ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ဆက်လက်ကျင်းပ

၁။      ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၄)ရက်(တနင်္လာနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့်
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၄)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂၅)ဦး စုစုပေါင်း(၉၉)ဦးအနက် (၈၉)ဦးတက်ရောက်သဖြင့် (၈၉.၉၀)ရာခိုင်နှုန်းရှိပြီး၊ လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်းဦးရေ၏ သုံးပုံတစ်ပုံကျော် တက်ရောက်ပါသည်

(က)    ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-

     (၁)        ဒေါ်နှင်းခိုင်စိုး၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်()”ဒီပဲယင်းမြို့နယ်၊     မူးကမ်းဆူးတပ်ကျေးရွာတွင် နယ်မြေမီးသတ်စခန်းတစ်ခု ဆောက်လုပ်ပေးရန်
အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်    ယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြား   ခဲ့ပါသည်။

 (၂)      ဦးရိထင်၊ လေရှီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်()၏ ”လေရှီးမြို့နယ် ဆွမ္မရာ-မိုပိုင်းလွတ်လမ်းပိုင်း မိုင်တိုင်အမှတ်(၀/၁)မှ (၄၀/၀)အကြား (၇/၀)မိုင်အား    (၂၄)ပေအကျယ် လမ်းချဲ့ပေးရန်နှင့် (ဝ/၃)မိုင်တွင် (၁၈)ပေအကျယ် ကျောက်တောင် မိုင်းခွဲရန် အနီးစပ်ဆုံးဘဏ္ဍာနှစ်တွင် ထည့်သွင်းလျာထား   ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိ     လိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို      လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်း   ဖြေကြားခဲ့ပါသည်။

(၃)     ဦးအောင်သန်းကျော်၊ ကလေးဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏   ”ကလေးဝ     မြို့နယ်၊ ကြခတ်တ္တောရွာအဝင် ဟဲဒေါင်း ချောင်းကူးတံတား (သံဘောင်ယက်မ)သည် ခိုင်ခံ့မှုအားနည်းသဖြင့် ယာဉ်ယန္တရားများ ဘေးအန္တရာယ်  ကင်းရှင်းစွာ ဖြတ်သန်းသွားလာနိုင်ရေး မည်သို့ ပြုပြင်ဆောင်ရွက်ပေးမည်ကို  သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊   ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ  ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၄)     ဦးမြင့်ထွေး၊ ရေဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်()၏ ”စစ်ကိုင်းတိုင်းဒေသကြီး           အတွင်း နွေစပါးစိုက်ပျိုးနေသော တောင်သူများ သီးနှံအမျိုးအစား     ပြောင်းလဲစိုက်ပျိုးရာတွင် လွယ်ကူစေရန်မည်သို့ စီစဉ်ဆောင်ရွက်ထားရှိ         ကြောင်းနှင့် ဆောင်းသီးနှံများ ဖြစ်သော ပဲ၊ နှမ်းအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ   တာဝန်ယူပြီး ဒေသအတွက် သင့်လျော်သောမျိုးစေ့များကို တောင်သူများထံ       ရောင်းချ ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်   မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ         ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၅)     ဦးထွန်းထွန်းဝင်း၊ ကနီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ကနီမြို့နယ်တွင်          စိုက်ပျိုးရေး၊ မွေးမြူရေးသင်တန်းကျောင်း တည်ဆောက်ပေးရန်အစီအစဉ်   ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေး        နှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၆)     ဒေါ်စုမြတ်ထက်၊ စစ်ကိုင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ” စစ်ကိုင်းမြို့နယ်၊           ထန်းဖူးတောကျေးရွာရှိ ထန်းဖူးတောဆည် တာဘောင်နှင့် ရေတံခါးသည်           နှစ်ကာလကြာမြှင့်ပြီဖြစ်၍ ပျက်စီးဆုံးရှုံးမှုမရှိစေရေး ပြုပြင်ထိန်းသိမ်း        ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်   မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှင်းလင်းဖြေကြားခဲ့ပါသည်။

(၇)       ဒေါ်သင်းသင်းကြူ၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ အောက်ပါမေးခွန်း               (၂)ခုအား လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ  ရှင်းလင်းဖြေကြားခဲ့ပါသည်။

(ကက) ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းရှိကျီးအိုင်ကျေးရွာ၏ အရှေ့ပေါက်             နားကပ်လျက်ရှိသော ရွှေဘို- မြောင်းမတော် လက်တံ(၁)ပေါ်တွင်   တည်ဆောက်ထားသော (၂၇’ × ၁၂’ × ၆’)  သစ်သားတံတားအစား      သံကူကွန်ကရစ်တံတား အသစ်တစ်စင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း။

