ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပဉ္စမနေ့) ဆက်လက်ကျင်းပ

၁။      ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၅)ရက် (အင်္ဂါနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၄)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂၅)ဦး စုစုပေါင်း(၉၉)ဦးအနက် (၉၁)ဦးတက်ရောက်သဖြင့် (၉၁.၉၂)ရာခိုင်နှုန်းရှိပြီး၊ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံတစ်ပုံကျော် တက်ရောက်ပါသည်၊၊

(က)    ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါ အတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-

(၁)        ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်()”ဖောင်းပြင်    မြို့နယ်၊ သငါကျေးရွာအုပ်စုတွင် နယ်မြေအေးချမ်းသာယာရေး၊ တရားဥပဒေ          စိုးမိုးနိုင်ရေးအတွက် ရဲကင်းစခန်းတစ်ခု ဖွင့်လှစ်တာဝန်ချထားပေးရန်        အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်    နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့   ပါသည်။

(၂)      ဒေါက်တာကျော်နိုင်ထွန်း၊ မြောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်()” မြောင်    မြို့နယ်၊ ပရိမ္မကျေးရွာနှင့် ပေ(၁၅၀၀)အကွာရှိ နယ်မြေမီးသတ်စခန်း လျှပ်စစ်မီးလင်းနိုင်ရေးအတွက် ၁၁/ဝ.၄ ကေဗွီ(၅ဝ) ကေဗွီအေ ဓာတ်အားခွဲရုံ           (၁)ရုံ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်း   သည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်           မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၃)     ဒေါ်ဖြူဖြူဝင်း၊ ကောလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကောလင်း       မြို့နယ်တွင် ရာသီဉတုဖောက်ပြန်မှုကြောင့် တောင်သူများသီးနှံအထွက်   မအောင်မြင်ခြင်း၊ စိုက်ပျိုးစရိတ်ချေးငွေအတွက် ပြန်လည်ပေးဆပ်ရန် အခက်အခဲရှိနေခြင်းတို့အပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မည်ကဲ့သို့ ကူညီဆောင်ရွက်ပေး၍ တောင်သူများ၏အခက်အခဲများကို အခွင့်ကောင်းယူကာ အဖွဲ့တစ်ခုမှ တောင်သူများကို ငွေချေးပေးမည်ဟု စည်းရုံးမှုများဖြစ်ပေါ်နေသဖြင့် မည်ကဲ့သို့   အရေးယူပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စီမံကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီး           ဦးစိုးဦးမှ   ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၄)     ဦးကျော်ရွှေ၊ တန့်ဆည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ”တန့်ဆည်မြို့နယ်၊   မောက်တက်အုပ်စု၊ ပကာအုပ်စု၊ ရွာမုံတောင်အုပ်စု၊ တောဂျင်အုပ်စုရှိ     သစ်တောမြေအဖြစ် သတ်မှတ်ခြင်းခံထားရသော မြေ(၂၆၈၅)ဧကကို     လုပ်ကိုင်နေသော တောင်သူများအား သင့်လျော်သောနည်းလမ်းတစ်ခုဖြင့်     စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”         စပ်လျဉ်းသည့်မေးခွန်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၅)     ဒေါ်စုမြတ်ထက်၊ စစ်ကိုင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်()၏ ”စစ်ကိုင်းမြို့နယ်၊           ထန်းတောဆိပ်­ကျေးရွာအုပ်စုနှင့် မင်းရွာကျေးရွာအုပ်စုအတွင်း လျှပ်စစ်မူးမြစ်ရေတင်စီမံကိန်း တစ်ခု တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”    စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး   ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၆)     ဦးသောင်းမြင့်၊ မြင်းမူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်()မြင်းမူမြို့နယ်၊         ပျော့ရွာ လျှပ်စစ်မူးမြစ်ရေတင်စီမံကိန်း လက်ယာမြောင်းမကြီးအဆုံးမှ        ကန်တော်ကျေးရွာ စိုက်ပျိုးရေသိုလှောင်ကန်ကြီးအထိ ပေ(၄၅ဝဝ)ခန့်အား       ရေခေါ်မြောင်းတူး၍ ကန်ကြီးအတွင်း ရေသွင်းပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလို         ပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း    ဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၇)    ဦးကျော်ဆန်း၊ ချောင်းဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်()၏ ”ချောင်းဦးမြို့နယ်၊   ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်း၊ အမြင့်မြို့ဟောင်းနယ်တဝိုက်ရှိ မြစ်သဲကျောက်ထုတ်လုပ်နေမှုများကြောင့် မြစ်ကြောင်းသည် ဝယာကျေးရွာသို့ ရေကြောင်းဦးတိုက်လာပြီး ကမ်းပြိုမှုများ ဖြစ်ပေါ်နေသဖြင့် တားဆီးပိတ်ပင်ပေးရန်    အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊စက်မှုနှင့်     လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၈)     ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်()ဝက်လက်   မြို့နယ်ရှိ ကန်ပေါက်နှင့် အင်ကြင်းပင်ကျေးရွာချင်းဆက်လမ်းအား ဂျင်းလမ်း အဖြစ် ဆောင်ရွက်ပေးရန်နှင့် လိုအပ်နေသောနေရာများတွင် Box Culvertများ      ထည့်သွင်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်း သည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး    ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၉)     ဦးမြင့်ဦး၊ တန့်ဆည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်()တန့်ဆည်မြို့နယ်၊     ဝက်တိုး- ခရုတော- နန်းဒေါင်းရုံလမ်းပေါ်ရှိ ပေါင်ကဒေါင်ချောင်းနေရာတွင်    တံတား(သို့မဟုတ်) ရေကျော်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါ     ကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၁၀)   ဦးသောင်းမြင့်၊ မြင်းမူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်()”မြင်းမူမြို့နယ်    အတွင်းရှိ လျှပ်စစ်မီးသုံးစွဲသူများ အဆင်ပြေစွာ သုံးစွဲနိုင်ရန်အတွက်   (66/11KV)ခွဲရုံများ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”    စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး  ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၁၁)   ဦးကျော်ဌေးလွင်၊ ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်()ဟုမ္မလင်း မြို့နယ်၊ သောင်သွပ်ကျေးရွာအုပ်စု၊ သောင်သွပ်ကျေးရွာနှင့် ကျွန်းကုန်း       ကျေးရွာအုပ်စု၊ အင်ကြင်းမော် ကျေးရွာချင်းဆက်လမ်း(၄)မိုင်အား  ဂျင်းကျောက်လမ်းအဖြစ် အနီးစပ်ဆုံးဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ်   ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊   စက်မှုနှင့် လမ်းပန်း   ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၁၂)    ဦးဇော်ထက်၊ ပုလဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်()စစ်ကိုင်းတိုင်းဒေသကြီး အတွင်း (NEP Phase-1)တွင်ပါဝင်သည့် လျှပ်စစ်မီးရရှိပြီးကျေးရွာများကို မီတာဘောက်များခွဲဝေချထားရာတွင် မည်သို့သောမူများဖြင့့်် ဆောင်ရွက်ပေးနေပြီး  မီတာဘောက်လုံလောက်စွာ အမြန်ဆုံးရရှိနိုင်ရန် တိုင်းဒေသကြီးအစိုးရအနေ         ဖြင့် ပြည်ထောင်စုအစိုးရနှင့်ချိတ်ဆက်ပြီး မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို    သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း   ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၁၃)   ဦးရိုထန်းပွီးယာ၊ တမူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”တမူးမြို့နယ်၊ ထင်းဇင်ကျေးရွာအုပ်စု၊ ထင်းဇင်(ရွာမ)နှင့် တိန်းကယား ကျေးရွာချင်းဆက် မြေသားလမ်းအရှည်(၄)မိုင်ခန့်အား ဂျင်းကျောက်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန်    အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊    စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြား ခဲ့ပါသည်။

