ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ( ဒုတိယနေ့ ) ကျင်းပ

၁။      ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက် (ကြာသပတေးနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၄)ဦး၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် (၂၅)ဦး စုစုပေါင်း(၉၉)ဦးအနက် (၈၆)ဦးတက်ရောက်သဖြင့် (၈၆.၈၇)ရာခိုင်နှုန်းရှိပြီး၊ လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်းဦးရေ၏ သုံးပုံတစ်ပုံကျော်တက်ရောက်ပါသည်။

(က)    ဝမ်းနည်းကြောင်းမှတ်တမ်းတင်ခြင်းကဏ္ဍတွင်   လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ်
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကျွန်းလှမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဖြိုး ကွယ်လွန်သွားခဲ့သဖြင့် ၎င်းအတွက်
ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် မတ်တပ်ရပ်၍ (၁)မိနစ်ခန့် ငြိမ်သက်စွာ
ဆုတောင်းပေးပြီး ဝမ်းနည်းကြောင်းကို လွှတ်တော်၌ မှတ်တမ်းတင်ကြောင်း ကြေညာပါသည်။

(ခ)     ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါ
အတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-

(၁)        ဦးကျော်မင်းထွန်း၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ခင်ဦးမြို့နယ်၊ မကျီးအုပ်
ကျေးရွာမှ ခင်ဦး-ရေဦးကားလမ်းအထိ အရှည်(၃၈၅၄)ပေ၊ အကျယ်(၂ဝ)ပေရှိ
ကုန်ထုတ်လမ်းမှာ မိုးတွင်းကာလတွင် သွားလာရန်ခက်ခဲသဖြင့် ဂျင်းကျောက်
(သို့မဟုတ်)ကျောက်ချောလမ်းအဖြစ် အနီးဆုံးဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်
ပေးရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်
သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၂)      ဒေါ်စုမြတ်ထက်၊ စစ်ကိုင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်() အောက်ပါမေးခွန်း
(၂)ခုအား
စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်-
(ကက)          ”စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ကျေးရွာအုပ်စု၊ မြင်းဆည်ကျေးရွာတွင်
ဂါလံ(၅၀၀၀)ဆံ့ အုတ်ရေကန်တစ်ခုနှင့် ရေပိုက်များ တပ်ဆင်ခြင်း
လုပ်ငန်းအား အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် စီစဉ်ဆောင်ရွက်
ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်း။

( ခခ )           ”စစ်ကိုင်းမြို့နယ်၊ နတ်ခရိုင်အုပ်စု၊ ကံကုန်းကျေးရွာရှိ ကျေးရွာ
လူထု၏ အဓိကအားထားရာ ကန်ဖြစ်သည့် (၁၀၀ပေ­×
၈၀ပေ×၃ပေ) မြေသားရေကန်မှာ ပျက်စီးနေပြီဖြစ်သည့်အတွက်
ပြန်လည်ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”
စပ်လျဉ်းသည့်မေးခွန်း။

(၃)     ဦးခင်မောင်ထွန်းဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်()ဖောင်းပြင်မြို့နယ်ရှိ           မိုင်းချောင်းအုပ်စု၊ ခုံသာရွာအား ပေ(၄၅၀၀)ကွာဝေးသော ဗျူဟာလမ်းနှင့်    ချိတ်ဆက်၍ ကုန်ထုတ်လမ်းအဖြစ် အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်    ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း    စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်
သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၄)     ဦးဗိုလ်သိန်း၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်()”မော်လိုက်မြို့နယ်၊
ကံထူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းအား စာစစ်ဌာနချထား ပေးရန်နှင့် ကံထူးကျေးရွာနှင့်တောင်အင်ကျေးရွာတို့တွင် ဆရာ/ဆရာမနေထိုင်ရန်     ဝန်ထမ်းအိမ်ရာများ စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်း         ဖြေကြားခဲ့ပါသည်။

