ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) ဆက်လက်ကျင်းပ

၁။      ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၆)ရက် (ဗုဒ္ဓဟူးနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့် ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၄)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်
(၂၅)ဦး စုစုပေါင်း(၉၉)ဦးအနက် (၉၃)ဦးတက်ရောက်သဖြင့် (၉၃.၉၄)ရာခိုင်နှုန်းရှိပြီး၊ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံတစ်ပုံကျော် တက်ရောက်ပါသည်။

(ခ)     ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-

(၁)        ဦးဇော်လင်းဦး၊ ဝန်းသိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်() ”ပြည်သူများ၏  တင်ပြချက်များ၊ အစိုးရအဖွဲ့၏ ညွှန်ကြားချက်များအပေါ် အလေးအနက်ထား    အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းမရှိသော ဌာနဆိုင်ရာဝန်ထမ်းများအား မည်ကဲ့သို့ ထိန်းကျောင်းတည့်မတ်ပေးမည်ကို သိရှိလိုပါကြောင်း”  စပ်လျဉ်းသည့် မေးခွန်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။

(၂)      ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်()စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စီးပွားဖြစ်မွေးမြူရေးလုပ်ကိုင်သူများမှ ကြက်ခြံ၊ ဝက်ခြံများအား ငါးကန်အပေါ် ကန်ဘောင်ရိုးများတွင် ဆောက်လုပ်မွေးမြူပြီး ၎င်းတို့မှစွန့်ပစ်သော ကြက်ချေးဝက်ချေးများအား ငါးစာအဖြစ် အသုံးပြုမှုမရှိအောင်  မည်သို့ထိန်းသိမ်း ကြပ်မတ်စစ်ဆေးပေးမည်ကိုသိရှိလိုပါကြောင်း”   စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး   ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၃)     ဦးဝင်းမြင့်၊ ချောင်းဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ချောင်းဦးမြို့နယ်ရှိ   တောင်သူများ စိုက်ပျိုးရေလုံလောက်စွာ ရရှိရေးအတွက် မုံရွာမြို့နယ်၊ တောင်ပုံ  ရေတံခါး(၅)ပေါက်တွဲအား ရေတံခါး(၃)ပေစီ နိမ့်ချဖောက်လုပ်ပေးရန်   အစီအစဉ် ရှိ/မရှိသိရှိလိုပါကြောင်း”   စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊   မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၄)     ဒေါက်တာဆန်းဝင်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်()မင်းကင်း မြို့နယ်၊ စသာကျေးရွာအုပ်စု၊ အထက်စသာကျေးရွာအနီး ပုထိုးလုံးချောင်းတောင်ဘက်ရှိ မြပန်းကန်အင်း ရေထုတ်မြောင်းသည် တိမ်ကောနေသဖြင့် ပြန်လည်တူးဖော်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်   မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ   ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၅)     ဦးကယ်၊ လဟယ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်()လဟယ်မြို့နယ်တွင်     စက်မှုလယ်ယာဦးစီးဌာနမှ လယ်ယာမြေများ တိုးချဲ့ဖော်ထုတ်မည့် ဒေသများအပါအဝင် တိုက်ရံ၊ အံ့ပေါ်၊ လကျန်းလွင်ပြင်ဒေသတို့တွင် တစ်ဘက်ပိတ်ဆည်များ တည်ဆောက် ပေးရန်နှင့် စနစ်တကျ စိုက်ပျိုးရေသွယ်မြောင်းများ  ဖော်ထုတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်   မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ    ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၆)     ဒေါ်နှင်းခိုင်စိုး၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဒီပဲယင်းမြို့နယ်၊   တည်တောကျေးရွာနှင့် ညောင်လှကျေးရွာ(၂)ရွာတို့တွင် ထရန်စဖော်မာများ   တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ    ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၇)     ဦးလှိုင်မြင့်၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏မော်လိုက်မြို့နယ်အတွင်းရှိ ရွှေလင်းတ/လက်ပန်ကျေးရွာနှင့် ပန်းသာ/ဝါးရုံသာကျေးရွာများကို  ဆက်သွယ်သွားလာနိုင်ရန်အတွက် မြေသားတာဘောင်တင် ဂျင်းခင်းလမ်းအသစ်အား အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ    သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၈)     ဦးကျော်ဆန်း၊ ချောင်းဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်() ”ချောင်းဦးမြို့၊     ကင်မွန်းတော်ကျေးရွာနှင့် အင်းမကျေးရွာချင်းဆက် ဂျင်းခင်းလမ်းအား      ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၉)     ဦးဝင်းမြင့်၊ ချောင်းဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်()၏ “စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်သွယ်တန်းပြီးသော မြို့နယ်များတွင် လျှပ်စစ် မီးလင်းနိုင်ရေးအတွက် လျှပ်စစ်မီတာများ ပြည့်စုံလုံလောက်စွာချထားပေးရန်    အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊    စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၁၀)   ဦးမောင်မောင်လတ်၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်()ဖောင်းပြင်မြို့နယ်ရှိ ညောင်ကုန်း- အနောက်မြင်သာ- အရှေ့မြင်သာ- နောင်စကန်-   ရွှေထီးကုန်း- ကောင်းမောင်းကျေးရွာ ချင်းဆက်လမ်း(၉)မိုင်အနက် ကျောက် ရောမြေ(ဂျင်း)လမ်း ခင်းရန်ကျန်ရှိနေသော နောင်စကန်- ရွှေထီးကုန်း-   ကောင်းမောင်းလမ်း (၄/၄)မိုင်အား အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊    စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ  ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၁၁)   ဦးကျော်မင်းထွန်း၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်()ခင်ဦးမြို့နယ်၊   သာဝတ္တိကျေးရွာနှင့် ဥယျာဉ်ကျေးရွာကြားတွင် နှစ်စဉ် မူးကမ်းပါးပြိုကျသဖြင့်အိမ်များ၊ စိုက်ပျိုးမြေများ မပျက်စီးမဆုံးရှုံးစေရန်အတွက် ကမ်းထိန်းနံရံများ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”   စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး  ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၁၂)    ဦးဇော်လင်းဦး၊ ဝန်းသိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်()  ”ဝန်းသိုမြို့နယ်တွင်  NEPစီမံချက်ဖြင့် ဆောင်ရွက်နေသော ကျေးရွာမီးလင်းရေးလုပ်ငန်းများတွင်     ကုမ္ပဏီမှ ဆောင်ရွက်ရမည့် 11 KV ဓာတ်အားလိုင်း တည်ဆောက်ခြင်း လုပ်ငန်းများ၌ ကျေးရွာလူထု၏ လုပ်အားများပါဝင်ဆောင်ရွက်ခဲ့ရပါက    လုပ်အားခအဖြစ် ကုမ္ပဏီဘက်မှပေးရန် ညွှန်ကြားထားခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း”     စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး   ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(ဂ)       မှတ်တမ်းတင်ခြင်းကဏ္ဍတွင် ဥပဒေပြုရေးဆိုင်ရာကော်မတီမှ တင်သွင်းသည့် ၂၀၁၉     ခုနှစ်အတွင်း တစ်နှစ်တာလုပ်ငန်း ဆောင်ရွက်ချက်အစီရင်ခံစာအား လွှတ်တော်၏  သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

