ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးကိစ္စရပ်များ၊ လေ့လာစုံစမ်းစိစစ်ရေးနှင့် သုတေသနပြုရေးဆိုင်ရာကော်မတီသည် စည်ပင်သာယာရေးဥပဒေအရ အရေးမယူဘဲ တရားမဝင်အိမ်ဆောက်ခွင့်ပြုထားသည့် ကလေးမြို့နယ်စည်ပင်သာယာရေးဥက္ကဋ္ဌအား အရေးယူပေးပါရန်နှင့် ရွှေဘိုမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်နေ ပြည်သူများ သုံးရေအဆင်ပြေစေရန် မဟာနန္ဒာကန်တော်မှ ရေရရှိရေးအတွက် ကွင်းဆင်းစစ်ဆေး ညှိနှိုင်းဆောင်ရွက်ပေးပါရန် စသည့်ကိစ္စရပ်များနှင့် ပတ်သက်ပြီး အစည်းအဝေးပြုလုပ်ဆွေးနွေး

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးကိစ္စရပ်များ၊ လေ့လာစုံစမ်းစိစစ်ရေးနှင့် သုတေသနပြုရေးဆိုင်ရာကော်မတီသည်  ၂၁.၂.၂၀၂၀ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံး ကော်မတီခန်းမ၌  စည်ပင်သာယာရေးဥပဒေအရ အရေးမယူဘဲ တရားမဝင်အိမ်ဆောက်ခွင့်ပြုထားသည့် ကလေးမြို့နယ်စည်ပင်သာယာရေးဥက္ကဋ္ဌအား အရေးယူပေးပါရန်နှင့် ရွှေဘိုမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်နေ ပြည်သူများ သုံးရေအဆင်ပြေစေရန် မဟာနန္ဒာကန်တော်မှ ရေရရှိရေးအတွက် ကွင်းဆင်းစစ်ဆေး ညှိနှိုင်းဆောင်ရွက်ပေးပါရန် စသည့်ကိစ္စရပ်များနှင့် ပတ်သက်ပြီး အစည်းအဝေးပြုလုပ်ဆွေးနွေးခဲ့ကြပါသည်၊၊

၂၅.၂.၂၀၂၀ရက်နေ့တွင် အထူးကိစ္စရပ်များ၊ လေ့လာစုံစမ်းစိစစ်ရေးနှင့် သုတေသနပြုရေးဆိုင်ရာကော်မတီသည်  အထက်ပါကိစ္စများနှင့် စပ်လျဉ်းပြီး တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးတို့နှင့်အတူ ပဏာမ ဆွေးနွေးခဲ့ကြသည်။

85231279_2696505243906658_9177693350264832000_o 87374135_2696505763906606_1899991668011040768_o 87394969_2696505203906662_5208964387020210176_o 87606953_2696505323906650_4222692423861534720_o 87836105_2696505713906611_6480197715052462080_o 87864583_2696505620573287_4767386734755315712_o 87938686_2696505573906625_4692880953524092928_o