(၁၄)   ဒေါ်သင်းသင်းကြူ၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်()၏ “ခင်ဦးမြို့နယ်၊   ကြို့ကန်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းအား ၂၀၂၀−၂၀၂၁    ဘဏ္ဍာရေးနှစ်တွင် ကျောင်းဆောင်အသစ်များ ချထားပေးရန် အစီအစဉ်ရှိ/မရှိ    သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီးဒေါက်တာဇော်ဝင်းမှ     ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၁၅)   ဦးထွန်းထွန်းဝင်း၊ ကနီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်()”ကနီမြို့၊ အမှတ်(၃)   ရပ်ကွက်၊ ယန္တရားဝန်း (၃.၂၃ဧက)အား ဝန်ထမ်းအိမ်ရာမြေအဖြစ် သတ်မှတ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို     ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၁၆)   ဦးလှိုင်မြင့်၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ”အထက်ချင်းတွင်း     မြစ်ရိုးတလျှောက်ရှိ မြို့နယ်များတွင် လယ်ထွန်စက်များအသုံးပြု၍ သစ်တောကြိုးဝိုင်းများအတွင်းသို့ တရားမဝင်သစ်များ သယ်ဆောင်နေခြင်းကို တားမြစ်အရေးယူနိုင်ရေး  မည်သို့စီမံ ဆောင်ရွက်သွားမည်ကို  သိရှိလိုပါကြောင်း”        စပ်လျဉ်းသည့်မေးခွန်းကို  ချင်းတိုင်းရင်းသားရေးရာဝန်ကြီး   ဦးလာလ်ထောင်ထန်းမှ    ရှင်းလင်းဖြေကြားခဲ့ပါသည်။

(ခ)     မှတ်တမ်းတင်ခြင်းကဏ္ဍတွင် အစည်းအဝေး(ဒုတိယနေ့)က နာဂကိုယ်ပိုင်အုပ်ချုပ်           ခွင့်ရဒေသဦးစီးအဖွဲ့မှ တင်သွင်းခဲ့သည့် ”၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေး
လုပ်ငန်းများဆောင်ရွက်မှု တင်ပြချက်
အစီရင်ခံစာ”နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၁)ဦးမှ ဆွေးနွေးခဲ့ရာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ   ပြန်လည်ရှင်းလင်းဆွေးနွေးပြီးလွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း လွှတ်တော် ဒုတိယဥက္ကဋ္ဌက ကြေညာပါသည်။

(ဂ)     ဆက်လက်၍ လွှတ်တော်ဒုတိယဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်  (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ရပ်နားကြောင်းနှင့်    အစည်းအဝေး ဆဋ္ဌမနေ့ကို ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၆)ရက် (ဗုဒ္ဓဟူးနေ့) နံနက်  (၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။

၂။       ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို (၁၁:၅၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

w1 w3 w4 w5 w6 w7 w8 w9 w10 w11 w12 w13 w14 w15 w16 w17 w18 w19 w20 w21 w22 w23 w24 w25