(ခခ )  “ခင်ဦးမြို့နယ်၊ ရေဦး-ခင်ဦးကတ္တရာလမ်းနှင့် ဆက်သွယ်သော        မြကန်၊ အင်းပေါက်- အောင်သာ- မှန်တော- ကျွန်းဆွယ်နှင့် ညောင်ပင်ကြီးစု ဆက်သွယ်သော ကျေးရွာချင်းဆက်လမ်းပိုင်းမှ      ကျန်ရှိနေသော အင်းပေါက်-      အောင်သာ- မှန်တော လမ်းပိုင်းအား   ကျောက်ချောလမ်းအဖြစ် ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်တွင် အဆင့်တိုးမြှင့်    ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်    မေးခွန်း

(၈)     ဒေါက်တာကျော်နိုင်ထွန်း၊ မြောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏မြောင် မြို့နယ်၊ လက်ယက်မ၊ ငါးမြှောင်တောင် မြေသားလမ်း(၅)မိုင်အား   မြေသား(၂’)ထုတင်ပြီး ဂျင်း(၄”)ထုခင်းခြင်း ဆောင်ရွက်ပေးရန်နှင့် ၎င်းလမ်းပေါ်ရှိ ရေကျော်တံတားများ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၉)     ဦးညီညီဟန်၊ ဗန်းမောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ”ဗန်းမောက်မြို့နယ်၊   နားနန့်ထွန်- ရွှေရှင်သာ- မိုးတေလမ်း(၇)မိုင်အား သဲကျောက်ခင်းလမ်းအဖြစ်  ချထားဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်        မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ             ရှင်းလင်း ဖြေကြားခဲ့ပါသည်။

(၁၀)     ဦးဇော်ထက်၊ ပုလဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်()”ဘဏ္ဍာနှစ်အလိုက်    နှစ်စဉ်ရရှိသော လုပ်ငန်းစီမံကိန်းများ အကြောင်းအမျိူးမျိုးကြောင့်ရပ်ဆိုင်းပြီး  ရန်ပုံငွေများ ပြန်လည်အပ်နှံမည်ဆိုပါက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားရယူဆောင်ရွက်ရန် ဌာနဆိုင်ရာများအား    ညွှန်ကြားပေးနိုင်ခြင်းရှိ/မရှိ၊    ပုလဲမြို့နယ်၊ ချင်ပြစ်ကျင်းကျေးရွာ အခြေခံပညာ    အလယ်တန်းကျောင်းဆောင် (၁၂ဝ×၃ဝ)ပေ Steel Structure (၁)ထပ်     အဆောက်အဦးအား ၂ဝ၁၉-၂ဝ၂ဝ ဖြည့်စွက်ဘတ်ဂျက်တွင် ထည့်သွင်း  တောင်းခံပေးရန်နှင့် အရည်အသွေးပြည့်မီအောင် ဆောင်ရွက်မှုအားနည်းသည့်  အောင်တက်ခေါင်ကုမ္ပဏီအား တင်ဒါစာချုပ်ပါစည်းကမ်းအတိုင်း ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၁၁)   ဦးကျော်မင်းထွန်း၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)”ခင်ဦးမြို့နယ်၊  သရက်ပင်စုကျေးရွာ စာသင်ကျောင်းဧရိယာ(၄.၂၇)ဧကအား ပြန်လည်တိုင်းတာ    သတ်မှတ်ပေးရန်နှင့် ကျောင်းဝန်းအတွင်း ဝင်ရောက်ကျူးကျော်နေထိုင်မှုများရှိပါက ရှင်းလင်းဖယ်ရှားပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း”     စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၁၂)    ဦးအောင်ကျော်၊ ဘုတလင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်() ”ဘုတလင်မြို့နယ်တွင်             ကုတင်(၅ဝ)ဆံ့မြို့နယ်ပြည်သူ့ဆေးရုံအား ကုတင်(၁ဝဝ)ဆံ့အဆင့် တိုးမြှင့်ပေးရန်   နှင့် မောင်းထောင်တိုက်နယ်ဆေးရုံတွင် ဆရာဝန်(၁)ဦးနှင့် (Ultrasound)  ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို       လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၁၃)   ဦးတင်စိုး၊ ကောလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်() ”ကောလင်းမြို့နယ်တွင် ၂ဝ၁၈-၂ဝ၁၉ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက်ဖြင့် ဆောက်လုပ်ဆဲ ကုမ္ပဏီများအား ဆက်လက်ဆောက်လုပ်ခွင့်ပြုရန် အစီအစဉ်ရှိ/မရှိနှင့်ဆောက်လုပ်ဆဲ   ကျောင်းများအား ပြီးစီးအောင်မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ      ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၁၄)   ဦးမြင့်ထွေး၊ ရေဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ”စစ်ကိုင်းတိုင်းဒေသကြီးတွင် နိုင်ငံသားစိစစ်ရေးကတ်များကို Smart Card လုပ်ငန်းစဉ်ဖြင့်          စီမံချက် ဆောင်ရွက်ပြီးစီးမှု၊ (၃၇)မြို့နယ်အတွက် ကွန်ပျူတာစနစ်ဖြင့်         စီမံချက်ရေးဆွဲပြီး အဆင့်ဆင့်ဆောင်ရွက်ထားရှိမှု၊ ရေဦးမြို့နယ်တွင် လူဦးရေ Profile  ပေါင်း(၆၈၄၃) ဖိုင်ကို ကွန်ပျူတာစနစ်ဖြင့် ပြောင်းလဲသိမ်းဆည်းထားမှု   တို့ကို သိရှိလိုပါကြောင်းနှင့် ရေဦးမြို့၊ လဝကရုံးဝင်းအတွင်း ကွန်ကရစ်      ပတ်လမ်းအား တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် စီစဉ်ဆောင်ရွက်ပေးရန်           အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူ၀င်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။

