ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (အဋ္ဌမနေ့) ဆက်လက်ကျင်းပ

၁။      ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၈)ရက် (သောကြာနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့် ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၄)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်
(၂၅)ဦး စုစုပေါင်း(၉၉)ဦးအနက် (၉၁)ဦးတက်ရောက်သဖြင့် (၉၁.၉၂)ရာခိုင်နှုန်းရှိပြီး၊
လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံတစ်ပုံကျော် တက်ရောက်ပါသည်။

(က)    ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါ
အတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-

(၁)        ဒေါ်နီလာလွင်၊ မြင်းမူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်() အောက်ပါ
မေးခွန်း(၂)ခုအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ
ရှင်းလင်းဖြေကြားခဲ့ပါသည်−

 (ကက) မြင်းမူမြို့နယ်၊ ပဲကူကျေးရွာ စိုက်ပျိုးရေ ရရှိရန်အတွက်
မင်းကန်ဆည် ရေထိန်းနံရံ တည်ဆောက်ပေးရန် အစီအစဉ်
ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း။

                             ( ခခ )       မြင်းမူမြို့နယ်၊ အလ္လကပ္ပ- ကျွဲရိုက်ဆက်သွယ်သော   ဆည်မြောင်း
တာဘောင်လမ်းသည် နှစ်ကာလကြာမြင့်၍ လမ်းသားများ ကျဉ်းမြောင်း
လာသဖြင့် အချိန်မီပြုပြင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ
သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း။

(၂)      ဦးကျော်ဌေးလွင်၊ ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်()  ”ဟုမ္မလင်း
မြို့နယ်ရှိ နောင်ပင်ကျေးရွာအုပ်စုအပြင် နာဂဒေသရှိပြည်သူလူထုများပါ
အကျိုးရှိမည့် နောင်ပင်- မန်ဖာ- ဆောပကကျေးရွာချင်းဆက်လမ်းအား
ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်       မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ
ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၃)     ဗိုလ်ကြီးသက်ဇော်လင်း၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်၏
”မုံရွာ-အရာတော်-ရွှေဘိုကားလမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၈/၃)မှ အရာတော်
မြို့နယ်၊ မြေနက်ကျေးရွာအုပ်စု၊ ယင်းမကန်ကျေးရွာသို့ ဆက်သွယ်သည့်
လမ်း(၄)မိုင်ခန့်အား ကျောက်ချောလမ်းဆောင်ရွက်ပေးရန်နှင့် ရေကျော်ရေပြွန်
ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်
မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ
ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၄)     ဒေါ်အောင်မေရီ၊ ယင်းမာပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်() အောက်ပါ
မေးခွန်း(၂)ခုအား လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ
ရှင်းလင်းဖြေကြားခဲ့ပါသည်−

(ကက) ”ယင်းမာပင်မြို့နယ်၊ ပ/သီးကုန်းအုပ်စုရှိ ကံသာကျေးရွာမီးလင်း
နိုင်ရန်အတွက် NEP Phase I တွင် ပါဝင်သော အေးကုန်းရွာ
အတွက် တည်ဆောက်ပေးမည့် Transformer တစ်လုံးအား
ကံသာရွာသို့ပြောင်းရွေ့ပေးပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”
စပ်လျဉ်းသည့်မေးခွန်း။

(ခခ)      ”ယင်းမာပင်မြို့နယ်၊ ပ/သီးကုန်းအုပ်စုရှိ  ရှမ်းရွာကံသာ၊ လက္ပံတော၊
ကျောက်ချောလမ်း ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီအောင်
ဆောင်ရွက်မှုမရှိသော သက်ဆိုင်ရာကုမ္ပဏီကို မည်ကဲ့သို့ အရေးယူ
ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်းနှင့် Third Partyမှ
လာရောက် စစ်ဆေးရာတွင် ဒေသခံလွှတ်တော်ကိုယ်စားလှယ်ကို
အကြောင်းကြားမှု မရှိသည့်အတွက် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို
သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း။

(၅)     ဦးဝင်းမြင့်၊ ချောင်းဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်()ချောင်းဦး-မြင်းမူ-မြောင်
မြို့နယ်များ၏ ကျေးရွာချင်းဆက်လမ်းဖြစ်သော ဘလွေ- ကြာပင်လှ-                           လက်ယက်မလမ်းပိုင်းအား ကျောက်ချောလမ်းခင်းပေးရန် အစီအစဉ်ရှိ/မရှိ
သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း
ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၆)     ဦးညီညီဟန်၊ ဗန်းမောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ဗန်းမောက်မြို့နယ်၊
နားနန့်ထွန်ကျေးရွာအုပ်စု၊ တုံးပတစ်ကျေးရွာသို့ စိမ့်စမ်းရေ သွယ်တန်းပေးရန်
အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာ
ရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၇)     ဦးကယ်၊ လဟယ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်() အောက်ပါမေးခွန်း (၂)ခုအား
လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်−

(ကက) ”လဟယ်မြို့နယ်၊ အခြေခံပညာကျောင်း (၁၃)ကျောင်းတွင် ၂၀၁၈-
၂၀၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်
ခဲ့သည့် ဝန်ထမ်းအိမ်ရာအပါအဝင် စာသင်ကျောင်းဆောင် (၁၃)လုံးအား
အပြီးသတ်ဆောင် ဆောင်ရွက်နိုင်ရေးအတွက် အနီးစပ်ဆုံးဘဏ္ဍာရေး
နှစ်တွင် ထည့်သွင်းလျာထား ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ
သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း။

