ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ( တတိယနေ့ ) ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့ကို ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၁)ရက် (သောကြာနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့် ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၄)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်
(၂၅)ဦး စုစုပေါင်း(၉၉)ဦးအနက် (၉၀)ဦးတက်ရောက်သဖြင့် (၉၀.၉၁) ရာခိုင်နှုန်းရှိပြီး၊
လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းဦးရေ၏ သုံးပုံတစ်ပုံကျော်တက်ရောက်ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဒေါ်သင်းသင်းကြူ၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ အောက်ပါမေးခွန်း (၂)ခုအား လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ကက) ”ခင်ဦးမြို့နယ်၊ လက်ပံလှကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျောင်းဆောင် အသစ်များ ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်း။
( ခခ ) “ခင်ဦးမြို့နယ်၊ တပင်ကောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျောင်းဆောင် အသစ်များ ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”
စပ်လျဉ်းသည့်မေးခွန်း။
(၂) ဦးဗိုလ်သိန်း၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ” မော်လိုက်မြို့နယ်၊ အုတ်ဖိုကျေးရွာ၊ တိုင်သာကျေးရွာနှင့် ကြုပ်သာကျေးရွာတို့တွင် လျှပ်စစ်မီးရရှိရေး အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ချထားပေးရန် အစီအစဉ်ရှိ/မရှိ
သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဗိုလ်မှူးသက်နိုင်ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၏ ”ကလေးမြို့နယ်၊ ရာဇဂြိုလ်ကျေးရွာတွင် ဒေသခံပြည်သူများ လိုလားချက်ဖြစ်သော လှုပ်ရှားရဲကင်း (သို့မဟုတ်) နယ်မြေရဲကင်းစခန်း(၁)ခု အသစ်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဦးညီညီဟန်၊ ဗန်းမောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဗန်းမောက်မြို့နယ်၊ ကနန်းမူးသားအုပ်စု၊ လယ်ပဒုံးရွာ၊ အိမ်ခြေ(၉၅)အိမ်၊ ကနန်း မကျည်းကုန်းကျေးရွာ အိမ်ခြေ (၁ဝ၅)အိမ်၊ မံလူအုပ်စု-ပါထွန်ကျေးရွာ၊
အိမ်ခြေ(၁၆၅)အိမ်၊ မံလူအုပ်စု၊ ပင်းခါးကျေးရွာ၊ အိမ်ခြေ(၁၅၅)အိမ်၊ စုစုပေါင်း
(၅၂ဝ)အိမ်တို့အတွက် ဆိုလာမီးများ ချပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဝက်လက် မြို့နယ်အတွင်း ကျေးရွာအုပ်စုခွဲတင်ပြထားသော ကျေးရွာများနှင့် ကျေးရွာအမည်ပေါက် ရရှိရေး တင်ပြထားသော ပုလဲသွယ်ကျေးရွာတို့အား မည်သည့် အဆင့်ထိရောက်ရှိ၍ မည်သို့ဆက်လက် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါ ကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆)ဒေါ်ခင်နှင်းရီ၊ ယင်းမာပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ယင်းမာပင်မြို့နယ်အတွင်း သဲ၊ ကျောက်၊ ဂျင်းမြေလုပ်ငန်း လုပ်ကွက်များ မည်မျှခွင့်ပြုထားပြီး လုပ်ကွက်ရရှိသူများအား သက်တမ်းမည်မျှ ခွင့်ပြုချထား ပေးသည်၊ အခွန်ကောက်ခံသည့်နှုန်းထား၊ နှစ်စဉ်အခွန်အခ မည်မျှရရှိသည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၇) ဦးမြင့်ဦး၊ တန့်ဆည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”တန့်ဆည်မြို့အတွင်းရှိ လမ်းများသည် သဲ၊ ကျောက်ကားများ ဝင်ထွက်သွားလာမှုကြောင့် ပျက်စီး
နေသဖြင့် ၂ဝ၂၀-၂ဝ၂၁ ဘဏ္ဍာရေးနှစ်အတွင်း အသစ်ပြန်လည် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၈) ဦးသိန်းလှိုင်ဝင်း၊ ခန္တီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မိုးလေဝသနှင့် ဇလဗေဒရုံးအား ခရိုင်ရုံးစိုက်ရာဖြစ်သော ခန္တီးမြို့သို့ပြောင်းရွှေ့ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ ပါသည်။
(၉) ဦးကျော်ဆန်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကနီမြို့နယ်၊ လာဘို့− မင်းကင်းကားလမ်းပေါ်ရှိ မြင်းအောတံတားနှင့်မိုးတုံးတံတားတို့ကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”
စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၀) ဦးကျော်လင်း၊ ကျွန်းလှမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကျွန်းလှမြို့တွင် မြို့ရှောင်ကွင်းလမ်းအဖြစ် သက်ဆိုင်ရာမှ လွှဲပြောင်းပေးထားသည့် ဘုရင့်နောင် လမ်းမကြီးအား ကျောက်ချောကတ္တရာလမ်း၊ တံတား၊ ရေကျော်များကို အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၁) ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဝက်လက်မြို့နယ်၊ ကံပေါက်၊ ပလိုင်းကန်၊ အင်ကြင်းပင်မြေသားလမ်းအား ဂျင်းလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၂) ဒေါ်နီလာလွင်၊ မြင်းမူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မြင်းမူမြို့၊ (၅.၀၀)ဧက အကျယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံအတွင်း အလှဆင်ရေပန်းပြုလုပ်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရန်ပုံငေွချထားပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၃) ဒေါ်အောင်ကြည်၊ မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မုံရွာမြို့၊ ဗောဓိတစ်ထောင်တောင်ခြေရှိ ကျေးရွာ(၂)ရွာမှ သောက်သုံးရေကန်အဖြစ်
အသုံးပြုနေသော (၁၇)ဧကကျယ်ဝန်းသည့် ရွှေမြင်တင်ကြာကန်ကြီးသည်
နွေရာသီတွင် ရေခမ်းခြောက်သဖြင့် ကန်ပတ်လည် မြေသားတမံများကို ကျောက်စီတာဘောင် ပြုလုပ်ပေးခြင်းဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန်
ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) တိုင်းဒေသကြီးဥပဒေချုပ်က ”စစ်ကိုင်းတိုင်းဒေသကြီး ဥပဒေချုပ်ရုံး၏ ၂၀၁၉ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက် နှစ်ချုပ်အစီရင်ခံစာ”အား လွှတ်တော်သို့တင်ပြခဲ့ရာ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၄)ရက်၊ (တနင်္လာနေ့) (၁၅:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက်အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဂ) ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး၊ ဒေါ်အေးမြတ်မွန်၊ မြောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ဥပဒေပြုရေး ဆိုင်ရာကော်မတီ၏ ”၂၀၁၉ ခုနှစ်၊ တစ်နှစ်တာအတွင်း လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာ”အား လွှတ်တော်သို့တင်ပြခဲ့ရာ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၄)ရက်၊ (တနင်္လာနေ့) (၁၅:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက်အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဃ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့ကို ရပ်နားကြောင်းနှင့် အစည်းအဝေး စတုတ္ထနေ့ကို ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၄)ရက် (တနင်္လာနေ့) နံနက်(၁၀:၀၀) နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့ကို (၁၁:၃၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

 w1 w2 w3 w4 w5 w6 w7 w8 w9 w10 w11 w12 w13 w14 w15 w16 w17 w18 w19 w20 w21 w22 w23 w24 w25