(ဃ)    စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးမှ ” ၂၀၁၉-၂၀၂၀   ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန
အဖွဲ့အစည်းများ၏ ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း”
အား  လွှတ်တော်သို့တင်ပြခဲ့ရာ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်    ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၇)ရက်၊ (ကြာသပတေးနေ့) (၁၅:၀၀)နာရီအချိန်    နောက်ဆုံးထား၍ ဆွေးနွေးချက်အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက  ကြေညာပါသည်။

(င)     စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၊ ဒုတိယဥက္ကဋ္ဌမှ စစ်ကိုင်းတိုင်းဒေသကြီး   လွှတ်တော်၏ ” ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် တစ်နှစ်တာ   လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”အား လွှတ်တော်သို့ တင်ပြခဲ့ရာ ဆွေးနွေးလို   သည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်၊   (ကြာသပတေးနေ့) (၁၅:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

(စ)     ဥပဒေကြမ်းတင်သွင်းခြင်းကဏ္ဍတွင် ဘုတလင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊   ဒေါက်တာကျော်ဇေလင်းမှ “စစ်ကိုင်းတိုင်းဒေသကြီး ဇာတ်ရုံ၊ ရုပ်ရှင်ရုံနှင့် ဗီဒီယိုရုံ  ဥပဒေကိုပြင်ဆင်သည့် ဥပဒေ(မူကြမ်း)”အား လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။

(ဆ)    ဆုံးဖြတ်ခြင်းကဏ္ဍတွင် လွှတ်တော်ဥက္ကဋ္ဌမှ ဘုတလင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊  ဒေါက်တာကျော်ဇေလင်းမှ “စစ်ကိုင်းတိုင်းဒေသကြီး ဇာတ်ရုံ၊ ရုပ်ရှင်ရုံနှင့် ဗီဒီယိုရုံ ဥပဒေကိုပြင်ဆင်သည့် ဥပဒေ(မူကြမ်း)”နှင့်စပ်လျဉ်း၍ လွှတ်တော်တွင် လက်ခံဆွေးနွေးရန်သင့်/မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်ကိုယ်စားလှယ်အားလုံးက လက်ခံဆွေးနွေးရန် သဘောတူသည့်အတွက် ဥပဒေ(မူကြမ်း)ကို လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၆(ခ)(၂)အရ ဥပဒေပြုရေးဆိုင်ရာ ကော်မတီသို့ လွှဲပြောင်းပေးအပ်ကြောင်း ကြေညာပါသည်။

(ဇ)     ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်   (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ရပ်နားကြောင်းနှင့် အစည်းအဝေး  သတ္တမနေ့ကို ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက် (ကြာသပတေးနေ့) နံနက်   (၁၀:၀၀) နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။

၂။       ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို (၁၂:၀၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

w1 w2 w3 w4 w5 w6 w7 w8 w10 w11 w12 w13 w14 w15 w16 w17 w18 w19 w20 w21 w22 w23 w24 w25