူကာ မှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာပါသည်။
(ဂ) အတည်ပြုခြင်းကဏ္ဍတွင် လွှတ်တော်ဥက္ကဋ္ဌမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေး ဝန်ကြီး ဒေါက်တာဇော်ဝင်းတင်သွင်းခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု အလံ(၂)ခုနှင့်စပ်လျဉ်းပြီး တစ်ခုချင်းစီအလိုက် မတ်တပ်ရပ်၍ ဆန္ဒပြုသည့် နည်းလမ်းဖြင့် မဲခွဲဆုံးဖြတ်ခဲ့ရာ သဘောတူထောက်ခံသူ ပိုများသည့် ဒေါ်ခိုင်ဇာမွန် ရေးဆွဲသော စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြုအလံအမှတ်(၁)အား လွှတ်တော်က
အတည်ပြုကြောင်း ကြေညာပါသည်။
(ဃ) အတည်ပြုခြင်းကဏ္ဍတွင် လွှတ်တော်ဥက္ကဋ္ဌမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေး ဝန်ကြီး ဒေါက်တာဇော်ဝင်းတင်သွင်းခဲ့သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ တံဆိပ် (Logo)(၃)ခုနှင့်စပ်လျဉ်းပြီး တစ်ခုချင်းစီအလိုက် မတ်တပ်ရပ်၍ ဆန္ဒပြုသည့် နည်းလမ်းဖြင့် မဲခွဲဆုံးဖြတ်ခဲ့ရာ သဘောတူထောက်ခံသူ ပိုများသည့် ဒေါ်ခိုင်ဇာမွန် ရေးဆွဲသော စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တံဆိပ်(Logo) အမှတ်(၁)အား လွှတ်တော်က အတည်ပြုကြောင်း ကြေညာပါသည်။
(င) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ရပ်နားကြောင်းနှင့် (၂၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာပြီးမြောက်ကြောင်းကြေညာပါသည်။
၂။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို (၁၂:၅၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

2 3 4 5 7 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27