(၅)     ဦးသိန်းလှိုင်ဝင်း၊ ခန္တီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်()”ခန္တီးမြို့နယ်၊ ပေါမိုင်း ရပ်ကွက်ရှိ အားကစားကွင်း လုံခြုံရေးအတွက် အုတ်တံတိုင်းကာရံ တည်ဆောက်        ပေးခြင်းကို အနီးစပ်ဆုံးဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ             သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ
ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၆)     ဒေါ်ဖြူဖြူဝင်း၊ ကောလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်() ”ကောလင်းမြို့နယ်ရှိ
(၁၆)ကုတင် တိုက်နယ်ဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုရရှိလာ
နိုင်စေရန်အတွက် ကုတင်မလုံလောက်မှုနှင့် ဆေးဝါးလိုအပ်မှုများကို မည်ကဲ့သို့
ဆောင်ရွက်ပေးမည်၊ မြို့နယ်အတွင်းရှိ ဆေးရုံများသို့ ကွင်းဆင်းစစ်ဆေးပေးရန်
အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး
ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၇)     ဗိုလ်ကြီးသက်ဇော်လင်း၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်၏
”အရာတော်မြို့နယ်၊ ဒုံဒစ်ကျေးရွာအုပ်စု၊ ဇီးပင်ဝိုင်းကျေးရွာ အခြေခံပညာ
မူလတန်းလွန်ကျောင်းတွင် အမှန်တကယ်လိုအပ်နေသော (၆ဝ ပေ× ၃ဝ ပေ)
စာသင်ဆောင်(၁)ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလို
ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ
ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၈)     ဗိုလ်မှူးလင်းအောင်သက်၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်၏
”အရာတော်မြို့နယ်၊ ဝါးရောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း
(ခွဲ)အတွက် နှစ်ထပ်ကျောင်းဆောင်အား အနီးဆုံးဘဏ္ဍာရေးနှစ်တွင်
တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိသိရှိလိုပါကြောင်း” စပ်လျဉ်းသည့်
မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(ဂ)     ဦးကေဆိုင်း၊ ဥက္ကဋ္ဌ၊ နာဂဒေသဦးစီးအဖွဲ့မှ ”၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်မှုတင်ပြချက် အစီရင်ခံစာ”အား လွှတ်တော်သို့ တင်သွင်းခဲ့ရာ
ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ
(၂၁)ရက်၊ (သောကြာနေ့) (၁၆:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက်
အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ
အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

(ဃ)    တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ၂၀၁၉-
၂၀၂၀ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန
အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများ”
နှင့်စပ်လျဉ်း၍ အတည်ပြုပေးနိုင်
ပါရန် လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။

(င)     တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး တင်သွင်းသည့်
၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော
ဌာနအဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများ”
နှင့်စပ်လျဉ်း၍ ဆွေးနွေးလို
သည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၁)ရက်၊
(သောကြာနေ့) (၁၅:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်
နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း
တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာပါသည်။

(စ)     လွှတ်တော်ဥက္ကဋ္ဌက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး
ဌာနမှပေးပို့သည့် စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီအဆင့်ဆင့်
ရွေးချယ်ဖွဲ့စည်းခြင်းဆိုင်ရာ နည်းဥပဒေ (မူကြမ်း)၊ အဆောက်အအုံနှင့် မြေခွန်၊ မီးခွန်၊
ရေခွန်၊ အမှိုက်နှင့် အညစ်အကြေးခွန် နည်းဥပဒေ(မူကြမ်း) တို့
နှင့်စပ်လျဉ်း၍
၂၀၁၃ခုနှစ်  တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၅၈အရ ပယ်ဖျက်ရန်
သို့မဟုတ် ပြင်ဆင်ရန်အချက်ရှိပါက ပြင်ဆင်၊ ပယ်ဖျက်လိုသော အချက်များကို
ရက်ပေါင်း (၉၀)အတွင်း အဆိုတင်သွင်းနိုင်ကြောင်း ကြေညာပါသည်။

(ဆ)   ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်
(၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ရပ်နားကြောင်းနှင့် အစည်းအဝေး
တတိယနေ့ကို ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၁)ရက် (သောကြာနေ့) နံနက်(၁၀:၀၀)
နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။

၂။       ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို (၁၁:၂၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။