(ခခ)   ”လဟယ်မြို့နယ်၊ အံ့ပေါ်ကျေးရွာ၊ ပုံညိုနောက်ကုန်းကျေးရွာ၊ ကူကူး
နောက်ကုန်းကျေးရွာ၊ ကားရော်နောက်ညိုကျေးရွာ၊ တွေးထွေနောက်
အင်းကျေးရွာတို့၌ ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု
အတွက် လိုအပ်သည့် အဆောက်အဦးများကို လျာထားဆောင်ရွက်
ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း။

(၈)     ဗိုလ်မှူးလင်းအောင်သက်၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်၏
”စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တည်ထောင်ထားသော အလောင်းတော်
ကဿပ အမျိုးသားဥယျာဉ်အပါအဝင် သဘာဝထိန်းသိမ်းရေးနယ်မြေများ၏
ပတ်ဝန်းကျင်ထိန်းသိမ်းရန် လိုအပ်ချက်ရှိသော နေရာများအား တိုင်းဒေသကြီး
ဘဏ္ဍာရန်ပုံငွေမှ ဖြည့်စွက်ထောက်ပံ့ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း”
စပ်လျဉ်းသည့်မေးခွန်းကို ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်း   မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(ခ)     မှတ်တမ်းတင်ခြင်းကဏ္ဍတွင် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်
အရအသုံးငွေစာရင်း၊ ဒေသန္တရစီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာ ကော်မတီ၏
ကသာခရိုင်နှင့် ယင်းမာပင်မြို့နယ်၌ ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး
ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာနအဖွဲ့အစည်းများ၏ ငွေလုံးငွေရင်းအသုံးစရိတ်
လုပ်ငန်းများနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ
“ကို ကော်မတီ
ဥက္ကဋ္ဌ၊ မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်အောင်ကြည်က လွှတ်တော်တွင်
မှတ်တမ်းတင်ပေးနိုင်ပါရန် တင်ပြခဲ့ရာ လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏
သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း ကြေညာပါသည်။

 

(ဂ)     ဆက်လက်၍ အစည်းအဝေး(ဆဋ္ဌမနေ့)က လွှတ်တော်ဒုတိယဥက္ကဋ္ဌ တင်သွင်းခဲ့သည့်
“ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၏ ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်
အတွင်း ဆောင်ရွက်ခဲ့သည့် တစ်နှစ်တာလုပ်ငန်း ဆောင်ရွက်ချက် အစီရင်ခံစာအား
လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက
ကြေညာပါသည်။

(ဃ)    “ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိ
များနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ၂၀၁၉ခုနှစ်အတွင်း တစ်နှစ်တာ
လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ
အား ကော်မတီအဖွဲ့ဝင်၊ ဒေါ်ခင်မျိုးချစ်၊
ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်သို့ တင်သွင်းခဲ့ရာ ဆွေးနွေး
လိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် ၂၀၂၀ပြည့်နှစ်၊ မတ်လ(၃)ရက်၊
(အင်္ဂါနေ့) (၁၅:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်
နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း
တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

(င)     အတည်ပြုခြင်းကဏ္ဍတွင် အစည်းအဝေး(ဒုတိယနေ့)က တိုင်းဒေသကြီးအစိုးရ
အဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး တင်သွင်းခဲ့သည့် ” ၂၀၁၉-၂၀၂၀
ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊
အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြု ငွေစာရင်းများ ” နှင့်စပ်လျဉ်း၍ လွှတ်တော်
ကိုယ်စားလှယ်(၂)ဦးနှင့် အရအသုံးငွေစာရင်း၊ ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေး
ဆိုင်ရာကော်မတီတို့၏ ဆွေးနွေးချက်အပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးမှ
ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပြီး လွှတ်တော်၏ သဘောထားရယူကာ အတည်ပြု
ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

(စ)     တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ဦးစိုးဦးမှ စစ်ကိုင်းတိုင်း
ဒေသကြီးအစိုးရအဖွဲ့၏ ”၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ် တစ်နှစ်တာလုပ်ငန်း
ဆောင်ရွက်ချက်
အစီရင်ခံစာအား လွှတ်တော်သို့ တင်ပြခဲ့ရာ ဆွေးနွေးလိုသည့်
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၃)ရက်၊(အင်္ဂါနေ့)
(၁၄:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ
တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်
ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

(ဆ)    ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်
(၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ရပ်နားကြောင်းနှင့် အစည်းအဝေး
နဝမနေ့ကို ၂၀၂၀ပြည့်နှစ်၊ မတ်လ (၃)ရက်(အင်္ဂါနေ့)နံနက်(၁၀:၀၀)နာရီအချိန်တွင်
ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။

၂။       ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို (၁၂:၄၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

w 5 w 8 w 9 w 14 w 15 w 17 w 18 w 19 w 20 w 21 w 22 w 23 w 24 w a w b w c w d w e w1 w2 w3 w4 w6 w7 w10 w11 w12 w13 w16