ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီသည် စစ်ကိုင်းတိုင်းဒေသကြီးမော်တော်ယာဉ်နှင့်အခြားယာဉ်းများစနစ်တကျပြေးဆွဲရေး ဥပဒေမူကြမ်းနှင့်စပ်လျဉ်းပြီး အစည်းအဝေးပြုလုပ်

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီသည် ၂၉.၁.၂၀၂၀ ရက်နေ့တွင်  စစ်ကိုင်းတိုင်းဒေသကြီးမော်တော်ယာဉ်နှင့်အခြားယာဉ်းများစနစ်တကျပြေးဆွဲရေး ဥပဒေမူကြမ်းနှင့် စပ်လျဉ်းပြီး အစည်းအဝေးပြုလုပ်ဆွေးနွေးခဲ့ရာ အစည်းအဝေးသို့  စစ်ကိုင်းတိုင်းဒေသကြီးဥပဒေချုပ်ရုံး ဒုတိယဥပဒေအရာရှိနှင့် ဦးစီးအရာရှိ၊ စစ်ကိုင်းတိုင်းဒေသကြီးစည်ပင်သာယာရေးကော်မတီ ညွှန်ကြားရေးမှူး၊ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ စစ်ကိုင်းတိုင်းဒေသကြီးယဥ်ထိန်းရဲအရာရှိ၊ စစ်ကိုင်းတိုင်းဒေသကြီးကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အရာရှိ၊ စစ်ကိုင်းတိုင်းဒေသကြီးလုပ်ငန်းလိုင်စင်ဌာနမှ တိုင်းဦးစီးတို့  တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

1 2 3 4 5