(ခ)     အဆိုတင်သွင်းခြင်းကဏ္ဍတွင် ဦးစိုးဝင်းထွန်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ ” ချေးငွေလိုင်စင်မရှိဘဲ   ငွေချေးလုပ်ငန်းကိစ္စများ ဝက်လက်မြို့နယ်    အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသော မြန်မာမင်္ဂလာသစ် ကုမ္ပဏီအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြတ်ပြတ်သားသားအရေးယူရန် တိုက်တွန်းကြောင်း”အဆိုအား လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ဒေါ်စုမြတ်ထက်၊ စစ်ကိုင်းမြို့နယ်၊   မဲဆန္ဒနယ်အမှတ် (၂)မှ ထောက်ခံဆွေးနွေးခဲ့ပါသည်။

(ဂ)     ဆုံးဖြတ်ခြင်းကဏ္ဍတွင် ဦးစိုးဝင်းထွန်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ     ‘ချေးငွေလိုင်စင်မရှိဘဲ ငွေချေးလုပ်ငန်းကိစ္စများ ဝက်လက်မြို့နယ်အပါအဝင်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသော မြန်မာမင်္ဂလာသစ် ကုမ္ပဏီအား င်းဒေသကြီးအစိုးရအဖွဲ့မှ ပြတ်ပြတ်သားသား အရေးယူရန် တိုက်တွန်းကြောင်း”
အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်တွင် လက်ခံဆွေးနွေးရန်သင့်/မသင့်  လွှတ်တော်၏  သဘောထားရယူရာ လွှတ်တော်ကိုယ်စားလှယ်အားလုံးက သဘောတူသည့်အတွက် လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

(ဃ)     ဆက်လက်၍ ဦးစိုးဝင်းထွန်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ      ”ချေးငွေလိုင်စင်မရှိဘဲ ငွေချေးလုပ်ငန်းကိစ္စများ ဝက်လက်မြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသော မြန်မာမင်္ဂလာသစ် ကုမ္ပဏီအား  တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြတ်ပြတ်သားသား အရေးယူရန် တိုက်တွန်းကြောင်း”   အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေနှင့်  ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၅)ရက် (အင်္ဂါနေ့) ညနေ(၁၆:၀၀)နာရီအချိန် နောက်ဆုံးထား၍ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း   တင်သွင်းကြရန် လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

(င)       စစ်ကိုင်းတိုင်းဒေသကြီး၊ တရားလွှတ်တော် တရားသူကြီး၊ ဒေါ်ချယ်ရီကြည်က     “တရားသူကြီးချုပ်ရုံး၏ ၂၀၁၉ခုနှစ် တစ်နှစ်တာလုပ်ငန်း ဆောင်ရွက်ချက်   အစီရင်ခံစာ”အား လွှတ်တော်သို့ တင်ပြခဲ့ရာ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၅)ရက်၊ (အင်္ဂါနေ့)   (၁၆:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ    တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်းလွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

(စ)     မှတ်တမ်းတင်ခြင်းကဏ္ဍတွင် အစည်းအဝေး(ပထမနေ့)က စီပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့်စည်ပင်သာယာရေး ဆိုင်ရာကော်မတီမှ တင်သွင်းခဲ့သည့် ”၂၀၁၉ခုနှစ်တွင်း တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာ” နှင့်စပ်လျဉ်း၍     လွှတ်တော်ကိုယ်စားလှယ်(၁)ဦးမှ ဆွေးနွေးခဲ့ရာ စီပွားရေး၊ ကူးသန်းရောင်းဝယ်ရေး နှင့် စည်ပင်သာယာရေးဆိုင်ရာကော်မတီမှ ပြန်လည်ရှင်းဆွေးနွေးပြီး လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

 (ဆ)    ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ရပ်နားကြောင်းနှင့် အစည်းအဝေး
ပဉ္စမနေ့ကို ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၅)ရက် (အင်္ဂါနေ့) နံနက်(၁၀:၀၀)   နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။

၂။       ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို (၁၂:၀၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

w2 w3 w4 w5 w6 w7 w8 w9 w10 w11 w12 w13 w14 w15 w16 w17 w18 w19 w20 w21 w22 w23 w24